Unicode
တယောက်တည်း-စိတ်ဓာတ်ကျနေတဲ့အချိန် သင့်ကို-အဖော်ပြုပေးနိုင်မယ့် ဆောင်ပုဒ်-(၇) ခု
စိတ်ဓာတ်ကျနေတဲ့-အချိန် ဆောင်ပုဒ်တွေ၊ ဆိုရိုး စကားတွေက သင့်ကို ပြန်လည်ပျော်ရွှင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ “အနာခံမှ-အသာစံရ” ဆိုတဲ့ စကားကို သင်ကြားတာနဲ့ ကိုယ်တိုင်ကြိုးစားမှ တစ်ချိန်ချိန် အောင်မြင်မယ်-ဆိုတာကို တန်းမြင်မိမှာပါ… ။
သင်စိတ်ဓာတ်ကျနေတဲ့-အချိန် သင့်ကို တစ်ယောက်မှ-ဂရုမစိုက်ဘူး ဆိုရင်လည်း “ကိစ္စမရှိဘူး”လို့ ကိုယ့်ကိုကိုယ် အားတင်း ပြောကြည့်ပါ။
ဘာလို့လဲ ဆိုတော့ သင့်အတွက် သင်ရှိပါတယ်။ သင်စိတ်ဓာတ် ကျလာတဲ့အချိန် အဖော်ပြုပေးနိုင်မယ့် ဆောင်ပုဒ်ကောင်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ လူတိုင်းကို ကြင်နာပေးပါ…။ သင်တွေ့ဖူးသမျှ လူတိုင်းက ခက်ခဲတဲ့ တိုက်ပွဲ-တစ်ခုကို တိုက်နေရသူတွေ ချည်းပါပဲ။ ၂။ ပျော်ချင်တယ်ဆို ပျော်ပစ် လိုက်ပါ… ။
၃။ သင့်ကိုယ်သင် ယုံကြည်မှု နည်းလို့လား… ။ သင် စိတ်ဓာတ်ကျနေတာလား ဆိုပြီး သင့်ကိုယ်သင် မသုံးသပ်ခင် သင့်အနားမှာ ရှိတဲ့သူတွေက အရေးပါသူတွေ ဟုတ်မဟုတ် အရင်ကြည့်ပါ… ။
၄။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပို သဘောကျလေ.. ကိုယ်ဆုံးဖြတ်ချက်ကို ထောက်ခံမယ့်သူ မလိုအပ်လေ ပါပဲ။
၅။ သင့်ဘဝရဲ့ အကောင်းဆုံး နေ့ရက်ကတော့ သင့်ဘဝကို သင်ပိုင်တယ်လို့ ဆုံးဖြတ်တဲ့ နေ့ပါပဲ… ။
၆။ သင့်ရည်မှန်းချက်ကို အထင်သေး သူတွေနဲ့ ဝေးဝေးရှောင်ပါ… ။ ၇။ ပျော်နေတဲ့အချိန် ကတိမပေးပါနဲ့။ စိတ်ဆိုးနေတဲ့ အချိန် Reply မလုပ်ပါနဲ့။ ဝမ်းနည်းနေတဲ့ အချိန် မဆုံးဖြတ်ပါနဲ့… ။
သင်ဘယ်လောက်ပဲ ကြိုးစားပါစေ သင့်ကို မကောင်းမြင်မယ့် သူကတော့ အမြဲရှိပါတယ်… ။ ကိုယ်လုပ်စရာ ရှိတာကိုပဲ လုပ်ပါ ။ သင်က တခြားသူတွေရဲ့ ထင်မြင်ချက် တစ်ခုတည်း မကပါဘူး ။
တခြားသူတွေ အဓိပ္ပာယ် သတ်မှတ်ထားတဲ့ အရာမဟုတ်ပါဘူး ။ Selena Gomez ပြောသလိုပဲ သင့် Facebook/ Instagram ပေါ်က Like တွေ Popularity တွေက သင့်ကို အဓိပ္ပာယ် မသတ်မှတ်နိုင်ပါဘူး ။
သင့်ပျော်ရွှင်မှုက သင်ပိုင်ဆိုင်တဲ့ အရာတွေ၊ သင်မပိုင်ဆိုင်တဲ့ အရာတွေနဲ့ တိုင်းတာလို့ရတဲ့ အရာမဟုတ်ပါဘူး ။ ကိုယ်လုပ်နေတဲ့ အရာကို ကျေနပ်နေတယ် ဆိုရင် ဒါဟာ ပျော်ရွှင်မှုပါပဲ ။
ကိုယ့်ဘဝမှာ ကိုယ်တန်ဖိုး ထားသူတွေ၊ ကိုယ်လိုချင်တဲ့ အရာတွေကိုပဲ လုပ်ရင်း ရှေ့ဆက်သွားပါနော်.. ။ သင်ပင်ပန်းနေပြီ ဆိုတာ နားလည်ပါတယ်..။ ဒါပေမဲ့ ရှေ့ဆက် သွားရမှာပဲလေ…။Source.Pinterest FB YT,crefit
Be the first to comment
Leave a Reply
Your email address will not be published.
*