
အမည္ေပါက္မွန္တိုင္းလည္း ဂရန္အစစ္မဟုတ္ပါ…
ေၾကာက္စရာ ေလာကႀကီးပါလား ေလာဘသားေတြ မ်ားလာေလေလ သတိႀကီးႀကီး ထားၾကရေတာ့မွာပါလား…
ကေန႔ အမ်ိဳးသမီးတစ္ေယာက္ ေတာင္ဥကၠလာ သဃၤန္းကြၽန္း ေျမာက္ဥကၠလာ သုံးၿမိဳ႕နယ္က ေျမကြက္ ၇ ကြက္ အတြက္ ဂရန္ ၇ အုပ္ကိုင္ၿပီး ေျမစီမံမႈ လာေလွ်ာက္ပါတယ္…
သက္ဆိုင္ရာ အရာရွိက စစ္ၾကည့္လိုက္တဲ့အခါ ၇ အုပ္လုံး ဂရန္အတုေတြ ျဖစ္ေနပါတယ္… က်ေနာ့္ဆီ လာျပလို႔ ေခၚစစ္လိုက္ေတာ့ ဂရန္ပိုင္ရွင္ေတြဆီက GP အားလုံးယူထားၿပီး အေရာင္းေလွ်ာက္ဖို႔ လာတာလို႔ သိရပါတယ္။
စရံ တစ္ဝက္ေခ် ၿပီးသားပါ တဲ့။ ေျမတန္ဖိုး ႀကီးတဲ့ ၿမိဳ႕ေတြဆိုေတာ့ တစ္ကြက္ကို ေထာင္ဂဏန္းေအာက္ ေလ်ာ့ဖို႔ မရွိပါဘူး ။ တစ္ဝက္ေခ်တယ္ဆိုေတာ့ ၅၀၀ x ၇ = ၃၅၀၀…
အမ်ိဳးသမီး ခမ်ာမွာ အသံေတာင္ မထြက္ႏိုင္ေတာ့ပါဘူး ။ မ်က္ရည္ ေတြေတြ က်လို႔ ။ စခန္းမွာ အမႈ သြားဖြင့္ မယ္ဆိုပါတယ္။ အက်ိဳးေဆာင္ကုမၸဏီ တစ္ခုက ဝန္ထမ္းလဲ ပါလာပါတယ္။
ၿမိဳ႕/ ေျမ ဌာန မွာ ဂရန္ အမည္ေပါက္စစ္တာဟာ အမည္ေပါက္ကိုဘဲ သိရမွာ ျဖစ္ပါတယ္။ ဂရန္ အတု အစစ္ ခြဲျခားေပးလိုက္တာ မဟုတ္ပါဘူး။
ဝယ္မဲ့သူ မ်ား အေနနဲ႔ အမည္ေပါက္စစ္႐ုံနဲ႔ မခိုင္လုံပါဘူး ။ သက္ဆိုင္ရာ ဌာန အရာရွိမ်ားထံမွာ ဂရန္အတု ဟုတ္မဟုတ္ မူရင္း ကိုင္ၿပီး ေမးဖို႔လိုပါတယ္။
ၿမိဳ႕/ အိုး ဂရန္ ဆိုလဲ ၿမိဳ႕/ အိုးမွာ သြားစစ္ဖို႔ လိုပါတယ္။ ခု လာေလွ်ာက္တဲ့ ဂရန္ ၇ အုပ္မွာ ၄အုပ္က ဘဏ္ေခ်းထားတာ ေတြ႕ရပါတယ္။
ပိုင္ရွင္ေတြက ဂရန္ကို ဘဏ္ေခ်းတယ္ ၿပီးေတာ့ အတုလုပ္ၿပီး ေရာင္းတယ္ ။ ဘဏ္က ဂရမ္ကိုလဲ ျပန္ေ႐ြးေတာ့မယ္ မထင္ပါဘူး။
အဲ့ေတာ့ ေျမဝယ္တဲ့အခါ ဂရန္ အတု အစစ္ ဆိုတာကို အေထာက္အထား ခိုင္မခိုင္ ဆိုတာကို သက္ဆိုင္ရာ ဌာန ကြၽမ္းက်င္ဝန္ထမ္းမ်ားထံမွာ (ေကာင္းတာကေတာ့ အရာရွိေတြ ဆီမွာ စစ္တာ ပိုေကာင္းပါတယ္) ေသေသခ်ာခ်ာ စစ္ဖို႔ လိုပါတယ္။
ယခုပို႔စ္က ျပည္သူေတြ ေျမကိစၥ အလိမ္ မခံရေစဖို႔ သတိႀကီးႀကီးထားဖို႔ သတိေပးလိုရင္း ျဖစ္ပါတယ္။Credit : Minaung Lin ျပန္လည္ကူးယူေဖာ္ျပပါသည္။
Unicode
အမည်ပေါက်မှန်တိုင်းလည်း ဂရန်အစစ်မဟုတ်ပါ…
ကြောက်စရာ လောကကြီးပါလား လောဘသားတွေ များလာလေလေ သတိကြီးကြီး ထားကြရတော့မှာပါလား…
ကနေ့ အမျိုးသမီးတစ်ယောက် တောင်ဥက္ကလာ သင်္ဃန်းကျွန်း မြောက်ဥက္ကလာ သုံးမြို့နယ်က မြေကွက် ၇ ကွက် အတွက် ဂရန် ၇ အုပ်ကိုင်ပြီး မြေစီမံမှု လာလျှောက်ပါတယ်…
သက်ဆိုင်ရာ အရာရှိက စစ်ကြည့်လိုက်တဲ့အခါ ၇ အုပ်လုံး ဂရန်အတုတွေ ဖြစ်နေပါတယ်… ကျနော့်ဆီ လာပြလို့ ခေါ်စစ်လိုက်တော့ ဂရန်ပိုင်ရှင်တွေဆီက GP အားလုံးယူထားပြီး အရောင်းလျှောက်ဖို့ လာတာလို့ သိရပါတယ်။
စရံ တစ်ဝက်ချေ ပြီးသားပါ တဲ့။ မြေတန်ဖိုး ကြီးတဲ့ မြို့တွေဆိုတော့ တစ်ကွက်ကို ထောင်ဂဏန်းအောက် လျော့ဖို့ မရှိပါဘူး ။ တစ်ဝက်ချေတယ်ဆိုတော့ ၅၀၀ x ၇ = ၃၅၀၀…
အမျိုးသမီး ခမျာမှာ အသံတောင် မထွက်နိုင်တော့ပါဘူး ။ မျက်ရည် တွေတွေ ကျလို့ ။ စခန်းမှာ အမှု သွားဖွင့် မယ်ဆိုပါတယ်။ အကျိုးဆောင်ကုမ္ပဏီ တစ်ခုက ဝန်ထမ်းလဲ ပါလာပါတယ်။
မြို့/ မြေ ဌာန မှာ ဂရန် အမည်ပေါက်စစ်တာဟာ အမည်ပေါက်ကိုဘဲ သိရမှာ ဖြစ်ပါတယ်။ ဂရန် အတု အစစ် ခွဲခြားပေးလိုက်တာ မဟုတ်ပါဘူး။
ဝယ်မဲ့သူ များ အနေနဲ့ အမည်ပေါက်စစ်ရုံနဲ့ မခိုင်လုံပါဘူး ။ သက်ဆိုင်ရာ ဌာန အရာရှိများထံမှာ ဂရန်အတု ဟုတ်မဟုတ် မူရင်း ကိုင်ပြီး မေးဖို့လိုပါတယ်။
မြို့/ အိုး ဂရန် ဆိုလဲ မြို့/ အိုးမှာ သွားစစ်ဖို့ လိုပါတယ်။ ခု လာလျှောက်တဲ့ ဂရန် ၇ အုပ်မှာ ၄အုပ်က ဘဏ်ချေးထားတာ တွေ့ရပါတယ်။
ပိုင်ရှင်တွေက ဂရန်ကို ဘဏ်ချေးတယ် ပြီးတော့ အတုလုပ်ပြီး ရောင်းတယ် ။ ဘဏ်က ဂရမ်ကိုလဲ ပြန်ရွေးတော့မယ် မထင်ပါဘူး။
အဲ့တော့ မြေဝယ်တဲ့အခါ ဂရန် အတု အစစ် ဆိုတာကို အထောက်အထား ခိုင်မခိုင် ဆိုတာကို သက်ဆိုင်ရာ ဌာန ကျွမ်းကျင်ဝန်ထမ်းများထံမှာ (ကောင်းတာကတော့ အရာရှိတွေ ဆီမှာ စစ်တာ ပိုကောင်းပါတယ်) သေသေချာချာ စစ်ဖို့ လိုပါတယ်။
ယခုပို့စ်က ပြည်သူတွေ မြေကိစ္စ အလိမ် မခံရစေဖို့ သတိကြီးကြီးထားဖို့ သတိပေးလိုရင်း ဖြစ်ပါတယ်။Credit : Minaung Lin ပြန်လည်ကူးယူဖော်ပြပါသည်။
Leave a Reply