အဓိပတိဖြားေတြအတြက္ တသက္တာေဟာကိန္း

အဓိပတိဖြားေတြအတြက္ တသက္တာေဟာကိန္း

အဓိပတိဆိုတဲ့အတိုင္းပဲ သူ႔တို႔ေတြဟာ ေခါင္းေဆာင္လုပ္လိုၾကတယ္။ ၾသဇာေပးလို႔ၾကတယ္။ အႀကံေပးခ်င္ၾကတယ္။ သူမ်ားေနာက္လိုက္မလုပ္လို။ လူ႔ေအာက္က်ိဳ႕ သိပ္မခံခ်င္ၾကဘူး။ မိမိသာဘယ္အရာကိုမဆို စိတ္ပါလက္ပါလုပ္မယ္ဆို ထိပ္ဆုံးေရာက္ႏိုင္တဲ့ သူေတြပါ။ လက္ေတြ႕မွာေတာ့ စိတ္ကူးမ်ားေနတတ္တယ္၊ေလထဲတိုက္အိမ္ေဆာက္ေနတတ္ၾကတယ္။ စီမံကိန္းေတြခ် ၊ planေတြခ်ၿပီး လက္ေတြမလုပ္ျဖစ္တတ္ပါ။

မိမိ ဉာဏ္ရည္ထက္ျမက္သည္။ အေတြးအေခၚေကာင္းသည္။ သင္ျပရလြယ္သည္။ သူမ်ားတစ္ႏွစ္ေလာက္သင္ရတဲ့ပညာကို မိမိက တစ္လေလာက္သင္တာနဲ႔ တတ္ေျမာက္သည္။ ထီထြင္ဖန္တီးလိုစိတ္ ျပင္းထန္သည္။ မိမိက ကာယအားမကိုးခ်င္။ ဉာဏ္နသာ စိုက္ထုတ္လုပ္ခ်င္သည္။

ေက်ာပူမခံႏိုင္ေပမဲ့ ေခါင္းပူခံႏိုင္ၾကတယ္။မိမိက အရာရာစိတ္ဝင္တစား ေလ့လာလိုက္စားတတ္သည္။ အလုပ္တစ္ခုကိုလဲ ေဇာက္ခ်မလုပ္ခ်င္ၾကေပ။ ပညာရပ္ေတြကိုလဲ နည္းနည္းစီလိုက္စားထားသည္။ ဒါေၾကာင့္ သူ႔တို႔မသိတဲ့ က႑မရွိ ၊ အတြင္းက်က်သိသည္လဲမဟုတ္ေပ။ အေပၚယံသာသိသည္။

အဓိပတိဖြားေတြဟာ စကားေျပာေကာင္းၾကသည္၊ကိုယ့္ဘက္ပါေအာင္စည္း႐ုံးတတ္သည္။ ပီယဝါစာ စကားေတြနဲ႔ လူအမ်ားကို ဆြဲေဆာင္ႏိုင္ၾကတယ္။ အဓိပတိ ဖြားေတြဟာ အႏုပညာဗီဇပါၾကသည္။ စန္းရွိသည္။ အႏုပညာ လက္မႈပညာေတြနဲ႔ ေအာင္ျမင္တတ္သည္။စိတ္ရွည္ဇြဲသန္ဖို႔ေတာ့ လိုတာေပါ့။

အဓိပတိဖြားေတြကေငြနဲ႔ေဝးတဲ့ဇာတာပါတယ္။ လိုက္ေလေဝးေလျဖစ္ေနတတ္တယ္။ ေငြအစုလိုက္ရမယ္ဆိုၿပီး မရဘဲျဖစ္ေနတတ္တယ္။ အေမြရရင္ေတာင္ မိမိခြဲတမ္းကနည္းေနတတ္တယ္။ ထီေပါက္ရင္ အဖတ္မတင္ဘဲကုန္သြားတတ္တယ္၊

မိမိရဲ႕ ျပင္ရမဲ့အခ်က္ေတြထဲမွာ သနားတတ္တာေရာအားနာတတ္တာေရာပါတယ္။ သနားလို႔ ေငြေခ်းရင္ ဆုံးမွာပဲ။ အားနာလို႔ ေခ်းလိုက္ရင္လဲ လႉလိုက္တယ္လို႔ပဲ သေဘာထားရလိမ့္မယ္။ မိမိက သူမ်ားငိုျပရင္ လြန္စြာသနားတတ္သည္။ ရွိတာေလးထုတ္ေပးတတ္တယ္။ ေငြအေခ်းအဌားေၾကာင့္ ဘဝမွာ ခဏခဏစိတ္ဆင္းရဲရမည္။အေႂကြးျပန္မရလို႔ အကူအညီလာေတာင္းတဲ့ သူေတြဟာအဓိပတိဖြားေတြ အမ်ားဆုံးျဖစ္ေနတာေတြ႕ရတတ္တယ္။

မိမိကံဇာတာေအာက္လက္ငယ္သားေတာ္လွန္မဲ့ ဇာတာပါ၊ တပည့္ေမြးလို႔မရဘူး၊ ကိုယ္ကေစတနာနဲ႔ တပည့္ကိုလိုက္လိုက္ေရာေရာေနၿပီး ပညာကုန္သင္ေပးရင္ မိမိကိုအာခံလိမ့္မယ္၊ ကိုယ္ေမြးတဲ့ေမ်ာက္က ကိုယ့္ကိုျပန္ေျခာက္တတ္တယ္။ မိမိေစတနာကိုနားမလည္ဘူး၊ မိမိကိုပမာမခန႔္ လုပ္တတ္တယ္။ မိမိေစတနာကိုေစာ္ကားတတ္တယ္။

မိမိဟာ ေအးေအးခ်မ္းခ်မ္းေနတတ္ၾကတယ္။ ႐ိုး႐ိုးသားသားေနမယ္။ ဒါေၾကာင္ပဲ မိမိကိုယ္ ပတ္ဝန္းက်င္က ေငြရွိတယ္။ ခ်မ္းသာတယ္ဟုထင္တတ္ၾကသည္။ လက္တြ႕မွာေတာ့ အၿမဲတမ္းဘိုင္က်ေနမည္။ေငြမၾကာခဏျပတ္ေနတတ္သည္။

မိမိက လူမႈေရး ႏိုင္ငံေရး စိတ္ဝင္စားမည္။ ဒါေၾကာင့္ပဲ ရပ္ကြက္ေကာင္းစားေရးက စၿပီး လုပ္ေနမိတတ္သည္။အမ်ားအတြက္ ေစတနာဝန္ထမ္းလုပ္ေနရတတ္သည္။မိမိသည္ ေငြအစုလိုက္ဝင္သည္။ လူမႈေရး ပရဟိတရပ္႐ြာေကာင္းစားေရးအတြက္နဲ႔ပဲ ထိုေငြျပန္ကုန္တတ္သည္။ မိမိဘဝမွာေအာင္ျမင္လိုရင္ ႀကိဳးစားပါ။ အတၱနဲ႔ပရမွ်တစြာလုပ္ပါ။ ဇြဲရွိပါ။

ကံဉာဏ္ဝီရိယ သုံးပါးမွာ မိမိကကံေကာင္း ဉာဏ္ေကာင္းၿပီး ဝီရိယနည္းေနပါလိမ့္မည္… မိတ္ေဆြမ်ား၏တန္ဖိုးရွိလွတဲ့ ဘဝအနာဂတ္ကံၾကမၼာမ်ားအတြက္ ထူးျခားတဲ့ေဟာကိန္းေတြသိရွိေစရန္ အေသးစိတ္ေဆြးေႏြးေမးျမန္းႏိုင္ပါသည္။
ဆရာစစ္လြန္းထိုက္(ေ႐ႊေရာင္မ်က္ႏွာဖုံး), အနာဂတ္ကံၾကမၼာေဟာကိန္း, အၾကားအျမင္ပညာရွင္, 09777907749(viber), 09451860059

Unicode

အဓိပတိဖွားတွေအတွက် တသက်တာဟောကိန်း

အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။ အကြံပေးချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါလက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။

မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက်သင်ရတဲ့ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယအားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။

ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာစိတ်ဝင်တစား လေ့လာလိုက်စားတတ်သည်။ အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံသာသိသည်။

အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။ အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။

အဓိပတိဖွားတွေကငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။ ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊

မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရမည်။အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်။

မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊ တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကိုလိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တတ်တယ်။ မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။

မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိတယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေတတ်သည်။

မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာလုပ်ပါ။ ဇွဲရှိပါ။

ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်… မိတ်ဆွေများ၏တန်ဖိုးရှိလှတဲ့ ဘဝအနာဂတ်ကံကြမ္မာများအတွက် ထူးခြားတဲ့ဟောကိန်းတွေသိရှိစေရန် အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။
ဆရာစစ်လွန်းထိုက်(ရွှေရောင်မျက်နှာဖုံး), အနာဂတ်ကံကြမ္မာဟောကိန်း, အကြားအမြင်ပညာရှင်, 09777907749(viber), 09451860059

Be the first to comment

Leave a Reply

Your email address will not be published.


*