သင္ဖုန္းကိုင္တဲ့ပုံစံက သင့္အက်င့္စ႐ိုက္ကို ေဖာ္ျပေနတယ္ဆိုတာသိပါသလား

သင္ဖုန္းကိုင္တဲ့ပုံစံက သင့္အက်င့္စ႐ိုက္ကို ေဖာ္ျပေနတယ္ဆိုတာသိပါသလား

ဖုန္းကိုင္တဲ့ပုံစံကိုၾကည့္ၿပီး သူ႔ရဲ႕အက်င့္စ႐ိုက္ေတြကို ခန႔္မွန္းလို႔ရေနတယ္ဆိုရင္ အံ့ၾသဖို႔ေကာင္းပါသလား။ ပုံထဲမွာၾကည့္ၿပီးေတာ့ သင္ဘယ္လိုအက်င့္စ႐ိုက္ေတြ ရွိေနတယ္ဆိုတာ ဖတ္ၾကည့္ပါလား။ မွန္တယ္ဆိုရင္ သင္ကဘယ္နံပါတ္လဲဆိုတာ ကြန္မန႔္မွာေရးေပးသြားပါဦးေနာ္…

(၁) A ပုံစံ (လက္တစ္ဖက္တည္းျဖင့္ကိုင္ၿပီး လက္မျဖင့္ႏွိပ္သူ)

ခန႔္မွန္းရခက္ပါတယ္။ အာ႐ုံခံစားမႈအားေကာင္းပါတယ္။ ၿပိဳင္ဖက္ကင္း sexy က်ပါတယ္။ အမွတ္သညာႀကီးပါတယ္။ မိမိႀကိဳက္ႏွစ္သက္ရာကို စြန႔္လႊတ္ဖို႔ ခက္ခဲပါတယ္။ လ ွ်ိဳ႕ဝွက္တတ္ပါတယ္။ အလုပ္အလြန္ႀကိဳးစားပါတယ္။ အလုပ္ကိုေလးစားတတ္ပါတယ္။

အိုင္ဒီယာေကာင္းပါတယ္။ ခ်က္ဆိုနားခြက္က မီးေတာက္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းမ်ားပါတယ္။ တီထြင္ဆန္းသစ္မႈေကာင္းပါတယ္။ ညႇိဳ႕ဓာတ္ျပင္းပါတယ္ ။

“အတြင္းစိတ္”

သင္ဟာအမွန္တကယ္ဆိုရင္ အလြယ္တကူလိုက္ေလ်ာတတ္သူတစ္ေယာက္ မဟုတ္ပါဘူး။ ဘယ္သူက သင့္အေပၚအမွန္တကယ္ေကာင္းတယ္ မေကာင္းဘူးဆိုတာ အေသအခ်ာသိပါတယ္။ ေကာင္းမြန္စြာထိန္းခ်ဳပ္တတ္ၿပီး အခ်စ္ႏွင့္အမုန္းေသေသခ်ာခ်ာ ကြဲကြဲျပားျပားသိသူပါ။

အျခားသူက သင့္အေပၚမွာ တရားလြန္မလုပ္ရင္ သင္ဘက္ကအေမာက္ေထာင္ျပမွာမဟုတ္ပါဘူး။ တစ္ခါတရံမွာ တစ္ပါးသူအေပၚအမွီျပဳခ်င္ရင္လည္း သင့္ဘက္ကေန ဟန္ေဆာင္ေနမွာလည္းမဟုတ္ပါဘူး။ တစ္ခါတစ္ေလ ႏႈုတ္ျမန္တတ္ၿပီး စိတ္ထဲမွာ မပါပဲေျပာလိုက္မိတတ္ပါတယ္။ သင့္စိတ္ထဲမွာ ကမာၻႀကီးကို ၿငိမ္းခ်မ္းေစလိုၿပီး လူေတြကိုလည္း စိတ္ခ်မ္းေျမ့ေစလိုပါတယ္ ။

“အခ်စ္စိတ္”

သင္အျခားလူအေပၚ ယုံၾကည္မိၿပီဆိုရင္ အဲ့ဒီလူအေပၚကို အျပစ္မျမင္တတ္ပါဘူး။ သင့္ကိုယ္သင္လည္း အရမ္းကို ကာကြယ္တတ္တဲ့သူပါ။ တစ္ခါခံစားရဖူးပါက ေနာက္တစ္ႀကိမ္ဒီလို ထပ္ျဖစ္မွာကို မလိုလားသလို မျဖစ္ေအာင္လည္း ႀကိဳတင္ကာကြယ္ ေလ့ရွိပါတယ္။ ေနာက္တစ္ႀကိမ္ယုံၾကည္ဖို႔လည္းခက္ခဲသြားပါတယ္။ အခ်စ္ကိုတန္ဖိုးထားၿပီး မိမိခ်စ္တဲ့သူအတြက္ တစ္သက္လုံးအနစ္နာခံခ်စ္ တတ္ပါတယ္ ။

(၂) B ပုံစံ (ဘယ္ဘက္လက္မွဖုန္းကိုကိုင္ထားၿပီး ညာဘက္လက္မွလက္မျဖင့္ အသုံးျပဳသူ)

ခံံစားမႈုျပင္းထန္သူျဖစ္ပါတယ္။ စိတ္ကူးယဥ္တတ္သူတစ္ဦးျဖစ္ပါတယ္။ အာ႐ုံခံစားမႈအားေကာင္းပါတယ္။ အျခားသူမ်ားကိုကူညီတတ္ပါတယ္။ လုံၿခဳံမႈအားနည္းပါတယ္။ ကိုယ္ခ်င္းစာစိတ္အလြန္ႀကီးပါတယ္။ လႈိက္လႈိက္လွဲလွဲရွိပါတယ္။

အေသးစိတ္ ေလ့လာမႈ အားနည္းပါတယ္။ စိတ္ေလာသူတစ္ဦးလည္းျဖစ္ပါတယ္။ အေတြ႕အႀကဳံႂကြယ္ဝပါတယ္။ သိလိုစိတ္အားႀကီးပါတယ္။ စြန႔္စားရတာကိုႏွစ္သက္ပါတယ္။ ကေလးဆန္ပါတယ္။ ကိုယ္ကိုယ္ကို ယုံၾကည္မႈအားႀကီးပါတယ္ ။

“အတြင္းစိတ္”

ကာကြယ္ခံရတာကိုႏွစ္သက္ပါတယ္။ ကိုယ့္အေပၚစိတ္ရင္းမွန္နဲ႔ဆက္ဆံသူကို လိုခ်င္တတ္ပါတယ္။ တစ္ခါတစ္ေလမွာ သင္ကသိပ္ကို သေဘာေကာင္းလြန္း အားႀကီးလို႔ အျခားသူမ်ားရဲ႕အသုံးခ်မႈကိုခံရတတ္ပါတယ္။ ဒါေပမယ့္ အခ်စ္ နဲ႔အမုန္းကိုေတာ့ ေသခ်ာခြဲျခားသိၿပီး ခံစားခ်က္အတိုင္းတုန႔္ျပန္တတ္ပါတယ္ ။

“အခ်စ္စိတ္”

သင္ကစိတ္ထဲမွာရွိတဲ့အတိုင္း ထုတ္ေဖာ္မႈအပိုင္းမွာအားနည္းတတ္ပါတယ္။ စိတ္ထဲမွာႀကိဳက္ႏွစ္သက္ေသာ္လည္း အျခားသူကမိမိႀကိဳက္ႏွစ္သက္ေန တယ္ဆိုတာကိုခံစားလို႔မရႏိုင္ျဖစ္တတ္ပါတယ္။ သင္က မ႐ိုးမသား လုပ္တာ မဟုတ္ေသာ္လည္း တကယ္ေဖာ္ျပႏိုင္စြမ္းကေတာ့ အားနည္းတယ္လို႔ပဲဆိုပါရေစ။

တစ္ခါတစ္ရံ စိတ္အတြင္းခံစားခ်က္ကို ထုတ္ေဖာ္ေလ့ မရွိပဲ သိမ္းထားတတ္ပါတယ္။ ေဒါသ မရွိတာေတာ့မဟုတ္ပဲ အခ်စ္ေၾကာင့္ မိမိစိတ္ကို ခ်ိဳးႏွိမ္ထားတတ္ပါတယ္။ သင္ကအျခားသူ အေပၚမွာေကာင္းတာ အက်င့္ျဖစ္ေနေတာ့ တကိုယ္ေကာင္းဆန္တယ္ဆိုတာ ဘာလဲဆိုတာေတာင္ ေမ့ေနသူပါ။

(၃) C ပုံစံ (လက္ႏွစ္ဖက္ျဖင့္ဖုန္းကိုင္ၿပီး လက္မျဖင့္ဖုန္းကိုအသုံးျပဳသူ)

တီထြင္မႈစြမ္းအားႀကီးမားပါတယ္။ စြဲေဆာင္မႈေကာင္းၿပီး အေပါင္းအသင္းမ်ားပါတယ္။ သေဘာထားႀကီးပါတယ္။ သင္ယူတာလည္းျမန္ဆန္ပါတယ္။ မိမိကိုယ္ကိုယ္ယုံၾကည္မႈရွိျခင္းဟာလည္း သူ႔ရဲ႕တစ္ခုတည္းေသာ စန္းလို႔လည္းေျပာႏိုင္ပါတယ္။ မာနႀကီးသူတစ္ဦးလည္းျဖစ္ပါတယ္။ အလုပ္အေပၚတန္ဖိုးထားၿပီး အလုပ္ကိုေသခ်ဳာေဇာက္ခ်လုပ္တတ္ပါတယ္။ ဘဝရည္မွန္းခ်က္ႀကီးသူတစ္ဦးလည္းျဖစ္ပါတယ္ ။

“အတြင္းစိတ္”

အတြင္းစိတ္က အရမ္းကိုေပ်ာ့ညံ့ပါတယ္။ တစ္ခါတစ္ရံလုပ္ခ်င္ေသာ္လည္း စိုးရိမ္စိတ္လြန္ကဲတတ္ပါတယ္။ ရည္မွန္းခ်က္ႀကီးမားေသာ္လည္း က်ရႈံးမွာကို အလြန္စိုးရိမ္သူပါ။ ေဘးနားမွာ နားလည္တတ္ၿပီးအားေပးမည့္ သူတစ္ေယာက္ အၿမဲလိုအပ္ပါတယ္။

သင္လိုခ်င္တာက အမွန္တကယ္ဆိုရင္ အမ်ားႀကီးမဟုတ္ပါဘူး။ သင့္ကိုနားလည္ေပးမယ့္သူတစ္ေယာက္ ရွိေနခ်င္တာပါ။အမွန္တကယ္က မိမိကိုနားလည္ေပးၿပီး မိမိလုပ္ခ်င္တာကို အားေပးမယ့္သူတစ္ေယာက္ရွိရင္ သင့္ဘဝကျပည့္စုံပါၿပီ ။

“အခ်စ္စိတ္”

အစဥ္းစားလြန္တတ္ပါတယ္။ အရင္ကဇာတ္လမ္းလိုမ်ိဳးျပန္လည္ ခံစားရမွာမ်ိဳးကို ေၾကာက္႐ြံတတ္ပါတယ္။ကိုယ့္ကို ဂ႐ုစိုက္မယ့္ သူရွိတာေတာင္ တစ္ခါတစ္ရံမွာ ေတြေဝေနတတ္ပါတယ္။ အရမ္းခ်စ္တတ္တဲ့အတြက္လည္း ခ်စ္သူမုန္းတီးသြားမွာကို အင္မတန္စိုးရိမ္တတ္သူေတြပါ။

ဒါေၾကာင့္ခ်စ္သူေတြ အႏိုင္က်င့္တာ ခံရတတ္ၿပီး မိမိကေတာ့ဘာမွမျဖစ္သလို ဟန္ေဆာင္ေနတတ္ပါတယ္။ တစ္ေယာက္တည္းေနရမွာကိုေၾကာက္တဲ့အတြက္ ကိုယ့္ဘက္ကေတာ့ အၿမဲအေလ်ာ့ေပးေနရတယ္လို႔ပဲဆိုခ်င္ပါတယ္ ။

(၄) D ပုံစံ (ဖုန္းကိုလက္တစ္ဖက္ကကိုင္ထားၿပီး အျခားတစ္ဖက္က လက္ညႇိဳးကိုအသုံးျပဳကာ ဖုန္းသုံးတတ္သူ)

ဉာဏ္ထက္ျမက္ပါတယ္။ တီထြင္လိုစိတ္ႀကီးမားပါတယ္။ ခံစားခ်က္အတိုင္း ေဖာ္ျပတတ္ပါတယ္။ စကားႂကြယ္ဝသူတစ္ဦးလည္းျဖစ္ပါတယ္။ တုန႔္ျပန္မႈုျမန္ဆန္ပါတယ္။ အလွအပႏွင့္ အႏုပညာအေပၚစိတ္ဝင္စားသူလည္း ျဖစ္ပါတယ္။ အျခားသူမ်ားကိုနားလည္တတ္ၿပီး တစ္ခါတစ္ရံ အျခားသူမ်ား၏ခံစားခ်က္ကို ဂ႐ုစိုက္လြန္းတတ္ပါတယ္ …။

“အတြင္းစိတ္”

သင္ဟာတစ္ခါတစ္ရံမွာ တိတ္တဆိတ္ေနတတ္ပါတယ္။ဒါဟာအမွန္ဆိုသင့္ရဲ႕ ေႏြးေထြးေသာအျပဳအမူတစ္ခုပါ။ အျခားသူမ်ားကိုယ့္အတြက္ ဒဏ္ရာရမွာ စိုးတဲ့အတြက္ ကိုယ္ပဲအနစ္နာခံလိုက္တဲ့သေဘာပါ။

သင့္ကိုၾကည့္ရတာ နားလည္ရခက္ခဲမယ္လို႔ ထင္ရေသာ္လည္း သင္ကအမွန္တကယ္ဆို နားလည္ရခက္တဲ့လူတစ္ဦးေတာ့မဟုတ္ပါဘူး။ တစ္ခါတစ္ရံမွာ တုန႔္ျပန္မႈျမန္လြန္းတာေၾကာင့္ အျခားသူမ်ားကိုေတာ့ စိတ္ထိခိုက္မႈ ျဖစ္ေစႏိုင္ပါတယ္။ သင့္အိပ္မက္ကေတာ့ သင့္ကိုနားလည္ေပးမယ့္သူတစ္ဦး ရွိေနဖို႔ အတြက္ပါပဲ …။

“အခ်စ္စိတ္”

သင္က ၿငိမ္သက္တဲ့အခ်စ္ ေအးခ်မ္းတဲ့အခ်စ္ကိုပဲလိုခ်င္သူ တစ္ဦးျဖစ္ပါတယ္။ သြားေနက် ေနရာတစ္ခုဟာ သင့္အတြက္ေတာ့ စိတ္ေပ်ာ္႐ႊင္မႈ ေပးႏိုင္တဲ့အေကာင္းဆုံးေနရာပါပဲ။ သင့္ရဲ႕အားနည္းခ်က္ ကေတာ့ စိတ္ေပ်ာ့တာပဲျဖစ္ပါတယ္။

ကိုယ့္ကို ဘယ္ေလာက္ထိ ထိခိုက္ေစာ္ကားခဲ့သူျဖစ္ပါေစ သူ႔ဘက္က ေခါင္းေလးငုံၿပီး ေတာင္းပန္လိုက္ရင္ ခ်က္ျခင္းေက်ေအးေပးတတ္ပါတယ္။ ကိုယ္ခ်စ္တဲ့သူေတြ ကိုယ့္သူငယ္ခ်င္းေတြ မ်က္ရည္က်တာကို လုံးဝမၾကည့္ရက္တဲ့သူပါ။ သူတို႔ကပဲ ကိုယ့္ကို မ်က္ရည္နဲ႔ အႏိုင္ယူသြားမွာပါပဲ။Credit ;MayShin

Unicode

သင်ဖုန်းကိုင်တဲ့ပုံစံက သင့်အကျင့်စရိုက်ကို ဖော်ပြနေတယ်ဆိုတာသိပါသလား

ဖုန်းကိုင်တဲ့ပုံစံကိုကြည့်ပြီး သူ့ရဲ့အကျင့်စရိုက်တွေကို ခန့်မှန်းလို့ရနေတယ်ဆိုရင် အံ့သြဖို့ကောင်းပါသလား။ ပုံထဲမှာကြည့်ပြီးတော့ သင်ဘယ်လိုအကျင့်စရိုက်တွေ ရှိနေတယ်ဆိုတာ ဖတ်ကြည့်ပါလား။ မှန်တယ်ဆိုရင် သင်ကဘယ်နံပါတ်လဲဆိုတာ ကွန်မန့်မှာရေးပေးသွားပါဦးနော်…

(၁) A ပုံစံ (လက်တစ်ဖက်တည်းဖြင့်ကိုင်ပြီး လက်မဖြင့်နှိပ်သူ)

ခန့်မှန်းရခက်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ ပြိုင်ဖက်ကင်း sexy ကျပါတယ်။ အမှတ်သညာကြီးပါတယ်။ မိမိကြိုက်နှစ်သက်ရာကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ လ ျှို့ဝှက်တတ်ပါတယ်။ အလုပ်အလွန်ကြိုးစားပါတယ်။ အလုပ်ကိုလေးစားတတ်ပါတယ်။

အိုင်ဒီယာကောင်းပါတယ်။ ချက်ဆိုနားခွက်က မီးတောက်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းများပါတယ်။ တီထွင်ဆန်းသစ်မှုကောင်းပါတယ်။ ညှို့ဓာတ်ပြင်းပါတယ် ။

အတွင်းစိတ်

သင်ဟာအမှန်တကယ်ဆိုရင် အလွယ်တကူလိုက်လျောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ဘယ်သူက သင့်အပေါ်အမှန်တကယ်ကောင်းတယ် မကောင်းဘူးဆိုတာ အသေအချာသိပါတယ်။ ကောင်းမွန်စွာထိန်းချုပ်တတ်ပြီး အချစ်နှင့်အမုန်းသေသေချာချာ ကွဲကွဲပြားပြားသိသူပါ။

အခြားသူက သင့်အပေါ်မှာ တရားလွန်မလုပ်ရင် သင်ဘက်ကအမောက်ထောင်ပြမှာမဟုတ်ပါဘူး။ တစ်ခါတရံမှာ တစ်ပါးသူအပေါ်အမှီပြုချင်ရင်လည်း သင့်ဘက်ကနေ ဟန်ဆောင်နေမှာလည်းမဟုတ်ပါဘူး။ တစ်ခါတစ်လေ နှုုတ်မြန်တတ်ပြီး စိတ်ထဲမှာ မပါပဲပြောလိုက်မိတတ်ပါတယ်။ သင့်စိတ်ထဲမှာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုပြီး လူတွေကိုလည်း စိတ်ချမ်းမြေ့စေလိုပါတယ် ။

အချစ်စိတ်

သင်အခြားလူအပေါ် ယုံကြည်မိပြီဆိုရင် အဲ့ဒီလူအပေါ်ကို အပြစ်မမြင်တတ်ပါဘူး။ သင့်ကိုယ်သင်လည်း အရမ်းကို ကာကွယ်တတ်တဲ့သူပါ။ တစ်ခါခံစားရဖူးပါက နောက်တစ်ကြိမ်ဒီလို ထပ်ဖြစ်မှာကို မလိုလားသလို မဖြစ်အောင်လည်း ကြိုတင်ကာကွယ် လေ့ရှိပါတယ်။ နောက်တစ်ကြိမ်ယုံကြည်ဖို့လည်းခက်ခဲသွားပါတယ်။ အချစ်ကိုတန်ဖိုးထားပြီး မိမိချစ်တဲ့သူအတွက် တစ်သက်လုံးအနစ်နာခံချစ် တတ်ပါတယ် ။

(၂) B ပုံစံ (ဘယ်ဘက်လက်မှဖုန်းကိုကိုင်ထားပြီး ညာဘက်လက်မှလက်မဖြင့် အသုံးပြုသူ)

ခံံစားမှုုပြင်းထန်သူဖြစ်ပါတယ်။ စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ အခြားသူများကိုကူညီတတ်ပါတယ်။ လုံခြုံမှုအားနည်းပါတယ်။ ကိုယ်ချင်းစာစိတ်အလွန်ကြီးပါတယ်။ လှိုက်လှိုက်လှဲလှဲရှိပါတယ်။

အသေးစိတ် လေ့လာမှု အားနည်းပါတယ်။ စိတ်လောသူတစ်ဦးလည်းဖြစ်ပါတယ်။ အတွေ့အကြုံကြွယ်ဝပါတယ်။ သိလိုစိတ်အားကြီးပါတယ်။ စွန့်စားရတာကိုနှစ်သက်ပါတယ်။ ကလေးဆန်ပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုအားကြီးပါတယ် ။

အတွင်းစိတ်

ကာကွယ်ခံရတာကိုနှစ်သက်ပါတယ်။ ကိုယ့်အပေါ်စိတ်ရင်းမှန်နဲ့ဆက်ဆံသူကို လိုချင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ သင်ကသိပ်ကို သဘောကောင်းလွန်း အားကြီးလို့ အခြားသူများရဲ့အသုံးချမှုကိုခံရတတ်ပါတယ်။ ဒါပေမယ့် အချစ် နဲ့အမုန်းကိုတော့ သေချာခွဲခြားသိပြီး ခံစားချက်အတိုင်းတုန့်ပြန်တတ်ပါတယ် ။

အချစ်စိတ်

သင်ကစိတ်ထဲမှာရှိတဲ့အတိုင်း ထုတ်ဖော်မှုအပိုင်းမှာအားနည်းတတ်ပါတယ်။ စိတ်ထဲမှာကြိုက်နှစ်သက်သော်လည်း အခြားသူကမိမိကြိုက်နှစ်သက်နေ တယ်ဆိုတာကိုခံစားလို့မရနိုင်ဖြစ်တတ်ပါတယ်။ သင်က မရိုးမသား လုပ်တာ မဟုတ်သော်လည်း တကယ်ဖော်ပြနိုင်စွမ်းကတော့ အားနည်းတယ်လို့ပဲဆိုပါရစေ။

တစ်ခါတစ်ရံ စိတ်အတွင်းခံစားချက်ကို ထုတ်ဖော်လေ့ မရှိပဲ သိမ်းထားတတ်ပါတယ်။ ဒေါသ မရှိတာတော့မဟုတ်ပဲ အချစ်ကြောင့် မိမိစိတ်ကို ချိုးနှိမ်ထားတတ်ပါတယ်။ သင်ကအခြားသူ အပေါ်မှာကောင်းတာ အကျင့်ဖြစ်နေတော့ တကိုယ်ကောင်းဆန်တယ်ဆိုတာ ဘာလဲဆိုတာတောင် မေ့နေသူပါ။

(၃) C ပုံစံ (လက်နှစ်ဖက်ဖြင့်ဖုန်းကိုင်ပြီး လက်မဖြင့်ဖုန်းကိုအသုံးပြုသူ)

တီထွင်မှုစွမ်းအားကြီးမားပါတယ်။ စွဲဆောင်မှုကောင်းပြီး အပေါင်းအသင်းများပါတယ်။ သဘောထားကြီးပါတယ်။ သင်ယူတာလည်းမြန်ဆန်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာလည်း သူ့ရဲ့တစ်ခုတည်းသော စန်းလို့လည်းပြောနိုင်ပါတယ်။ မာနကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ အလုပ်အပေါ်တန်ဖိုးထားပြီး အလုပ်ကိုသေချုာဇောက်ချလုပ်တတ်ပါတယ်။ ဘဝရည်မှန်းချက်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ် ။

အတွင်းစိတ်

အတွင်းစိတ်က အရမ်းကိုပျော့ညံ့ပါတယ်။ တစ်ခါတစ်ရံလုပ်ချင်သော်လည်း စိုးရိမ်စိတ်လွန်ကဲတတ်ပါတယ်။ ရည်မှန်းချက်ကြီးမားသော်လည်း ကျရှုံးမှာကို အလွန်စိုးရိမ်သူပါ။ ဘေးနားမှာ နားလည်တတ်ပြီးအားပေးမည့် သူတစ်ယောက် အမြဲလိုအပ်ပါတယ်။

သင်လိုချင်တာက အမှန်တကယ်ဆိုရင် အများကြီးမဟုတ်ပါဘူး။ သင့်ကိုနားလည်ပေးမယ့်သူတစ်ယောက် ရှိနေချင်တာပါ။အမှန်တကယ်က မိမိကိုနားလည်ပေးပြီး မိမိလုပ်ချင်တာကို အားပေးမယ့်သူတစ်ယောက်ရှိရင် သင့်ဘဝကပြည့်စုံပါပြီ ။

အချစ်စိတ်

အစဉ်းစားလွန်တတ်ပါတယ်။ အရင်ကဇာတ်လမ်းလိုမျိုးပြန်လည် ခံစားရမှာမျိုးကို ကြောက်ရွံတတ်ပါတယ်။ကိုယ့်ကို ဂရုစိုက်မယ့် သူရှိတာတောင် တစ်ခါတစ်ရံမှာ တွေဝေနေတတ်ပါတယ်။ အရမ်းချစ်တတ်တဲ့အတွက်လည်း ချစ်သူမုန်းတီးသွားမှာကို အင်မတန်စိုးရိမ်တတ်သူတွေပါ။

ဒါကြောင့်ချစ်သူတွေ အနိုင်ကျင့်တာ ခံရတတ်ပြီး မိမိကတော့ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပါတယ်။ တစ်ယောက်တည်းနေရမှာကိုကြောက်တဲ့အတွက် ကိုယ့်ဘက်ကတော့ အမြဲအလျော့ပေးနေရတယ်လို့ပဲဆိုချင်ပါတယ် ။

(၄) D ပုံစံ (ဖုန်းကိုလက်တစ်ဖက်ကကိုင်ထားပြီး အခြားတစ်ဖက်က လက်ညှိုးကိုအသုံးပြုကာ ဖုန်းသုံးတတ်သူ)

ဉာဏ်ထက်မြက်ပါတယ်။ တီထွင်လိုစိတ်ကြီးမားပါတယ်။ ခံစားချက်အတိုင်း ဖော်ပြတတ်ပါတယ်။ စကားကြွယ်ဝသူတစ်ဦးလည်းဖြစ်ပါတယ်။ တုန့်ပြန်မှုုမြန်ဆန်ပါတယ်။ အလှအပနှင့် အနုပညာအပေါ်စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ အခြားသူများကိုနားလည်တတ်ပြီး တစ်ခါတစ်ရံ အခြားသူများ၏ခံစားချက်ကို ဂရုစိုက်လွန်းတတ်ပါတယ် …။

အတွင်းစိတ်

သင်ဟာတစ်ခါတစ်ရံမှာ တိတ်တဆိတ်နေတတ်ပါတယ်။ဒါဟာအမှန်ဆိုသင့်ရဲ့ နွေးထွေးသောအပြုအမူတစ်ခုပါ။ အခြားသူများကိုယ့်အတွက် ဒဏ်ရာရမှာ စိုးတဲ့အတွက် ကိုယ်ပဲအနစ်နာခံလိုက်တဲ့သဘောပါ။

သင့်ကိုကြည့်ရတာ နားလည်ရခက်ခဲမယ်လို့ ထင်ရသော်လည်း သင်ကအမှန်တကယ်ဆို နားလည်ရခက်တဲ့လူတစ်ဦးတော့မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တုန့်ပြန်မှုမြန်လွန်းတာကြောင့် အခြားသူများကိုတော့ စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင့်အိပ်မက်ကတော့ သင့်ကိုနားလည်ပေးမယ့်သူတစ်ဦး ရှိနေဖို့ အတွက်ပါပဲ …။

အချစ်စိတ်

သင်က ငြိမ်သက်တဲ့အချစ် အေးချမ်းတဲ့အချစ်ကိုပဲလိုချင်သူ တစ်ဦးဖြစ်ပါတယ်။ သွားနေကျ နေရာတစ်ခုဟာ သင့်အတွက်တော့ စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့အကောင်းဆုံးနေရာပါပဲ။ သင့်ရဲ့အားနည်းချက် ကတော့ စိတ်ပျော့တာပဲဖြစ်ပါတယ်။

ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စော်ကားခဲ့သူဖြစ်ပါစေ သူ့ဘက်က ခေါင်းလေးငုံပြီး တောင်းပန်လိုက်ရင် ချက်ခြင်းကျေအေးပေးတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်သူငယ်ချင်းတွေ မျက်ရည်ကျတာကို လုံးဝမကြည့်ရက်တဲ့သူပါ။ သူတို့ကပဲ ကိုယ့်ကို မျက်ရည်နဲ့ အနိုင်ယူသွားမှာပါပဲ။Credit ;MayShin

Be the first to comment

Leave a Reply

Your email address will not be published.


*