အားေကာင္းေသာေလဖိအားနည္းရပ္ဝန္းသတိေပးခ်က္

အားေကာင္းေသာေလဖိအားနည္းရပ္ဝန္းသတိေပးခ်က္

(၂၀၂၂ ခုႏွစ္၊ ေမ ၂၀ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၁၀:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

(က) အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း (Well Marked Low Pressure Area) အေျခအေန

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၈:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္း(မုတၱမပင္လယ္ေကြ႕)တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area)သည္ ပိုမိုအားေကာင္းလာၿပီး၊

ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္း (မုတၱမကမ္းလြန္အနီး)တြင္ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)အျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။

(ခ) ေနာက္(၂၄)နာရီအတြင္းခန္႔မွန္းခ်က္

အဆိုပါ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)သည္ ေနာက္(၂၄)နာရီအတြင္း အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီး၊ ျမန္မာႏိုင္ငံ၊ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕အနီးမွ ကုန္းတြင္းသို႔ဝင္ေရာက္ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

အဆိုပါ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)၏ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၃၀)ႏႈန္းခန႔္ ရွိႏိုင္ပါသည္။

(ဂ) သတိေပးႏႈိးေဆာ္ခ်က္

အဆိုပါ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)၏ အရွိန္ေၾကာင့္ ယေန႔နံနက္မွ (၂၁.၅.၂၀၂၂)ရက္ေန႔အတြင္း ပဲခူးတိုင္းေဒသ ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊

တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ မိုးႀကီးျခင္း၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသည္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)မွ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။

လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၃)ေပခန႔္ ရွိႏိုင္ပါသည္။

(ဃ) အႀကံျပဳခ်က္

သို႔ျဖစ္ပါ၍ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)၏အရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္ျခင္းႏွင့္အတူ ေဒသအလိုက္မိုးႀကီးျခင္း၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္

ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပး ႏႈိးေဆာ္အပ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနcredit

Unicode

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက်

(၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

(ခ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ရှိနိုင်ပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၁.၅.၂၀၂၂)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

(ဃ) အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်

ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.


*