ေအးတဲ့ရာသီဥတုေတြမွာ ေလးဘက္နာသမားေလးေတြ ေတြ႕ႀကဳံခံစားရတဲ့ ဒုကၡမ်ား

ปัญหาที่เกิดจากอัมพาตครึ่งซีกในสภาพอากาศหนาวเย็น
ปัญหาที่เกิดจากอัมพาตครึ่งซีกในสภาพอากาศหนาวเย็น

ေအးတဲ့ရာသီဥတုေတြမွာ ေလးဘက္နာသမားေလးေတြ ေတြ႕ႀကဳံခံစားရတဲ့ ဒုကၡမ်ား

အေအးေလးနည္းနည္းပိုၿပီဆိုတာနဲ႔ ဒုကၡေရာက္ေနတတ္တဲ့သူေတြကေတာ့… ေလးဘက္နာသမားေတြပဲ ျဖစ္ပါတယ္… ။

ပုံမွန္လူေတြအဖို႔ သူတို႔က ထူးဆန္းစရာ ျဖစ္ေနႏိုင္ပါတယ္… ။ ဒီေလာက္ေလးေအးတာ ဘာျဖစ္ေနလဲေပါ့… ။ ဒါေပမဲ့ ေလးဘက္နာသမားအခ်င္းခ်င္း ဒီလိုအခက္အခဲေတြကို နားလည္ ေပးႏိုင္မွာပါ… ။

(၁)အဆစ္ေတြ ကိုက္လာတယ္…

မိုးေအးတာနဲ႔ ေဆာင္းေရာက္ၿပီ ဆိုတာနဲ႔ မျဖစ္မေန ႀကဳံရတာက အဆစ္ေတြ ကိုက္လာတာပါပဲ။ ေျခဆစ္ေတြ ကိုက္တတ္သလို လက္ဆစ္ေတြလည္း ကိုက္တတ္ပါတယ္… ။

တစ္ေနရာ ႏွစ္ေနရာေလာက္ ကိုက္ေနတာက ကိစၥမရွိသလို ပုံမွန္ သက္သက္သာသာေလး ကိုက္ေနတာကလည္း ကိစၥေတာ့ မရွိပါဘူး… ။ ဒါေပမဲ့… အဆစ္ေတြ အားလုံးနီးပါး ကိုက္လာၿပီ၊ ကိုက္ခဲမႈကလည္း ျပင္းထန္ေနတယ္ဆိုရင္ေတာ့ မ်က္ရည္က်မိတဲ့အထိပါပဲ… ။

(၂)အလုပ္မလုပ္ႏိုင္ဘူး…

အဆစ္ေတြ ျပင္းျပင္းထန္ထန္ ကိုက္ေနတာေၾကာင့္ လုပ္စရာရွိတဲ့ အလုပ္ေတြ မလုပ္ႏိုင္ပါဘူး… ။

အိမ္အလုပ္ေတြလည္း လုပ္လို႔အဆင္မေျပသလို ႐ုံးအလုပ္ေတြလည္း လုပ္ရတာ ခက္ခဲေနမွာပါ… ။ အရမ္းျပင္းထန္ေနၿပီဆို ပစၥည္းေတြ မကိုင္ႏိုင္တာမ်ိဳးေတြလည္း ျဖစ္ေနတတ္တာပါ… ။

(၃)ခဏခဏ အေမးခံရတယ္…

အဆစ္ေတြ ကိုက္ခဲၿပီဆိုရင္ ေဆးခန္းျပရတဲ့သူေတြ ရွိပါတယ္… ။ ပင္နီစလင္ ပုံမွန္ထိုးေနတဲ့သူေတြ ရွိေပမဲ့ ေဆးဒဏ္ မခံႏိုင္တဲ့သူေတြလည္း ရွိပါတယ္… ။

သူတို႔ကေတာ့… ကိုက္ခဲတဲ့အခါ ေဆးလိမ္းၿပီး ကိုက္တဲ့ေနရာကို ပတ္တီးစည္းထားတာမ်ိဳး လုပ္တတ္ၾကပါတယ္… ။ ပတ္တီးကို ေတြ႕တာနဲ႔ ဟိုလူက ဘာျဖစ္တာလဲ ဒီလူက ဘာျဖစ္တာလဲနဲ႔ ခဏခဏကို အေမးခံေနရတာပါ… ။

သူတို႔အတြက္ေတာ့ ေျဖရမွာ စိတ္ေတာာင္ ရႈပ္တတ္ၾကပါတယ္… ။

(၄)မ်က္ႏွာငယ္တယ္…

အရမ္းကိုက္ခဲေနတဲ့အခါ အလိုလို ငိုခ်င္သြားတတ္ၾကပါတယ္… ။ လူေတြကလည္း ဘာျဖစ္လို႔လဲ ေမးတတ္ၾကသလို ဘာမွလည္း မတတ္ႏိုင္ၾကပါဘူး… ။

ေဆးလိမ္းထားရင္လည္း ေဆးနံ႔ေၾကာင့္ ပတ္ဝန္းက်င္ကို အားနာရသလို လူေတြက ဘာျဖစ္တာလဲဆိုၿပီး ထူးဆန္းတဲ့ အၾကည့္ေတြ ၾကည့္တာကို အၿမဲခံေနရတာေၾကာင့္ တစ္ခါတစ္ေလ မ်က္ႏွာငယ္ရပါတယ္… ။

(၅) လမ္းအမ်ားႀကီး ေလွ်ာက္လို႔ မရဘူး။ ေအးတာကို ခံစားလို႔မရဘူး…

ေအးတာကို သေဘာက်တဲ့ သူဆိုရင္ ပိုေတာင္ ခက္ခဲၾကပါေသးတယ္… ။ ေဆာင္းတြင္းမွာ ေအးေအးေလးနဲ႔ ေနလို႔ေကာင္းတယ္ ေတြးသေလာက္ သူတို႔ ခႏၶာကိုယ္က အေအးဓာတ္ကို မခံႏိုင္စြာ တုံ႔ျပန္လြန္းၾကပါတယ္… ။

အခ်ိန္ ပုံမွန္ လမ္းေလွ်ာက္တာထက္ ပိုေလွ်ာက္မိရင္လည္း ေျခဆစ္ေတြ ပိုကိုက္ လာတတ္ပါတယ္။ ခႏၶာကိုယ္ကို ေႏြးေနေအာင္ ထိန္းေနရတာေၾကာင့္ ေအးတာလည္း ခံစားလို႔ မရပါဘူး… ။Credit

Unicode

အေးတဲ့ရာသီဥတုတွေမှာ လေးဘက်နာသမားလေးတွေ တွေ့ကြုံခံစားရတဲ့ ဒုက္ခများ

အအေးလေးနည်းနည်းပိုပြီဆိုတာနဲ့ ဒုက္ခရောက်နေတတ်တဲ့သူတွေကတော့… လေးဘက်နာသမားတွေပဲ ဖြစ်ပါတယ်… ။

ပုံမှန်လူတွေအဖို့ သူတို့က ထူးဆန်းစရာ ဖြစ်နေနိုင်ပါတယ်… ။ ဒီလောက်လေးအေးတာ ဘာဖြစ်နေလဲပေါ့… ။ ဒါပေမဲ့ လေးဘက်နာသမားအချင်းချင်း ဒီလိုအခက်အခဲတွေကို နားလည် ပေးနိုင်မှာပါ… ။

(၁)အဆစ်တွေ ကိုက်လာတယ်…

မိုးအေးတာနဲ့ ဆောင်းရောက်ပြီ ဆိုတာနဲ့ မဖြစ်မနေ ကြုံရတာက အဆစ်တွေ ကိုက်လာတာပါပဲ။ ခြေဆစ်တွေ ကိုက်တတ်သလို လက်ဆစ်တွေလည်း ကိုက်တတ်ပါတယ်… ။

တစ်နေရာ နှစ်နေရာလောက် ကိုက်နေတာက ကိစ္စမရှိသလို ပုံမှန် သက်သက်သာသာလေး ကိုက်နေတာကလည်း ကိစ္စတော့ မရှိပါဘူး… ။ ဒါပေမဲ့… အဆစ်တွေ အားလုံးနီးပါး ကိုက်လာပြီ၊ ကိုက်ခဲမှုကလည်း ပြင်းထန်နေတယ်ဆိုရင်တော့ မျက်ရည်ကျမိတဲ့အထိပါပဲ… ။

(၂)အလုပ်မလုပ်နိုင်ဘူး…

အဆစ်တွေ ပြင်းပြင်းထန်ထန် ကိုက်နေတာကြောင့် လုပ်စရာရှိတဲ့ အလုပ်တွေ မလုပ်နိုင်ပါဘူး… ။

အိမ်အလုပ်တွေလည်း လုပ်လို့အဆင်မပြေသလို ရုံးအလုပ်တွေလည်း လုပ်ရတာ ခက်ခဲနေမှာပါ… ။ အရမ်းပြင်းထန်နေပြီဆို ပစ္စည်းတွေ မကိုင်နိုင်တာမျိုးတွေလည်း ဖြစ်နေတတ်တာပါ… ။

(၃)ခဏခဏ အမေးခံရတယ်…

အဆစ်တွေ ကိုက်ခဲပြီဆိုရင် ဆေးခန်းပြရတဲ့သူတွေ ရှိပါတယ်… ။ ပင်နီစလင် ပုံမှန်ထိုးနေတဲ့သူတွေ ရှိပေမဲ့ ဆေးဒဏ် မခံနိုင်တဲ့သူတွေလည်း ရှိပါတယ်… ။

သူတို့ကတော့… ကိုက်ခဲတဲ့အခါ ဆေးလိမ်းပြီး ကိုက်တဲ့နေရာကို ပတ်တီးစည်းထားတာမျိုး လုပ်တတ်ကြပါတယ်… ။ ပတ်တီးကို တွေ့တာနဲ့ ဟိုလူက ဘာဖြစ်တာလဲ ဒီလူက ဘာဖြစ်တာလဲနဲ့ ခဏခဏကို အမေးခံနေရတာပါ… ။

သူတို့အတွက်တော့ ဖြေရမှာ စိတ်တောာင် ရှုပ်တတ်ကြပါတယ်… ။

(၄)မျက်နှာငယ်တယ်…

အရမ်းကိုက်ခဲနေတဲ့အခါ အလိုလို ငိုချင်သွားတတ်ကြပါတယ်… ။ လူတွေကလည်း ဘာဖြစ်လို့လဲ မေးတတ်ကြသလို ဘာမှလည်း မတတ်နိုင်ကြပါဘူး… ။

ဆေးလိမ်းထားရင်လည်း ဆေးနံ့ကြောင့် ပတ်ဝန်းကျင်ကို အားနာရသလို လူတွေက ဘာဖြစ်တာလဲဆိုပြီး ထူးဆန်းတဲ့ အကြည့်တွေ ကြည့်တာကို အမြဲခံနေရတာကြောင့် တစ်ခါတစ်လေ မျက်နှာငယ်ရပါတယ်… ။

(၅) လမ်းအများကြီး လျှောက်လို့ မရဘူး။ အေးတာကို ခံစားလို့မရဘူး…

အေးတာကို သဘောကျတဲ့ သူဆိုရင် ပိုတောင် ခက်ခဲကြပါသေးတယ်… ။ ဆောင်းတွင်းမှာ အေးအေးလေးနဲ့ နေလို့ကောင်းတယ် တွေးသလောက် သူတို့ ခန္ဓာကိုယ်က အအေးဓာတ်ကို မခံနိုင်စွာ တုံ့ပြန်လွန်းကြပါတယ်… ။

အချိန် ပုံမှန် လမ်းလျှောက်တာထက် ပိုလျှောက်မိရင်လည်း ခြေဆစ်တွေ ပိုကိုက် လာတတ်ပါတယ်။ ခန္ဓာကိုယ်ကို နွေးနေအောင် ထိန်းနေရတာကြောင့် အေးတာလည်း ခံစားလို့ မရပါဘူး… ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*