
ယခုလကုန္မွာ ၾကယ္မိုးမုန္တိုင္းတစ္ခု ျဖစ္လာႏိုင္ေျခရွိ
လာမည့္ ၂၀၂၂ ခုႏွစ္ ေမလ ၃၀ ည (၃၁ နံနက္) မွာ ရာစုႏွစ္အတြက္ မ်ားျပားတဲ့ ၾကယ္ေႂကြျခင္း (ၾကယ္မိုး႐ြာျခင္း) ျဖစ္ေပၚလာႏိုင္ေခ်တစ္ခု ရွိေနပါတယ္။
ဟာက်ဴလီ ၾကယ္တာရာမွ ေႂကြဆင္းမည့္ Tau Herculid ၾကယ္မိုးဟာ အခန႔္မသင့္လွ်င္ ၁၉ ရာစုက ျမန္မာဘုရင္ သီေပါမင္း ပါေတာ္မူစဥ္က က်ဆင္းခဲ့ေသာ ၾကယ္ေႂကြျခင္းပုံစံအတိုင္း.. တစ္နာရီလွ်င္ အလုံး ရာ-ေထာင္ ခ်ီ ၿပီး က်ဆင္းလာႏိုင္သလို..၊ လုံးဝ မက်ဆင္းျခင္းလည္း ျဖစ္လာႏိုင္ပါတယ္။
ၾကယ္ေႂကြတယ္ဆိုတာ စၾကဝဠာအတြင္းက ၾကယ္ေတြ ေႂကြက်ပ်က္စီးျခင္း မဟုတ္ပါ။
က်ေနာ္တို႔ ေနအဖြဲ႕အစည္းအတြင္းက ေနကိုဗဟိုျပဳလွည့္ပတ္ေနေသာ ဥကၠာပ်ံ၊ ၾကယ္တံခြန္ တို႔ရဲ႕ ပတ္လမ္းမွာ က်က်န္ခဲ့ေသာ အမႈန္မ်ားရွိရာသို႔ ကမာၻ ေရာက္ရွိလာတဲ့အခါမွာ ကမာၻ႔ေလထုနဲ႔ အဆိုပါ ေက်ာက္ခဲမႈန္တို႔ ပြတ္တိုက္ရာမွ ေပၚထြက္လာတဲ့ အလင္းတန္းမ်ားျဖစ္ပါတယ္။
ဟာက်ဴလီ ၾကယ္စုေနရာမွာ ျမင္ရမည့္ ၾကယ္ေႂကြဆင္းျခင္းမ်ားဟာ SW3 လို႔ေခၚတဲ့ 73P/ Schwassmann – Wachmann ၾကယ္တံခြန္လမ္းေၾကာင္းမွာ က်က်န္ခဲ့တဲ့ အမႈန္မ်ားျဖစ္ပါတယ္။
အဆိုပါၾကယ္တံခြန္ကို ၁၉၃၀ ခုႏွစ္က အာကာသပညာရွင္ Schwassmann နဲ႔ Wachmann တို႔က ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး ေနကို ၅.၄ ႏွစ္လွ်င္ တစ္ပါတ္ႏႈန္းနဲ႔ လွည့္ပတ္ေနပါတယ္။
ေနနဲ႔ နီးကပ္စဥ္မွာ ေနမုန္တိုင္းအပူဒဏ္ေၾကာင့္ အမႈန္မ်ားလြင့္စင္ပါးလႊာခဲ့ၿပီး.. ၁၉၉၅ ခုႏွစ္မွာ ဒီ ၾကယ္တံခြန္ဟာ ႏွစ္ျခမ္း စတင္ကြဲထြက္လာတာကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။
ထို႔ေနာက္.. အစိတ္အပိုင္းမ်ား ဆက္လက္ ကြဲထြက္လာခဲ့ၿပီး ပုံတြင္ျပထားသလို B, G, R, N အစိတ္အပိုင္း(အႀကီး) ၄ ခုအထိ ရွိေနပါၿပီ။ ၂၀၀၆ ခုႏွစ္မွာ အစိတ္အပိုင္းတစ္ခုကေန အစိတ္ေပါင္း ၆၈ ခုအထိ ကြဲထြက္သြားခဲ့ပါတယ္။
လာမည့္ ေမလ ၃၀ – ၃၁ မွာ ဒီၾကယ္တံခြန္ အစိတ္အပိုင္းမ်ားရဲ႕ အရွိန္ဟာ တစ္နာရီကို မိုင္ ၂၂၀ ခန႔္ ရွိမည္ဆိုပါက အစိတ္အပိုင္းမ်ားစြာ ကြဲထြက္သြားႏိုင္ၿပီး ၾကယ္အလင္းတန္းမ်ားစြာကို ျမင္ေတြ႕ရႏိုင္ပါတယ္။
တကယ္လို႔ ထိုအရွိန္ထက္ ေႏွးသြားပါက ၾကယ္ေႂကြျခင္းျဖစ္စဥ္ မျဖစ္ႏိုင္ပါ။ All or none law ျဖစ္တဲ့အတြက္ ေစာင့္ၾကည့္ရမည့္ အေနအထား ျဖစ္ပါတယ္။
၁၈၈၅ ခု ႏိုဝင္ဘာလ ၂၇ ရက္ေန႔.. သီေပါမင္းပါေတာ္မူစဥ္မွာ အန္ဒ႐ိုမီဒါ ၾကယ္တာရာမွ ၾကယ္မိုးမ်ားစြာ က်ဆင္းခဲ့ဖူးပါတယ္။
အာကာသ ဝါသနာရွင္မ်ားအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ) ကို ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ။
Unicode
ယခုလကုန်မှာ ကြယ်မိုးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ခြေရှိ
လာမည့် ၂၀၂၂ ခုနှစ် မေလ ၃၀ ည (၃၁ နံနက်) မှာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်ပေါ်လာနိုင်ချေတစ်ခု ရှိနေပါတယ်။
ဟာကျူလီ ကြယ်တာရာမှ ကြွေဆင်းမည့် Tau Herculid ကြယ်မိုးဟာ အခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင် သီပေါမင်း ပါတော်မူစဉ်က ကျဆင်းခဲ့သော ကြယ်ကြွေခြင်းပုံစံအတိုင်း.. တစ်နာရီလျှင် အလုံး ရာ-ထောင် ချီ ပြီး ကျဆင်းလာနိုင်သလို..၊ လုံးဝ မကျဆင်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
ကြယ်ကြွေတယ်ဆိုတာ စကြဝဠာအတွင်းက ကြယ်တွေ ကြွေကျပျက်စီးခြင်း မဟုတ်ပါ။
ကျနော်တို့ နေအဖွဲ့အစည်းအတွင်းက နေကိုဗဟိုပြုလှည့်ပတ်နေသော ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့သော အမှုန်များရှိရာသို့ ကမ္ဘာ ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့လေထုနဲ့ အဆိုပါ ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာမှ ပေါ်ထွက်လာတဲ့ အလင်းတန်းများဖြစ်ပါတယ်။
ဟာကျူလီ ကြယ်စုနေရာမှာ မြင်ရမည့် ကြယ်ကြွေဆင်းခြင်းများဟာ SW3 လို့ခေါ်တဲ့ 73P/ Schwassmann – Wachmann ကြယ်တံခွန်လမ်းကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များဖြစ်ပါတယ်။
အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပတ်နေပါတယ်။
နေနဲ့ နီးကပ်စဉ်မှာ နေမုန်တိုင်းအပူဒဏ်ကြောင့် အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီ ကြယ်တံခွန်ဟာ နှစ်ခြမ်း စတင်ကွဲထွက်လာတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
ထို့နောက်.. အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း(အကြီး) ၄ ခုအထိ ရှိနေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ်အပိုင်းတစ်ခုကနေ အစိတ်ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။
လာမည့် မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ်နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်တွေ့ရနိုင်ပါတယ်။
တကယ်လို့ ထိုအရှိန်ထက် နှေးသွားပါက ကြယ်ကြွေခြင်းဖြစ်စဉ် မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက် စောင့်ကြည့်ရမည့် အနေအထား ဖြစ်ပါတယ်။
၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်နေ့.. သီပေါမင်းပါတော်မူစဉ်မှာ အန်ဒရိုမီဒါ ကြယ်တာရာမှ ကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။
အာကာသ ဝါသနာရှင်များအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ) ကို လေးစားစွာ ခရက်ဒစ်ပေးပါတယ်ခင်ဗျာ။
Leave a Reply