မိမိကိုယ္ကို ယုံၾကည္မႈ မဲ့ေစ ခံံတြင္းအနံ႔ မေကာင္းသူမ်ား အနံ႕ဆုိး ေပ်ာက္ခ်င္ရင္

မိမိကိုယ္ကို ယုံၾကည္မႈ မဲ့ေစ ခံံတြင္းအနံ႔ မေကာင္းသူမ်ား အနံ႕ဆုိး ေပ်ာက္ခ်င္ရင္
မိမိကိုယ္ကို ယုံၾကည္မႈ မဲ့ေစ ခံံတြင္းအနံ႔ မေကာင္းသူမ်ား အနံ႕ဆုိး ေပ်ာက္ခ်င္ရင္

မိမိကိုယ္ကို ယုံၾကည္မႈ မဲ့ေစ ခံံတြင္းအနံ႔ မေကာင္းသူမ်ား အနံ႕ဆုိး ေပ်ာက္ခ်င္ရင္

ခံတြင္းပုတ္ အနံ႔သည္ လူတေယာက္အတြက္ မိမိကိုယ္ကို ယုံၾကည္မႈ မဲ့ေစပါသည္။ ခံံတြင္းအနံ႔ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာ ဆိုရာတြင္ မိမိ၏ ပါးစပ္မွ အနံ႔ေၾကာင့္ သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလို မိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္…။

ကြၽန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါအခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္… ။ ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ကာ၍ စကားေျပာေနပါသည္… ။

ထို႔ေၾကာင့္ အနီးသို႔ သြားေရာက္ ေလွ်ာက္ထားေသာအခါ ရဟန္းမွ မိမိ၏ ခံတြင္းနံ႔ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ ကာ၍ စကားေျပာသည္ဟု မိန႔္ပါသည္။

အဘယ္ေၾကာင့္ ျဖစ္ပါသလဲဟု ေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္းေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာအျဖစ္ မိန႔္ပါသည္… ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ႔အား အနံ႔ ရေနပါသည္…

ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအား ေခၚယူ၍ သံပုရာသီးႏွစ္လုံး ယူခဲ့ေစပါသည္…။

ေဖာ္စပ္နည္းမွာ… (၁) သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္… ။

(၂) ပိုင္းထားေသာ သံပုရာသီးအား အရည္ညႇစ္ ရပါမည္… ဖန္ခြက္တြင္ထည့္ထားပါ… ။

(၃) အရည္ညႇစ္ထားေသာ သံံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္… ။

(၄) ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္ မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္… ။

(၅) ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာျခမ္းအား မီးက်ီးခဲရဲရဲတြင္ မီးဖုတ္ရပါမည္… ။

(၆) သံပုရာသီးအေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔ နီရဲလာပါက ဆားက်က္၍ ညႇပ္ျဖင့္ဆယ္ယူကာ အေအးခံထားပါ… မီးေသြးခဲကဲ့သို႔ ျဖစ္ပါသည္… ။

(၇) ၎သံပုရာ ဆားမီးဖုတ္အား စကၠဴအထူတ႐ြက္အတြင္း ထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္… ။

(၈) အမႈန႔္ ျဖစ္သြားေသာ သံပုရာ-ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ၍ သမထားပါ… ။

မနက္တႀကိမ္ ေန႔လည္တႀကိမ္ ညေနတႀကိမ္ လကၻရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ပါသည္… တပတ္ေက်ာ္လ်င္ အနံ႔ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္… ။

ေနာက္၁၀ ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ေရာက္ေသာအခါ ေပ်ာ္႐ႊင္ယုံၾကည္စြာ စကားေျပာဆိုေနေသာ ရဟန္းႏွင့္ ဆုံရပါေတာ့သည္… ။ သင္ဆိုလွ်င္လည္း ကိုယ္တိုင္ ကုသႏိုင္ပါသည္… ။Creditမိုးနတ္သား

Unicode

မိမိကိုယ်ကို ယုံကြည်မှု မဲ့စေ ခံံတွင်းအနံ့ မကောင်းသူများ အနံ့ဆိုး ပျောက်ချင်ရင်

ခံတွင်းပုတ် အနံ့သည် လူတယောက်အတွက် မိမိကိုယ်ကို ယုံကြည်မှု မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြော ဆိုရာတွင် မိမိ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည်…။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါအခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်… ။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်… ။

ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့် ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။

အဘယ်ကြောင့် ဖြစ်ပါသလဲဟု လျောက်သောအခါ အရင်က သူများအတင်းပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာအဖြစ် မိန့်ပါသည်… ။ ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ့အား အနံ့ ရနေပါသည်…

ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအား ခေါ်ယူ၍ သံပုရာသီးနှစ်လုံး ယူခဲ့စေပါသည်…။

ဖော်စပ်နည်းမှာ… (၁) သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်… ။

(၂) ပိုင်းထားသော သံပုရာသီးအား အရည်ညှစ် ရပါမည်… ဖန်ခွက်တွင်ထည့်ထားပါ… ။

(၃) အရည်ညှစ်ထားသော သံံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်… ။

(၄) ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်… ။

(၅) ထိုနောက် ဆားသိပ်ထားသော သံပုရာခြမ်းအား မီးကျီးခဲရဲရဲတွင် မီးဖုတ်ရပါမည်… ။

(၆) သံပုရာသီးအရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေးခံထားပါ… မီးသွေးခဲကဲ့သို့ ဖြစ်ပါသည်… ။

(၇) ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူအထူတရွက်အတွင်း ထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်… ။

(၈) အမှုန့် ဖြစ်သွားသော သံပုရာ-ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ၍ သမထားပါ… ။

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည်… တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်… ။

နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန်ရောက်သောအခါ ပျော်ရွှင်ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည်… ။ သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနိုင်ပါသည်… ။Creditမိုးနတ်သား

Be the first to comment

Leave a Reply

Your email address will not be published.


*