အထြန္းဖြားေတြအတြက္ တသက္တာေဟာကိန္း

အထြန္းဖြားေတြအတြက္ တသက္တာေဟာကိန္း

ဖြားဇာတာေတြထဲမွာ အထြန္းဖြားေတြက အလြန္ပဲတည္ၾကည္တဲ့သူေတြပါ။ ကိုယ္က်င့္သိကၡာက်ေစမဲ့ကိစၥ ၊ လူမ်ားလက္ညႇိဳးထိုးမဲ့ကိစၥမ်ိဳး တတ္ႏိုင္သ၍ ေရွာင္ၾကသူေတြပါပဲ။ အစိုးရဝန္ထမ္းပဲလုပ္လုပ္ ၊အျပင္အလုပ္ေတြပဲလုပ္လုပ္ သူမ်ားအလုပ္တိုင္းကို မိမိအလုပ္လိုသေဘာထားၿပီး လုပ္ေပးတတ္သူပါ။ မိမိကိုယ္က်င့္သိကၡာကို ထိပါးေျပာဆိုလာမယ္ဆိုရင္လဲ အခ်ိန္မဆိုင္းဘဲ ေျဖရွင္းတတ္သူပါ၊

အလြန္ပဲေစ့စပ္ေသခ်ာတဲ့သူေတြပါ။ စနစ္ေကာင္းတယ္။ အလုပ္ကိုတန္ဖိုးထားျမတ္ႏိုးတယ္။အလုပ္နဲ႔လက္နဲ႔ျပတ္ေနရင္ မေနတတ္ဘဲ တစ္ခုခုရွာၿပီးလုပ္ေနတတ္သူပါ။ လုပ္စရာမရွိရင္ ပ်င္းေနတတ္ၿပီး တစ္ခုခုလုပ္ေနရမွာ ေက်နပ္ေနသူေတြပါ။ မည္သည့္အလုပ္ကိုမဆို လြယ္လြယ္နဲ႔ လက္မေလ်ာ့တတ္ဘဲ ျဖစ္ေျမာက္ေအာင္ လုပ္တတ္သူပါ။ အလုပ္ကံေကာင္းတတ္ၾကတယ္။

မည္သည္အလုပ္ကိုမဆို ေရရွည္ေဇာက္ခ်ၿပီးလုပ္ပါက ထြန္းေပါက္ပါလိမ့္မယ္။ လက္ရွိဘဝနဲ႔ မတင္းတိမ္ဘဲ အၿမဲတမ္း ဘဝတက္လမ္းကို ရွာေနတတ္တဲ့ အတြက္ ျဖည္းျဖည္းခ်င္းေအာင္ျမင္မႈေတြ ရလာမွာပါ။ မည္သည့္ ပညာရပ္ကိုမဆို သိလြယ္တတ္လြယ္သူေတြပါ။ မိဘေတြကသာ ပညာေရးကို ေထာက္ပံ့ေပးႏိုင္မယ္ဆို အလြန္ထူးခြၽန္ပါလိမ့္မယ္။ စိတ္ရွည္ၾကတယ္။ အပင္ပန္းလဲ ခံႏိုင္ၾကတယ္။

ဘာလုပ္လုပ္ ဂ႐ုတစိုက္ရွိတယ္။ လုပ္သေလာက္အက်ိဳးျဖစ္ထြန္းပင္ေပမဲ့ ေအာင္ျမင္မႈအသီးအပြင့္ေတြ အခြင့္အေရးေတြကို အျခားလူေတြက ရသြားၾကတာမ်ားပါတယ္။ မိမိကအခြင့္အေရးကို ဂ႐ုမစိုက္ပါ။ တာဝန္ေက်ပြန္ရင္ ေက်နပ္ေနတတ္သူပါ။ လုပ္ခ်င္တာလုပ္ရရင္ ေပ်ာ္ေနတတ္သူပါ။

သူမ်ားအက်ိဳးစီးပြားကိုေတာင္မွ အကူအညီေတာင္းရင္ မျငင္းတတ္သူပါ။ စိတ္ေကာင္း ေစတနာေကာင္းသည္၊ ႐ိုးသားတယ္။ ဒါေပမဲ့ ပြင့္ပြင့္လင္းလင္းေျပာတတ္ၾကတယ္။ အျပစ္လုပ္ထားရင္လဲ အားမနာတမ္းေျပာတတ္ၾကပါတယ္။ ေျပာၿပီးရင္လဲ ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေနတတ္သူေတြပါ။ ရန္ညႇိဳးမထားတတ္ဘူး။

မိမိကေအးေဆးတည္ၿငိမ္စြာေနတတ္တဲ့အတြက္ လူအမ်ားက ဘဝင္ျမင့္တယ္။ မာနႀကီးတယ္လို႔ ထင္တတ္ၾကပါတယ္။ ကိုယ္ကလဲ ခင္မင္သူမ်ားနဲ႔ သာလိုက္ေရာညီေထြ ေနတတ္ၿပီး မခင္မင္သူေတြနဲ႔ကေတာ့ ခပ္ကင္းကင္းေနတတ္ပါတယ္။

ဒါေပမဲ့မိမိကံက အေပါင္းအသင္းကံညံ့ပါတယ္။ မိမိကေစတနာနဲ႔ ေျပာဆိုရင္ေတာင္ မိတ္ေဆြေတြက အေကာင္းမထင္တတ္ပါ။ မိမိကပဲ အနစ္နာခံေပါင္းသင္းေနရတတ္ပါတယ္။ မိမိက ေကြၽးလဲေကြၽးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအေဖာ္ခင္တယ္။ အေပါင္းအသင္းမက္တယ္။ အေပ်ာ္အပါး ပြဲလမ္းသဘင္ ဝါသနာထုံတယ္။ ခရီးထြက္ရတာ ဝါသနာပါတယ္။

မိမိဇာတာက သားသမီးအက်ိဳးေပးကံ အားနည္းတယ္၊ အနည္းဆုံး မိဘကို ဒုကၡေပးမဲ့ စုန္းျပဴးတစ္ေယာက္ေလာက္ေတာ့ ပါလာတတ္တယ္။ ကိုယ္ကလဲ သားသမီးေတြ ဘာလုပ္လုပ္ မ်က္စိစပါးေမႊးစူးေနတတ္တယ္။ ဘာပဲလုပ္လုပ္ အစမွာေတာ့ မိမိကအလြန္ပဲစိုးရိမ္တတ္ၾကတယ္။ တကယ္လုပ္ၾကည့္တဲ့အခါ မိမိအတြက္အခက္အခဲမရွိ အဆင္ေျပသြားတတ္ပါတယ္။ ဇြတ္လုပ္တတ္ၿပီး ဝီရိယရွိတဲ့အတြက္ ေအာင္ျမင္မႈလမ္းေပၚ ေရာက္ပါလိမ့္မယ္။

မိတ္ေဆြမ်ား၏တန္ဖိုးရွိလွတဲ့ ဘဝအနာဂတ္ကံၾကမၼာမ်ားအတြက္ ထူးျခားတဲ့ေဟာကိန္းေတြသိရွိေစရန္ အေသးစိတ္ေဆြးေႏြးေမးျမန္းႏိုင္ပါသည္။Credit :ဆရာစစ္လြန္းထိုက္(ေ႐ႊေရာင္မ်က္ႏွာဖုံး), အနာဂတ္ကံၾကမၼာေဟာကိန္း, အၾကားအျမင္ပညာရွင္, 09777907749(viber), 09451860059

Unicode

အထွန်းဖွားတွေအတွက် တသက်တာဟောကိန်း

ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲတည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ကိစ္စ ၊ လူများလက်ညှိုးထိုးမဲ့ကိစ္စမျိုး တတ်နိုင်သ၍ ရှောင်ကြသူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ်တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊

အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ်နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေတတ်သူပါ။ လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။

မည်သည်အလုပ်ကိုမဆို ရေရှည်ဇောက်ချပြီးလုပ်ပါက ထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတက်လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေ ရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိလွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါလိမ့်မယ်။ စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။

ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြားလူတွေက ရသွားကြတာများပါတယ်။ မိမိကအခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင် ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။

သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင် မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူတွေပါ။ ရန်ညှိုးမထားတတ်ဘူး။

မိမိကအေးဆေးတည်ငြိမ်စွာနေတတ်တဲ့အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်းနေတတ်ပါတယ်။

ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ ပြောဆိုရင်တောင် မိတ်ဆွေတွေက အကောင်းမထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။

မိမိဇာတာက သားသမီးအကျိုးပေးကံ အားနည်းတယ်၊ အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက်လောက်တော့ ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ် မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲလုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိ အဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ် ရောက်ပါလိမ့်မယ်။

မိတ်ဆွေများ၏တန်ဖိုးရှိလှတဲ့ ဘဝအနာဂတ်ကံကြမ္မာများအတွက် ထူးခြားတဲ့ဟောကိန်းတွေသိရှိစေရန် အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။Credit :ဆရာစစ်လွန်းထိုက်(ရွှေရောင်မျက်နှာဖုံး), အနာဂတ်ကံကြမ္မာဟောကိန်း, အကြားအမြင်ပညာရှင်, 09777907749(viber), 09451860059

Be the first to comment

Leave a Reply

Your email address will not be published.


*