ေလယာဥ္နဲ႔ ခရီးမသြားၾကဖို႔ နာဆာ သိပၸံပညာရွင္တစ္ဦးေတာင္းဆို

ေလယာဥ္နဲ႔ ခရီးမသြားၾကဖို႔ နာဆာ သိပၸံပညာရွင္တစ္ဦးေတာင္းဆို
ေလယာဥ္နဲ႔ ခရီးမသြားၾကဖို႔ နာဆာ သိပၸံပညာရွင္တစ္ဦးေတာင္းဆို

ေလယာဥ္နဲ႔ ခရီးမသြားၾကဖို႔ နာဆာ သိပၸံပညာရွင္တစ္ဦးေတာင္းဆို

ေမာင္ယႆ ( ေမ ၂၀ )
အေမရိကန္အမ်ိဳးသား အာကသသိပၸံအဖြဲ႕ ( နာဆာ) က သဘာဝပတ္ဝန္းက်င္ဆိုင္ရာ သိပၸံပညာရွင္တစ္ဦး ျဖစ္တဲ့ ေဒါက္တာပီတာကျမဴး က အမ်ားျပည္သူေတြအေနနဲ႔ ျဖစ္ႏိုင္ရင္ ေလယာဥ္ နဲ႔ ခရီးမသြားၾကဖို႔အတြက္ ေတာင္း ဆိုလိုက္ပါတယ္။

ကမာၻ႔ေလေၾကာင္းလိုင္းေတြက ကမာၻႀကီးပူေႏြးလာမႈနဲ႔ ပတ္သက္လာရင္ တာဝန္အရွိဆုံးျဖစ္တယ္လို႔ သူက ဆိုလိုက္ပါတယ္။ “ က်ေနာ္ ေျပာျပမယ္။ ေလယာဥ္ပ်ံေတြက ကမာၻ႔ေလထုထဲကို ဖန္လုံအိမ္ဓာတ္ေငြ႕ေတြ အမ်ား ႀကီး ထုတ္လႊတ္ေနပါတယ္။

သူတို႔ပ်ံသန္းတဲ့အျမင့္မွာ ထုတ္လႊတ္လိုက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ လို ဓာတ္ေငြ႕ေတြကို ေအာက္စီဂ်င္အျဖစ္ျပန္လည္ ေျပာင္းလဲဖို႔ အပင္ေတြ မရွိဘူး ၊ ျဖစ္ႏိုင္ရင္ ခရီးသြား ေလေၾကာင္းလိုင္းေတြက ပိတ္ကို ပိတ္ပစ္မွ ရမယ္။

ကမာၻႀကီးပူေႏြးလာမႈကို သူတို႔က ဆိုးဆိုးဝါးဝါး ကို ထိခိုက္ေစတာက အမွန္ပဲဗ်” လို႔ သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ေလယာဥ္ေတြက ထုတ္လႊတ္လိုက္တဲ့ ကာဗြန္နဲ႔ပတ္သက္ၿပီး ျပန္လည္ကုစားေရး လုပ္ငန္းေတြကို ဘယ္ေလယာဥ္ကုမၸဏီ ကမွ မလုပ္ၾကဘူး လို႔လည္း သူက ျပစ္တင္ေျပာဆိုလိုက္ပါတယ္။

ေလာယာဥ္ကုမၸဏီေတြ ကိုေတာ့ ေျပာလို႔ ရမွာ မဟုတ္လို႔ အမ်ားျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲ ေလယာဥ္စီးတဲ့ ကိစၥကို မလုပ္ၾကဖို႔အတြက္ပဲ တိုက္တြန္းလိုေၾကာင္း သူက ဆိုပါတယ္။

အေရးေပၚ ကိစၥ ကလြဲလို႔ ခရီးထြက္တာေတြ အလုပ္နဲ႔ သြားတာေတြကို ျဖစ္ႏိုင္ရင္ ေလေၾကာင္းလိုင္းေတြ မသုံးဘူးဆိုရင္ ကမာၻ႔ေလထုက ေတာ္ေတာ္ႀကီးကို သန႔္စင္သြားႏိုင္တယ္လို႔ လည္း ေျပာပါတယ္။

၂၀၁၈ က တိုင္းတာမႈအရ ကမာၻ႔ေလထု ၁၂% ကို ေလယာဥ္ေတြက အဆိပ္သင့္ေစတယ္လို႔ ဆိုပါတယ္။
REF: world of buzz

Unicode

လေယာဉ်နဲ့ ခရီးမသွားကြဖို့ နာဆာ သိပ္ပံပညာရှင်တစ်ဦးတောင်းဆို

မောင်ယဿ ( မေ ၂၀ )
အမေရိကန်အမျိုးသား အာကသသိပ္ပံအဖွဲ့ ( နာဆာ) က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာပီတာကမြူး က အများပြည်သူတွေအနေနဲ့ ဖြစ်နိုင်ရင် လေယာဉ် နဲ့ ခရီးမသွားကြဖို့အတွက် တောင်း ဆိုလိုက်ပါတယ်။

ကမ္ဘာ့လေကြောင်းလိုင်းတွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပတ်သက်လာရင် တာဝန်အရှိဆုံးဖြစ်တယ်လို့ သူက ဆိုလိုက်ပါတယ်။ “ ကျနော် ပြောပြမယ်။ လေယာဉ်ပျံတွေက ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့တွေ အများ ကြီး ထုတ်လွှတ်နေပါတယ်။

သူတို့ပျံသန်းတဲ့အမြင့်မှာ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လို ဓာတ်ငွေ့တွေကို အောက်စီဂျင်အဖြစ်ပြန်လည် ပြောင်းလဲဖို့ အပင်တွေ မရှိဘူး ၊ ဖြစ်နိုင်ရင် ခရီးသွား လေကြောင်းလိုင်းတွေက ပိတ်ကို ပိတ်ပစ်မှ ရမယ်။

ကမ္ဘာကြီးပူနွေးလာမှုကို သူတို့က ဆိုးဆိုးဝါးဝါး ကို ထိခိုက်စေတာက အမှန်ပဲဗျ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လေယာဉ်တွေက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်နဲ့ပတ်သက်ပြီး ပြန်လည်ကုစားရေး လုပ်ငန်းတွေကို ဘယ်လေယာဉ်ကုမ္ပဏီ ကမှ မလုပ်ကြဘူး လို့လည်း သူက ပြစ်တင်ပြောဆိုလိုက်ပါတယ်။

လောယာဉ်ကုမ္ပဏီတွေ ကိုတော့ ပြောလို့ ရမှာ မဟုတ်လို့ အများပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ လေယာဉ်စီးတဲ့ ကိစ္စကို မလုပ်ကြဖို့အတွက်ပဲ တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။

အရေးပေါ် ကိစ္စ ကလွဲလို့ ခရီးထွက်တာတွေ အလုပ်နဲ့ သွားတာတွေကို ဖြစ်နိုင်ရင် လေကြောင်းလိုင်းတွေ မသုံးဘူးဆိုရင် ကမ္ဘာ့လေထုက တော်တော်ကြီးကို သန့်စင်သွားနိုင်တယ်လို့ လည်း ပြောပါတယ်။

၂၀၁၈ က တိုင်းတာမှုအရ ကမ္ဘာ့လေထု ၁၂% ကို လေယာဉ်တွေက အဆိပ်သင့်စေတယ်လို့ ဆိုပါတယ်။
REF: world of buzz

Be the first to comment

Leave a Reply

Your email address will not be published.


*