ယေန႔ေခတ္ လူတိုင္းနီးပါးသုံးေနတဲ့ WIFI ဆိုတဲ့အရာကို တီထြင္ခဲ့တဲ့ ေခ်ာေမာလွပတဲ့ ေဟာလိဝုဒ္မင္းသမီး

ယေန႔ေခတ္ လူတိုင္းနီးပါးသုံးေနတဲ့ WIFI ဆိုတဲ့အရာကို တီထြင္ခဲ့တဲ့ ေခ်ာေမာလွပတဲ့ ေဟာလိဝုဒ္မင္းသမီး

Hedy Lamarr လို႔ေခၚတဲ့ အသက္(၃၀)အ႐ြယ္ရွိ အမ်ိဴးသမီးတစ္ဦးဟာ ႐ုပ္ရွင္ေပါင္းေျမာက္ျမားစြာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ ေအာ္စကာဆုအတြက္လည္း ဆန္ခါတင္စာရင္းေတြ ဝင္ခဲ့ပါတယ္။ Hedy Lamarrမွာ လွပတဲ့႐ုပ္ရည္နဲ႔ သ႐ုပ္ေဆာင္အရည္အခ်င္းေတြသာ ရွိ႐ုံမကပဲ နည္းပညာကိုလည္း အလြန္အမင္းစိတ္ဝင္စားခဲ့ပါတယ္။

သူမရဲ႕တီထြင္မႈနဲ႔ ႀကိဳးစားမႈတို႔ေၾကာင့္သာ ကြၽန္ေတာ္တို႔ လက္ရွိသုံးေနတဲ့ Wifi ေတြ ေပၚ လာရျခင္းပဲျဖစ္ပါတယ္။ Hedy Lamarကို (၁၉၁၄) ဩစႀတီးယား ဟန္ေဂရီႏိုင္ငံ Viennaၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

သူမရဲ႕နာမည္အရင္းကေတာ့ Hedwig Eva Maria Kiesler ျဖစ္ၿပီး အေဖဟာ ဘဏ္မန္ေနဂ်ာတစ္ဦးျဖစ္ၿပီး အေမကေတာ့ စႏၵယားပညာရွင္တစ္ဦးျဖစ္ပါတယ္။ အဲဒါေၾကာင့္ သူမဟာ အႏုပညာကို အရမ္းဝါသနာပါၿပီး ငယ္စဥ္ကတည္းက ဇာတ္လမ္းေတြ၊ ျပဇာတ္ေတြ၊ ႐ုပ္ရွင္ေတြထဲမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။

အသက္ (၁၂) ႏွစ္အ႐ြယ္မွာေတာ့ အလွမယ္ၿပိဳင္ပြဲမွာ ဆုရရွိခဲ့ပါေသးတယ္။ Hedy ဟာ သူမအေဖနဲ႔ လမ္းေလွ်ာက္ရင္း ကမာၻႀကီးရဲ႕ လည္ပတ္ပုံကို ေျပာျပတဲ့အခါမွာေတာ့ တီထြင္မႈေတြကို ျပဳလုပ္ဖို႔ ဝါသနာပါလာပါေတာ့တယ္။

Kiesler နာမည္ကို ဆက္သုံးၿပီးေတာ့ Hedyဟာ ဥေရာပတစ္ခြင္မွာ အႏုပညာအလုပ္ကို ဆက္လုပ္ေနခဲ့ပါတယ္။ သူမရဲ႕ အေအာင္ျမင္ဆုံး႐ုပ္ရွင္ကေတာ့ Ecasty (1933) ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Hedy ဟာ သူ႔ထက္အသက္ႀကီးတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ လက္ထပ္ခဲ့ေပမယ့္လည္း အိမ္ေထာင္ေရးဟာ မတည္ၿမဲခဲ့ပါဘူး။

၁၉၃၇ မွာေတာ့ Hedyဟာ သ႐ုပ္ေဆာင္ အရည္အခ်င္းအသစ္ေတြကို ရွာေဖြေနတဲ့ MGM ကုမၸဏီရဲ႕အႀကီးအကဲ Louis B. Mayer နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ Hedy ရဲ႕ အရည္အခ်င္းကို အရမ္းသေဘာက်ၿပီးေတာ့ တစ္ပတ္ကို ေဒၚလာ (၅၀၀) နဲ႔ စာခ်ဳပ္ခ်ဴပ္ခဲ့ပါတယ္။

Mayerက Hedyကို Lamarr ဆိုတဲ့ နာမည္ကိုလည္း ေျပာင္းေစခဲ့ပါတယ္။ ၿပီးေတာ့ ေဟာလိဝုဒ္ကို ေျပာင္းေ႐ႊ႕ေစၿပီး နာမည္ႀကီး ဒါ႐ိုက္တာမ်ားနဲ႔လည္း မိတ္ဆက္ေပးခဲ့ပါတယ္။

Lamarr အမည္ေျပာင္းၿပီး ေက်ာ္ၾကားခဲ့တဲ့ ဇာတ္ကားေတြကေတာ့ Algiers (1938), Boom Town (1940), Come Live With Me (1941), The Conspirators (1944), Her Highness and the Bellboy (1945), Samson and Delilah (1949) တို႔ျဖစ္ၿပီး The Story of Mankind (1957) နဲ႔ Algiers ဇာတ္ကားတို႔ဟာ အကယ္ဒမီအတြက္ ဆန္ကာတင္ ဆုေပါင္းမ်ားစြာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

သူမဟာ သ႐ုပ္ေဆာင္ဘက္မွာ တစ္ခါတရံ ၿငီးေငြ႕လာတဲ့အတြက္ တီထြင္စမ္းသပ္မႈ အခ်ိဳ႕ကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ ေရဆူေဆးျပားေတြ၊ Howard Hughes ပိုင္တဲ့ ေလေၾကာင္းကုမၸဏီအတြက္ ေလယာဥ္ဒီဇိုင္း ဆြဲေပးတာေတြ စတာေတြကို ျပဳလုပ္ခဲ့ပါတယ္။ ေလယာဥ္ေတြကို ပိုမိုျမန္ဆန္ေစဖို႔အတြက္ ငွက္နဲ႔ ငါးတို႔ရဲ႕ပုံစံကို နမူနာယူၿပီး တီထြင္ခဲ့တယ္လို႔ဆိုပါတယ္။

Lamarr ရဲ႕ အေက်ာ္ၾကားဆုံး တီထြင္မႈက ႀကိမ္ႏႈန္းျဖင့္ခုန္ေသာလႈိင္းလို႔ေခၚၿပီး ဒုတိယကမ္ဘာစစ္အတြင္းမွာ ေရငုပ္သေဘၤာကို ေတာ္ပီဒိုရန္ကေန ကာကြယ္ေပးႏိုင္ခဲ့ပါတယ္။ သူမဟာ ဒီတီထြင္မႈကို သူမရဲ႕ ေတးေရးဆရာ၊ စႏၵယားတီးခတ္တဲ့သူ စတဲ့သူေတြနဲ႔ ေပါင္းၿပီး တီထြင္ခဲ့တာပဲ ျဖစ္ပါတယ္။

၁၉၄၂ မွာေတာ့ မူပိုင္ခြင့္ရခဲ့ေပမယ့္လည္း အေမရိကန္ေရတပ္က ခြင့္ျပဳေပးခဲ့ျခင္း မရွိပါဘူး။ ၁၉၅၉မွာ မူပိုင္ခြင့္သက္တမ္း ကုန္သြားေပမယ့္လည္း ဒါဟာ GPSေတြ Bluetoothေတြရဲ႕ ေရွ႕ေျပးျဖစ္လာခဲ့ပါတယ္။

၁၉၉၇ မွာေတာ့ Electronic Frontier Foundat ionရဲ႕ Pioneer Award ကို ရရွိခဲ့ပါတယ္။ Hedy Lamarr ဟာ အိမ္ေထာင္ (၆) ႀကိမ္က်ၿပီးေတာ့ သားသမီး (၃) ေယာက္ ထြန္းကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အကုန္လုံးနဲ႔ ျပတ္ဆဲခဲ့ၿပီးေတာ့ တစ္ကိုယ္တည္းဘဝနဲ႔ပဲ ဘဝလက္က်န္ (၃၅) ႏွစ္ကို ကုန္ဆုံးခဲ့ပါတယ္။ ၁၉၇၀ ဝန္းက်င္မွာ ဇာတ္လမ္းဇာတ္ၫႊန္းေတြကို ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့ပါတယ္။

သူမဟာ (၁၉၉၇) မွာေတာ့ ကေနဒါကုမၸဏီကေန ေလ်ာ္ေၾကး (၄၉)% ေပးခဲ့ပါတယ္။ အသက္ (၈၅) ႏွစ္အ႐ြယ္ ၂၀၀၀ ခုႏွစ္ ဇန္နဝါရီလ (၁၉) ရက္ေန႔မွာေတာ့ သူမကြယ္လြန္ခဲ့ပါတယ္။

သူမဟာ ႐ုပ္ရည္ေခ်ာေမာလွပ႐ုံသာမက တီထြင္မႈေတြလည္း မ်ားစြာျပဳလုပ္ခဲ့ပါတယ္။ လူေသသြားေပမယ့္လည္း သူမရဲ႕တီထြင္မႈေတြက ယခုထိလူေတြကို အက်ိဳးျပဳေနဆဲပါပဲ။credittowriter

Unicode

ယနေ့ခေတ် လူတိုင်းနီးပါးသုံးနေတဲ့ WIFI ဆိုတဲ့အရာကို တီထွင်ခဲ့တဲ့ ချောမောလှပတဲ့ ဟောလိဝုဒ်မင်းသမီး

Hedy Lamarr လို့ခေါ်တဲ့ အသက်(၃၀)အရွယ်ရှိ အမျိူးသမီးတစ်ဦးဟာ ရုပ်ရှင်ပေါင်းမြောက်မြားစွာမှာ သရုပ်ဆောင်ခဲ့ပြီးတော့ အော်စကာဆုအတွက်လည်း ဆန်ခါတင်စာရင်းတွေ ဝင်ခဲ့ပါတယ်။ Hedy Lamarrမှာ လှပတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်အရည်အချင်းတွေသာ ရှိရုံမကပဲ နည်းပညာကိုလည်း အလွန်အမင်းစိတ်ဝင်စားခဲ့ပါတယ်။

သူမရဲ့တီထွင်မှုနဲ့ ကြိုးစားမှုတို့ကြောင့်သာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Wifi တွေ ပေါ် လာရခြင်းပဲဖြစ်ပါတယ်။ Hedy Lamarကို (၁၉၁၄) ဩစတြီးယား ဟန်ဂေရီနိုင်ငံ Viennaမြို့မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့နာမည်အရင်းကတော့ Hedwig Eva Maria Kiesler ဖြစ်ပြီး အဖေဟာ ဘဏ်မန်နေဂျာတစ်ဦးဖြစ်ပြီး အမေကတော့ စန္ဒယားပညာရှင်တစ်ဦးဖြစ်ပါတယ်။ အဲဒါကြောင့် သူမဟာ အနုပညာကို အရမ်းဝါသနာပါပြီး ငယ်စဉ်ကတည်းက ဇာတ်လမ်းတွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေထဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

အသက် (၁၂) နှစ်အရွယ်မှာတော့ အလှမယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါသေးတယ်။ Hedy ဟာ သူမအဖေနဲ့ လမ်းလျှောက်ရင်း ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို ပြောပြတဲ့အခါမှာတော့ တီထွင်မှုတွေကို ပြုလုပ်ဖို့ ဝါသနာပါလာပါတော့တယ်။

Kiesler နာမည်ကို ဆက်သုံးပြီးတော့ Hedyဟာ ဥရောပတစ်ခွင်မှာ အနုပညာအလုပ်ကို ဆက်လုပ်နေခဲ့ပါတယ်။ သူမရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကတော့ Ecasty (1933) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Hedy ဟာ သူ့ထက်အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း အိမ်ထောင်ရေးဟာ မတည်မြဲခဲ့ပါဘူး။

၁၉၃၇ မှာတော့ Hedyဟာ သရုပ်ဆောင် အရည်အချင်းအသစ်တွေကို ရှာဖွေနေတဲ့ MGM ကုမ္ပဏီရဲ့အကြီးအကဲ Louis B. Mayer နဲ့ တွေ့ဆုံခဲ့ပါတယ်။ Hedy ရဲ့ အရည်အချင်းကို အရမ်းသဘောကျပြီးတော့ တစ်ပတ်ကို ဒေါ်လာ (၅၀၀) နဲ့ စာချုပ်ချူပ်ခဲ့ပါတယ်။

Mayerက Hedyကို Lamarr ဆိုတဲ့ နာမည်ကိုလည်း ပြောင်းစေခဲ့ပါတယ်။ ပြီးတော့ ဟောလိဝုဒ်ကို ပြောင်းရွှေ့စေပြီး နာမည်ကြီး ဒါရိုက်တာများနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Lamarr အမည်ပြောင်းပြီး ကျော်ကြားခဲ့တဲ့ ဇာတ်ကားတွေကတော့ Algiers (1938), Boom Town (1940), Come Live With Me (1941), The Conspirators (1944), Her Highness and the Bellboy (1945), Samson and Delilah (1949) တို့ဖြစ်ပြီး The Story of Mankind (1957) နဲ့ Algiers ဇာတ်ကားတို့ဟာ အကယ်ဒမီအတွက် ဆန်ကာတင် ဆုပေါင်းများစွာ ရွေးချယ်ခံခဲ့ရပါတယ်။

သူမဟာ သရုပ်ဆောင်ဘက်မှာ တစ်ခါတရံ ငြီးငွေ့လာတဲ့အတွက် တီထွင်စမ်းသပ်မှု အချို့ကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ရေဆူဆေးပြားတွေ၊ Howard Hughes ပိုင်တဲ့ လေကြောင်းကုမ္ပဏီအတွက် လေယာဉ်ဒီဇိုင်း ဆွဲပေးတာတွေ စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ လေယာဉ်တွေကို ပိုမိုမြန်ဆန်စေဖို့အတွက် ငှက်နဲ့ ငါးတို့ရဲ့ပုံစံကို နမူနာယူပြီး တီထွင်ခဲ့တယ်လို့ဆိုပါတယ်။

Lamarr ရဲ့ အကျော်ကြားဆုံး တီထွင်မှုက ကြိမ်နှုန်းဖြင့်ခုန်သောလှိုင်းလို့ခေါ်ပြီး ဒုတိယကမ်ဘာစစ်အတွင်းမှာ ရေငုပ်သင်္ဘောကို တော်ပီဒိုရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ ဒီတီထွင်မှုကို သူမရဲ့ တေးရေးဆရာ၊ စန္ဒယားတီးခတ်တဲ့သူ စတဲ့သူတွေနဲ့ ပေါင်းပြီး တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၄၂ မှာတော့ မူပိုင်ခွင့်ရခဲ့ပေမယ့်လည်း အမေရိကန်ရေတပ်က ခွင့်ပြုပေးခဲ့ခြင်း မရှိပါဘူး။ ၁၉၅၉မှာ မူပိုင်ခွင့်သက်တမ်း ကုန်သွားပေမယ့်လည်း ဒါဟာ GPSတွေ Bluetoothတွေရဲ့ ရှေ့ပြေးဖြစ်လာခဲ့ပါတယ်။

၁၉၉၇ မှာတော့ Electronic Frontier Foundat ionရဲ့ Pioneer Award ကို ရရှိခဲ့ပါတယ်။ Hedy Lamarr ဟာ အိမ်ထောင် (၆) ကြိမ်ကျပြီးတော့ သားသမီး (၃) ယောက် ထွန်းကားခဲ့ပါတယ်။

ဒါပေမယ့်လည်း အကုန်လုံးနဲ့ ပြတ်ဆဲခဲ့ပြီးတော့ တစ်ကိုယ်တည်းဘဝနဲ့ပဲ ဘဝလက်ကျန် (၃၅) နှစ်ကို ကုန်ဆုံးခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်လမ်းဇာတ်ညွှန်းတွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ပါတယ်။

သူမဟာ (၁၉၉၇) မှာတော့ ကနေဒါကုမ္ပဏီကနေ လျော်ကြေး (၄၉)% ပေးခဲ့ပါတယ်။ အသက် (၈၅) နှစ်အရွယ် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ သူမကွယ်လွန်ခဲ့ပါတယ်။

သူမဟာ ရုပ်ရည်ချောမောလှပရုံသာမက တီထွင်မှုတွေလည်း များစွာပြုလုပ်ခဲ့ပါတယ်။ လူသေသွားပေမယ့်လည်း သူမရဲ့တီထွင်မှုတွေက ယခုထိလူတွေကို အကျိုးပြုနေဆဲပါပဲ။credittowriter

Be the first to comment

Leave a Reply

Your email address will not be published.


*