စာဖတ္ေႏွးတဲ့ ကေလးေတြအတြက္ စာလုံးၾကားကြက္လပ္ က်ယ္က်ယ္လုပ္ေပးပါက တိုးတက္မႈျမန္ဆန္

စာဖတ္ေႏွးတဲ့ ကေလးေတြအတြက္ စာလုံးၾကားကြက္လပ္ က်ယ္က်ယ္လုပ္ေပးပါက တိုးတက္မႈျမန္ဆန္
စာဖတ္ေႏွးတဲ့ ကေလးေတြအတြက္ စာလုံးၾကားကြက္လပ္ က်ယ္က်ယ္လုပ္ေပးပါက တိုးတက္မႈျမန္ဆန္

စာဖတ္ေႏွးတဲ့ ကေလးေတြအတြက္ စာလုံးၾကားကြက္လပ္ က်ယ္က်ယ္လုပ္ေပးပါက တိုးတက္မႈျမန္ဆန္

အေမရိကန္ႏိုင္ငံက ဒစၥလီရွား အဖြဲ႕အစည္းရဲ႕ ေနာက္ဆုံးျပဳလုပ္ထားတဲ့ သုေတသနအရ ဒစၥလီရွား ျပႆနာရွိတဲ့ ကေလးေတြကို သူတို႔ ဖတ္တဲ့ ျပဌန္းစာအုပ္မွာ စာလုံႀကီး ကြက္လပ္က်ယ္က်ယ္ လုပ္ေပးပါက သူတို႔ရဲ႕ စာဖတ္ႏႈန္း တိုးတက္လာတယ္လို႔ သိရပါတယ္။

ဒစၥလီရွားဆိုတာက မူလတန္းကေလးေတြမွာ အျဖစ္မ်ားၿပီး အလယ္တန္းနဲ႔ အထက္တန္း ကေလးအခ်ိဳ႕ မွာလည္း ရံဖန္ရံခါေတြ႕ရတဲ့ ေျဖရွင္းလို႔ရတဲ့ ျပႆနာတစ္ရပ္ျဖစ္ပါတယ္။

ဒစၥလီရွားျပႆနာတက္ေနတဲ့ ကေလးက စာအုပ္ထဲက စာေတြကို ပုံမွန္ကေလးေတြလို သြက္သြက္လက္လက္ မ႐ြတ္ဖတ္ႏိုင္တာပါပဲ။

သူတို႔ ဦးေႏွာက္ထဲမွာ အကၡရာေတြကို စာလုံးေပါင္းအျဖစ္ေပါင္းၿပီး ပါးစပ္က ႐ြတ္ဆိုတဲ့ ေနရာမွာ ၾကန႔္ၾကာ ေနတာပါ။ အဲ့ဒါေၾကာင့္ သူတို႔က စာဖတ္ေႏွးေနတာပါ။

ေလ့က်င့္ယူလို႔ရတဲ့ အခက္အခဲတစ္ခုျဖစ္ေပမဲ့ ကေလးေတြက ပုံႏွိပ္စာအုပ္လို စာေတြအမ်ားႀကီး ႁပြတ္သိပ္ေနတဲ့ စာမ်က္ႏွာမ်ိဳးကို ေတြ႕တာနဲ႔ သူတို႔ ရဲ႕ ဦးေႏွာက္က ေကာင္းေကာင္း အလုပ္မလုပ္ေတာ့တဲ့အတြက္ေၾကာင့္ စာလုံးတစ္လုံးနဲ႔ တစ္လုံးၾကား ကြက္လပ္ (spacing ) က်ယ္က်ယ္ထားလိုက္ပါက သူတို႔ရဲ႕ ဦးေႏွာက္က အဲ့ၾကားကြက္လပ္နဲ႔ လိုက္ၿပီး သြားတဲ့အတြက္ ဟာမိုနီျဖစ္ကာ စာဖတ္စြမ္းရည္ တိုးတက္လာပါတယ္။

ေနာက္ပိုင္းမွာ အဲ့ဒိ ကြက္လပ္ကို တျဖည္းျဖည္းက်ဥ္းေအာင္လုပ္ေပးကာ ပုံမွန္ကေလးေတြလို အေနအထားရေအာင္ လုပ္ယူလို႔ ရပါတယ္။

အေမရိကန္က မူလတန္းေက်ာင္းေတြမွာ ဒစၥလီရွားျဖစ္ေနတဲ့ ကေလး ၁၅% ကေန ၂၀ % အထိရွိပါတယ္။ စာဖတ္၊ စာလုံးေပါင္း၊ စာေရး ပုံမွန္မဟုတ္တဲ့ ကေလးေတြက ဒစၥလီရွား ျပႆနာတက္ေနတာပါ။ စာလုံးၾကား ကြက္လပ္နဲ႔ ပုံျပ သင္ၾကားမႈေတြက သူတို႔ကို ခပ္ျမန္ျမန္ေလး တိုးတက္ေစပါတယ္။

ေဒါက္တာ ဒန္နယ္လာမြန္တယ္လိုကေတာ့ ဒစၥလီရွားကေလးေတြက အျမင္အာ႐ုံပိုင္းဆိုင္ရာမွာ ျပႆနာရွိေနလို႔ အဲ့လိုေတြ ေႏွးေနရတာပါလို႔ သူမရဲ႕ သုေတသနအရ ဆိုပါတယ္။

“ က်မေလ့လာမိသေလာက္ကေတာ့ အဲ့ဒ္ကေလးေတြက အျမင္အာ႐ုံ ေမာက္မွားမႈေၾကာင့္ ျဖစ္ေနရတာပါ ။ အျမင္အာ႐ုံေၾကာေတြ ကစဥ့္ကလ်ားျဖစ္ေနတတ္ပါတယ္” လို႔ ဆိုပါတယ္။ေမာင္ယႆ, REF: UPI, Photo Credit beeke

Unicode

စာဖတ်နှေးတဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်

အမေရိကန်နိုင်ငံက ဒစ္စလီရှား အဖွဲ့အစည်းရဲ့ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနအရ ဒစ္စလီရှား ပြဿနာရှိတဲ့ ကလေးတွေကို သူတို့ ဖတ်တဲ့ ပြဌန်းစာအုပ်မှာ စာလုံကြီး ကွက်လပ်ကျယ်ကျယ် လုပ်ပေးပါက သူတို့ရဲ့ စာဖတ်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။

ဒစ္စလီရှားဆိုတာက မူလတန်းကလေးတွေမှာ အဖြစ်များပြီး အလယ်တန်းနဲ့ အထက်တန်း ကလေးအချို့ မှာလည်း ရံဖန်ရံခါတွေ့ရတဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

ဒစ္စလီရှားပြဿနာတက်နေတဲ့ ကလေးက စာအုပ်ထဲက စာတွေကို ပုံမှန်ကလေးတွေလို သွက်သွက်လက်လက် မရွတ်ဖတ်နိုင်တာပါပဲ။

သူတို့ ဦးနှောက်ထဲမှာ အက္ခရာတွေကို စာလုံးပေါင်းအဖြစ်ပေါင်းပြီး ပါးစပ်က ရွတ်ဆိုတဲ့ နေရာမှာ ကြန့်ကြာ နေတာပါ။ အဲ့ဒါကြောင့် သူတို့က စာဖတ်နှေးနေတာပါ။

လေ့ကျင့်ယူလို့ရတဲ့ အခက်အခဲတစ်ခုဖြစ်ပေမဲ့ ကလေးတွေက ပုံနှိပ်စာအုပ်လို စာတွေအများကြီး ပြွတ်သိပ်နေတဲ့ စာမျက်နှာမျိုးကို တွေ့တာနဲ့ သူတို့ ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အတွက်ကြောင့် စာလုံးတစ်လုံးနဲ့ တစ်လုံးကြား ကွက်လပ် (spacing ) ကျယ်ကျယ်ထားလိုက်ပါက သူတို့ရဲ့ ဦးနှောက်က အဲ့ကြားကွက်လပ်နဲ့ လိုက်ပြီး သွားတဲ့အတွက် ဟာမိုနီဖြစ်ကာ စာဖတ်စွမ်းရည် တိုးတက်လာပါတယ်။

နောက်ပိုင်းမှာ အဲ့ဒိ ကွက်လပ်ကို တဖြည်းဖြည်းကျဉ်းအောင်လုပ်ပေးကာ ပုံမှန်ကလေးတွေလို အနေအထားရအောင် လုပ်ယူလို့ ရပါတယ်။

အမေရိကန်က မူလတန်းကျောင်းတွေမှာ ဒစ္စလီရှားဖြစ်နေတဲ့ ကလေး ၁၅% ကနေ ၂၀ % အထိရှိပါတယ်။ စာဖတ်၊ စာလုံးပေါင်း၊ စာရေး ပုံမှန်မဟုတ်တဲ့ ကလေးတွေက ဒစ္စလီရှား ပြဿနာတက်နေတာပါ။ စာလုံးကြား ကွက်လပ်နဲ့ ပုံပြ သင်ကြားမှုတွေက သူတို့ကို ခပ်မြန်မြန်လေး တိုးတက်စေပါတယ်။

ဒေါက်တာ ဒန်နယ်လာမွန်တယ်လိုကတော့ ဒစ္စလီရှားကလေးတွေက အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေလို့ အဲ့လိုတွေ နှေးနေရတာပါလို့ သူမရဲ့ သုတေသနအရ ဆိုပါတယ်။

“ ကျမလေ့လာမိသလောက်ကတော့ အဲ့ဒ်ကလေးတွေက အမြင်အာရုံ မောက်မှားမှုကြောင့် ဖြစ်နေရတာပါ ။ အမြင်အာရုံကြောတွေ ကစဉ့်ကလျားဖြစ်နေတတ်ပါတယ်” လို့ ဆိုပါတယ်။မောင်ယဿ, REF: UPI, Photo Credit beeke

Be the first to comment

Leave a Reply

Your email address will not be published.


*