
မိဘကို လုပ္ေကြၽးေသာ သားသမီးတိုင္း လက္ေတြ႕ ခံစားရမည့္ အက်ိဳးတရား
မိဘကိုလုပ္ေကြၽးျပဳစုရၿပီးရလာတဲ့ပီတိဟာ ဘာနဲ႔မွမလဲႏိုင္ပါဘူး။ ဒါေၾကာင့္လည္းသားလိမၼာ သမီးအလိမၼာေတြဟာမိဘေတြကို လုပ္ေကြၽးျပဳစုၾကတာေပါ့။ မိဘကို လုပ္ေကြၽးျပဳစုတဲ့သားသမီးေတြမွာ ေအာက္ေဖာ္ျပပါအခ်က္ေတြလည္း မျဖစ္မေနရွိေနရမွာပါ။
အဲတာေတြကေတာ့-
၁။ မိဘကို ေကြၽးေမြး ျပဳစုရန္ မိမိမွာ ျဖဴစင္ေသာ ေစတနာ ရွိျခင္း
၂။ မိမိမွာ ေကြၽးေမြးႏိုင္ေသာ အင္အားရွိျခင္း
၃။ မိဘမ်ား အသက္ရွင္လွ်က္ ရွိျခင္း စေသာအခ်က္ေတြပဲျဖစ္ပါတယ္။
မိဘကို လုပ္ေကြၽးေသာ သားသမီးတိုင္း လက္ေတြ႕ ခံစားရမည့္ အက်ိဳးတရား (၁၂)ပါး-
၁။ လူတိုင္း ခ်ီးမြမ္းမႈကို ခံရသည္
၂။ အသိ လိမၼာဉာဏ္ပညာ တိုးပြားမယ္
၃။ လူ အမ်ားတို႔၏ ၾကည္ၿငိဳ ပူေဇာ္မႈခံရမည္
၄။ အေခြၽအရံ ေပါမ်ားမည္
၅။ ေက်ာ္ေဇာ ထင္ရွားမည္
၆။ စီးပြား ဥစၥာရတနာ ေန႔တိုင္း တိုးတက္မည္
၇။ ေရာဂါေဘးအႏၲရာယ္ ကင္းမည္
၈။ က်က္သေရ မဂၤလာေန႔တိုင္း တိုးမည္
၉။ အသက္ရာေက်ာ္ ေနရမည္
၁၀။ နတ္တို႔ ခ်စ္ခင္ေစာင့္ေရွာက္မည္
၁၁။ ေလာက၏ အျမင့္ဆုံး ခ်မ္းသာကို ခံစားရမည္
၁၂။ တမလြန္ ဘဝတြင္
နတ္ခ်မ္းသာကို ခံစားရမည္။ ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း မိမိတို႔ရဲ႕ မိဘကို လုပ္ေကြၽးျပဳစုရင္း ကုသိုလ္အက်ိဳးေတြ ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။ ခရက္ဒစ္
Unicode
မိဘကို လုပ်ကျွေးသော သားသမီးတိုင်း လက်တွေ့ ခံစားရမည့် အကျိုးတရား
မိဘကိုလုပ်ကျွေးပြုစုရပြီးရလာတဲ့ပီတိဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒါကြောင့်လည်းသားလိမ္မာ သမီးအလိမ္မာတွေဟာမိဘတွေကို လုပ်ကျွေးပြုစုကြတာပေါ့။ မိဘကို လုပ်ကျွေးပြုစုတဲ့သားသမီးတွေမှာ အောက်ဖော်ပြပါအချက်တွေလည်း မဖြစ်မနေရှိနေရမှာပါ။
အဲတာတွေကတော့-
၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာ ရှိခြင်း
၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အားရှိခြင်း
၃။ မိဘများ အသက်ရှင်လျှက် ရှိခြင်း စသောအချက်တွေပဲဖြစ်ပါတယ်။
မိဘကို လုပ်ကျွေးသော သားသမီးတိုင်း လက်တွေ့ ခံစားရမည့် အကျိုးတရား (၁၂)ပါး-
၁။ လူတိုင်း ချီးမွမ်းမှုကို ခံရသည်
၂။ အသိ လိမ္မာဉာဏ်ပညာ တိုးပွားမယ်
၃။ လူ အများတို့၏ ကြည်ငြို ပူဇော်မှုခံရမည်
၄။ အချွေအရံ ပေါများမည်
၅။ ကျော်ဇော ထင်ရှားမည်
၆။ စီးပွား ဥစ္စာရတနာ နေ့တိုင်း တိုးတက်မည်
၇။ ရောဂါဘေးအန္တရာယ် ကင်းမည်
၈။ ကျက်သရေ မင်္ဂလာနေ့တိုင်း တိုးမည်
၉။ အသက်ရာကျော် နေရမည်
၁၀။ နတ်တို့ ချစ်ခင်စောင့်ရှောက်မည်
၁၁။ လောက၏ အမြင့်ဆုံး ချမ်းသာကို ခံစားရမည်
၁၂။ တမလွန် ဘဝတွင်
နတ်ချမ်းသာကို ခံစားရမည်။ ဒါကြောင့် ပရိသတ်ကြီးတို့လည်း မိမိတို့ရဲ့ မိဘကို လုပ်ကျွေးပြုစုရင်း ကုသိုလ်အကျိုးတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။ ခရက်ဒစ်
Leave a Reply