အ-ယုံ-လြယ္-တဲ့ ပုဏၰား-နဲ႔ လူ-လိမ္ -(၃) -ေယာက္

အ-ယုံ-လြယ္-တဲ့ ပုဏၰား-နဲ႔ လူ-လိမ္ -(၃) -ေယာက္
အ-ယုံ-လြယ္-တဲ့ ပုဏၰား-နဲ႔ လူ-လိမ္ -(၃) -ေယာက္

အ-ယုံ-လြယ္-တဲ့ ပုဏၰား-နဲ႔ လူ-လိမ္ -(၃) -ေယာက္

တစ္ခါတုန္းက… ေဂါတမ အမည္ရွိေသာ ေတာအုပ္ႀကီးတစ္ခုမွာ ယဇ္ပူေဇာ္မႈရွိတဲ့ ပုဏၰားႀကီး တစ္ေယာက္ ရွိခဲ့ဖူးတယ္…။ တစ္ေန႔ေတာ့ အဲ့ဒီ ပုဏၰားႀကီးဟာ ယဇ္ပူေဇာ္ဖို႔အတြက္ အျခားတစ္႐ြာကို ဆိတ္-အဝယ္ထြက္ခဲ့တယ္… ။ ဆိတ္ႀကီးကိုလည္း ဝယ္ၿပီးေရာ သူဟာ ပုခုံးေပၚတင္ၿပီး သူေနတဲ့ ေတာအုပ္ႀကီးဆီကို- ျပန္လာခဲ့တယ္။ သူျပန္လာတဲ့- လမ္းမွာပဲ သူ႔ကို အရက္သမား -သုံးေယာက္က- ျမင္သြားတယ္။

” ငါတို႔တစ္ေတြ ဒီပုဏၰားႀကီးရဲ႕ ဆိတ္ကို- စားရရင္ သိပ္ေကာင္းမွာပဲ။ အဲ့ဒီလို- စားလို႔ရရင္- တို႔တစ္ေတြရဲ႕ အသိဉာဏ္ေတြ အထြတ္အထိတ္သို႔ ေရာက္ၾကမွာပဲ ” ဆိုၿပီး သုံးေယာက္သား ဆိတ္သားစားရဖို႔အတြက္- အခ်င္းခ်င္း ေခါင္းျခင္း႐ိုက္ၿပီး တိုင္ပင္ ေဆြးေႏြးၾကသတဲ့။

ေဆြးေႏြးၿပီးတာနဲ႔ တၿပိဳင္နက္ သူတို႔ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ကို- အေတာင္ႏွစ္ဆယ္ အကြာအေဝးဆီ သြားၿပီး ပုဏၰားႀကီး လာမယ့္လမ္းမွာရွိတဲ့ သစ္ပင္ႀကီး သုံးပင္ေအာက္မွာ- တစ္ေယာက္ တစ္ပင္စီ ခြဲတမ္းခ်ၿပီး ေစာင့္ဆိုင္းေနၾကတယ္။ ပုဏၰားႀကီးလည္း အနားေရာက္လာေရာ- ပထမဦးဆုံး အရက္သမားက…

” အို.. ပုဏၰားႀကီး ၊ အဘယ့္ေၾကာင့္ သင္သည္ ေခြးႀကီးကို ပုခုံးျဖင့္ ထမ္းပိုးလာအပ္ပါသနည္း ” ဟု လွမ္းၿပီးေျပာဆိုလိုက္တယ္။

ဆိုလိုတာကေတာ့.. ပုဏၰားႀကီးရာ ခင္မ်ားမို႔ အပင္ပန္းခံၿပီး- ေခြးေသႀကီးကိုမ်ား ထမ္းယူလာရတယ္ လို႔ ၊ ေလးပါတယ္ဗ်ာ.. လြတ္ခဲ့လိုက္ပါ လို႔ ဆိုလိုတာေပါ့။ ဒီေတာ့ ပုဏၰားႀကီးကလည္း အရက္သမားကို..

” အို.. အေမာင္လုလင္ ၊ ဤဟာသည္- ေခြးမဟုတ္ပါ ။ ဤဟာသည္- ယဇ္ပူေဇာ္ရန္အတြက္ ဝယ္လာေသာ ဆိတ္ျဖစ္ပါ၏ “ဟု ျပန္ေျပာသတဲ့။ ဒီလိုျပန္ေျပာပီး သူဟာ ဆိတ္ကို တစ္ခ်က္ၾကည့္ၿပီး ေရွ႕ဆက္သြားတယ္…။

ေနာက္ထပ္- အေတာင္ႏွစ္ဆယ္ေရာက္ေတာ့… ဒုတိယ အရက္သမားတစ္ေယာက္ႏွင့္ ထပ္ေတြ႕တယ္…။ ဒီတစ္ေယာက္ကလည္း- ပထမတစ္ေယာက္လိုပဲ ေရွ႕ကေနၿပီး..

” ဗ်ိဳ႕.. ပုဏၰားႀကီး ၊ ခင္ဗ်ားဗ်ာ- အေမာခံၿပီး ေခြးေသႀကီးကိုမ်ား- ပုခုံးေပၚတင္ၿပီး ထမ္းလာရတယ္ လို႔ ခင္ဗ်ား မရွက္ဘူးလား “ဆိုၿပီး လွမ္းေျပာလိုက္ေတာ့ ပုဏၰားႀကီး- ေတြေဝသြားတယ္။

ပထမ တေယာက္ကလည္း- ငါ့ကို ေခြးေသႀကီး ထမ္းလာတယ္လို႔ ေျပာတယ္… ။ အခု ဒီတစ္ေယာက္ကလည္း -ငါ့ကို ေခြးေသႀကီး ထမ္းလာတယ္လို႔ေျပာတယ္။ အင္း.. မဟုတ္ေသးပါဘူး- ဆိုၿပီး သူထမ္းလာတဲ့ ဆိတ္ႀကီးကို ေျမျပင္ေပၚ ပစ္ခ်ၿပီး -ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ၾကည့္ရႈစစ္ေဆးၾကည့္တယ္။

သူတို႔ေျပာတာ ဟုတ္မ်ား ဟုတ္ေနသလား ဆိုတဲ့- သံသယအေတြးေတြနဲ႔ ဆိတ္ႀကီးကို- ပုခုံးေပၚထမ္းၿပီး ေရွ႕ဆက္သြားျပန္တယ္။ ေနာက္ အေတာင္ႏွစ္ဆယ္ေရာက္ေတာ့- ေနာက္ဆုံး တတိယ အရက္သမားတစ္ေယာက္ႏွင့္ ထပ္ေတြ႕ျပန္တယ္။ သူကလည္း- အတူတူပဲ ဆိုေတာ့ ေရွ႕က အရက္သမားႏွစ္ေယာက္ ေျပာသလို..

” အို.. ပုဏၰားႀကီး ၊ အဘယ့္ေၾကာင့္- သင္သည္ ေခြးႀကီးကို ပုခုံးျဖင့္ ထမ္းေဆာင္သြားပါသနည္း ” ဟု လွမ္းၿပီးေျပာလိုက္တယ္။

ထိုစကားကို ပုဏၰားႀကီးက ၾကားၿပီး “ဤအရာသည္ ေခြးျဖစ္၏ “ဟူ၍- ဧကန္မုခ် ဆုံးျဖတ္ခ်က္ခ်ၿပီး ယဇ္မူးေတြေဝစြာနဲ႔ ဆိတ္ႀကီးကို ေျမျပင္ေပၚ ပစ္ခ်ထားခဲ့တယ္… ။ သူကေတာ့- အနီးအနားက ေရအိုင္တစ္ခုမွာ ေရခ်ိဳးၿပီး သူေနတဲ့ ေဂါတမအမည္ရွိတဲ့ ေတာအုပ္ႀကီးဆီကို ျပန္သြားတယ္။

အရက္သမား သုံးေယာက္ဟာ- သူတို႔လိုခ်င္တဲ့ ဆိတ္ႀကီး ရၿပီဆိုေတာ့- သုံးေယာက္သား ထမ္းပိုးၿပီး ေပ်ာ္႐ႊင္စြာနဲ႔ အိမ္သို႔ျပန္သြားၾကသတဲ့။

ဒီပုံျပင္ေလးကို ဖတ္ၿပီး- ပုဏၰားႀကီးလို ေျပာသမွ်ကို အယုံမလြယ္ၾကဘဲ ပညာကို ေရွ႕ရႈ ၊ ယုံၾကည္မႈကို- လက္ကိုင္ထားၿပီး မိမိတို႔ရဲ႕ ရည္မွန္းခ်က္ ဘဝပန္းတိုင္ကို ေပ်ာ္႐ႊင္စြာ ေလွ်ာက္လွမ္းႏိုင္ၾကပါေစလို႔- ဆုေတာင္းေမတၱာ ပို႔သလိုက္ရပါတယ္။credit

Unicode

အ-ယုံ-လွယ်-တဲ့ ပုဏ္ဏား-နဲ့ လူ-လိမ် -(၃) -ယောက်

တစ်ခါတုန်းက… ဂေါတမ အမည်ရှိသော တောအုပ်ကြီးတစ်ခုမှာ ယဇ်ပူဇော်မှုရှိတဲ့ ပုဏ္ဏားကြီး တစ်ယောက် ရှိခဲ့ဖူးတယ်…။ တစ်နေ့တော့ အဲ့ဒီ ပုဏ္ဏားကြီးဟာ ယဇ်ပူဇော်ဖို့အတွက် အခြားတစ်ရွာကို ဆိတ်-အဝယ်ထွက်ခဲ့တယ်… ။ ဆိတ်ကြီးကိုလည်း ဝယ်ပြီးရော သူဟာ ပုခုံးပေါ်တင်ပြီး သူနေတဲ့ တောအုပ်ကြီးဆီကို- ပြန်လာခဲ့တယ်။ သူပြန်လာတဲ့- လမ်းမှာပဲ သူ့ကို အရက်သမား -သုံးယောက်က- မြင်သွားတယ်။

” ငါတို့တစ်တွေ ဒီပုဏ္ဏားကြီးရဲ့ ဆိတ်ကို- စားရရင် သိပ်ကောင်းမှာပဲ။ အဲ့ဒီလို- စားလို့ရရင်- တို့တစ်တွေရဲ့ အသိဉာဏ်တွေ အထွတ်အထိတ်သို့ ရောက်ကြမှာပဲ ” ဆိုပြီး သုံးယောက်သား ဆိတ်သားစားရဖို့အတွက်- အချင်းချင်း ခေါင်းခြင်းရိုက်ပြီး တိုင်ပင် ဆွေးနွေးကြသတဲ့။

ဆွေးနွေးပြီးတာနဲ့ တပြိုင်နက် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ကို- အတောင်နှစ်ဆယ် အကွာအဝေးဆီ သွားပြီး ပုဏ္ဏားကြီး လာမယ့်လမ်းမှာရှိတဲ့ သစ်ပင်ကြီး သုံးပင်အောက်မှာ- တစ်ယောက် တစ်ပင်စီ ခွဲတမ်းချပြီး စောင့်ဆိုင်းနေကြတယ်။ ပုဏ္ဏားကြီးလည်း အနားရောက်လာရော- ပထမဦးဆုံး အရက်သမားက…

” အို.. ပုဏ္ဏားကြီး ၊ အဘယ့်ကြောင့် သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းပိုးလာအပ်ပါသနည်း ” ဟု လှမ်းပြီးပြောဆိုလိုက်တယ်။

ဆိုလိုတာကတော့.. ပုဏ္ဏားကြီးရာ ခင်များမို့ အပင်ပန်းခံပြီး- ခွေးသေကြီးကိုများ ထမ်းယူလာရတယ် လို့ ၊ လေးပါတယ်ဗျာ.. လွတ်ခဲ့လိုက်ပါ လို့ ဆိုလိုတာပေါ့။ ဒီတော့ ပုဏ္ဏားကြီးကလည်း အရက်သမားကို..

” အို.. အမောင်လုလင် ၊ ဤဟာသည်- ခွေးမဟုတ်ပါ ။ ဤဟာသည်- ယဇ်ပူဇော်ရန်အတွက် ဝယ်လာသော ဆိတ်ဖြစ်ပါ၏ “ဟု ပြန်ပြောသတဲ့။ ဒီလိုပြန်ပြောပီး သူဟာ ဆိတ်ကို တစ်ချက်ကြည့်ပြီး ရှေ့ဆက်သွားတယ်…။

နောက်ထပ်- အတောင်နှစ်ဆယ်ရောက်တော့… ဒုတိယ အရက်သမားတစ်ယောက်နှင့် ထပ်တွေ့တယ်…။ ဒီတစ်ယောက်ကလည်း- ပထမတစ်ယောက်လိုပဲ ရှေ့ကနေပြီး..

” ဗျို့.. ပုဏ္ဏားကြီး ၊ ခင်ဗျားဗျာ- အမောခံပြီး ခွေးသေကြီးကိုများ- ပုခုံးပေါ်တင်ပြီး ထမ်းလာရတယ် လို့ ခင်ဗျား မရှက်ဘူးလား “ဆိုပြီး လှမ်းပြောလိုက်တော့ ပုဏ္ဏားကြီး- တွေဝေသွားတယ်။

ပထမ တယောက်ကလည်း- ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ ပြောတယ်… ။ အခု ဒီတစ်ယောက်ကလည်း -ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ပြောတယ်။ အင်း.. မဟုတ်သေးပါဘူး- ဆိုပြီး သူထမ်းလာတဲ့ ဆိတ်ကြီးကို မြေပြင်ပေါ် ပစ်ချပြီး -သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြည့်တယ်။

သူတို့ပြောတာ ဟုတ်များ ဟုတ်နေသလား ဆိုတဲ့- သံသယအတွေးတွေနဲ့ ဆိတ်ကြီးကို- ပုခုံးပေါ်ထမ်းပြီး ရှေ့ဆက်သွားပြန်တယ်။ နောက် အတောင်နှစ်ဆယ်ရောက်တော့- နောက်ဆုံး တတိယ အရက်သမားတစ်ယောက်နှင့် ထပ်တွေ့ပြန်တယ်။ သူကလည်း- အတူတူပဲ ဆိုတော့ ရှေ့က အရက်သမားနှစ်ယောက် ပြောသလို..

” အို.. ပုဏ္ဏားကြီး ၊ အဘယ့်ကြောင့်- သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းဆောင်သွားပါသနည်း ” ဟု လှမ်းပြီးပြောလိုက်တယ်။

ထိုစကားကို ပုဏ္ဏားကြီးက ကြားပြီး “ဤအရာသည် ခွေးဖြစ်၏ “ဟူ၍- ဧကန်မုချ ဆုံးဖြတ်ချက်ချပြီး ယဇ်မူးတွေဝေစွာနဲ့ ဆိတ်ကြီးကို မြေပြင်ပေါ် ပစ်ချထားခဲ့တယ်… ။ သူကတော့- အနီးအနားက ရေအိုင်တစ်ခုမှာ ရေချိုးပြီး သူနေတဲ့ ဂေါတမအမည်ရှိတဲ့ တောအုပ်ကြီးဆီကို ပြန်သွားတယ်။

အရက်သမား သုံးယောက်ဟာ- သူတို့လိုချင်တဲ့ ဆိတ်ကြီး ရပြီဆိုတော့- သုံးယောက်သား ထမ်းပိုးပြီး ပျော်ရွှင်စွာနဲ့ အိမ်သို့ပြန်သွားကြသတဲ့။

ဒီပုံပြင်လေးကို ဖတ်ပြီး- ပုဏ္ဏားကြီးလို ပြောသမျှကို အယုံမလွယ်ကြဘဲ ပညာကို ရှေ့ရှု ၊ ယုံကြည်မှုကို- လက်ကိုင်ထားပြီး မိမိတို့ရဲ့ ရည်မှန်းချက် ဘဝပန်းတိုင်ကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့- ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။credit

Be the first to comment

Leave a Reply

Your email address will not be published.


*