ေခြၽးေပါက္ေတြ ပိုက်ယ္လာေအာင္ လုပ္မိတတ္ၾကတဲ့ အမွားတခ်ိဳ႕

ေခြၽးေပါက္ေတြ ပိုက်ယ္လာေအာင္ လုပ္မိတတ္ၾကတဲ့ အမွားတခ်ိဳ႕

Skin Problem ေတြထဲမွာဆိုရင္ ေခြၽးေပါက္က်ယ္တဲ့ ျပႆနာကလည္း ေတာ္ေတာ္ဆိုးပါတယ္။ အဆီေတြ ပိုျပန္လာၿပီး မိတ္ကပ္ကြက္တာ၊ ဝက္ၿခံထြက္တာ၊ အဆီဖုထြက္တာမ်ိဳးေတြ အရမ္းျဖစ္ေစပါတယ္။

တစ္ခါတစ္ေလက်ရင္ ကိုယ္လုပ္လိုက္မိတဲ့ အမွားေၾကာင့္ ေခြၽးေပါက္ေတြ ပိုက်ယ္လာတာမ်ိဳးလည္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္တိုင္လည္း လုပ္မိရင္ ဆင္ျခင္ႏိုင္ဖို႔အတြက္ ေခြၽးေပါက္ေတြ ပိုက်ယ္လာေအာင္ ေတာ္ေတာ္မ်ားမ်ား လုပ္မိေနတဲ့ အမွားတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

အဆီစုပ္စကၠဴ ခဏခဏသုံးျခင္း

ေတာ္ေတာ္မ်ားမ်ားက အဆီျပန္တယ္ဆိုရင္ အဆီစုပ္စကၠဴေလး သုံးလိုက္တယ္။ အဆီေတြ ပါသြားတယ္ဆိုၿပီး သေဘာက်ၾကတယ္။ ဒါက တစ္ခါတစ္ေလပဲ ေကာင္းပါတယ္။ အဲ့လိုမဟုတ္ပဲ အဆီစုပ္စကၠဴကို ခဏခဏသုံးမယ္ဆိုရင္ေတာ့ ေခြၽးေပါက္ေတြ ပိုက်ယ္ၿပီး အဆီပိုျပန္လာမွာပါ။

ဆားဝက္ၿခံ၊ အဆီဖု၊ ဝက္ၿခံေတြကို အတင္းညႇစ္ျခင္း

ေခြၽးေပါက္ေတြပိုက်ယ္လာေအာင္ ေတာ္ေတာ္မ်ားမ်ား လုပ္မိေနတဲ့ အမွားတခ်ိဳ႕တခ်ိဳ႕က ဘာအဖုပဲ ထြက္ထြက္ လက္သည္းနဲ႔ညႇစ္ၾကတာ၊ ကုတ္ဖဲ့ၾကတာ၊ ဆားဝက္ၿခံဆိုလည္း အားေနညႇစ္ေနတာမ်ိဳး၊ ဆားဝက္ၿခံကပ္ခြာ သုံးတာမ်ိဳးေတြ အရမ္းလုပ္ၾကပါတယ္။ ဒီလို လုပ္တာေတြက ေခြၽးေပါက္ေတြကို ပိုၿပီး က်ယ္လာေစပါတယ္။

Exfoliation ခဏခဏလုပ္ျခင္း

Exfoliation လုပ္တယ္ ဆိုတာလည္း တစ္ပတ္မွ တစ္ခါပဲ လုပ္တာေကာင္းပါတယ္။ ခဏ ခဏ လုပ္မယ္ ဆိုရင္ေတာ့ ေခြၽးေပါက္ေတြက်ယ္လာ ပါလိမ့္မယ္။ ဒါ့အျပင္ အေရးအေၾကာင္းေတြလည္း ျမန္ျမန္ျဖစ္ေစပါတယ္။

ေနေလာင္ကာ Sunscreenမလိမ္းျခင္း

ေနေလာင္ကာ Sunscreen မလိမ္းရင္ အသားအေရအရမ္း ပ်က္စီးပါတယ္။ Skin Tissueေတြလည္း ပ်က္စီးေစတယ္။ ေခြၽးေပါက္ေတြလည္း ပိုၿပီးက်ယ္ လာေစတယ္။ အသက္ႀကီးလာရင္ အမဲစက္နဲ႔ မွဲ႔ေျခာက္ေတြလည္း ထြက္လာႏိုင္ပါတယ္။

အဆီအစိမ့္ေတြ အရမ္းစားျခင္း

အဆီအစိမ့္ေတြ အရမ္းစားတာက အဆီဖုေတြ ထြက္ေစၿပီး ေခြၽးေပါက္ေတြ ပိုက်ယ္လာေစတယ္၊ အဆီျပန္တာေတြ ပိုၿပီးျဖစ္လာေစတာေၾကာင့္ ေလွ်ာ့ၿပီး စားသင့္ပါတယ္။Source : brightside,credit

Unicode

ချွေးပေါက်တွေ ပိုကျယ်လာအောင် လုပ်မိတတ်ကြတဲ့ အမှားတချို့

Skin Problem တွေထဲမှာဆိုရင် ချွေးပေါက်ကျယ်တဲ့ ပြဿနာကလည်း တော်တော်ဆိုးပါတယ်။ အဆီတွေ ပိုပြန်လာပြီး မိတ်ကပ်ကွက်တာ၊ ဝက်ခြံထွက်တာ၊ အဆီဖုထွက်တာမျိုးတွေ အရမ်းဖြစ်စေပါတယ်။

တစ်ခါတစ်လေကျရင် ကိုယ်လုပ်လိုက်မိတဲ့ အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း လုပ်မိရင် ဆင်ခြင်နိုင်ဖို့အတွက် ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အဆီစုပ်စက္ကူ ခဏခဏသုံးခြင်း

တော်တော်များများက အဆီပြန်တယ်ဆိုရင် အဆီစုပ်စက္ကူလေး သုံးလိုက်တယ်။ အဆီတွေ ပါသွားတယ်ဆိုပြီး သဘောကျကြတယ်။ ဒါက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ အဲ့လိုမဟုတ်ပဲ အဆီစုပ်စက္ကူကို ခဏခဏသုံးမယ်ဆိုရင်တော့ ချွေးပေါက်တွေ ပိုကျယ်ပြီး အဆီပိုပြန်လာမှာပါ။

ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံတွေကို အတင်းညှစ်ခြင်း

ချွေးပေါက်တွေပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့တချို့က ဘာအဖုပဲ ထွက်ထွက် လက်သည်းနဲ့ညှစ်ကြတာ၊ ကုတ်ဖဲ့ကြတာ၊ ဆားဝက်ခြံဆိုလည်း အားနေညှစ်နေတာမျိုး၊ ဆားဝက်ခြံကပ်ခွာ သုံးတာမျိုးတွေ အရမ်းလုပ်ကြပါတယ်။ ဒီလို လုပ်တာတွေက ချွေးပေါက်တွေကို ပိုပြီး ကျယ်လာစေပါတယ်။

Exfoliation ခဏခဏလုပ်ခြင်း

Exfoliation လုပ်တယ် ဆိုတာလည်း တစ်ပတ်မှ တစ်ခါပဲ လုပ်တာကောင်းပါတယ်။ ခဏ ခဏ လုပ်မယ် ဆိုရင်တော့ ချွေးပေါက်တွေကျယ်လာ ပါလိမ့်မယ်။ ဒါ့အပြင် အရေးအကြောင်းတွေလည်း မြန်မြန်ဖြစ်စေပါတယ်။

နေလောင်ကာ Sunscreenမလိမ်းခြင်း

နေလောင်ကာ Sunscreen မလိမ်းရင် အသားအရေအရမ်း ပျက်စီးပါတယ်။ Skin Tissueတွေလည်း ပျက်စီးစေတယ်။ ချွေးပေါက်တွေလည်း ပိုပြီးကျယ် လာစေတယ်။ အသက်ကြီးလာရင် အမဲစက်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင်ပါတယ်။

အဆီအစိမ့်တွေ အရမ်းစားခြင်း

အဆီအစိမ့်တွေ အရမ်းစားတာက အဆီဖုတွေ ထွက်စေပြီး ချွေးပေါက်တွေ ပိုကျယ်လာစေတယ်၊ အဆီပြန်တာတွေ ပိုပြီးဖြစ်လာစေတာကြောင့် လျှော့ပြီး စားသင့်ပါတယ်။Source : brightside,credit

Be the first to comment

Leave a Reply

Your email address will not be published.


*