“ တခါတရံ ရရိွလုိက္တဲ႕ ဒဏ္ရာေတြဟာ ဘ၀မွာ ခြန္အားေတြျဖစ္လာတတ္တယ္”

“ တခါတရံ ရရိွလုိက္တဲ႕ ဒဏ္ရာေတြဟာ ဘ၀မွာ ခြန္အားေတြျဖစ္လာတတ္တယ္”
“ တခါတရံ ရရိွလုိက္တဲ႕ ဒဏ္ရာေတြဟာ ဘ၀မွာ ခြန္အားေတြျဖစ္လာတတ္တယ္”

“ တခါတရံ ရရိွလုိက္တဲ႕ ဒဏ္ရာေတြဟာ ဘ၀မွာ ခြန္အားေတြျဖစ္လာတတ္တယ္”

တစ္ခါတုန္းက သနပ္ခါးၿခံႀကီး တစ္ၿခံရွိတယ္… တစ္ေန႔ေတာ့… ၿခံပိုင္ရွင္ႀကီးက ဝင္းထံရံခတ္ရင္းနဲ႔ သံဆူးႀကိဳးေတြကို သနပ္ခါးပင္တစ္ခုမွာ စုၿပီး ခ်ည္ထား မိလိုက္တယ္… ။

လေတြခ်ီၿပီး ႏွစ္ေတြၾကာလာေတာ့ သနပ္ခါးပင္ ႀကီးလာတာနဲ႔အတူ သံဆူးႀကိဳးေတြဟာလည္း ပင္စည္ထဲကို ျဖည္းျဖည္းခ်င္း ျမႇဳပ္ဝင္ သြားၾကပါတယ္… ။

ဒီလိုနဲ႔ ရာသီဥတုေဖါက္ျပန္ၿပီး အပင္ မႈိေရာဂါတစ္မ်ိဳးဟာ သနပ္ခါးၿခံမွာ ေပါက္ဖြားပ်ံ႕ႏွံ႔သြားပါတယ္… ။ မႈိစြဲကပ္ခံရတဲ့ အပင္ေတြအားလုံး ညႇိဳးႏြမ္းကုန္ၿပီး ေရဓါတ္ခန္းေျခာက္ကာ ေသကုန္ၾကပါသည္… ။ အပင္ေတြ တစ္ျဖဳတ္ျဖဳတ္နဲ႔ ေသကုန္ၾကတာ တစ္လအတြင္းမွာပဲ တစ္ၿခံလုံး ထင္းျဖစ္သြားပါ တယ္… ။

ၿခံပိုင္ရွင္လည္း စိတ္ပ်က္ လက္ပ်က္နဲ႔ ဒီအတိုင္း ပစ္ထားၿပီး ၿမိဳ႕ေပၚတက္ သြားပါတယ္။ မိုးဦးဝင္ေတာ့ ၿခံရွင္ျပန္ လာၾကည့္တယ္… အံ့ၾသစြာနဲ႔ အပင္တစ္ပင္တည္း ရွင္သန္ၿပီး အ႐ြက္ေတြနဲ႔ စိမ္းစိုေန ပါတယ္… ။

ၿခံရွင္လည္း ေသခ်ာ အနီးကပ္ ၾကည့္လိုက္ေတာ့မွ သံဆူးႀကိဳးေတြ ျမဳပ္ဝင္ေနတဲ့အပင္ ျဖစ္ေနပါတယ္… ။ နားလည္တဲ့ သူကို ေခၚၿပီးေမးၾကည့္ေတာ့မွ…

ဒီအပင္ ရွင္သန္ေနတာဟာ သံဆူးႀကိဳးေတြေၾကာင့္လို႔ သိရတယ္… ။ သံဆူးႀကိဳးေတြ ျမဳပ္ဝင္သြားေတာ့ အပင္က သူ႔ရဲ႕ ကိုယ္ခံအားေတြ အလိုလို ထြက္လာၿပီး တြန္းလွန္ပါတယ္… ။

ျပင္ပက ဝင္လာတဲ့အရာေတြကို တြန္းလွန္ ေနရေတာ့ သူ႔အလိုလို anti virus ေတြ ထြက္လာၿပီး မႈိေရာဂါကို တိုက္ဖ်က္သြားျခင္း ျဖစ္ပါတယ္… ။

သူ႔ကိုဒဏ္ရာရေစတဲ့ သံဆူးႀကိဳးေတြေၾကာင့္ ရွင္သန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေလာကႀကီးကလည္း ဒီလိုပါပဲ ကိုယ့္ဘဝထဲကို ဝင္လာတဲ့ လူမွန္သမွ်ဟာ အက်ိဳးအေၾကာင္း မရွိပဲ ျဗဳန္းကနဲ မိုးေပၚက က်လာတာ မဟုတ္ပါ… ။

ပါရမီျဖည့္ဖက္မ်ားသာ ျဖစ္ၾကပါသည္… ။ သင့္ပတ္ဝန္းက်င္မွာ ခ်စ္သူမုန္းသူေတြ ရွိမယ္ သင့္ကို ခ်စ္တဲ့သူဟာ သင့္ဘဝကို သာယာေစမယ္ သင္က ခ်စ္တဲ့သူဟာ သင့္ကိုေပးဆပ္ျခင္းအေၾကာင္း နားလည္ေစမယ္…

သင့္ကို မုန္းတဲ့သူဟာ သင့္ကို သည္းခံျခင္း ခြင့္လႊတ္ျခင္း အေၾကာင္း ခံစားေစမယ္… သင္ကမုန္းတဲ့သူ ကေတာ့ သင့္ကို ရွင္သန္ဖို႔ခက္တဲ့ ပတ္ဝန္းက်င္မွာ ႀကီးထြားလာေအာင္ ခြန္အားေတြေပးမယ္ .ပုံျပင္ထဲက သနပ္ခါးပင္ အတိုင္းေပါ့ ။

သံဆူးႀကိဳးဒဏ္ကို နာက်င္ေအာင္ ခံရေပမယ့္ အဲ့ဒီဒဏ္ကို ႀကံ့ႀကံ့ခံတြန္းလွန္ႏိုင္ရင္ေတာ့ ရွင္သန္ျခင္း ႀကီးထြားျခင္းေတြကို ခံစား စံစားရမွာပါ… ။ “အနာခံမွ အသာစံရ” ဆိုတဲ့ စကားပုံလိုေပါ့… #Credit

Unicode

“ တခါတရံ ရရှိလိုက်တဲ့ ဒဏ်ရာတွေဟာ ဘဝမှာ ခွန်အားတွေဖြစ်လာတတ်တယ်”

တစ်ခါတုန်းက သနပ်ခါးခြံကြီး တစ်ခြံရှိတယ်… တစ်နေ့တော့… ခြံပိုင်ရှင်ကြီးက ဝင်းထံရံခတ်ရင်းနဲ့ သံဆူးကြိုးတွေကို သနပ်ခါးပင်တစ်ခုမှာ စုပြီး ချည်ထား မိလိုက်တယ်… ။

လတွေချီပြီး နှစ်တွေကြာလာတော့ သနပ်ခါးပင် ကြီးလာတာနဲ့အတူ သံဆူးကြိုးတွေဟာလည်း ပင်စည်ထဲကို ဖြည်းဖြည်းချင်း မြှုပ်ဝင် သွားကြပါတယ်… ။

ဒီလိုနဲ့ ရာသီဥတုဖေါက်ပြန်ပြီး အပင် မှိုရောဂါတစ်မျိုးဟာ သနပ်ခါးခြံမှာ ပေါက်ဖွားပျံ့နှံ့သွားပါတယ်… ။ မှိုစွဲကပ်ခံရတဲ့ အပင်တွေအားလုံး ညှိုးနွမ်းကုန်ပြီး ရေဓါတ်ခန်းခြောက်ကာ သေကုန်ကြပါသည်… ။ အပင်တွေ တစ်ဖြုတ်ဖြုတ်နဲ့ သေကုန်ကြတာ တစ်လအတွင်းမှာပဲ တစ်ခြံလုံး ထင်းဖြစ်သွားပါ တယ်… ။

ခြံပိုင်ရှင်လည်း စိတ်ပျက် လက်ပျက်နဲ့ ဒီအတိုင်း ပစ်ထားပြီး မြို့ပေါ်တက် သွားပါတယ်။ မိုးဦးဝင်တော့ ခြံရှင်ပြန် လာကြည့်တယ်… အံ့သြစွာနဲ့ အပင်တစ်ပင်တည်း ရှင်သန်ပြီး အရွက်တွေနဲ့ စိမ်းစိုနေ ပါတယ်… ။

ခြံရှင်လည်း သေချာ အနီးကပ် ကြည့်လိုက်တော့မှ သံဆူးကြိုးတွေ မြုပ်ဝင်နေတဲ့အပင် ဖြစ်နေပါတယ်… ။ နားလည်တဲ့ သူကို ခေါ်ပြီးမေးကြည့်တော့မှ…

ဒီအပင် ရှင်သန်နေတာဟာ သံဆူးကြိုးတွေကြောင့်လို့ သိရတယ်… ။ သံဆူးကြိုးတွေ မြုပ်ဝင်သွားတော့ အပင်က သူ့ရဲ့ ကိုယ်ခံအားတွေ အလိုလို ထွက်လာပြီး တွန်းလှန်ပါတယ်… ။

ပြင်ပက ဝင်လာတဲ့အရာတွေကို တွန်းလှန် နေရတော့ သူ့အလိုလို anti virus တွေ ထွက်လာပြီး မှိုရောဂါကို တိုက်ဖျက်သွားခြင်း ဖြစ်ပါတယ်… ။

သူ့ကိုဒဏ်ရာရစေတဲ့ သံဆူးကြိုးတွေကြောင့် ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လောကကြီးကလည်း ဒီလိုပါပဲ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ လူမှန်သမျှဟာ အကျိုးအကြောင်း မရှိပဲ ဗြုန်းကနဲ မိုးပေါ်က ကျလာတာ မဟုတ်ပါ… ။

ပါရမီဖြည့်ဖက်များသာ ဖြစ်ကြပါသည်… ။ သင့်ပတ်ဝန်းကျင်မှာ ချစ်သူမုန်းသူတွေ ရှိမယ် သင့်ကို ချစ်တဲ့သူဟာ သင့်ဘဝကို သာယာစေမယ် သင်က ချစ်တဲ့သူဟာ သင့်ကိုပေးဆပ်ခြင်းအကြောင်း နားလည်စေမယ်…

သင့်ကို မုန်းတဲ့သူဟာ သင့်ကို သည်းခံခြင်း ခွင့်လွှတ်ခြင်း အကြောင်း ခံစားစေမယ်… သင်ကမုန်းတဲ့သူ ကတော့ သင့်ကို ရှင်သန်ဖို့ခက်တဲ့ ပတ်ဝန်းကျင်မှာ ကြီးထွားလာအောင် ခွန်အားတွေပေးမယ် .ပုံပြင်ထဲက သနပ်ခါးပင် အတိုင်းပေါ့ ။

သံဆူးကြိုးဒဏ်ကို နာကျင်အောင် ခံရပေမယ့် အဲ့ဒီဒဏ်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရင်တော့ ရှင်သန်ခြင်း ကြီးထွားခြင်းတွေကို ခံစား စံစားရမှာပါ… ။ “အနာခံမှ အသာစံရ” ဆိုတဲ့ စကားပုံလိုပေါ့… #Credit

Be the first to comment

Leave a Reply

Your email address will not be published.


*