စိတ္ေစတနာသန႔္သန႔္ျဖင့္ ထက္သန္စြာ သာဓုေခၚလိုက္ရတဲ့အက်ိဳးတရား

စိတ္ေစတနာသန႔္သန႔္ျဖင့္ ထက္သန္စြာ သာဓုေခၚလိုက္ရတဲ့အက်ိဳးတရား

ေဂါတမျမတ္စြာဘုရားရွင္ လက္ထက္ အရွင္အႏု႐ုဒၶါမေထရ္သည္ နတ္ျပည္ႂကြလိုေၾကာင္း ဘုရားရွင္ထံ ခြင့္ပန္ေတာ့ ဘုရားရွင္က ခြင့္ျပဳလိုက္တယ္။

အဲ့ဒါနဲ႔ အရွင္ျမတ္ တာဝတႎသာနတ္ျပည္ ႂကြသြားတယ္ ဟိုေရာက္ေတာ့ သင့္တဲ့ေနရာတြင္ ရဟႏၲာအရွင္သူျမတ္တို႔ စံပယ္ျခင္းမ်ိဳးနဲ႔ စံပယ္ေနထိုင္ေနတယ္။

ဒီအခါမွာ စတုမဟာရာဇ္နတ္ဘုံက နတ္သားနဲ႔ ယာမာဘုံကနတ္သားတို႔ဟာ အရွင္ျမတ္ကို လာေရာက္ဖူးေျမႇာ္ၾကတယ္။

စတုမဟာရာဇ္နတ္ဘုံက နတ္သားရဲ႕ အရွိန္အဝါ ၊အေႁခြအရံတို႔ဟာ အေရာင္အဆင္း သိပ္မေတာက္ပဲ မြဲေျခာက္ေျခာက္ျဖစ္ေနတယ္။

ယာမာနတ္ဘုံက နတ္သားကေတာ့ အရွိန္အဝါေတြကလည္း တၿပိဳးၿပိဳး တေျပာင္ေျပာင္ အေႁခြအရံအသင္းအပင္းကလည္း အမ်ားအျပားလို႔ေပ့ါ။

အရွင္အႏု႐ုဒၶါက အရွင္နတ္သားတို႔ရဲ႕ ကုသိုလ္အက်ိဳးကို အျခားသူေတြ စံနမူနာယူရေအာင္ ငါ့အား ေလွ်ာက္ထားေျပာျပေပးပါေလာ့။

အဒီအခါမွာ ယာမာနတ္သားက အရွင္ဘုရား တပည့္ေတာ္ဟာ လူ႔ဘဝတုန္းက ဆင္းရဲသားပါဘုရား စားဖို႔ ေသာက္ဖို႔ပဲရွိတာပါ အပိုအလွ်ံမရွိပါဘူး ဆင္းရဲေတာ့ သီလေဆာက္တည္တာတို႔ ဘာဝနာ ကမၼဌာန္း စီျဖန္းတာတို႔လည္း မျပဳႏိုင္ပါဘူးဘုရား။

ဒီ စတုမဟာရာဇ္နတ္သား ဇရပ္ တန္ေဆာင္း ေဆာက္ၿပီး ေရစက္ခ်တဲ့ အလႉပြဲက်မွ အဖိတ္အၾကားခံရၿပီး သူ႔အမွ်ကုသိုလ္ကို ယုံယုံၾကည္ၾကည္နဲ႔ ကံရဲ႕အက်ိဳးကို အလႉရွင္ထက္ ပိုမိုယုံၾကည္ၿပီး သာဓုေခၚလိုက္တဲ့ ကုသိုလ္ကံေၾကာင့္ သူ႔ထက္သာၿပီး အခုလို ယာမာနတ္ဘုံကို ေရာက္ရတာပါဘုရား။

အခုဒီမွာျဖစ္ေနပုံက အလႉရွင္က တပည့္ေတာ္ထက္နိမ့္က်တဲ့ စတုမဟာရာဇ္နတ္ဘုံမွာ နတ္ျဖစ္ပါတယ္ တပည့္ေတာ္က ကိုယ္ေရာင္ကိုယ္ဝါလည္း ေတာက္ပ ဘုံဗိဗၼာန္ႀကီးကလည္း တဝင္းဝင္း တထိန္ထိန္နဲ႔ နတ္သား နတ္သမီး အေႁခြအရံေတြကလည္း အမ်ားအျပားနဲ႔ ယာမာနတ္တို႔ရဲ႕စည္းစိမ္ကို ခံစားေနရတာပါဘုရား။

ဒါေၾကာင့္မို႔ အရွင္ျမတ္လူ႔ျပည္ျပန္ေရာက္တဲ့အခါ တပည့္ေတာ္ကို စံျပအေနနဲ႔ထားၿပီး သာဓုအႏုေမာဒနာ ေခၚရတဲ့ ကုသိုလ္ကံ အလြန္အက်ိဳးႀကီးမားပုံကို ေဟာျပေပးေတာ္မူပါ အရွင္ဘုရားလို႔ ေလွ်ာက္ထားလိုက္ပါတယ္။

အဲ့ဒီလို ေလွ်ာက္ထားၿပီး နတ္သားႏွစ္ပါးလည္း အရွင္သူျမတ္ကို ႐ိုေသစြာရွိခိုးၿပီး ကိုယ့္ဗိဗၼာန္ကို အသီးသီးကို ျပန္သြားၾကေလးသတည္း။

စိတ္ေစတနာသန႔္သန႔္ျဖင့္ ထက္သန္စြာ သာဓုေခၚလိုက္ရတဲ့အက်ိဳးတရားက လြန္စြာႀကီးျမတ္ပါေပတကား…Credit Pyae Sone-Taungoo ✍️

Unicode

စိတ်စေတနာသန့်သန့်ဖြင့် ထက်သန်စွာ သာဓုခေါ်လိုက်ရတဲ့အကျိုးတရား

ဂေါတမမြတ်စွာဘုရားရှင် လက်ထက် အရှင်အနုရုဒ္ဓါမထေရ်သည် နတ်ပြည်ကြွလိုကြောင်း ဘုရားရှင်ထံ ခွင့်ပန်တော့ ဘုရားရှင်က ခွင့်ပြုလိုက်တယ်။

အဲ့ဒါနဲ့ အရှင်မြတ် တာဝတိံသာနတ်ပြည် ကြွသွားတယ် ဟိုရောက်တော့ သင့်တဲ့နေရာတွင် ရဟန္တာအရှင်သူမြတ်တို့ စံပယ်ခြင်းမျိုးနဲ့ စံပယ်နေထိုင်နေတယ်။

ဒီအခါမှာ စတုမဟာရာဇ်နတ်ဘုံက နတ်သားနဲ့ ယာမာဘုံကနတ်သားတို့ဟာ အရှင်မြတ်ကို လာရောက်ဖူးမြှော်ကြတယ်။

စတုမဟာရာဇ်နတ်ဘုံက နတ်သားရဲ့ အရှိန်အဝါ ၊အခြွေအရံတို့ဟာ အရောင်အဆင်း သိပ်မတောက်ပဲ မွဲခြောက်ခြောက်ဖြစ်နေတယ်။

ယာမာနတ်ဘုံက နတ်သားကတော့ အရှိန်အဝါတွေကလည်း တပြိုးပြိုး တပြောင်ပြောင် အခြွေအရံအသင်းအပင်းကလည်း အများအပြားလို့ပေ့ါ။

အရှင်အနုရုဒ္ဓါက အရှင်နတ်သားတို့ရဲ့ ကုသိုလ်အကျိုးကို အခြားသူတွေ စံနမူနာယူရအောင် ငါ့အား လျှောက်ထားပြောပြပေးပါလော့။

အဒီအခါမှာ ယာမာနတ်သားက အရှင်ဘုရား တပည့်တော်ဟာ လူ့ဘဝတုန်းက ဆင်းရဲသားပါဘုရား စားဖို့ သောက်ဖို့ပဲရှိတာပါ အပိုအလျှံမရှိပါဘူး ဆင်းရဲတော့ သီလဆောက်တည်တာတို့ ဘာဝနာ ကမ္မဌာန်း စီဖြန်းတာတို့လည်း မပြုနိုင်ပါဘူးဘုရား။

ဒီ စတုမဟာရာဇ်နတ်သား ဇရပ် တန်ဆောင်း ဆောက်ပြီး ရေစက်ချတဲ့ အလှူပွဲကျမှ အဖိတ်အကြားခံရပြီး သူ့အမျှကုသိုလ်ကို ယုံယုံကြည်ကြည်နဲ့ ကံရဲ့အကျိုးကို အလှူရှင်ထက် ပိုမိုယုံကြည်ပြီး သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကံကြောင့် သူ့ထက်သာပြီး အခုလို ယာမာနတ်ဘုံကို ရောက်ရတာပါဘုရား။

အခုဒီမှာဖြစ်နေပုံက အလှူရှင်က တပည့်တော်ထက်နိမ့်ကျတဲ့ စတုမဟာရာဇ်နတ်ဘုံမှာ နတ်ဖြစ်ပါတယ် တပည့်တော်က ကိုယ်ရောင်ကိုယ်ဝါလည်း တောက်ပ ဘုံဗိဗ္မာန်ကြီးကလည်း တဝင်းဝင်း တထိန်ထိန်နဲ့ နတ်သား နတ်သမီး အခြွေအရံတွေကလည်း အများအပြားနဲ့ ယာမာနတ်တို့ရဲ့စည်းစိမ်ကို ခံစားနေရတာပါဘုရား။

ဒါကြောင့်မို့ အရှင်မြတ်လူ့ပြည်ပြန်ရောက်တဲ့အခါ တပည့်တော်ကို စံပြအနေနဲ့ထားပြီး သာဓုအနုမောဒနာ ခေါ်ရတဲ့ ကုသိုလ်ကံ အလွန်အကျိုးကြီးမားပုံကို ဟောပြပေးတော်မူပါ အရှင်ဘုရားလို့ လျှောက်ထားလိုက်ပါတယ်။

အဲ့ဒီလို လျှောက်ထားပြီး နတ်သားနှစ်ပါးလည်း အရှင်သူမြတ်ကို ရိုသေစွာရှိခိုးပြီး ကိုယ့်ဗိဗ္မာန်ကို အသီးသီးကို ပြန်သွားကြလေးသတည်း။

စိတ်စေတနာသန့်သန့်ဖြင့် ထက်သန်စွာ သာဓုခေါ်လိုက်ရတဲ့အကျိုးတရားက လွန်စွာကြီးမြတ်ပါပေတကား…Credit Pyae Sone-Taungoo ✍️

Be the first to comment

Leave a Reply

Your email address will not be published.


*