တစ္လတည္းနဲ႔ ေရွးေဟာင္းအေတြးအေခၚပညာဘြဲ႕ ရယူႏိုင္ခဲ့တဲ့ ရွိတ္ကီယာ

တစ္လတည္းနဲ႔ ေရွးေဟာင္းအေတြးအေခၚပညာဘြဲ႕ ရယူႏိုင္ခဲ့တဲ့ ရွိတ္ကီယာ
တစ္လတည္းနဲ႔ ေရွးေဟာင္းအေတြးအေခၚပညာဘြဲ႕ ရယူႏိုင္ခဲ့တဲ့ ရွိတ္ကီယာ

တစ္လတည္းနဲ႔ ေရွးေဟာင္းအေတြးအေခၚပညာဘြဲ႕ ရယူႏိုင္ခဲ့တဲ့ ရွိတ္ကီယာ

ကမာၻေက်ာ္အဆိုေတာ္ ေတးျပဳ အကပညာရွင္ ရွိတ္ကီယာက ကိုဗစ္-၁၉ ေရာဂါျပန္ႏွံ႔ ခ်ိန္မွာ အားလပ္ေနလို႔ ပင္ဆယ္ေဗနီးယားတကၠသိုလ္မွာ ေရွးေဟာင္းအေတြးအေခၚ ပညာ သင္တန္းကို အြန္လိုင္း ေပၚကေန ေဖာင္ျဖည့္ၿပီး တက္ခဲ့ပါတယ္။

ဘာစီလိုနာ ေဘာလုံးသမားပီေကးနဲ႔ အိမ္ေထာင္ျပဳၿပီး မီလန္ ၇ ႏွစ္သားနဲ႔ ဆာရွာ ၅ ႏွစ္ သမီးတို႔ရဲ႕ မိခင္ျဖစ္သူ ရွိတ္ကီယာက ေခါမေခတ္ အေတြးအေခၚ ေတြကို ေကာင္းစြာ ေလ့လာႏိုင္ခဲ့လို႔ အခု သူမကို တကၠသိုလ္ အသိအမွတ္ျပဳ ဘြဲ႕လက္မွတ္တစ္ေစာင္ ခ်ီးျမႇင့္ခဲ့ပါတယ္ ။

သူမက ဘြဲ႕ယူစာတမ္းအျဖစ္ ပေလတိုနဲ႔ သူ၏ ပညာအေမြ ဆက္ခံသူမ်ား ေခါင္းစဥ္ကို ေရးသြင္းခဲ့ပါတယ္။ အဲ့ဒိဘြဲ႕လက္မွတ္ကို သူမက အင္စတာဂရမ္ မွာ ပုံတင္ခဲ့ပါတယ္။

စပိန္ ေပၚတူဂီ အဂၤလိပ္နဲ႔ အာေရဗီ စကားတို႔ကို ကြၽမ္းကြၽမ္း က်င္က်င္ ေျပာတတ္တဲ့ ရွိတ္ကီယာက “ ဒီေလးပတ္ အတြင္းမွာ ေရွးေဟာင္း အေတြးအေခၚ ပညာကို အသည္းအသန္ ေလ့လာခဲ့ ရပါတယ္။

က်မ သိေတာ့သိတယ္။ က်မ အေတြးက သိပ္ၿပီးလက္ေတြ႕ မဆန္ဘူး ဆိုတာကိုပါ။ ကေလးေတြ အိပ္ၿပီဆိုတာနဲ႔ တစ္ညလုံး နီးပါးေလာက္ စာေတြဖတ္ ေနရပါတယ္။ ပေလတိုနဲ႔ သူ႔ပညာအေမြဆက္ခံသူေတြကို ေက်းဇူးတင္ပါတယ္”လို႔ ဆိုတယ္။

ကိုဗစ္-၁၉ ေရာဂါ မျပန႔္ႏွံ႔ ခင္တုန္းကလည္း သူမက ေယာက္်ားေလးလို ဝတ္ဆင္ၿပီး အျခားနာမည္ တစ္မ်ိဳးနဲ႔ တကၠသိုလ္တက္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ “က်မက တကၠသိုလ္ေက်ာင္းသား ဘဝကို ႏွစ္ၿခိဳက္ လြန္းပါတယ္။

တကၠသိုလ္မွာ သမိုင္းပညာကို သင္ၿပီး ကိုယ့္ဘဝကို ပညာတတ္ တစ္ေယာက္အျဖစ္နဲ႔ပဲ ရပ္တည္ေနခ်င္တယ္။ တကၠသိုလ္တက္ေတာ့ အစၥဘယ္လာဆိုၿပီး နာမည္နဲ႔ တက္ဖို႔ ႀကိဳးစားခဲ့တာပါ။

လူေတြက ေမးၾကျမန္းၾကတာေတြ ရွိပါတယ္။ က်မက ေယာက်္ားေလးလို ဝတ္စားထားၿပီး ဦးထုတ္ေဆာင္းထားေတာ့ သူတို႔ေတြ ဇေဝဇဝါနဲ႔ပါပဲ”လို႔ ဆိုပါတယ္။

ရွိတ္ကီယာကေတာ့ တကၠသိုလ္ကို တစ္ေခါက္ၿပီး တစ္ေခါက္ သြားခ်င္ ေနတုန္းပဲလို႔ တကၠသိုလ္ေက်ာင္းသူ ဘဝကို စြဲလမ္းေနပါတယ္။ေမာင္ယႆ, REF: Asiaone / Photo credit; instargram

Unicode

တစ်လတည်းနဲ့ ရှေးဟောင်းအတွေးအခေါ်ပညာဘွဲ့ ရယူနိုင်ခဲ့တဲ့ ရှိတ်ကီယာ

ကမ္ဘာကျော်အဆိုတော် တေးပြု အကပညာရှင် ရှိတ်ကီယာက ကိုဗစ်-၁၉ ရောဂါပြန်နှံ့ ချိန်မှာ အားလပ်နေလို့ ပင်ဆယ်ဗေနီးယားတက္ကသိုလ်မှာ ရှေးဟောင်းအတွေးအခေါ် ပညာ သင်တန်းကို အွန်လိုင်း ပေါ်ကနေ ဖောင်ဖြည့်ပြီး တက်ခဲ့ပါတယ်။

ဘာစီလိုနာ ဘောလုံးသမားပီကေးနဲ့ အိမ်ထောင်ပြုပြီး မီလန် ၇ နှစ်သားနဲ့ ဆာရှာ ၅ နှစ် သမီးတို့ရဲ့ မိခင်ဖြစ်သူ ရှိတ်ကီယာက ခေါမခေတ် အတွေးအခေါ် တွေကို ကောင်းစွာ လေ့လာနိုင်ခဲ့လို့ အခု သူမကို တက္ကသိုလ် အသိအမှတ်ပြု ဘွဲ့လက်မှတ်တစ်စောင် ချီးမြှင့်ခဲ့ပါတယ် ။

သူမက ဘွဲ့ယူစာတမ်းအဖြစ် ပလေတိုနဲ့ သူ၏ ပညာအမွေ ဆက်ခံသူများ ခေါင်းစဉ်ကို ရေးသွင်းခဲ့ပါတယ်။ အဲ့ဒိဘွဲ့လက်မှတ်ကို သူမက အင်စတာဂရမ် မှာ ပုံတင်ခဲ့ပါတယ်။

စပိန် ပေါ်တူဂီ အင်္ဂလိပ်နဲ့ အာရေဗီ စကားတို့ကို ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်တဲ့ ရှိတ်ကီယာက “ ဒီလေးပတ် အတွင်းမှာ ရှေးဟောင်း အတွေးအခေါ် ပညာကို အသည်းအသန် လေ့လာခဲ့ ရပါတယ်။

ကျမ သိတော့သိတယ်။ ကျမ အတွေးက သိပ်ပြီးလက်တွေ့ မဆန်ဘူး ဆိုတာကိုပါ။ ကလေးတွေ အိပ်ပြီဆိုတာနဲ့ တစ်ညလုံး နီးပါးလောက် စာတွေဖတ် နေရပါတယ်။ ပလေတိုနဲ့ သူ့ပညာအမွေဆက်ခံသူတွေကို ကျေးဇူးတင်ပါတယ်”လို့ ဆိုတယ်။

ကိုဗစ်-၁၉ ရောဂါ မပြန့်နှံ့ ခင်တုန်းကလည်း သူမက ယောက်ျားလေးလို ဝတ်ဆင်ပြီး အခြားနာမည် တစ်မျိုးနဲ့ တက္ကသိုလ်တက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ “ကျမက တက္ကသိုလ်ကျောင်းသား ဘဝကို နှစ်ခြိုက် လွန်းပါတယ်။

တက္ကသိုလ်မှာ သမိုင်းပညာကို သင်ပြီး ကိုယ့်ဘဝကို ပညာတတ် တစ်ယောက်အဖြစ်နဲ့ပဲ ရပ်တည်နေချင်တယ်။ တက္ကသိုလ်တက်တော့ အစ္စဘယ်လာဆိုပြီး နာမည်နဲ့ တက်ဖို့ ကြိုးစားခဲ့တာပါ။

လူတွေက မေးကြမြန်းကြတာတွေ ရှိပါတယ်။ ကျမက ယောကျ်ားလေးလို ဝတ်စားထားပြီး ဦးထုတ်ဆောင်းထားတော့ သူတို့တွေ ဇဝေဇဝါနဲ့ပါပဲ”လို့ ဆိုပါတယ်။

ရှိတ်ကီယာကတော့ တက္ကသိုလ်ကို တစ်ခေါက်ပြီး တစ်ခေါက် သွားချင် နေတုန်းပဲလို့ တက္ကသိုလ်ကျောင်းသူ ဘဝကို စွဲလမ်းနေပါတယ်။မောင်ယဿ, REF: Asiaone / Photo credit; instargram

Be the first to comment

Leave a Reply

Your email address will not be published.


*