အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး

အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး
အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး

အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး

ရှေးရှေးတုန်းက…ဘုရင်ကြီးတစ်ပါးမှာ ရုပစန္ဒီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။ရုပစန္ဒီလေးဟာဘုရင့်သမီးတော်လေးဖြစ်တဲ့အပြင် ရုပ်ရည်ကလည်းအင်မတန် ချောမောလွန်းလို့ နန်းတော်တစ်ခုလုံးမှာ သူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့…

အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။ အဲဒီလောက်ကံကောင်းပြီးချောမောနေပေမယ့် ရုပစန္ဒီဟာလှသထက်ပိုပြီးလှချင်လို့ အချိန်ရှိသရွေ့အလှပဲပြင်နေတယ်။ စာပေပညာလည်းသိပ်မသင် မိန်းကလေးတွေတပ်အပ်တဲ့ပညာရပ်တွေကိုလည်း မလေ့လာဘဲလှဖို့တစ်ခုတည်းပဲ စဉ်းစားနေတယ်တဲ့။ တစ်နေ့တော့သူရဲ့အထိန်းတော်က..”တောစပ်နားမှာနေတဲ့ပုဏ္ဏားတစ်ယောက်က ချောမောလှပလာအောင် မန်းမှုတ်တတ်တယ်လို့ကြားသိခဲ့ရပါတယ်သခင်မလေး…”လို့လျှောက်တင်လိုက်တယ်။

ရုပစန္ဒီလည်းချက်ချင်းပဲ…”ဒီသတင်းဟာအမှန်ပဲလားဝမ်းသာလိုက်တာ..”လို့ပြောပြီးပိုလှလာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။ အဲဒီနောက်တော့ရူပစန္ဒီလေးဟာခမည်းတော်မင်းကြီးမသိအောင်နန်းတော်ထဲကနေ တိတ်တဆိတ်ထွက်လာခဲ့ပြီး တောစပ်နားက ပုဏ္ဏားကြီးရှိရာကို အရောက်သွားတော့သတဲ့။

ကံကောင်းစွာပဲပုဏ္ဏားကြီးနဲ့တစ်ခါတည်းတွေ့လို့ ရူပစန္ဒီလေးက… ”အို ပုဏ္ဏားကြီး ကျွန်မကိုလှပလာအောင်နည်းလမ်းကောင်းလေးများရှိရင် ပြောပြပေးပါဦး….လို့မေးလိုက်တယ်။ ဒီအခါပုဏ္ဏားကြီးက… သမီးတော်လေး..သင်ဟာလှပြီးသားပဲမလိုအပ်တော့ပါဘူး….လို့ပြန်ပြောတယ်…. ”အိုဒီထက်ပိုပြီးလှချင်လို့ပါကူညီပါဦးပုဏ္ဏားကြီးရယ်…”လို့ရူပစန္ဒီကအတင်းတောင်းဆိုတော့တယ်။

ပုဏ္ဏားကြီးလည်း…”ကဲ ကဲပြောမရတော့လဲ ကူညီပေးရတာပေါ့…”လို့ပြောပြီးရူပစန္ဒီကို ထူးဆန်းတဲ့ပုလည်လည်ဆွဲလေးတစ်ကုံးထုတ်ပေးလိုက်တယ်။ ”ဒီလည်ဆွဲဟာကျွန်ုပ်တတ်ကျွမ်းတဲ့ ရူပမန္တာန်တော်နဲ့မန်းမှုတ်စီရင်ထားတဲ့ လည်ဆွဲဖြစ်ပါတယ်။ ဒီလည်ဆွဲကို ဆင်မြန်းလိုက်တာနဲ့ သင်ဟာဗမ္ဗူတစ်ခွင်မှာ အချောဆုံး အလှဆုံးမိန်းကလေးဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလည်ဆွဲကိုပြန် ချွတ်မိလိုက်တာနဲ့ သင်ဟာအိုမင်းရင့်ရော်သွားပြီး အကျည်းတန် အရုပ်ဆိုးသွားရလိမ့် မယ်။ ကဲသင်ဘယ်လိုသဘောရလဲ…”လို့ပုဏ္ဏားကြီးကရူပစန္ဒီမင်းသမီးလေးကိုပြောလိုက်တယ်။

ရူပစန္ဒီမင်းသမီးလေးဟာ အလှဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ ကျန်တာကိုဘာမှတွေးမနေတော့ဘဲ…”ကိစ္စမရှိပါဘူး…အမြဲတမ်းလှနေအောင်အမြဲတမ်းဝတ်ထားလိုက်မှာပေါ့…”လို့အလွယ်တကူပြောလိုက်တယ်။ အဲဒီနောက်မှာတော့မင်းသမီးလေးဟာ ပုဏ္ဏားကြီးဆီကလည်ဆွဲကြိုးကိုယူပြီး ဝတ်ဆင်လိုက်တော့တယ်။ ရူပစန္ဒီလေးလည်းဝမ်းသာအားရနဲ့ နန်းတော်ကိုပြန်လာခဲ့တော့တယ်။ နန်းတော်ရောက်တဲ့အခါမှာရူပစန္ဒီလေးကို ခမည်းတော်ဘုရင်ကြီးကတွေ့လိုက်တော့ အရမ်းအံ့သြသွားတယ်။

”သမီးတော်ရယ်ဒီလောက်လှလွန်းတော့ သမီးတော်အတွက်အန္တရာယ်များလွန်းပါတယ် အစစမှာသတိထားနေပါကွယ်…”လို့ဘုရင်ကြီးဆုံးမလိုက်တယ်။ ဒါပေမယ့် ရူပစန္ဒီလေးဟာမသိဟန်ပြုပြီး ဘုရင်ကြီးရှေ့ကထွက်ခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူ့အလှအတွက် အရမ်းဝမ်းသာနေတာပေါ့။ ဒီလိုနဲ့ရူပစန္ဒီလေးဟာအတိုင်းတိုင်းအပြည်ပြည်ရဲ့ ဘယ်မင်းသမီးကမှမယှဉ်နိုင်အောင် ချောမောလှလွန်းနေတော့တာပေါ့။

တစ်နေ့မှာတော့ရူပစန္ဒီလေးက… အင်းနန်းတော်ထဲကရေကန်တော်မှာပဲ အမြဲချိုးနေရတာ ငါ့စိတ်ထဲမသန့်ရှင်းဘူး နန်းမြို့တောင်ဘက်က ကြည်လင်အေးမြပြီး တသွင်သွင်စီးဆင်းနေတဲ့ ကျောက်စက်ရေ စမ်းချောင်းလေးမှာသာ ရေသွားချိုးလိုက်ရရင် ငါ့ရဲ့အသားအရည် တွေဟာဒီထက်ပိုပြီး စိုပြေလှပလာမှာပဲ…လို့စဉ်းစားမိတယ်။ ဒါကြောင့်မယ်တော်ဆီမှာသွားရောက်ပြိး ခွင့်တောင်းကြည့်တယ်။

ဒါပေမယ့်မယ်တော်က… မြို့ပြင်မှာသားရဲတိရိစ္ဆာန်တွေက ပေါများလှပါဘိနဲ့ မယ်တော်ခွင့်မပြုနိုင်ဘူး သမီးတော်… လို့ပြန်ပြောလိုက်တယ်… မယ်တော်မိဖုရားခွင့်မပြုတော့ ရူပစန္ဒီလေးဟာသိပ်စိတ်ညစ်သွားတယ်။ ဘယ်အထိန်းတော်တွေကမှလည်း မိဖုရားကြီးရဲ့အမိန့်ကို လွန်ဆန်ပြီး မပို့ရဲကြရှာဘူးပေါ့။ဒီတော့ရူပစန္ဒီလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်း ဘယ်သူမှမသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်။ စမ်းချောင်းလေးနားရောက်တော့ သူ့သဘောကျတသွင်သွင်စီးနေတဲ့ စမ်းချောင်းရေထဲဆင်းပြီး ရေချိုးတော့တာပေါ့။

ရူပစန္ဒီလေးဟာဒီလိုနဲ့စမ်းချောင်းထဲမှာရေချိုးနေရင်း ကျောက်တုံးတစ်တုံးကိုချော်နင်းမိပြိး ရေထဲကိုလဲကျသွားတော့တယ်။ စမ်းချောင်းလေးဟာသိပ်မနက်ပေမယ့် ရေစီးနေတော့ ရူပစန္ဒီလေးဟာ ရေစီးထဲမှာ မျောပါမလိုဖြစ်သွားတယ်။

အဲဒီအချိန်မှာ သူ့လည်ပင်းကပုလဲလည်ဆွဲလေးဟာ ရေထဲကို ပြုတ်ကျသွားသတဲ့။ ကံဆိုးချင်တော့အဲဒီအချိန်မှာ သူ့အနားကိုကူးလာတဲ့ငါးကြီးတစ်ကောင်ကမြင်ပြိး အစာမှတ်လို့ထိုးဟပ်သွားတယ်။ ချက်ချင်းပဲရူပစန္ဒီလေးလည်း ချောမောလှပနေရာကနေ အကျည်းတန်တဲ့ အဖွားအိုကြီးပုံဖြစ်သွားတော့တယ်။ ဒါကြောင့် ငါးကြီးရဲ့နောက်ကို ချက်ချင်းရေကူးပြီး အမီလိုက်ပေမယ့် ငါးကြီးကိုမတွေ့ရတော့ဘူး။

ဒါပေမယ့်ဇွဲမလျော့ဘဲ စမ်းချောင်းလေးစီးဆင်းရာလမ်းတစ်လျောက် လိုက်ရှာနေမိတယ်။ အဲဒီအချိန်မှာပုလဲလည်ဆွဲကို ထိုးဟပ်သွားတဲ့ငါးကြီးကို တံငါသည်တစ်ဦးကဖမ်းမိသွားတယ်။ တံငါသည်လည်း အိမ်ရောက်လို့ ငါးရဲ့ဗိုက်ကိုခွဲမိတော့ အထဲကနေပုလဲလည်ဆွဲက ထွက်ကျလာတာပေါ့။ ဒါနဲ့ တံငါသည်လည်း လည်ဆွဲကိုကိုင်ပြီး တအံ့တသြနဲ့ ငေးကြည့်နေတုန်း တံငါသည်ရဲ့နောက်နားတစ်ပင်ပေါ်က ဗျိုင်းတစ်ကောင်ဆင်းလာပြီး ပုလဲကုံးကိုသုတ်ချီပျံပြေးသွားတယ်။

အဲဒီအချိန်မှာစမ်းချောင်းတစ်လျောက်လိုက်ရှာနေတဲ့ ရူပစန္ဒီတဖြစ်လဲအကျည်းတန်အဖွားအိုဟာ တံငါသည်ရှိရာကို ရောက်လာသတဲ့။ အမောင်လုလင် ကျွန်ုပ်ရဲ့ပုလဲလည်ဆွဲငါးကြီးစားမျိုသွားလို့ တွေ့မိပါသလား..လို့တံငါသည် ကိုမေးမြန်းလိုက်တယ်။ တံငါသည်လည်း.. အခုလေးတင်ပဲအဲဒီလည်ဆွဲကို ဗျိုင်းတစ်ကောင် သုတ်ချီပြီး အနောက်ဘက်အရပ်ကို ပျံပြေးသွားပါတယ်… လို့အမှန်အတိုင်းပြောပြလိုက်တယ်။

ဒါနဲ့အမေအိုလည်းအချိန်မဆိုင်းတော့ဘဲ အနောက်ဘက်အရပ်ကို ချက်ချင်းလိုက်သွားတော့တယ်။ လမ်းမှာတွေ့သမျှလူတွေကို မေးမြန်းကြည့်ပေမယ့် ဘယ်သူမှ မသိကြ ဘူးတဲ့။ တစ်ချို့လူတွေက ဆိုရင်…. ဟာအဖွားကြိး တယ်ရှုပ်ပါလားသွားစမ်းပါဗျာ…လို့တောင် အော်ငေါက်မောင်းထုတ်လိုက်ကြတယ်။

ဒါနဲ့သူမဟာစိတ်ညစ်ပြိးထွက်လာတုန်း တစ်နေရာအရောက် သစ်ပင်ပေါ်မှာ ပြိုးပြိုးပျက်ပျက်လက်နေတဲ့အရာတစ်ခုကိုတွေ့မိတယ်။ သေချာမော့ကြည့်တော့မှဗျိုင်းတစ်ကောင်ရဲ့လည်ပင်းမှာ သူမရဲ့ပုလဲလည်ဆွဲစွပ်လျက်သား ဆွဲမိနေတာကိုတွေ့ရတယ်။ အဲဒီဗျိုင်းဟာကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတာပေါ့။ သူမလည်းလည်ဆွဲပြန်လိုချင်လို့ ဗျိုင်းကိုအောက်ကနေ အော်ဟစ်ခြောက်လှန့်လိုက်တယ်။

ဗျိုင်းလည်းလန့်ပြီးထပျံပြေးသွားတော့ သူမဟာဗျိုင်းပျံပြေးတဲ့နောက်ကို အမီလိုက်တော့တာပေါ့။ ဗျိုင်းဟာမိုးပေါ်ကနေ ပျံသွားရင်း သင်္ချိုင်းတစ်ခုမှာမီးသဂြိုလ်နေတဲ့ မီးပုံပေါ်က ဖြတ်ပျံမိတယ်။ ဒီတော့မီးအပူဟပ်ပြီး ဗျိုင်းဟာ မီးပုံထဲပြုတ်ကျသွားတော့သတဲ့။ အဲဒီနောက်တော့ဗျိုင်းလည်း မီးလောင်သေသွားပြီး ဗျိုင်းငှက်နဲ့အတူ ပုလဲလည်ဆွဲလေးလည်း ပြာမှုန့်ဖြစ် သွားတယ်။

ဒီအကြောင်းတွေကို နောက်ကပြေးလိုက်လာတဲ့ အကျည်းတန်အဖွားအို ရူပစန္ဒီ တွေ့သွားပြီး ပြာပုံထဲမှာသူ့ရဲ့လည်ဆွဲကို တွေ့လို့တွေ့ငြား လိုက်ရှာမိသေးတယ်။ ဒါပေမယ့် ပြာတွေကလွဲလို့ ဘာမှရှာမတွေ့ အဖွားအိုလည်း မျှော်လင့်ချက်မဲ့သွားရတော့တာပေါ့… ငါတော့ဒုက္ခရောက်ပြီ ပုလဲလည်ဆွဲလေးမရှိတော့ဘူးဆိုတော့ ငါဟာအခုလိုအကျည်းတန်အဖွားအိုအဖြစ်နဲ့ တစ်သက်လုံးနေသွားရတော့မှာပါလား… လို့တွေးမိပြီး ပြာပုံအနီးအနားမှာပဲနေပြီး ပြာမှုန့်ကနေ သစ်ပင်ပေါက်လာမယ့်အချိန်ကို ထိုင်စောင့်မျှော်နေရှာသတဲ့…

အင်း…ပုလဲလည်ဆွဲပြာမှုန့်တွေကအပင်ပေါက်လာပြီး အသီးသီးလာရင် အဲဒီအသီးတွေကို လည်ဆွဲလုပ်ပြီး ဝတ်ရမယ်။ ဒီတော့မှငါဟာအရင်လိုချောမောလှပတဲ့ ရုပ်အဆင်းကို ပြန်ရနိုင်မယ် လို့တစ်ယောက်တည်း စိတ်ကူးယဉ်ပြီးတွေးတောနေသတဲ့။ နွေမိုးဆောင်း ရာသီတွေပြောင်းတဲ့တိုင်း အဲဒီသစ်ပင်ပေါက်လာမလားဆိုပြီးတော့ အမြဲတမ်းရှာဖွေနေသတဲ့။

သူ့ကိုတွေ့ကြတဲ့ လူတွေအားလုံးကလည်း သူ့ကိုရူပစန္ဒီမင်းသမီးလေးမှန်း ဘယ်သူမှမသိကြဘူးပေါ့။ သူ့ကိုကြည့်ပြီး … ဒီအဖွားကြီးဟာ ဒီသူဿန်တစ်ဝိုက်မှာပဲ ရစ်သီရစ်သီလာလုပ်နေတယ်။ ဘယ်ကမှန်းလည်းမသိပါဘူးကွာလို့ လူတစ်ဦးကပြောတော့ အိုအရူးမကြီး နေမှာပေါ့…လို့တခြားတစ်ဦးကည်းဖြေလိုက်တယ်။

ဒီလိုနဲ့နောက်ဆုံးတော့ ပိုမို အကျည်းတန်လာတဲ့အဖွားအိုဟာ သူ့ရဲ့ရုပ်ရည်ကိုရေအိုင်တစ်အိုင်မှာ ပြန်မြင်မိပြီး ထိတ်လန့်သေဆုံးသွားတော့တယ်တဲ့။ သူမဟာသေဆုံးသွားပြီးတဲ့နောက် ငှက်တစ်ကောင်ဖြစ်သွားတော့တယ်တဲ့။ အဲဒီငှက်ဟာအလွန်အရုပ်ဆိုးအကျည်းတန်ပြီး တောစပ်သင်္ချိုင်းကုန်းတွေနားမှာ အမြဲရစ်သီရစ်သီနေတတ်တဲ့ ဠင်းတငှက်ပေါ့ကွယ်။ လှချင်လွန်းပြီး မစဉ်းစားမဆင်ခြင်တတ်ရင် အဲဒီလိုပဲဖြစ်တတ်လို့ ဒီပုံပြင်လေးကိုဖတ်ပြီး သင်ခန်းစာယူကြပေါ့ကွယ်….။credit

Zawgyi

အလွမက္လုိ႕ ဘ၀ပ်က္သြားတဲ႕ မင္းသမီးေလး

ေရွးေရွးတုန္းက…ဘုရင္ႀကီးတစ္ပါးမွာ ႐ုပစႏၵီဆိုတဲ့မင္းသမီးေလးတစ္ပါးရွိတယ္။႐ုပစႏၵီေလးဟာဘုရင့္သမီးေတာ္ေလးျဖစ္တဲ့အျပင္ ႐ုပ္ရည္ကလည္းအင္မတန္ ေခ်ာေမာလြန္းလို႔ နန္းေတာ္တစ္ခုလုံးမွာ သူ႔ကိုမခ်စ္ခင္တဲ့သူမရွိဘူးတဲ့…

အားလုံးကဖူးဖူးမႈတ္ထားတာေပါ့။ အဲဒီေလာက္ကံေကာင္းၿပီးေခ်ာေမာေနေပမယ့္ ႐ုပစႏၵီဟာလွသထက္ပိုၿပီးလွခ်င္လို႔ အခ်ိန္ရွိသေ႐ြ႕အလွပဲျပင္ေနတယ္။ စာေပပညာလည္းသိပ္မသင္ မိန္းကေလးေတြတပ္အပ္တဲ့ပညာရပ္ေတြကိုလည္း မေလ့လာဘဲလွဖို႔တစ္ခုတည္းပဲ စဥ္းစားေနတယ္တဲ့။ တစ္ေန႔ေတာ့သူရဲ႕အထိန္းေတာ္က..”ေတာစပ္နားမွာေနတဲ့ပုဏၰားတစ္ေယာက္က ေခ်ာေမာလွပလာေအာင္ မန္းမႈတ္တတ္တယ္လို႔ၾကားသိခဲ့ရပါတယ္သခင္မေလး…”လို႔ေလွ်ာက္တင္လိုက္တယ္။

႐ုပစႏၵီလည္းခ်က္ခ်င္းပဲ…”ဒီသတင္းဟာအမွန္ပဲလားဝမ္းသာလိုက္တာ..”လို႔ေျပာၿပီးပိုလွလာဖို႔အတြက္ ဘယ္လိုလုပ္ရမလဲဆိုတာအႀကံထုတ္ေတာ့တယ္။ အဲဒီေနာက္ေတာ့႐ူပစႏၵီေလးဟာခမည္းေတာ္မင္းႀကီးမသိေအာင္နန္းေတာ္ထဲကေန တိတ္တဆိတ္ထြက္လာခဲ့ၿပီး ေတာစပ္နားက ပုဏၰားႀကီးရွိရာကို အေရာက္သြားေတာ့သတဲ့။

ကံေကာင္းစြာပဲပုဏၰားႀကီးနဲ႔တစ္ခါတည္းေတြ႕လို႔ ႐ူပစႏၵီေလးက… ”အို ပုဏၰားႀကီး ကြၽန္မကိုလွပလာေအာင္နည္းလမ္းေကာင္းေလးမ်ားရွိရင္ ေျပာျပေပးပါဦး….လို႔ေမးလိုက္တယ္။ ဒီအခါပုဏၰားႀကီးက… သမီးေတာ္ေလး..သင္ဟာလွၿပီးသားပဲမလိုအပ္ေတာ့ပါဘူး….လို႔ျပန္ေျပာတယ္…. ”အိုဒီထက္ပိုၿပီးလွခ်င္လို႔ပါကူညီပါဦးပုဏၰားႀကီးရယ္…”လို႔႐ူပစႏၵီကအတင္းေတာင္းဆိုေတာ့တယ္။

ပုဏၰားႀကီးလည္း…”ကဲ ကဲေျပာမရေတာ့လဲ ကူညီေပးရတာေပါ့…”လို႔ေျပာၿပီး႐ူပစႏၵီကို ထူးဆန္းတဲ့ပုလည္လည္ဆြဲေလးတစ္ကုံးထုတ္ေပးလိုက္တယ္။ ”ဒီလည္ဆြဲဟာကြၽႏ္ုပ္တတ္ကြၽမ္းတဲ့ ႐ူပမႏၲာန္ေတာ္နဲ႔မန္းမႈတ္စီရင္ထားတဲ့ လည္ဆြဲျဖစ္ပါတယ္။ ဒီလည္ဆြဲကို ဆင္ျမန္းလိုက္တာနဲ႔ သင္ဟာဗမၺဴတစ္ခြင္မွာ အေခ်ာဆုံး အလွဆုံးမိန္းကေလးျဖစ္သြားလိမ့္မယ္။ ဒါေပမယ့္ ဒီလည္ဆြဲကိုျပန္ ခြၽတ္မိလိုက္တာနဲ႔ သင္ဟာအိုမင္းရင့္ေရာ္သြားၿပီး အက်ည္းတန္ အ႐ုပ္ဆိုးသြားရလိမ့္ မယ္။ ကဲသင္ဘယ္လိုသေဘာရလဲ…”လို႔ပုဏၰားႀကီးက႐ူပစႏၵီမင္းသမီးေလးကိုေျပာလိုက္တယ္။

႐ူပစႏၵီမင္းသမီးေလးဟာ အလွဆုံးျဖစ္ဖို႔ပဲအေရးႀကီးေနလို႔ က်န္တာကိုဘာမွေတြးမေနေတာ့ဘဲ…”ကိစၥမရွိပါဘူး…အၿမဲတမ္းလွေနေအာင္အၿမဲတမ္းဝတ္ထားလိုက္မွာေပါ့…”လို႔အလြယ္တကူေျပာလိုက္တယ္။ အဲဒီေနာက္မွာေတာ့မင္းသမီးေလးဟာ ပုဏၰားႀကီးဆီကလည္ဆြဲႀကိဳးကိုယူၿပီး ဝတ္ဆင္လိုက္ေတာ့တယ္။ ႐ူပစႏၵီေလးလည္းဝမ္းသာအားရနဲ႔ နန္းေတာ္ကိုျပန္လာခဲ့ေတာ့တယ္။ နန္းေတာ္ေရာက္တဲ့အခါမွာ႐ူပစႏၵီေလးကို ခမည္းေတာ္ဘုရင္ႀကီးကေတြ႕လိုက္ေတာ့ အရမ္းအံ့ၾသသြားတယ္။

”သမီးေတာ္ရယ္ဒီေလာက္လွလြန္းေတာ့ သမီးေတာ္အတြက္အႏၲရာယ္မ်ားလြန္းပါတယ္ အစစမွာသတိထားေနပါကြယ္…”လို႔ဘုရင္ႀကီးဆုံးမလိုက္တယ္။ ဒါေပမယ့္ ႐ူပစႏၵီေလးဟာမသိဟန္ျပဳၿပီး ဘုရင္ႀကီးေရွ႕ကထြက္ခဲ့တယ္။ သူ႔ရဲ႕စိတ္ထဲမွာေတာ့ သူ႔အလွအတြက္ အရမ္းဝမ္းသာေနတာေပါ့။ ဒီလိုနဲ႔႐ူပစႏၵီေလးဟာအတိုင္းတိုင္းအျပည္ျပည္ရဲ႕ ဘယ္မင္းသမီးကမွမယွဥ္ႏိုင္ေအာင္ ေခ်ာေမာလွလြန္းေနေတာ့တာေပါ့။

တစ္ေန႔မွာေတာ့႐ူပစႏၵီေလးက… အင္းနန္းေတာ္ထဲကေရကန္ေတာ္မွာပဲ အၿမဲခ်ိဳးေနရတာ ငါ့စိတ္ထဲမသန႔္ရွင္းဘူး နန္းၿမိဳ႕ေတာင္ဘက္က ၾကည္လင္ေအးျမၿပီး တသြင္သြင္စီးဆင္းေနတဲ့ ေက်ာက္စက္ေရ စမ္းေခ်ာင္းေလးမွာသာ ေရသြားခ်ိဳးလိုက္ရရင္ ငါ့ရဲ႕အသားအရည္ ေတြဟာဒီထက္ပိုၿပီး စိုေျပလွပလာမွာပဲ…လို႔စဥ္းစားမိတယ္။ ဒါေၾကာင့္မယ္ေတာ္ဆီမွာသြားေရာက္ၿပိး ခြင့္ေတာင္းၾကည့္တယ္။

ဒါေပမယ့္မယ္ေတာ္က… ၿမိဳ႕ျပင္မွာသားရဲတိရိစာၦန္ေတြက ေပါမ်ားလွပါဘိနဲ႔ မယ္ေတာ္ခြင့္မျပဳႏိုင္ဘူး သမီးေတာ္… လို႔ျပန္ေျပာလိုက္တယ္… မယ္ေတာ္မိဖုရားခြင့္မျပဳေတာ့ ႐ူပစႏၵီေလးဟာသိပ္စိတ္ညစ္သြားတယ္။ ဘယ္အထိန္းေတာ္ေတြကမွလည္း မိဖုရားႀကီးရဲ႕အမိန႔္ကို လြန္ဆန္ၿပီး မပို႔ရဲၾကရွာဘူးေပါ့။ဒီေတာ့႐ူပစႏၵီေလးလည္းသူ႔ဆုံးျဖတ္ခ်က္အတိုင္း ဘယ္သူမွမသိေအာင္တိတ္တိတ္ေလးထြက္လာခဲ့တယ္။ စမ္းေခ်ာင္းေလးနားေရာက္ေတာ့ သူ႔သေဘာက်တသြင္သြင္စီးေနတဲ့ စမ္းေခ်ာင္းေရထဲဆင္းၿပီး ေရခ်ိဳးေတာ့တာေပါ့။

႐ူပစႏၵီေလးဟာဒီလိုနဲ႔စမ္းေခ်ာင္းထဲမွာေရခ်ိဳးေနရင္း ေက်ာက္တုံးတစ္တုံးကိုေခ်ာ္နင္းမိၿပိး ေရထဲကိုလဲက်သြားေတာ့တယ္။ စမ္းေခ်ာင္းေလးဟာသိပ္မနက္ေပမယ့္ ေရစီးေနေတာ့ ႐ူပစႏၵီေလးဟာ ေရစီးထဲမွာ ေမ်ာပါမလိုျဖစ္သြားတယ္။

အဲဒီအခ်ိန္မွာ သူ႔လည္ပင္းကပုလဲလည္ဆြဲေလးဟာ ေရထဲကို ျပဳတ္က်သြားသတဲ့။ ကံဆိုးခ်င္ေတာ့အဲဒီအခ်ိန္မွာ သူ႔အနားကိုကူးလာတဲ့ငါးႀကီးတစ္ေကာင္ကျမင္ၿပိး အစာမွတ္လို႔ထိုးဟပ္သြားတယ္။ ခ်က္ခ်င္းပဲ႐ူပစႏၵီေလးလည္း ေခ်ာေမာလွပေနရာကေန အက်ည္းတန္တဲ့ အဖြားအိုႀကီးပုံျဖစ္သြားေတာ့တယ္။ ဒါေၾကာင့္ ငါးႀကီးရဲ႕ေနာက္ကို ခ်က္ခ်င္းေရကူးၿပီး အမီလိုက္ေပမယ့္ ငါးႀကီးကိုမေတြ႕ရေတာ့ဘူး။

ဒါေပမယ့္ဇြဲမေလ်ာ့ဘဲ စမ္းေခ်ာင္းေလးစီးဆင္းရာလမ္းတစ္ေလ်ာက္ လိုက္ရွာေနမိတယ္။ အဲဒီအခ်ိန္မွာပုလဲလည္ဆြဲကို ထိုးဟပ္သြားတဲ့ငါးႀကီးကို တံငါသည္တစ္ဦးကဖမ္းမိသြားတယ္။ တံငါသည္လည္း အိမ္ေရာက္လို႔ ငါးရဲ႕ဗိုက္ကိုခြဲမိေတာ့ အထဲကေနပုလဲလည္ဆြဲက ထြက္က်လာတာေပါ့။ ဒါနဲ႔ တံငါသည္လည္း လည္ဆြဲကိုကိုင္ၿပီး တအံ့တၾသနဲ႔ ေငးၾကည့္ေနတုန္း တံငါသည္ရဲ႕ေနာက္နားတစ္ပင္ေပၚက ဗ်ိဳင္းတစ္ေကာင္ဆင္းလာၿပီး ပုလဲကုံးကိုသုတ္ခ်ီပ်ံေျပးသြားတယ္။

အဲဒီအခ်ိန္မွာစမ္းေခ်ာင္းတစ္ေလ်ာက္လိုက္ရွာေနတဲ့ ႐ူပစႏၵီတျဖစ္လဲအက်ည္းတန္အဖြားအိုဟာ တံငါသည္ရွိရာကို ေရာက္လာသတဲ့။ အေမာင္လုလင္ ကြၽႏ္ုပ္ရဲ႕ပုလဲလည္ဆြဲငါးႀကီးစားမ်ိဳသြားလို႔ ေတြ႕မိပါသလား..လို႔တံငါသည္ ကိုေမးျမန္းလိုက္တယ္။ တံငါသည္လည္း.. အခုေလးတင္ပဲအဲဒီလည္ဆြဲကို ဗ်ိဳင္းတစ္ေကာင္ သုတ္ခ်ီၿပီး အေနာက္ဘက္အရပ္ကို ပ်ံေျပးသြားပါတယ္… လို႔အမွန္အတိုင္းေျပာျပလိုက္တယ္။

ဒါနဲ႔အေမအိုလည္းအခ်ိန္မဆိုင္းေတာ့ဘဲ အေနာက္ဘက္အရပ္ကို ခ်က္ခ်င္းလိုက္သြားေတာ့တယ္။ လမ္းမွာေတြ႕သမွ်လူေတြကို ေမးျမန္းၾကည့္ေပမယ့္ ဘယ္သူမွ မသိၾက ဘူးတဲ့။ တစ္ခ်ိဳ႕လူေတြက ဆိုရင္…. ဟာအဖြားႀကိး တယ္ရႈပ္ပါလားသြားစမ္းပါဗ်ာ…လို႔ေတာင္ ေအာ္ေငါက္ေမာင္းထုတ္လိုက္ၾကတယ္။

ဒါနဲ႔သူမဟာစိတ္ညစ္ၿပိးထြက္လာတုန္း တစ္ေနရာအေရာက္ သစ္ပင္ေပၚမွာ ၿပိဳးၿပိဳးပ်က္ပ်က္လက္ေနတဲ့အရာတစ္ခုကိုေတြ႕မိတယ္။ ေသခ်ာေမာ့ၾကည့္ေတာ့မွဗ်ိဳင္းတစ္ေကာင္ရဲ႕လည္ပင္းမွာ သူမရဲ႕ပုလဲလည္ဆြဲစြပ္လ်က္သား ဆြဲမိေနတာကိုေတြ႕ရတယ္။ အဲဒီဗ်ိဳင္းဟာကိုယ္ေရာင္ကိုယ္ဝါေတြ ေတာက္ပေနတာေပါ့။ သူမလည္းလည္ဆြဲျပန္လိုခ်င္လို႔ ဗ်ိဳင္းကိုေအာက္ကေန ေအာ္ဟစ္ေျခာက္လွန႔္လိုက္တယ္။

ဗ်ိဳင္းလည္းလန႔္ၿပီးထပ်ံေျပးသြားေတာ့ သူမဟာဗ်ိဳင္းပ်ံေျပးတဲ့ေနာက္ကို အမီလိုက္ေတာ့တာေပါ့။ ဗ်ိဳင္းဟာမိုးေပၚကေန ပ်ံသြားရင္း သခ်ႋဳင္းတစ္ခုမွာမီးသၿဂိဳလ္ေနတဲ့ မီးပုံေပၚက ျဖတ္ပ်ံမိတယ္။ ဒီေတာ့မီးအပူဟပ္ၿပီး ဗ်ိဳင္းဟာ မီးပုံထဲျပဳတ္က်သြားေတာ့သတဲ့။ အဲဒီေနာက္ေတာ့ဗ်ိဳင္းလည္း မီးေလာင္ေသသြားၿပီး ဗ်ိဳင္းငွက္နဲ႔အတူ ပုလဲလည္ဆြဲေလးလည္း ျပာမႈန႔္ျဖစ္ သြားတယ္။

ဒီအေၾကာင္းေတြကို ေနာက္ကေျပးလိုက္လာတဲ့ အက်ည္းတန္အဖြားအို ႐ူပစႏၵီ ေတြ႕သြားၿပီး ျပာပုံထဲမွာသူ႔ရဲ႕လည္ဆြဲကို ေတြ႕လို႔ေတြ႕ျငား လိုက္ရွာမိေသးတယ္။ ဒါေပမယ့္ ျပာေတြကလြဲလို႔ ဘာမွရွာမေတြ႕ အဖြားအိုလည္း ေမွ်ာ္လင့္ခ်က္မဲ့သြားရေတာ့တာေပါ့… ငါေတာ့ဒုကၡေရာက္ၿပီ ပုလဲလည္ဆြဲေလးမရွိေတာ့ဘူးဆိုေတာ့ ငါဟာအခုလိုအက်ည္းတန္အဖြားအိုအျဖစ္နဲ႔ တစ္သက္လုံးေနသြားရေတာ့မွာပါလား… လို႔ေတြးမိၿပီး ျပာပုံအနီးအနားမွာပဲေနၿပီး ျပာမႈန႔္ကေန သစ္ပင္ေပါက္လာမယ့္အခ်ိန္ကို ထိုင္ေစာင့္ေမွ်ာ္ေနရွာသတဲ့…

အင္း…ပုလဲလည္ဆြဲျပာမႈန႔္ေတြကအပင္ေပါက္လာၿပီး အသီးသီးလာရင္ အဲဒီအသီးေတြကို လည္ဆြဲလုပ္ၿပီး ဝတ္ရမယ္။ ဒီေတာ့မွငါဟာအရင္လိုေခ်ာေမာလွပတဲ့ ႐ုပ္အဆင္းကို ျပန္ရႏိုင္မယ္ လို႔တစ္ေယာက္တည္း စိတ္ကူးယဥ္ၿပီးေတြးေတာေနသတဲ့။ ေႏြမိုးေဆာင္း ရာသီေတြေျပာင္းတဲ့တိုင္း အဲဒီသစ္ပင္ေပါက္လာမလားဆိုၿပီးေတာ့ အၿမဲတမ္းရွာေဖြေနသတဲ့။

သူ႔ကိုေတြ႕ၾကတဲ့ လူေတြအားလုံးကလည္း သူ႔ကို႐ူပစႏၵီမင္းသမီးေလးမွန္း ဘယ္သူမွမသိၾကဘူးေပါ့။ သူ႔ကိုၾကည့္ၿပီး … ဒီအဖြားႀကီးဟာ ဒီသူႆန္တစ္ဝိုက္မွာပဲ ရစ္သီရစ္သီလာလုပ္ေနတယ္။ ဘယ္ကမွန္းလည္းမသိပါဘူးကြာလို႔ လူတစ္ဦးကေျပာေတာ့ အိုအ႐ူးမႀကီး ေနမွာေပါ့…လို႔တျခားတစ္ဦးကည္းေျဖလိုက္တယ္။

ဒီလိုနဲ႔ေနာက္ဆုံးေတာ့ ပိုမို အက်ည္းတန္လာတဲ့အဖြားအိုဟာ သူ႔ရဲ႕႐ုပ္ရည္ကိုေရအိုင္တစ္အိုင္မွာ ျပန္ျမင္မိၿပီး ထိတ္လန႔္ေသဆုံးသြားေတာ့တယ္တဲ့။ သူမဟာေသဆုံးသြားၿပီးတဲ့ေနာက္ ငွက္တစ္ေကာင္ျဖစ္သြားေတာ့တယ္တဲ့။ အဲဒီငွက္ဟာအလြန္အ႐ုပ္ဆိုးအက်ည္းတန္ၿပီး ေတာစပ္သခ်ႋဳင္းကုန္းေတြနားမွာ အၿမဲရစ္သီရစ္သီေနတတ္တဲ့ ဠင္းတငွက္ေပါ့ကြယ္။ လွခ်င္လြန္းၿပီး မစဥ္းစားမဆင္ျခင္တတ္ရင္ အဲဒီလိုပဲျဖစ္တတ္လို႔ ဒီပုံျပင္ေလးကိုဖတ္ၿပီး သင္ခန္းစာယူၾကေပါ့ကြယ္….။credit

Be the first to comment

Leave a Reply

Your email address will not be published.


*