(၁) အုတ်ဂျုံ
(၂) ပန်းသီးရှာလကာရည်
(၃) ရှားစောင်းလက်ပတ်
(၄) မုန့်ဖုတ်ဆော်ဒါ
(၅) သခွားသီး
Unicode
ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံတွေ၊ အပူဖုတွေ ပေါက်နေရင် ဒီနည်းတွေနဲ့လုပ်ကြည့်ပါ
(၁) အုတ်ဂျုံ
အုတ်ဂျုံဟာ ဝက်ခြံအတွက်တော့ တကယ်ကို ထိရောက်တဲ့ ဆေးပါ… ။ ချွေးပေါက်တွေကို သန့်ရှင်းပေးပြီး အဆီကို စုပ်ယူနိုင်တဲ့ အစွမ်းတွေ သူ့မှာရှိပါတယ်… ။ အုတ်ဂျုံကို ကျိုပါ… ။ ပြီးရင်တော့ ပျားရည်၊ သံပရို (သို့) သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ထည့်ပါ… ။
သမအောင်မွှေပါ။ အေးသွားရင်တော့ အဲ့ဒါကို ရင်ဘတ်ပေါ်မှာ လိမ်းပေးပါ… ။ နာရီဝက်လောက် ကြာအောင် ထားပေးပါ… ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချပေးပါ… ။
(၂) ပန်းသီးရှာလကာရည်
အရေပြားကို pH Level ထိန်းပေးနိုင်တဲ့ အစွမ်းနဲ့ ဗက်တီးရီးယားတွေကို ရှင်းလင်းပေးနိုင်တဲ့အစွမ်း သူ့မှာရှိပါတယ်… ။ ပန်းသီးရှာလကာရည်ကို ဂွမ်းနဲ့ယူပြီး ဝက်ခြံပေါက်နေတဲ့ ရင်ဘတ်ပေါ်ကို လိမ်းပေးပါ။ နာရီဝက်လောက် ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ ဆေးချလိုက်ပါ… ။
(၃) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ရင်ဘတ်ပေါ်က ဝက်ခြံတွေအတွက်လည်း အသုံးချလို့ ရပါတယ်… ။ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရင်ဘတ်ပေါ်က ဝက်ခြံပေါက်တဲ့ နေရာကို လိမ်းပေးပါ… ။ မိနစ်(၂၀)လောက်ကြာအောင် ထားပေးပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ်လောက် လုပ်ပေးပါ… ။
(၄) မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကတော့ ဗက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်သလို ယောင်ယမ်းတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်… ။ ဒါ့အပြင် ဝက်ခြံအတွက်လည်း ဆေးပါ။
မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည် ဇွန်း(၂)ဇွန်း၊ သံပရို(သို့) သံပရာရည် တစ်ဇွန်း၊ ရေနှစ်ဇွန်းတို့ကို ရောပြီးမွှေပါ… ။ပြီးရင်တော့ လိမ်းပေးပါ။ (၁၅)မိနစ်လောက် ကြာရင် ရေနဲ့ဆေးချပါ… ။
(၅) သခွားသီး
ဒါကတော့ အလွယ်ဆုံး၊ ဈေးအသက်သာဆုံးနည်းလမ်းပါ။ သခွားသီးကို မျက်နှာ ပေါင်းတင်တဲ့ ပစ္စည်းအဖြစ် အသုံးများပါတယ်… ။ ဒါပေမယ့် သူ့ကို ရင်ဘတ်ပေါ်က ဝက်ခြံတွေအတွက်လည်း သုံးလို့ရပါတယ်… ။
သခွားသီးကို ကြိတ်စက်၊ ဖျော်စက်ထဲမှာ ထည့်ပြီးကြိတ်ပါ… ။ ပျစ်ရုံလောက်ပဲ ကြိတ်ရမှာဖြစ်ပြီး ၊ ဝက်ခြံပေါက်နေတဲ့ ရင်ဘတ်ပေါ်ကို လိမ်းပေးပါ။ မိနစ်(၃၀)လောက် ကြာအောင် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ… ။Credit:
Be the first to comment
Leave a Reply
Your email address will not be published.
*