သားမိုက္ရဲ႕အိမ္ျပန္ခ်ိန္ ( ဘယ္လုိမွ အစားထုိးလုိ႕ ျပန္ျပင္လုိ႕ မရနိဳင္တဲ႕ ေနာင္တတရားကို ရင္၀ယ္ပိုက္ေပေတာ့)

သားမိုက္ရဲ႕အိမ္ျပန္ခ်ိန္ ( ဘယ္လုိမွ အစားထုိးလုိ႕ ျပန္ျပင္လုိ႕ မရနိဳင္တဲ႕ ေနာင္တတရားကို ရင္၀ယ္ပိုက္ေပေတာ့)

ဧည့္ႀကိဳဌာနေရွ႕တြင္ အဘိုးအို တစ္ေယာက္က လာရပ္လိုက္ၿပီး “မစၥတာတာနာကာနဲ႔ေတြ႕ခ်င္လို႔ပါ” ဟုေျပာလိုက္သည္။ “မစၥတာ တာနာကာနဲ႔ ဘယ္လို ပတ္သက္ပါသလဲ။ ႀကိဳတင္ေတြ႕ခြင့္ေတာင္းထားပါသလား”

“ဦးက မစၥတာ တာနာကာရဲ႕ အေဖပါ”… “ေၾသာ္ … ေခတၱေစာင့္ပါရွင္။ ဆက္သြယ္ၾကည့္ပါ့မယ္” ဧည့္ခန္းႀကီး က ႀကီးက်ယ္လွသည္။ လူေတြကလည္း ဝင္ထြက္သြားလာ။ ကုမၸဏီႀကီးကလည္း အႀကီးႀကီးျဖစ္ ေနသျဖင့္ ပီတိေတြျဖစ္ေနသည္။

ေဘးမွ သူ႔လို ထိုင္ေစာင့္ေနသူ တစ္ဦးအား “ဒီကုမၸဏီမွာ ကြၽန္ေတာ့္သား အလုပ္လုပ္ေနတာ” ဟု ဂုဏ္ယူပီတိျဖစ္စြာ ေျပာလိုက္သည္။ မၾကာမီ ဧည့္ႀကိဳ ေကာင္မေလးကေရာက္လာၿပီး “ဦးရွင့္ … မစၥတာ တာနာနဲ႔ ေတြ႕လို႔ရပါၿပီ။ ၂၄ ထပ္က ႐ုံးခန္းကို ဓာတ္ေလွကားနဲ႔ တက္လာခဲ့ပါတဲ့” သားျဖစ္သူ ႐ုံးခန္း ကိုေရာက္ေတာ့ အေဖက ဝမ္းသာအားရႏွင့္ ေျပးဖက္ဖို႔ျပင္သည္။

သားက ဖုန္းေျပာေနရာက လက္ကာျပထားသျဖင့္ သူ႔စိတ္ကို မနည္းဘရိတ္အုပ္ထားလိုက္ရသည္။ အေဖက ရပ္ေစာင့္ေနသည္။ ဖုန္းေတာ္ ေတာ္ၾကာၾကာ ေျပာေနၿပီးမွ သူ႔အေဖဘက္ကို လွည့္လိုက္ၿပီး… “အေဖကလည္း လာမယ္ဆိုရင္ ႀကိဳေျပာေရာေပါ့။ လာႀကိဳမွာေပါ့”

“ေရာက္လာၿပီပဲကြာ။ မင္း႐ုံးခန္းႀကီးက ႀကီးက်ယ္လွေပါ့။ အေဖဝမ္းသာတယ္။ ဒါနဲ႔ သားရာထူးကေရာ။ ႐ြာေရာက္ရင္ ျပန္ႂကြားရဦးမယ္” “မန္ေနဂ်ာေပါ့အေဖ။ ဒါနဲ႔ အေဖ ေအးေအးေဆးေဆးပဲ မဟုတ္လား။ သားအစည္းအေဝးရွိေသးလို႔ ထိုင္ဦးေနာ္။ အိမ္ကို အတူတူျပန္ၾကတာေပါ့”

“မင္း အေမ ေနမေကာင္းဘူးကြ။ အဲဒါ မင္းကိုေတြ႕ခ်င္တယ္ဆိုလို႔။ ႐ြာကို တစ္ရက္ေလာက္ ျပန္လိုက္ခဲ့ဖို႔ လာေခၚတာ။ မင္းအေမဆႏၵကို ျဖည့္ေပးလိုက္ပါကြာ” … “မျဖစ္ဘူး အေဖ။ ဒီမွာက အလုပ္ေတြ အရမ္းမ်ားတာ။ ခြင့္တစ္ရက္ယူဖို႔ဆိုတာ အေတာ္မလြယ္ဘူး”

“ေၾသာ္ … ေအးေအး … အေဖက လာေျပာၾကည့္တာပါ။ မအားရင္လည္း ေနေပါ့”… “အေဖ ေစာင့္ဦးေနာ္။ အိမ္ကိုသြားၾကမယ္”… “ေနပါေစကြာ။ မင္းအေမလည္း ေနမေကာင္းေတာ့ မီတဲ့ရထားနဲ႔ပဲ ျပန္ေတာ့မယ္။

ငါ့သားက အရမ္းအလုပ္ေတြ မ်ားေနတာကိုး” ဖခင္ျဖစ္သူျပန္သြားသည္။ ႏႈတ္လည္းမဆက္ ထြက္ခြာသြားေသာ ဖခင္၏ ေက်ာကိုၾကည့္ၿပီး သားျဖစ္သူက သက္ျပင္းခ်လိုက္သည္။

သားျဖစ္သူ အိမ္ကိုျပန္ေရာက္ေသာ္လည္း စိတ္မေကာင္းျဖစ္ေနသည္။ သူ႔ဖခင္ကို ဘူတာေလးေတာင္ လိုက္မပို႔ေပးႏိုင္။ အိမ္တြင္ ဇနီးက ေနမေကာင္း။ ေဆးခန္းလိုက္ျပရသည္။ ကေလးေတြကလည္း သူတို႔ ျပႆနာေတြႏွင့္သူတို႔။

ေနာက္တစ္ေန႔ နံနက္ေစာေစာတြင္ သားျဖစ္သူက ႐ုံးသို႔ခြင့္စာတင္ၿပီး ဖခင္ႏွင့္ မိခင္ရွိရာကို ထြက္လာခဲ့သည္။ သူမေရာက္တာ ႏွစ္ေပါင္း ၃၀ ခန႔္ရွိေတာ့မည့္ ႐ြာကို ျပန္ေရာက္လာသည္။ ႐ြာထဲကိုဝင္ၿပီး သူယခင္ေနခဲ့သည့္ အိမ္ေလးဆီကိုသြားသည္။ အိမ္ဝင္းထဲဝင္လိုက္သည့္အခါ လူတစ္ေယာက္ထြက္လာသည္။

“ဘယ္သူနဲ႔ ေတြ႕ခ်င္လို႔ပါလဲ”,,, “ဒါ မစၥတာ အာကီယိုတို႔ အိမ္မဟုတ္လား”… “မဟုတ္ဘူး။ မစၥတာ အာကီယိုတို႔လင္မယား လယ္တဲကိုေျပာင္းသြားတာၾကာၿပီ”… “ဒါဆို ဒီအိမ္က”

“ဦးတို႔ဝယ္ထားလိုက္တာေလ။ သူတို႔လယ္ေတြပါ ဝယ္ထားတယ္။ သနားလို႔ လယ္ထဲက ေျမကြက္ေလး တစ္ကြက္ေပးၿပီး ေနခိုင္းထားရတယ္”… “ဘယ္လိုျဖစ္သြားရတာလဲဗ်ာ”… “သူတို႔မွာ သနားပါတယ္။ သားျဖစ္သူ ၿမိဳ႕ႀကီးမွာ တကၠသိုလ္တက္ဖို႔ဆိုၿပီး လယ္ေတြေပါင္ရတယ္။

ေနာက္ သားအလုပ္ေကာင္းေကာင္းရေအာင္ဆိုၿပီး လယ္ေတြေရာင္းရတယ္။ သားအိမ္ေထာင္ျပဳေတာ့ ေနဖို႔အိမ္ခန္းဝယ္ ပါေစဆိုၿပီး လယ္ေတြ အားလုံးေရာင္းတယ္။ သားက ကားစီးခ်င္တယ္ဆိုလို႔ ဒီအိမ္ကိုအၿပီးေရာင္းၿပီး လယ္တဲကို ေျပာင္းေနၾကတယ္။ သူတို႔သားကို ေတာ္ေတာ္ေလးခ်စ္တာပဲ”

သူမ်က္ရည္ေတြႏွင့္ လယ္တဲဘက္ကို ထြက္လာသည္။ အိမ္အမိုးေတြကေပါက္ၿပဲ၊ နံရံေတြ မလုံမလဲႏွင့္ တဲအိမ္ ေလးကို ေတြ႕လိုက္ရသည္။ ကုတင္ေဘးေတြ အဘိုးအို တစ္ေယာက္က အဘြားအို၏ လက္ကို ကိုင္ၿပီးအားေပးေနသည္

“မင္းသား လာေတာ့မွာ … လာေတာ့မွာပါကြာ” မ်က္ရည္ေတြအျပည့္ႏွင့္ တဲထဲကို ဝင္လိုက္ၿပီး… “အေမ” သူ႔အေမက အသက္ထြက္ေနၿပီ။

(ဖတ္လိုက္ရတဲ့ဂ်ပန္ဝတၳဳေလးတစ္ပုဒ္ျဖစ္တဲ့ Return ကို ျမန္မာမႈျပဳပါတယ္) ကိုယ့္မိဘႏွစ္ပါး အသက္ရွိစဥ္အခါဝယ္တန္ဖိုးထားႏိုင္ၾကပါေစ။Credit

Unicode

သားမိုက်ရဲ့အိမ်ပြန်ချိန် ( ဘယ်လိုမှ အစားထိုးလို့ ပြန်ပြင်လို့ မရနိုင်တဲ့ နောင်တတရားကို ရင်ဝယ်ပိုက်ပေတော့)

ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တစ်ယောက်က လာရပ်လိုက်ပြီး “မစ္စတာတာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။ “မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား”

“ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ”… “သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်” ဧည့်ခန်းကြီး က ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။

ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား “ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး “ဦးရှင့် … မစ္စတာ တာနာနဲ့ တွေ့လို့ရပါပြီ။ ၂၄ ထပ်က ရုံးခန်းကို ဓာတ်လှေကားနဲ့ တက်လာခဲ့ပါတဲ့” သားဖြစ်သူ ရုံးခန်း ကိုရောက်တော့ အဖေက ဝမ်းသာအားရနှင့် ပြေးဖက်ဖို့ပြင်သည်။

သားက ဖုန်းပြောနေရာက လက်ကာပြထားသဖြင့် သူ့စိတ်ကို မနည်းဘရိတ်အုပ်ထားလိုက်ရသည်။ အဖေက ရပ်စောင့်နေသည်။ ဖုန်းတော် တော်ကြာကြာ ပြောနေပြီးမှ သူ့အဖေဘက်ကို လှည့်လိုက်ပြီး… “အဖေကလည်း လာမယ်ဆိုရင် ကြိုပြောရောပေါ့။ လာကြိုမှာပေါ့”

“ရောက်လာပြီပဲကွာ။ မင်းရုံးခန်းကြီးက ကြီးကျယ်လှပေါ့။ အဖေဝမ်းသာတယ်။ ဒါနဲ့ သားရာထူးကရော။ ရွာရောက်ရင် ပြန်ကြွားရဦးမယ်” “မန်နေဂျာပေါ့အဖေ။ ဒါနဲ့ အဖေ အေးအေးဆေးဆေးပဲ မဟုတ်လား။ သားအစည်းအဝေးရှိသေးလို့ ထိုင်ဦးနော်။ အိမ်ကို အတူတူပြန်ကြတာပေါ့”

“မင်း အမေ နေမကောင်းဘူးကွ။ အဲဒါ မင်းကိုတွေ့ချင်တယ်ဆိုလို့။ ရွာကို တစ်ရက်လောက် ပြန်လိုက်ခဲ့ဖို့ လာခေါ်တာ။ မင်းအမေဆန္ဒကို ဖြည့်ပေးလိုက်ပါကွာ” … “မဖြစ်ဘူး အဖေ။ ဒီမှာက အလုပ်တွေ အရမ်းများတာ။ ခွင့်တစ်ရက်ယူဖို့ဆိုတာ အတော်မလွယ်ဘူး”

“သြော် … အေးအေး … အဖေက လာပြောကြည့်တာပါ။ မအားရင်လည်း နေပေါ့”… “အဖေ စောင့်ဦးနော်။ အိမ်ကိုသွားကြမယ်”… “နေပါစေကွာ။ မင်းအမေလည်း နေမကောင်းတော့ မီတဲ့ရထားနဲ့ပဲ ပြန်တော့မယ်။

ငါ့သားက အရမ်းအလုပ်တွေ များနေတာကိုး” ဖခင်ဖြစ်သူပြန်သွားသည်။ နှုတ်လည်းမဆက် ထွက်ခွာသွားသော ဖခင်၏ ကျောကိုကြည့်ပြီး သားဖြစ်သူက သက်ပြင်းချလိုက်သည်။

သားဖြစ်သူ အိမ်ကိုပြန်ရောက်သော်လည်း စိတ်မကောင်းဖြစ်နေသည်။ သူ့ဖခင်ကို ဘူတာလေးတောင် လိုက်မပို့ပေးနိုင်။ အိမ်တွင် ဇနီးက နေမကောင်း။ ဆေးခန်းလိုက်ပြရသည်။ ကလေးတွေကလည်း သူတို့ ပြဿနာတွေနှင့်သူတို့။

နောက်တစ်နေ့ နံနက်စောစောတွင် သားဖြစ်သူက ရုံးသို့ခွင့်စာတင်ပြီး ဖခင်နှင့် မိခင်ရှိရာကို ထွက်လာခဲ့သည်။ သူမရောက်တာ နှစ်ပေါင်း ၃၀ ခန့်ရှိတော့မည့် ရွာကို ပြန်ရောက်လာသည်။ ရွာထဲကိုဝင်ပြီး သူယခင်နေခဲ့သည့် အိမ်လေးဆီကိုသွားသည်။ အိမ်ဝင်းထဲဝင်လိုက်သည့်အခါ လူတစ်ယောက်ထွက်လာသည်။

“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ”,,, “ဒါ မစ္စတာ အာကီယိုတို့ အိမ်မဟုတ်လား”… “မဟုတ်ဘူး။ မစ္စတာ အာကီယိုတို့လင်မယား လယ်တဲကိုပြောင်းသွားတာကြာပြီ”… “ဒါဆို ဒီအိမ်က”

“ဦးတို့ဝယ်ထားလိုက်တာလေ။ သူတို့လယ်တွေပါ ဝယ်ထားတယ်။ သနားလို့ လယ်ထဲက မြေကွက်လေး တစ်ကွက်ပေးပြီး နေခိုင်းထားရတယ်”… “ဘယ်လိုဖြစ်သွားရတာလဲဗျာ”… “သူတို့မှာ သနားပါတယ်။ သားဖြစ်သူ မြို့ကြီးမှာ တက္ကသိုလ်တက်ဖို့ဆိုပြီး လယ်တွေပေါင်ရတယ်။

နောက် သားအလုပ်ကောင်းကောင်းရအောင်ဆိုပြီး လယ်တွေရောင်းရတယ်။ သားအိမ်ထောင်ပြုတော့ နေဖို့အိမ်ခန်းဝယ် ပါစေဆိုပြီး လယ်တွေ အားလုံးရောင်းတယ်။ သားက ကားစီးချင်တယ်ဆိုလို့ ဒီအိမ်ကိုအပြီးရောင်းပြီး လယ်တဲကို ပြောင်းနေကြတယ်။ သူတို့သားကို တော်တော်လေးချစ်တာပဲ”

သူမျက်ရည်တွေနှင့် လယ်တဲဘက်ကို ထွက်လာသည်။ အိမ်အမိုးတွေကပေါက်ပြဲ၊ နံရံတွေ မလုံမလဲနှင့် တဲအိမ် လေးကို တွေ့လိုက်ရသည်။ ကုတင်ဘေးတွေ အဘိုးအို တစ်ယောက်က အဘွားအို၏ လက်ကို ကိုင်ပြီးအားပေးနေသည်

“မင်းသား လာတော့မှာ … လာတော့မှာပါကွာ” မျက်ရည်တွေအပြည့်နှင့် တဲထဲကို ဝင်လိုက်ပြီး… “အမေ” သူ့အမေက အသက်ထွက်နေပြီ။

(ဖတ်လိုက်ရတဲ့ဂျပန်ဝတ္ထုလေးတစ်ပုဒ်ဖြစ်တဲ့ Return ကို မြန်မာမှုပြုပါတယ်) ကိုယ့်မိဘနှစ်ပါး အသက်ရှိစဉ်အခါဝယ်တန်ဖိုးထားနိုင်ကြပါစေ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*