ေအာင္ျမင္တဲ့လူတစ္ေယာက္က ပတ္ဝန္းက်င္ရဲ႕ ေဝဖန္ျခင္းဒဏ္ ခံႏိုင္ရည္ရွိၾကရတယ္ (တန္ဖိုးရွိေသာစာ)

ေအာင္ျမင္တဲ့လူတစ္ေယာက္က ပတ္ဝန္းက်င္ရဲ႕ ေဝဖန္ျခင္းဒဏ္ ခံႏိုင္ရည္ရွိၾကရတယ္ (တန္ဖိုးရွိေသာစာ)

၁။ ဘဝဆိုတာ တိုက္ပြဲတစ္ခုလိုပါပဲ လဲေနရင္ ျပန္ထႏိုင္ေအာင္ ႀကိဳးစားပါ… ၂။ လူတိုင္းမွာ ကိုယ္စီကိုယ္စီ ေျဖရွင္းေနၾကရတဲ့ ဘဝပုစာၦေတြ ရွိပါတယ္… ဘယ္လို ေျဖရွင္းမလဲဆိုတာ အဓိကက်ပါတယ္… ။

၃။ တခါတေလ မျဖစ္ခ်င္တာေတြ ျဖစ္လာရတဲ့အခါ အေကာင္းဆုံး ရင္ဆိုင္ ေက်ာ္ျဖတ္လိုက္ပါ… ၄။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးလုပ္တာ ပိုေကာင္းပါတယ္… ။

၅။ အမွားတစ္ခုလုပ္မိတဲ့အခါ ဝန္ခံတတ္ပါေစ… ။ ၆။ ဘဝသီအိုရီ တြက္ခ်က္ရတဲ့အခါ မွားမွာကို မေၾကာက္ပါနဲ႔ အမွားဆိုတာ အေတြ႕အႀကဳံရဲ႕ ဆရာတစ္ဆူလိုပါပဲ… ။

၇။ ဘယ္အလုပ္ကိုပဲ လုပ္ရသည္ျဖစ္ေစ တန္ဖိုးထားတတ္ေအာင္ ႀကိဳးစားပါ… ။

၈။ ပညာရွာတဲ့ အ႐ြယ္ ပညာရွာ ၾကင္ရာရွာတဲ့ အ႐ြယ္ ၾကင္ရာရွာပါ… ပညာရွာတုန္း ၾကင္ရာမ ရွာမိပါေစနဲ႔… ခ်စ္တာ တစ္ခုတည္းနဲ႔ ဘဝတစ္ခု တည္ေဆာက္ဖို႔ ဆိုတာ မလုံေလာက္ေသးဘူး… ။

၉။ အသိပညာအတြက္ မရွက္ပါနဲ႔ ပညာရွာပမာသူေတာင္းစားတဲ့… ၁၀။ သင့္ပတ္ဝန္းက်င္ရွိ လူအခ်ိဳ႕က သင္ေအာင္ျမင္တာကို အသိအမွတ္ျပဳဖို႔ ေမ့ေနၾကၿပီး သင္က်ရႈံးတဲ့အခ်ိန္ လက္ညိဳးထိုးဖို႔ ေစာင့္ၾကည့္ေနၾကလိမ့္မယ္…

၁၁။ လူတိုင္းကို မယုံမိပါေစနဲ႔… ။ သင္နဲ႔ပတ္သက္သူတိုင္း လက္ထဲမွာ မျမင္ႏိုင္တဲ့ ဓားတစ္လက္ရွိေနတတ္တယ္… ၁၂။ ကိုယ့္အေပၚအမွားလုပ္မိတဲ့အခါ ခြင့္လႊတ္ႏိုင္ဖို႔ ႀကိဳးစားလိုက္ပါ… ။

၁၃။ ေငြေၾကးနဲ႔ပတ္သက္ရင္ လူတိုင္းအေပၚ အယုံမလြယ္ပါနဲ႔… ၁၄။ အားနာရင္ ခါးပါတတ္တယ္… ။ မျဖစ္ႏိုင္ရင္ လိမ္မားပါးနပ္စြာ ရဲရဲျငင္းဆိုပါ… ။

၁၅။ မျဖစ္ႏိုင္တာကို မေမွ်ာ္လင့္ပါနဲ႔… ေမွ်ာ္လင့္ခ်က္က တေန႔ ဒုကၡေပးတတ္တယ္… ၁၆။ ခ်စ္ေတာ့ ခ်စ္ပါ… ။ ႏွလုံးသားနဲ႔ အရင္ခံစားၿပီးမွ ဦးေႏွာက္က ျပတ္ျပတ္သားသား ဆုံးျဖတ္လိုက္ပါ… ။

၁၇။ ေပးကမ္းပါ စြန႔္က်ဲပါ… တစုံတခုျပန္ရဖို႔ မေမွ်ာ္လင့္ပါနဲ႔… ၁၈။ လူတိုင္းကို မခ်စ္ႏိုင္ရင္ေတာင္ မမုန္းမိေအာင္ ႀကိဳးစားပါ… ။

၁၉။ ေစတနာနဲ႔မထိုက္တန္ခဲ့ရင္ ဥေပကၡာနဲ႔ ေပးဆပ္လိုက္ပါ စိတ္ေအးခ်မ္းပါတယ္… ၂၀။ မျဖစ္ႏိုင္ဘူးဆိုတာေတြ လက္ခံပါမ်ားလာရင္ ျဖစ္ႏိုင္တာေတြ ကြယ္ေပ်ာက္သြားတတ္တယ္… ။

၂၁။ အေျပာမေကာင္းရင္ေတာင္ နားေထာင္ေကာင္းသူျဖစ္ေအာင္ ႀကိဳးစားပါ… ၂၂။ နည္းနည္းေျပာၿပီး မ်ားမ်ားနားေထာင္ပါ… ။

၂၃။ မေပးကမ္းႏိုင္ရင္ေတာင္ တတ္ႏိုင္သေလာက္ ကူညီေပးလိုက္ပါ… လက္တစ္စုံဟာ ယူဖို႔အတြက္ျဖစ္သလို ေပးကမ္းတတ္ဖို႔လည္း လိုပါတယ္…။

၂၄။ ေခြၽတာသင့္တာ ေခြၽတာၿပီ စုေဆာင္းသင့္တာ စုေဆာင္းပါ… ။ ေရတစ္စက္တန္ဖိုး ေရငတ္မွသိသလို ေငြတစ္က်ပ္တန္ဖိုး ေငြျပတ္မွ သိလာလိမ့္မယ္… ။

၂၅။ မသိရင္ သိသလိုမေနပါနဲ႔ ။ မသိရင္ေမးပါ ။ အေမးရွိရင္ အေျဖတစ္ခုေတာ့ ရလာမွာပဲ… ၂၆။ တေန႔ စာဖတ္ခ်ိန္သီးသန႔္ထားပါ။ စာဖတ္ျခင္းျဖင့္ ဦးေႏွာက္ေလ့က်င့္ပ်ိဳးေထာင္ပါ… ။

၂၇။ သူဘယ္လိုလူလဲဆိုတာထက္ ငါဘယ္လိုလူလဲဆိုတာ သုံးသပ္ပါ… ၂၈။ သူတပါးက လက္ညိဳးမထိုးခင္ ကိုယ္က လက္မေထာင္ႏိုင္ေအာင္ ႀကိဳးစားပါ… ။

၂၉။ အခ်ိန္မီေက်းဇူးတင္စကားေျပာဖို႔ မေမ့သင့္သလို ေတာင္းပန္စကားေျပာဖို႔လည္း ဝန္မေလးမိပါေစနဲ႔… ၃၀။ လူအခ်ိဳ႕က ေဝဖန္လာရင္ လက္ခံႏိုင္ဖို႔ ႀကိဳးစားပါ… ။ ေအာင္ျမင္တဲ့လူတစ္ေယာက္က ပတ္ဝန္းက်င္ရဲ႕ ေဝဖန္ျခင္းဒဏ္ ခံႏိုင္ရည္ရွိၾကရတယ္… ။ ရဲရဲရင္ဆိုင္ျဖတ္ေက်ာ္ပါ… ။Credit#Orginal writer

Unicode

အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် (တန်ဖိုးရှိသောစာ)

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ… ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ်… ဘယ်လို ဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်… ။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံး ရင်ဆိုင် ကျော်ဖြတ်လိုက်ပါ… ၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်… ။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ… ။ ၆။ ဘဝသီအိုရီ တွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ… ။

၇။ ဘယ်အလုပ်ကိုပဲ လုပ်ရသည်ဖြစ်စေ တန်ဖိုးထားတတ်အောင် ကြိုးစားပါ… ။

၈။ ပညာရှာတဲ့ အရွယ် ပညာရှာ ကြင်ရာရှာတဲ့ အရွယ် ကြင်ရာရှာပါ… ပညာရှာတုန်း ကြင်ရာမ ရှာမိပါစေနဲ့… ချစ်တာ တစ်ခုတည်းနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ဆိုတာ မလုံလောက်သေးဘူး… ။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့… ၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်…

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့… ။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်… ၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ… ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့… ၁၄။ အားနာရင် ခါးပါတတ်တယ်… ။ မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ… ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့… မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်… ၁၆။ ချစ်တော့ ချစ်ပါ… ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ… ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ… တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့… ၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ… ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်… ၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်… ။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ… ၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ… ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ… လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်…။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ… ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်… ။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ… ၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ… ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ… ၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ… ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့… ၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ… ။ အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ်… ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ… ။Credit#Orginal writer

Be the first to comment

Leave a Reply

Your email address will not be published.


*