စိတ္ဓာတ္က်စရာ ျပႆနာဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္…

စိတ္ဓာတ္က်စရာ ျပႆနာဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္...
စိတ္ဓာတ္က်စရာ ျပႆနာဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္...

စိတ္ဓာတ္က်စရာ ျပႆနာဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္…

ဒီေန႔ေတာ့စမယ့္ ဒုကၡႀကဳံတိုင္း ကုသိုလ္တစ္ခုလုပ္ပါဆိုတဲ့ ဒီ Post ေလးကို စာေပခ်စ္သူေတြ အက်ိဳးရွိမယ္ထင္လို႔ အရွင္ဇဝန accountမွ ေပးပို႔လာတဲ့ ဒီစာေလးကို ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ေနာ္…

တစ္ေန႔ ေသာအခါ ဆရာေတာ္ ဦးဗုဓ္၏ မယ္ေတာ္ႀကီးသည္ မိမိ ေနအိမ္ မီးေလာင္သြားေသာ ေၾကာင့္သာ ဦးဇင္းထံသို႔ ေျပးလာပါတယ္။ သူ႔ခဗ်ာ မုဆိုးမႀကီး ဆိုေတာ့ အားကိုးလဲ မရွိရွာပါဘူး။ အဲဒိအတြက္ သားဦးဇင္းထံ အားကိုးတႀကီး နဲ႔ ေျပးလာတာပါ ။

အဲဒိ အခ်ိန္မွာ ဆရာေတာ္ ဦးဗုဓ္က မင္းကိုးကြယ္တဲ့ ဆရာေတာ္ ျဖစ္ေနပါၿပီ။ မယ္ေတာ္ႀကီး အတြက္ေနစရာ အိမ္တစ္လုံးေတာ့ ေကာင္းေကာင္း ဖန္တီးေပးႏိုင္စြမ္း ရွိပါတယ္။

ဘုရင္ကိုယ္တိုင္က အလြန္ၾကည္ညိဳတဲ့ ဆရာေတာ္ျဖစ္တဲ့အတြက္ လာဘ္လာဘ ေပါမ်ားမယ္ဆိုတာ ယုံမွားဖြယ္ မရွိပါဘူး။ ဒါယကာေတြကို မယ္ေတာ့္အိမ္ မီးထဲပါသြားတယ္လို႔ ေျပာလိုက္တာနဲ႔ ကိစၥၿပီးႏိုင္ပါတယ္။ ဒါေပမယ့္ ဆရာေတာ္ဦးဗုဓ္က မယ္ေတာ္ႀကီး လာတဲ့အခါမွာ ဘာေမးလဲဆိုေတာ့…

ခု… မယ္ေတာ္ႀကီးအိမ္ မီးထဲပါသြားၿပီ ဘာေတြက်န္ေသးလဲ လို႔ေမးပါတယ္… ။ ဒီအခါမွာ မယ္ေတာ္ႀကီးက အားကိုးတႀကီးနဲ႔ တပည့္ေတာ္မမွာ အခုဝတ္ထားတဲ့ အဝတ္နဲ႔ ပခုံးေပၚက ဒီတဘက္တစ္ထည္ပဲ က်န္ပါေတာ့ တယ္ဘုရား…လို႔ ေလွ်ာက္လိုက္ပါတယ္… ။

ဆရာေတာ္ဦးဗုဓ္က မယ္ေတာ္ႀကီးေရွ႕ကျပဳခဲ့တဲ့ အကုသိုလ္ေတြေၾကာင့္ ခုလိုဒုကၡေတြ ေရာက္ရတာ။ ဒါေၾကာင့္ ကုသိုလ္ျပဳပါဆိုၿပီး ပုခုံးေပၚက တဘက္ေလးကို အလႉခံ လိုက္ပါတယ္… ။

ဆရာေတာ္ဘုရားဟာ ပညာရွိျဖစ္သည့္အားေလွ်ာ္စြာ ျပဳမူေဆာင္႐ြက္ခဲ့တာပါ… ။ ဒါေၾကာင့္ ဆရာေတာ္ အျပဳမူဟာ ေနာက္လူေတြအတြက္ လမ္းျပသြားတာ မွတ္သားစရာပါ… ။

ဦးဇင္းတို႔ေတြဟာ တစ္ခါတစ္ေလမွာ ေကာင္းတာေတြလဲ လုပ္ပါလွ်က္ မွန္မွန္ကန္ကန္လဲ လုပ္ပါလွ်က္ ဒုကၡေတြႀကဳံေတြ႕ရရင္ ဒါေရွ႕အကုသိုလ္ အက်ိဳးေပးလာၿပီလို႔ သိရပါမယ္… ။

အဲဒါမ်ိဳးအခ်ိန္ၾကရင္ ကုသိုလ္ တစ္ခုခုကို ျပဳလိုက္ပါ။ ဒါဆိုရင္ လက္ရွိအက်ိဳးေပးေနတဲ့ အကုသိုလ္ေတြ အနည္းငယ္ေတာ့ အားေပ်ာ့ သြားပါလိမ့္မယ္။ ေတာ္႐ုံ အကုသိုလ္ဆိုရင္ေတာ့ ေပ်ာက္ကြယ္ သြားပါလိမ့္မယ္ သူေတာ္ေကာင္းတို႔ … ။ တစ္ခ်ိဳ႕ဆိုရင္ အကုသိုလ္ေတြ လုပ္ေနၿပီး ေအာင္ျမင္ေနတာ ေတြ႕ရတတ္ပါတယ္… ။ ဒါဟာေရွ႕က သူျပဳခဲ့တဲ့ ကုသိုလ္ေတြ ရွိေနလို႔ပါ… ။

ဥပမာ ခု… လက္ရွိ အကုသိုလ္လုပ္ေနၿပီး လမ္းမွာ လက္စြပ္တစ္ကြင္း ေကာက္ရတယ္ ဆိုပါစို႔။ ဒါဆိုရင္ အဲဒိလူဟာ ေရွ႕ ကုသိုလ္ေၾကာင့္ လက္စြပ္ထက္ အဖိုးႀကီးတဲ့ အရာတစ္ခု ရႏိုင္ပင္မဲ့ လက္ရွိ အကုသိုလ္ေတြေၾကာင့္ လက္စြပ္ပဲ ရေတာ့တာပါ။

ကုသိုလ္ေတြ ျပဳၿပီး လမ္းမွာဆိုင္ကယ္တိုက္မိလို႔ ေပါင္က်ိဳးသြားတယ္ ဆိုပါစို႔… ဒါဆိုရင္ ဒိလူရဲ႕ ေရွ႕ အကုသိုလ္ကံက ေသႏိူင္ေလာက္တဲ့အထိ အက်ိဳး ေပးမွာ ျဖစ္ပင္မဲ့ လက္ရွိကုသိုလ္ေၾကာင့္ ေပါင္က်ိဳး႐ုံပဲ ျဖစ္သြားတာလို႔ မွတ္သားရပါမယ္။

ဒါေၾကာင့္ စိတ္ညစ္စရာ ျပႆနာေတြ ဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္တစ္ခုခု အၿမဲျပဳပါ။ ေကာင္းတာလုပ္ပါလ်က္ ေကာင္းတာ မျဖစ္ဘူးဆိုၿပီး ဘယ္ေတာ့မွ အားမငယ္ပါနဲ႔ …

ေရွ႕ဘဝက ဘယ္ေလာက္တာင္ အကုသိုလ္ေတြ ျပဳထားမိမွန္း ကိုယ္မွ မသိႏိုင္တာ… ။ အကယ္၍သာ ကုသိုလ္ ထပ္မျပဳရင္ အကုသိုလ္ေတြ အက်ိဳးေပးခ်င္တိုင္း ေပခြင့္ ရသြားပါလိမ့္မယ္။

ကုသိုလ္ေလး ခံလိုက္ေတာ့ အကုသိုလ္က ဝင္ခ်င္တိုင္း ဝင္မရေတာ့ဘူးေပါ့ ။ ဒါေၾကာင့္ ကုသိုလ္ျပဳဖို႔ မေမ့ၾကပါနဲ႔ ။ မိမိကုသိုလ္ေတြ ျပဳပါလွ်က္နဲ႔ အကုသိုလ္ေတြႀကဳံခဲ့ရင္လဲ ကုသိုလ္သာျပဳရတာ တကယ္လဲ အက်ိဳး မေပးပါဘူး… ။

မထူးပါဘူးလို႔… ကုသိုလ္အေပၚ ယုံမွားသံသယ လုံးဝ မရွိပါနဲ႔လို႔ ေျပာၾကားတိုက္တြန္းလိုပါတယ္… သူေတာ္ေကာင္း အေပါင္းတို႔… ။ အရွင္သူရိယ#credit

Unicode

စိတ်ဓာတ်ကျစရာ ပြဿနာဒုက္ခတွေ ကြုံတွေ့လာတိုင်း ကုသိုလ်တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည်…

ဒီနေ့တော့စမယ့် ဒုက္ခကြုံတိုင်း ကုသိုလ်တစ်ခုလုပ်ပါဆိုတဲ့ ဒီ Post လေးကို စာပေချစ်သူတွေ အကျိုးရှိမယ်ထင်လို့ အရှင်ဇဝန accountမှ ပေးပို့လာတဲ့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်…

တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ်၏ မယ်တော်ကြီးသည် မိမိ နေအိမ် မီးလောင်သွားသော ကြောင့်သာ ဦးဇင်းထံသို့ ပြေးလာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိရှာပါဘူး။ အဲဒိအတွက် သားဦးဇင်းထံ အားကိုးတကြီး နဲ့ ပြေးလာတာပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ်က မင်းကိုးကွယ်တဲ့ ဆရာတော် ဖြစ်နေပါပြီ။ မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။

ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော်ဖြစ်တဲ့အတွက် လာဘ်လာဘ ပေါများမယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ဒါယကာတွေကို မယ်တော့်အိမ် မီးထဲပါသွားတယ်လို့ ပြောလိုက်တာနဲ့ ကိစ္စပြီးနိုင်ပါတယ်။ ဒါပေမယ့် ဆရာတော်ဦးဗုဓ်က မယ်တော်ကြီး လာတဲ့အခါမှာ ဘာမေးလဲဆိုတော့…

ခု… မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ ဘာတွေကျန်သေးလဲ လို့မေးပါတယ်… ။ ဒီအခါမှာ မယ်တော်ကြီးက အားကိုးတကြီးနဲ့ တပည့်တော်မမှာ အခုဝတ်ထားတဲ့ အဝတ်နဲ့ ပခုံးပေါ်က ဒီတဘက်တစ်ထည်ပဲ ကျန်ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက်ပါတယ်… ။

ဆရာတော်ဦးဗုဓ်က မယ်တော်ကြီးရှေ့ကပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလိုဒုက္ခတွေ ရောက်ရတာ။ ဒါကြောင့် ကုသိုလ်ပြုပါဆိုပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်… ။

ဆရာတော်ဘုရားဟာ ပညာရှိဖြစ်သည့်အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ… ။ ဒါကြောင့် ဆရာတော် အပြုမူဟာ နောက်လူတွေအတွက် လမ်းပြသွားတာ မှတ်သားစရာပါ… ။

ဦးဇင်းတို့တွေဟာ တစ်ခါတစ်လေမှာ ကောင်းတာတွေလဲ လုပ်ပါလျှက် မှန်မှန်ကန်ကန်လဲ လုပ်ပါလျှက် ဒုက္ခတွေကြုံတွေ့ရရင် ဒါရှေ့အကုသိုလ် အကျိုးပေးလာပြီလို့ သိရပါမယ်… ။

အဲဒါမျိုးအချိန်ကြရင် ကုသိုလ် တစ်ခုခုကို ပြုလိုက်ပါ။ ဒါဆိုရင် လက်ရှိအကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွားပါလိမ့်မယ်။ တော်ရုံ အကုသိုလ်ဆိုရင်တော့ ပျောက်ကွယ် သွားပါလိမ့်မယ် သူတော်ကောင်းတို့ … ။ တစ်ချို့ဆိုရင် အကုသိုလ်တွေ လုပ်နေပြီး အောင်မြင်နေတာ တွေ့ရတတ်ပါတယ်… ။ ဒါဟာရှေ့က သူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိနေလို့ပါ… ။

ဥပမာ ခု… လက်ရှိ အကုသိုလ်လုပ်နေပြီး လမ်းမှာ လက်စွပ်တစ်ကွင်း ကောက်ရတယ် ဆိုပါစို့။ ဒါဆိုရင် အဲဒိလူဟာ ရှေ့ ကုသိုလ်ကြောင့် လက်စွပ်ထက် အဖိုးကြီးတဲ့ အရာတစ်ခု ရနိုင်ပင်မဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့တာပါ။

ကုသိုလ်တွေ ပြုပြီး လမ်းမှာဆိုင်ကယ်တိုက်မိလို့ ပေါင်ကျိုးသွားတယ် ဆိုပါစို့… ဒါဆိုရင် ဒိလူရဲ့ ရှေ့ အကုသိုလ်ကံက သေနိူင်လောက်တဲ့အထိ အကျိုး ပေးမှာ ဖြစ်ပင်မဲ့ လက်ရှိကုသိုလ်ကြောင့် ပေါင်ကျိုးရုံပဲ ဖြစ်သွားတာလို့ မှတ်သားရပါမယ်။

ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေ ကြုံတွေ့လာတိုင်း ကုသိုလ်တစ်ခုခု အမြဲပြုပါ။ ကောင်းတာလုပ်ပါလျက် ကောင်းတာ မဖြစ်ဘူးဆိုပြီး ဘယ်တော့မှ အားမငယ်ပါနဲ့ …

ရှေ့ဘဝက ဘယ်လောက်တာင် အကုသိုလ်တွေ ပြုထားမိမှန်း ကိုယ်မှ မသိနိုင်တာ… ။ အကယ်၍သာ ကုသိုလ် ထပ်မပြုရင် အကုသိုလ်တွေ အကျိုးပေးချင်တိုင်း ပေခွင့် ရသွားပါလိမ့်မယ်။

ကုသိုလ်လေး ခံလိုက်တော့ အကုသိုလ်က ဝင်ချင်တိုင်း ဝင်မရတော့ဘူးပေါ့ ။ ဒါကြောင့် ကုသိုလ်ပြုဖို့ မမေ့ကြပါနဲ့ ။ မိမိကုသိုလ်တွေ ပြုပါလျှက်နဲ့ အကုသိုလ်တွေကြုံခဲ့ရင်လဲ ကုသိုလ်သာပြုရတာ တကယ်လဲ အကျိုး မပေးပါဘူး… ။

မထူးပါဘူးလို့… ကုသိုလ်အပေါ် ယုံမှားသံသယ လုံးဝ မရှိပါနဲ့လို့ ပြောကြားတိုက်တွန်းလိုပါတယ်… သူတော်ကောင်း အပေါင်းတို့… ။ အရှင်သူရိယ#credit

Be the first to comment

Leave a Reply

Your email address will not be published.


*