











“(၁၀၀) ထားကြာ” ဘဘုန်းကြီးမှာ လိုက်သည့်အတိုင်း ဈေးဆစ်လိုက်တော့ “အလကားသာ စီးသွားပါဗျာ” စပယ်ယာရွဲ့သံကို အဟုတ်မှတ်ပြီး “ဒီလိုမှန်းသိ တစ်မျိုးလုံးခေါ်လာပါတယ်ဗျ” လိုင်းကားပေါ်ရှိ လူအားလုံးကတော့ တစ်ခွီးခွီးနဲ့…





Unicode

” လာထားကြက်တကောင် ” “အဟင့် ဟင့် မြို့ကြီးသားတွေ မတရားဘူး…”

တခါ တုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးက အမတ်ကြီးကို မေးတယ် …

” အမတ်ကြီး မိန်းမကြောက်တဲ့ သူတွေဟာ ဘာနဲ့ တူသလဲ ” အမတ်ကြီးကလဲ ပြန်ဖြေတယ် ။ ” မိန်းမကြောက်တဲ့သူတွေဟာ လူစွမ်းလူစ မရှိတဲ့သူတွေပါ ”

ဘုရင်ကြီးလည်းအမတ်ကြီးအဖြေကို သဘောကျလို့ လိုရာဆုတောင်းစေပေါ့… ” မှန်လှပါဘုရား.. . မိန်းမကြောက်တဲ့သူတွေဆီကနေပြီး ကြက်တကောင်အခွန် ကောက်ခွင့် ပေးပါ ” လို့တောင်းသတဲ့ ဘုရင်ကလဲ ကောက်စေပေါ့ ..

ဒါနဲ့ အမတ်ကြီးလဲ တိုင်းပြည်ထဲ ပတ်ပြီး ကောက်တော့တာပေါ့ . .. နေမွန်းမတည့်မီ အမတ်ကြီး ပြန်ရောက်လာတယ် ။ သူ့ နောက်မှာ ကြက်ခြင်းတွေ အများကြီးပဲ …

ဘုရင်ပြောတာပေါ့ … ” ငါ့ရဲ့တိုင်းပြည်ထဲမှာ မိန်းမကြောက်တဲ့ လူတွေများနေတာ မကောင်းဘူးကွ ”
အမတ်ကြီးက “ဒါတောင် မကုန်သေးပါဘူး ဘုရင်ကြီး ”

” ခုကျွန်တော်မျိုးပြန်လာတာက ဆော်အလန်းလေးတပွေ တွေ့ခဲ့လို့ ဘုရင်ကြီး တော်ကောက်လို့ ရအောင် လာပြောတာပါဘုရား. …”
” ဟာ အမတ်ကြီးတိုးတိုးပြောပါဟ ! နင့်မေလခွားတဲမှပဲ မိဖုရားကြီးကြား သွားလိမ့်မယ်.. …. ..”
ဒီတော့အမတ်ကြီးကပြုံးပြုံးကြီး ပြောတာပေါ့… အမတ်ကြီး ပြောတာက ” လာထားကြက်တကောင် ” တဲ့… 😂🤣🤣

ရွာကနေ ရန်ကုန်မြို့တက်လာစ ဖာတောင်းနဲ့ ဖျာလိပ်လေးပိုက်လို့ဖြင့် ကားဂိတ်အရောက် “ဒီမှာ ဖာခဏချချင်လို့” “ဟေ့လူ ဘာစကားပြောတာလည်း ဒါကားဂိတ်”

“ကျုပ်ဖာက အသစ်ပါဗျ ခင်ဗျားနေရာ မညစ်ပတ်စေရဘူး” “ဘယ်လို လူလည်းကွာ ညစ်ညစ်ပတ်ပတ်တွေ”
“ညစ်ပတ်တယ် ထင်ယင်ဖျာခင်းပြီး ချမယ်ဗျာ” “ဟာဗျာ ဘယ်လိုလူလည်း ပြောလို့မရပါလား”

“မြို့ကြီးသားတွေ ဆက်ဆံရေးကျဲတာပဲ”ဟု ရေရွတ်ရင်း လိုင်းကားပေါ်တက်တော့ “ကားခလေး ကမ်းမယ်ဗျာ”
“ဘယ်လောက်လည်းဗျ” “(၂၀၀)ပါ ကြီး” “လူဗျ မျောက်မဟုတ်ဘူး” “ဟုတ်ပါပြီ ဘဒိုရယ်” “အရပ်ပုတာနဲ့ ဘတိုလို့ခေါ်စရာလားကွ” ဒေါသသံဖြင့်

“(၁၀၀) ထားကြာ” ဘဘုန်းကြီးမှာ လိုက်သည့်အတိုင်း စျေးဆစ်လိုက်တော့ “အလကားသာ စီးသွားပါဗျာ” စပယ်ယာရွဲ့သံကို အဟုတ်မှတ်ပြီး “ဒီလိုမှန်းသိ တစ်မျိုးလုံးခေါ်လာပါတယ်ဗျ” လိုင်းကားပေါ်ရှိ လူအားလုံးကတော့ တစ်ခွီးခွီးနဲ့…

သူကတော့ သူ့ရယ်နေမှန်းမသိပဲ ခပ်တည်တည်ပင် ချာတိတ်တစ်ယောက်က လက်တို့ပြီး “ဘဲကြီး ထိုင်ခုံလွတ်နေတယ် ထိုင်ချင်ထိုင်” “ကျေးဇူးပါဗျ” ထိုင်ရင်း ဒေါသတော့ဖြစ်သား…

မြို့ကြီးသားတွေက တိရစ္ဆာန်နံမည် တပ်ခေါ်တာ ယဉ်ကျေးမှုထင်တယ်… ငါလည်း တောသားပေမဲ့ မအကြောင်း သက်သေပြရမယ် ဆိုပြီး ဘေးက လူကောင်ထွားထွားနဲ့ လူကြီးကို လက္တို့ကာ…

“နွားကြီး ရှေ့မှတ်တိုင်က ဘာလည်းဗျ” “မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်” “ဟဲ ဟဲ နွားကြီးလေ နွားကြီး သဘောကျနေတယ် မဟုတ်လား” “အေး ငါ့ဟာငါ ကလေးနှစ်ယောက် အမေကို ယူတာ မင်းအပူလား” ဆိုပြီး…

“ခွပ် ခွပ်” ထိုးတယ်ကွာ… “အဟင့် ဟင့် မြို့ကြီးသားတွေ မတရားဘူးဗျ ကျုပ်ကျခေါ်ချင်တိုင်း ခေါ်ပြီး သူတို့ပြန်ခေါ်တော့ ထိုးတယ်ဗျ” Credit…ခန့်မင်းညို လောကကို ပြုံးစေ ရယ်စေမယ်…..

Be the first to comment

Leave a Reply

Your email address will not be published.


*