သစ္ဆုိး ၀ါးဆုိးေတြကို နိဳင္နင္းေသာ သစ္မင္း၏အစြမ္း

သစ်ဆိုး ဝါးဆိုးတွေကို နိုင်နင်းသော သစ်မင်း၏အစွမ်း
သစ်ဆိုး ဝါးဆိုးတွေကို နိုင်နင်းသော သစ်မင်း၏အစွမ်း

သစ္ဆုိး ၀ါးဆုိးေတြကို နိဳင္နင္းေသာ သစ္မင္း၏အစြမ္း

သစ္တို႔ရဲ႕ဘုရင္မို႔ ရရွိသူေတြသိမ္းဆည္းၾကပါတယ္… ။ ေတာေတာင္ႀကီးေတြမွာသာ ေပါက္တတ္ၿပီး မေကာင္းတဲ့သစ္ဆိုး၊ သစ္ေတာက္ သစ္မ်က္မ်ားနဲ႔ သစ္ဘီလူး သစ္စုန္းေတြကို ႏိုင္တယ္ယုံလို႔ ေဆာင္ထားတတ္ၾကပါတယ္… ။

အခ်ိဳ႕လည္း အိမ္မွာစိုက္ပ်ိဳးၾကပါတယ္… ေဆးအသုံးအျဖစ္ ဗိုက္ေအာင့္ဗိုက္နာ ေလထိုးေလေအာင့္ျဖစ္ပါက နႏြင္းမႈန႔္ ဆား သစ္မင္းေခါက္ကို ေသြးလိမ္းေပးပါက သက္သာေပ်ာက္ကင္းပါသည္… ။ အခ်ိဳ႕အနာျပည္တည္ေရာင္ရမ္းေနပါက သစ္မင္း႐ြက္ကို ထုေခ်ၿပီးအုံျခင္းျပဳပါက အျမန္ပင္ျပည္ထြက္ၿပီး အသားႏုတက္ပါသည္… ။

သစ္မင္း ဘယ္လိုအသုံးျပဳတာလဲ ဆိုတာကို မဟာၿမိဳင္ေတာ၊ ပလႅင္ေတာင္က ဘရေသရွင္ပညာဒီပကို ေမးေလ်ာက္မိေတာ့.. ဒကာတဲ့ ဒုတၱာေရထဲဆား အနည္းငယ္ထည့္ၿပီး သစ္မင္းကို ၁နာရီစိမ္ၿပီးမွ သုံးရင္ ပိုအစြမ္းထက္တယ္လို႔မိန႔္ ပါတယ္…

ဒုတၱာေရနဲ႔စိမ္ၿပီးတဲ့ သစ္မင္းကို ေက်ာက္ပ်ဥ္မွာ ေရက်ဲက်ဲနဲ႔ မ်ားမ်ားေလးေသြးၿပီး သစ္နဲ႔ပတ္သက္တဲ့ လူအသုံးအေဆာင္၊ အိမ္၊ အေဆာက္အဦေတြကိုမၾကာခဏ ပက္ဖ်န္းျခင္းျပဳ ၾကတယ္ဆိုတာကိုမိန႔္ပါတယ္… ။ ယုံသူတို႔ လိုသလို ေဆာင္႐ြက္ႏိုင္ေစဖို႔ ေမတၱာရည္ကာ တင္ျပလိုက္ပါတယ္… ။

ဂုဏ္ေတာ္(၉)ပါး ႐ြတ္ၿပီး ေသြးပါက ပိုစြမ္းပါေၾကာင္း… မေနာမယဂ်ာနယ္မွာ သစ္တို႔အရွင္သစ္မင္းသခင္ စာမူေရးခဲ့ၿပီးျဖစ္ပါတယ္ ….ရဲမ်ိဳးသူ ေဗာဓိၿမိဳင္

သစ္‌ဆိုး ဝါးဆိုး‌ေတြကို ႏိုင္‌နင္းတယ္‌လို႔ ဆိုပါတယ္‌… ။ အိမ္‌‌ေတြမွာ သစ္‌ဆိုတာ မပါမျဖစ္‌ပါ… ။ သစ္‌ဝါး‌ေတြဆိုတာကလည္း ‌ေတာမွာ‌ေပါက္‌ၾကတယ္‌… ။

အခ်ိဳ႕သစ္‌ဝါး‌ေတြက အႏၲရာယ္‌ျဖစ္‌‌ေစတတ္‌တဲ့ ကမၼစိဒၶိရွင္‌‌ေတြရဲ႕ အရိပ္‌အ‌ေငြ႕‌ေတြ ပါလာတတ္‌ၾကပါတယ္‌… ။ အဲလိုသစ္‌ဝါးမ်ိဳးနဲ႔ ‌ေဆာက္‌မိရင္‌ အဲဒီအိမ္‌မွာ‌ ေနၾကသူမ်ားအတြက္‌ မ‌ေကာင္း‌ေတာ့ပါဘူး။ ျပႆနာျဖစ္‌တာ မ်ားလာပါတယ္‌။ သတိျပဳမိရင္‌ ညည‌ေတာက္‌‌ေခါက္‌သံလိုမ်ိဳး ၾကာရတတ္‌ပါတယ္‌။ ဒါကတကယ္‌ပါ လက္‌သမား‌ေတြ သိၾကပါတယ္‌… ။

ကဲ… ဒီအခါဘယ္‌သစ္‌ဝါးက မ‌ေကာင္းဆိုးဝါးသ‌ေဘာပါ‌ေနတာလဲ… ။ ဘယ္‌လိုသိမလဲ သစ္‌‌ေျခာက္‌လို႔လည္း‌ ေခၚတယ္‌‌… အဲလို‌ေတာက္‌ေခါက္‌တဲ့ သစ္‌ဝါးဆိုရင္‌‌ေလ… ဘယ္‌‌ေနရာမွာ သုံးမိမွန္း မသိ‌ေတာ့ ဘယ္‌လိုဖယ္‌မလဲ… ။

‌ေနရာသိရင္‌‌ေတာင္‌ ပရိ‌ေဘာဂကို ဖ်က္‌ဆီးၿပီးအသစ္‌လုပ္‌ရမွာ‌ေနာ္‌… ။ အဲလိုဆို ကုန္‌က်စားရိတ္‌‌ေတြ မ်ား‌ေတာ့မယ္‌… ။ အသစ္‌လုပ္‌ရင္‌‌ေတာင္‌ သစ္‌ဝါးအပိုင္းတင္‌မၿပီးဘူး။ တိုက္‌‌ေတြဆိုရင္‌ ပန္းရံကိစၥ‌ေတြ ဒက္‌ခ‌ေရးရွင္းအပိုင္း‌ေတြထိ ျပန္‌ကုန္‌ရ‌ေတာ့မယ္‌… ။ သစ္‌‌ေျခာက္‌ကိုႏိုင္‌တာ အခုပုံပါ သစ္‌မင္းပါပဲ။ ‌ေတာက္‌‌ေခါက္‌သံၾကားရတဲ့‌ ေနရာမွာ သစ္‌မင္းကို သပ္‌သ‌ေဘာမ်ိဳး ႐ိုက္‌လိုက္‌ရင္‌ ၿပီးပါတယ္‌။

အကယ္‌လို႔ ‌ေသခ်ာခ်င္‌ရင္‌ ‌ေတာက္‌‌ေခါက္‌သံၾကားၾကား မၾကားၾကား အိမ္‌ရဲ႕ ‌ေလးဖက္‌‌ေလးတန္‌မွာ သစ္‌မင္း အသားစ‌ေလး‌ေတြကို သပ္‌႐ိုက္‌ခဲ့ရင္‌ ရပါတယ္‌။‌ ေတာက္‌‌ေခါက္‌သံဆိုလို႔ လူ‌ေတာက္‌‌ေခါက္‌သလိုမ်ိဳး မဟုတ္‌ဘူး‌ေနာ္‌… ။ အိမ္‌‌ေျမာင္‌စုတ္‌ထိုးသလိုမ်ိဳး သ‌ေဘာဆင္‌ပါတယ္‌… ။

သစ္‌မင္းက အ‌ေခါက္‌ပိုင္းမွာ ပုံပါအတိုင္း ကြင္း‌ခ်ိတ္‌က‌ေလး‌ေတြ ဆက္‌‌ေနပါတယ္‌။ ဒါ‌ေတြက ဘုရား‌ေဟာမဟုတ္‌ပါဘူး… ။ ဘုရား‌ေဟာ မဟုတ္‌လို႔ ငါတို႔‌ေတာ့ ပယ္‌မယ္‌ဆိုသူ‌ေတြအတြက္‌က‌ေတာ့ ရွင္းျပဖို႔မရွိပါဘူး။ သို႔‌ေသာ္‌ ဘုရား‌ေဟာ မဟုတ္‌လို႔ ပယ္‌ၿပီး‌ေတာ့ ‌ေလာကီနယ္‌အတြင္းမွာ‌ ေနၾကသူ‌ေတြ အဖို႔ရာ အလြန္‌တရာမွ အႏၲရာယ္မ်ားလွပါတယ္‌… ။

ဘာျဖစ္‌လို႔လဲဆို‌ေတာ့ သစ္‌‌ေျခာက္‌မွာ အစြဲရွိ‌ေနတဲ့ ကမၼစိဒၶိရွင္‌က မ‌ေကာင္းရာ မ‌ေကာင္း‌ေၾကာင္းလုပ္‌ဖို႔ အိမ္‌ရွင္‌‌ေနရာကို တကယ္‌့အိမ္‌ရွင္ ‌မ‌ေန‌ေသးခင္‌ကတည္းက ဦးသြားလို႔ပါပဲ… ။တစ္‌ခု‌ေတာ့ရွိတာ‌ေပါ့ အျခားသမာဓိ အား‌ေကာင္းသူ သမထသမားျဖစ္‌‌ေစ၊ သမထမလုပ္‌‌ေသာ္‌လည္း ဝိပႆနာသ‌ေဘာ အသိအား‌ေကာင္းသူ တရားရွင္‌ျဖစ္‌‌ေစ‌ေပါ့ ထိုသူတစ္‌ဦးတစ္‌‌ေယာက္‌ရဲ႕ အရွိန္‌အဝါ‌ေၾကာင္‌့လည္း သစ္‌‌ေျခာက္‌မွာစြဲ‌ေနတဲ့ ကမၼစိဒၶိသ‌ေဘာကို ဖ်က္‌စီးႏိုင္‌ပါတယ္‌။

ဒါမ်ိဳးကလည္း ႀကဳံဦးမွ‌ေလ… ။ ‌ေသခ်ာတာက‌ေတာ့ ‌ေတာက္‌‌ေခါက္‌သံၾကားၾကား မၾကားၾကား သစ္‌မင္းကို အိမ္‌သစ္‌ အိမ္‌‌ေဟာင္းမ‌ေ႐ြး ညႇပ္‌ထည္‌့‌ေပးလိုက္‌ရင္‌ ရပါၿပီ။

ဒါ့အျပင္ သစ္‌မင္‌းဟာ ပ‌ ေယာဂျဖစ္‌သူကို ျဖစ္‌တဲ့‌ေနရာမွာ ထိ‌ေတြ႕ထားရင္‌ ကာယကံရွင္‌ဟာ သိတတ္‌သူဆိုရင္‌ ခႏၶာကိုယ္‌က‌ေန စူးကနဲ စူးကနဲနဲ႔ ကမၼစိဒၶိစက္‌‌ေတြ အ‌ေႏွးနဲ႔အျမန္‌ ထြက္‌တာကိုသိပါလိမ္‌့မယ္‌။ဒါက‌ေတာ့ ကြၽန္‌‌ေတာ္‌ စမ္းၾကည္‌့ဖူးတာကို‌ ေျပာျပတာပါ… ။ ျဖစ္‌တဲ့‌ေနရာမသိရင္‌ ဦး‌ေခါင္းနဲ႔ ဝမ္းဗိုက္‌‌ေပၚတင္‌ပါတယ္‌။#Credit

Unicode

သစ်ဆိုး ဝါးဆိုးတွေကို နိုင်နင်းသော သစ်မင်း၏အစွမ်း

သစ်တို့ရဲ့ဘုရင်မို့ ရရှိသူတွေသိမ်းဆည်းကြပါတယ်… ။ တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး မကောင်းတဲ့သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး သစ်စုန်းတွေကို နိုင်တယ်ယုံလို့ ဆောင်ထားတတ်ကြပါတယ်… ။

အချို့လည်း အိမ်မှာစိုက်ပျိုးကြပါတယ်… ဆေးအသုံးအဖြစ် ဗိုက်အောင့်ဗိုက်နာ လေထိုးလေအောင့်ဖြစ်ပါက နနွင်းမှုန့် ဆား သစ်မင်းခေါက်ကို သွေးလိမ်းပေးပါက သက်သာပျောက်ကင်းပါသည်… ။ အချို့အနာပြည်တည်ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီးအုံခြင်းပြုပါက အမြန်ပင်ပြည်ထွက်ပြီး အသားနုတက်ပါသည်… ။

သစ်မင်း ဘယ်လိုအသုံးပြုတာလဲ ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေရှင်ပညာဒီပကို မေးလျောက်မိတော့.. ဒကာတဲ့ ဒုတ္တာရေထဲဆား အနည်းငယ်ထည့်ပြီး သစ်မင်းကို ၁နာရီစိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ်လို့မိန့် ပါတယ်…

ဒုတ္တာရေနဲ့စိမ်ပြီးတဲ့ သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲနဲ့ များများလေးသွေးပြီး သစ်နဲ့ပတ်သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊ အဆောက်အဦတွေကိုမကြာခဏ ပက်ဖျန်းခြင်းပြု ကြတယ်ဆိုတာကိုမိန့်ပါတယ်… ။ ယုံသူတို့ လိုသလို ဆောင်ရွက်နိုင်စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်… ။

ဂုဏ်တော်(၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း… မနောမယဂျာနယ်မှာ သစ်တို့အရှင်သစ်မင်းသခင် စာမူရေးခဲ့ပြီးဖြစ်ပါတယ် ….ရဲမျိုးသူ ဗောဓိမြိုင်

သစ်‌ဆိုး ဝါးဆိုး‌တွေကို နိုင်‌နင်းတယ်‌လို့ ဆိုပါတယ်‌… ။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ… ။ သစ်‌ဝါး‌တွေဆိုတာကလည်း ‌တောမှာ‌ပေါက်‌ကြတယ်‌… ။

အချို့သစ်‌ဝါး‌တွေက အန္တရာယ်‌ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့ အရိပ်‌အ‌ငွေ့‌တွေ ပါလာတတ်‌ကြပါတယ်‌… ။ အဲလိုသစ်‌ဝါးမျိုးနဲ့ ‌ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌ နေကြသူများအတွက်‌ မ‌ကောင်း‌တော့ပါဘူး။ ပြဿနာဖြစ်‌တာ များလာပါတယ်‌။ သတိပြုမိရင်‌ ညည‌တောက်‌‌ခေါက်‌သံလိုမျိုး ကြာရတတ်‌ပါတယ်‌။ ဒါကတကယ်‌ပါ လက်‌သမား‌တွေ သိကြပါတယ်‌… ။

ကဲ… ဒီအခါဘယ်‌သစ်‌ဝါးက မ‌ကောင်းဆိုးဝါးသ‌ဘောပါ‌နေတာလဲ… ။ ဘယ်‌လိုသိမလဲ သစ်‌‌ခြောက်‌လို့လည်း‌ ခေါ်တယ်‌‌… အဲလို‌တောက်‌ခေါက်‌တဲ့ သစ်‌ဝါးဆိုရင်‌‌လေ… ဘယ်‌‌နေရာမှာ သုံးမိမှန်း မသိ‌တော့ ဘယ်‌လိုဖယ်‌မလဲ… ။

‌နေရာသိရင်‌‌တောင်‌ ပရိ‌ဘောဂကို ဖျက်‌ဆီးပြီးအသစ်‌လုပ်‌ရမှာ‌နော်‌… ။ အဲလိုဆို ကုန်‌ကျစားရိတ်‌‌တွေ များ‌တော့မယ်‌… ။ အသစ်‌လုပ်‌ရင်‌‌တောင်‌ သစ်‌ဝါးအပိုင်းတင်‌မပြီးဘူး။ တိုက်‌‌တွေဆိုရင်‌ ပန်းရံကိစ္စ‌တွေ ဒက်‌ခ‌ရေးရှင်းအပိုင်း‌တွေထိ ပြန်‌ကုန်‌ရ‌တော့မယ်‌… ။ သစ်‌‌ခြောက်‌ကိုနိုင်‌တာ အခုပုံပါ သစ်‌မင်းပါပဲ။ ‌တောက်‌‌ခေါက်‌သံကြားရတဲ့‌ နေရာမှာ သစ်‌မင်းကို သပ်‌သ‌ဘောမျိုး ရိုက်‌လိုက်‌ရင်‌ ပြီးပါတယ်‌။

အကယ်‌လို့ ‌သေချာချင်‌ရင်‌ ‌တောက်‌‌ခေါက်‌သံကြားကြား မကြားကြား အိမ်‌ရဲ့ ‌လေးဖက်‌‌လေးတန်‌မှာ သစ်‌မင်း အသားစ‌လေး‌တွေကို သပ်‌ရိုက်‌ခဲ့ရင်‌ ရပါတယ်‌။‌ တောက်‌‌ခေါက်‌သံဆိုလို့ လူ‌တောက်‌‌ခေါက်‌သလိုမျိုး မဟုတ်‌ဘူး‌နော်‌… ။ အိမ်‌‌မြောင်‌စုတ်‌ထိုးသလိုမျိုး သ‌ဘောဆင်‌ပါတယ်‌… ။

သစ်‌မင်းက အ‌ခေါက်‌ပိုင်းမှာ ပုံပါအတိုင်း ကွင်း‌ချိတ်‌က‌လေး‌တွေ ဆက်‌‌နေပါတယ်‌။ ဒါ‌တွေက ဘုရား‌ဟောမဟုတ်‌ပါဘူး… ။ ဘုရား‌ဟော မဟုတ်‌လို့ ငါတို့‌တော့ ပယ်‌မယ်‌ဆိုသူ‌တွေအတွက်‌က‌တော့ ရှင်းပြဖို့မရှိပါဘူး။ သို့‌သော်‌ ဘုရား‌ဟော မဟုတ်‌လို့ ပယ်‌ပြီး‌တော့ ‌လောကီနယ်‌အတွင်းမှာ‌ နေကြသူ‌တွေ အဖို့ရာ အလွန်‌တရာမှ အန္တရာယ်များလှပါတယ်‌… ။

ဘာဖြစ်‌လို့လဲဆို‌တော့ သစ်‌‌ခြောက်‌မှာ အစွဲရှိ‌နေတဲ့ ကမ္မစိဒ္ဓိရှင်‌က မ‌ကောင်းရာ မ‌ကောင်း‌ကြောင်းလုပ်‌ဖို့ အိမ်‌ရှင်‌‌နေရာကို တကယ်‌့အိမ်‌ရှင် ‌မ‌နေ‌သေးခင်‌ကတည်းက ဦးသွားလို့ပါပဲ… ။တစ်‌ခု‌တော့ရှိတာ‌ပေါ့ အခြားသမာဓိ အား‌ကောင်းသူ သမထသမားဖြစ်‌‌စေ၊ သမထမလုပ်‌‌သော်‌လည်း ဝိပဿနာသ‌ဘော အသိအား‌ကောင်းသူ တရားရှင်‌ဖြစ်‌‌စေ‌ပေါ့ ထိုသူတစ်‌ဦးတစ်‌‌ယောက်‌ရဲ့ အရှိန်‌အဝါ‌ကြောင်‌့လည်း သစ်‌‌ခြောက်‌မှာစွဲ‌နေတဲ့ ကမ္မစိဒ္ဓိသ‌ဘောကို ဖျက်‌စီးနိုင်‌ပါတယ်‌။

ဒါမျိုးကလည်း ကြုံဦးမှ‌လေ… ။ ‌သေချာတာက‌တော့ ‌တောက်‌‌ခေါက်‌သံကြားကြား မကြားကြား သစ်‌မင်းကို အိမ်‌သစ်‌ အိမ်‌‌ဟောင်းမ‌ရွေး ညှပ်‌ထည်‌့‌ပေးလိုက်‌ရင်‌ ရပါပြီ။

ဒါ့အပြင် သစ်‌မင်‌းဟာ ပ‌ ယောဂဖြစ်‌သူကို ဖြစ်‌တဲ့‌နေရာမှာ ထိ‌တွေ့ထားရင်‌ ကာယကံရှင်‌ဟာ သိတတ်‌သူဆိုရင်‌ ခန္ဓာကိုယ်‌က‌နေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်‌‌တွေ အ‌နှေးနဲ့အမြန်‌ ထွက်‌တာကိုသိပါလိမ်‌့မယ်‌။ဒါက‌တော့ ကျွန်‌‌တော်‌ စမ်းကြည်‌့ဖူးတာကို‌ ပြောပြတာပါ… ။ ဖြစ်‌တဲ့‌နေရာမသိရင်‌ ဦး‌ခေါင်းနဲ့ ဝမ်းဗိုက်‌‌ပေါ်တင်‌ပါတယ်‌။#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*