ဘ၀လက္တြဲေဖာ္ရွာေတာ့မယ္ဆုိ ဒီလုိလူမ်ိဳး ေ၀းေ၀းေရွာင္

ဘ၀လက္တြဲေဖာ္ရွာေတာ့မယ္ဆုိ ဒီလုိလူမ်ိဳး ေ၀းေ၀းေရွာင္

1. လင္မြဲ

ဘယ္ေလာက္ပဲခ်စ္ခ်စ္ စီးပြားေရးအသိတရား မရွိဘူးဆိုရင္ အိမ္ေထာင္ေရးဟာ ေရမရွိတဲ့ အိုင္မွာ ေနရတဲ့ငါးလိုပဲ ပူေလာင္ေျခာက္ေသြ႕လြန္းပါတယ္။ ဒါ့ေၾကာင့္… မြဲတဲ့ေယာက္်ား မယူေလနဲ႔။

2, လင္နာ

မဂၤလာဦးညကစလို႔ ျဖစ္လိုက္တဲ့ ေရာဂါႀကီးေသးေပါင္းစုံ၊ ပိုးေမြးသလိုေမြးေနရမယ့္ ကိုခ်ဴ ခ်ာ၊ ကုလိုက္ရတဲ့ေဆး၊ ရွိသမွ် အကုန္ေျပာင္။ အက်ိဳးစီးပြား တိုးတက္ရာလမ္းမျမင္ ဆုတ္ယုတ္ရန္သာရွိ မယူလေနဲ႔အမိ။

3. လင္အရက္သမား (လင္သူရာႀကိဳက္)

အရက္ေသစာ၊ ယခုေခတ္ေတာ့ မူးယစ္ေဆး ေသာက္စားမူးယစ္တတ္တဲ့ေယာက္်ား မိတ္ေကာင္းေဆြေကာင္းမရွိ၊ ဂုဏ္သိကၡာကင္းမဲ့၊ ေက်ာ္ေစာမႈနတၳိ၊ စီးပြားဥစၥာပ်က္ျပား။ ကိုယ့္လက္ထဲေရာက္မွ ျပဳျပင္ပါ့မယ္၊ ကိုယ္ကိုင္တြယ္ပါ့မယ္လို႔ မေတြးေလနဲ႔။ ကတိေတြအထပ္ထပ္ေပးလည္း မယုံလိုက္ေလနဲ႔။ လွ်ာမွာ အ႐ိုးမရွိ။ အလကား ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ပဲ။

4. လင္မိုက္ (လင္ရမ္းကား)

ထစ္ခနဲရွိ ဆဲေရး၊ ေပးစား၊ အိုးခြက္ပန္းကန္မက်န္ ကုန္ေအာင္ ႐ိုက္ခြဲ။ ေျခပါလက္ပါ ရမ္းကား။ ယူမိရင္မ်က္ရည္နဲ႔ဒူးနဲ႔ ဝမ္းဆက္ျဖစ္လိမ့္မယ္။ အ႐ိုးကြဲေအာင္႐ိုက္မွ အသဲစြဲေအာင္ခ်စ္တတ္တဲ့ သူေတြေတာ့ မေျပာလိုပါ။

5. လင္ဖ်င္း

အစစအရာရာ မိန္းမကသာ ဦးေဆာင္ရတယ္။ အစပိုင္းေတာ့ မိုက္တယ္။ ခ်စ္လို႔ပဲ ဦးစားေပးသေယာင္ေယာင္၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ္ပိုင္ရပ္တည္ခ်က္မရွိ။ ကိုယ္ပိုင္အစြမ္းအစ မရွိ။ ႏြားမ်ားလို သူမ်ားခိုင္းတာ နားစြင့္ၿပီး လုပ္တတ္တဲ့ေယာက္်ား။ လင္႐ုပ္ေသး ေဝးေဝးကသာေရွာင္။

6. လင္ပ်င္း

ေသခ်ာတယ္ ခ်စ္သူဘဝမွာ ကတည္းက ထမင္းေတာင္ခြံ႕ေကြၽးရလိမ့္မယ္။ မိခင္စိတ္ရွိတတ္တဲ့ မိန္းကေလးေတြအဖို႔ သေဘာက်စရာပဲ။ ဒီလိုအစား ၾကာၾကာဝါးမွ ခါးမွန္းသိမယ္။ မိတ္ေဆြေကာင္းမရွိ။ အပ်င္းထူအေရထြက္ စီးပြားမတက္။

7. လင္အို

အိုတဲ့ေယာက္်ား သူမ်ားအတြက္ေရာ၊ မိန္းမအတြက္ေရာ ဘယ္ေနရာမ်ား အသုံးတဲ့တာ ရွိသတုန္း။ သဝန္တိုတတ္တာ ႏွစ္ေယာက္မရွိ။ သူမစြမ္းတာ သူသိတိုင္း လူတစ္ကာနဲ႔ ေပးစား။ စိတ္ကိုမီးလိုပူေစတဲ့ေယာက္်ား ေဝးရာကေရွာင္ရွားေလာ့ ခ်စ္သမီး။ သူက ပစၥည္းဥစၥာခ်မ္းသာလို႔ ယူလိုသူေတြကိုေတာ့ မေျပာလိုပါ။

8. လင္အလိုမျပည့္

ဘယ္ေလာက္ပဲ… ေကာင္းေအာင္လုပ္ေပးေပး ေက်းဇူးတရားကိုမသိ၊ အဆိုးအျပစ္သာ ျမင္တတ္ ေျပာတတ္တဲ့ေယာက္်ား။ အျပဳသေဘာမေဆာင္ အပ်က္သေဘာ၊ အဖ်က္သေဘာသာရွိတဲ့ေယာက္်ား အလကားပဲ။

လင္မြဲ လင္နာ, လင္သူရာႀကိဳက္,လင္မိုက္ လင္ဖ်င္း,လင္ပ်င္း လင္အို,အလိုမျဖည့္ မျပည့္ဆႏၵ, ရွိတုံကလွ်င္ မိန္းမဟူသည္ ဤရွစ္မည္ေၾကာင့္ မၾကည္မသာ အနာတရ ရွိတတ္စြရွင္။

ႀကိဳက္ရင္လည္း ယူေတာ္မူ… ကိုယ္ျဖစ္ကိုခံ မတားလိုပါ။ (ဝဋ္ေႂကြးဆပ္လိုတဲ့ သေဘာ 😊) စာေလးကို ေသခ်ာဖတ္ပီး မ်ားမ်ား ေတြးၾကည့္ေစခ်င္ပါတယ္…. သင္ခန္းစာတစ္ခု ရေကာင္းရႏိုင္ပါတယ္ ဘဝခရီးကို အေတြးသစ္အျမင္သစ္မ်ားျဖင့္ ေအာင္ျမင္စြာ ေလွ်ာက္လွမ္းႏိုင္ၾကပါေစ….credittowriter

Unicode

ဘဝလက်တွဲဖော်ရှာတော့မယ်ဆို ဒီလိုလူမျိုး ဝေးဝေးရှောင်

1. လင်မွဲ

ဘယ်လောက်ပဲချစ်ချစ် စီးပွားရေးအသိတရား မရှိဘူးဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့ အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့လွန်းပါတယ်။ ဒါ့ကြောင့်… မွဲတဲ့ယောက်ျား မယူလေနဲ့။

2, လင်နာ

မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါကြီးသေးပေါင်းစုံ၊ ပိုးမွေးသလိုမွေးနေရမယ့် ကိုချူ ချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာလမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလနေဲ့အမိ။

3. လင်အရက်သမား (လင်သူရာကြိုက်)

အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေး သောက်စားမူးယစ်တတ်တဲ့ယောက်ျား မိတ်ကောင်းဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား။ ကိုယ့်လက်ထဲရောက်မှ ပြုပြင်ပါ့မယ်၊ ကိုယ်ကိုင်တွယ်ပါ့မယ်လို့ မတွေးလေနဲ့။ ကတိတွေအထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

4. လင်မိုက် (လင်ရမ်းကား)

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန်မကျန် ကုန်အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင်မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက်ဖြစ်လိမ့်မယ်။ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တတ်တဲ့ သူတွေတော့ မပြောလိုပါ။

5. လင်ဖျင်း

အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင်ရပ်တည်ချက်မရှိ။ ကိုယ်ပိုင်အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ယောက်ျား။ လင်ရုပ်သေး ဝေးဝေးကသာရှောင်။

6. လင်ပျင်း

သေချာတယ် ချစ်သူဘဝမှာ ကတည်းက ထမင်းတောင်ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။ ဒီလိုအစားကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူအရေထွက် စီးပွားမတက်။

7. လင်အို

အိုတဲ့ယောက်ျား သူများအတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာ ရှိသတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကိုမီးလိုပူစေတဲ့ယောက်ျား ဝေးရာကရှောင်ရှားလော့ ချစ်သမီး။ သူက ပစ္စည်းဥစ္စာချမ်းသာလို့ ယူလိုသူတွေကိုတော့ မပြောလိုပါ။

8. လင်အလိုမပြည့်

ဘယ်လောက်ပဲ… ကောင်းအောင်လုပ်ပေးပေး ကျေးဇူးတရားကိုမသိ၊ အဆိုးအပြစ်သာ မြင်တတ် ပြောတတ်တဲ့ယောက်ျား။ အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာရှိတဲ့ယောက်ျား အလကားပဲ။

လင်မွဲ လင်နာ, လင်သူရာကြိုက်,လင်မိုက် လင်ဖျင်း,လင်ပျင်း လင်အို,အလိုမဖြည့် မပြည့်ဆန္ဒ, ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွရှင်။

ကြိုက်ရင်လည်း ယူတော်မူ… ကိုယ်ဖြစ်ကိုခံ မတားလိုပါ။ (ဝဋ်ကြွေးဆပ်လိုတဲ့ သဘော 😊) စာလေးကို သေချာဖတ်ပီး များများ တွေးကြည့်စေချင်ပါတယ်…. သင်ခန်းစာတစ်ခု ရကောင်းရနိုင်ပါတယ် ဘဝခရီးကို အတွေးသစ်အမြင်သစ်များဖြင့် အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ….credittowriter

Be the first to comment

Leave a Reply

Your email address will not be published.


*