စိတ်ထားဖြူစင်လို့ ကံကောင်းသွားတဲ့ ညီအကို

စိတ်ထားဖြူစင်လို့ ကံကောင်းသွားတဲ့ ညီအကို
စိတ်ထားဖြူစင်လို့ ကံကောင်းသွားတဲ့ ညီအကို

စိတ်ထားဖြူစင်လို့ ကံကောင်းသွားတဲ့ ညီအကို

တစ်ခါက တောကျွဲအင်းဆိုတဲ့ရွာလေးတစ်ရွာမှာ ရိုးသားပြီးသနားကြင်နာတတ်တဲ့ ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိသတဲ့…သူတို့ဟာ လယ်ယာအလုပ် လုပ်ကြတယ်.. တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ တောထဲထင်းခွေသွားကြတယ်..

သူတို့ဟာ တောထဲမှာ “အင်း ဒီဥကြီးတွေကို ပေါက်ဖွားလာအောင် ဝပ်ပေးမယ့် မိခင်လည်းမရှိဘူး ထင်တယ်” “ရေအိုင်ဘေးနားမှာဆိုတော့ ရေငွေ့တွေနဲ့ အေးနေလို့ နွေးထွေးမှု မရှိဘဲ ဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့အိမ်ကို ယူသွားပြီး ဥကနေ အကောင်ပေါက်အောင် ပြုစုပေးရမယ်”

ဒါနဲ့ညီအစ်ကိုနှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့… အိမ်ကိုပြန်ရောက်တော့ ကောက်ရိုးတွေခင်းပြီး ဥကြီးနှစ်လုံးကိုထားတယ်… ပြီးတော့… ညီအစ်ကိုနှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်… ဒါပေမဲ့ ဥတွေဟာ ဘာမှမထူးခြားဘဲ ဖြစ်နေသတဲ့…

ဒါကြောင့်ဘာတွေလိုနေသလဲလို့ စဉ်းစားကြတာပေါ့… “အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများ လိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီး အုံထားပေးရင်ကောင်းမယ်” ဒါနဲ့…သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေ အိပ်ယာခင်း ခေါင်းအုံးအဝတ်ခြင်ထောင်ပါမကျန် ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်..

ဒီလိုနဲ့… ရက်တွေကြာလာပြန်တယ်… ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး …. သူတို့ညီအစ်ကိုနှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်… ဒါနဲ့…သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်…

သွားချေးငှားတာပေါ့… “ဟာ မင်းတို့ဟာက မဟုတ်သေးပါဘူး… ဘာဥမှန်းမသိတဲ့ ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပဲ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကို လုပ်နေတာ မရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”….“ ဒီတော့ စားဖို့အတွက်လဲ ကိုယ့်ဖာသာကိုယ် ရှာကြံစားကြ ဘာမှမပေးနိုင်ဘူး” အိမ်နီးချင်းတွေပြောဆိုပြီး နှင်လွှတ်လိုက်လို့ ညီဖြစ်သူလည်း အိမ်ကိုပြန်လာခဲ့ရတယ်…

ဒါနဲ့ညီဖြစ်သူလည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီး ပြောပြတာပေါ့… “အင်း သူတို့ပြောတာလဲဟုတ်တာပဲ ငါတို့တွေလဲဒီဥကြီးတွေကို တတ်နိုင်သလောက် စောင့်ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ် မလုပ်နိုင်ဘဲ ဖြစ်နေတာ အမှန်ပဲကွ” ဒီတော့ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့ နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့ နေရာမှာ ပြန်ထားလိုက်ကြတာပေါ့….

ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်… အဲဒီချိန်မှာပဲ သူတို့အနားမှာ ရုတ်တရက် တောမီးလောင်လာသတဲ့ …. တိရစ္ဆာန်လေးတွေ ဟာလည်း ကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့… “ဟာ တောမီးလောင်တာဟေ့” ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ …. ပြီးတော့ မီးတောက်တွေဟာ ဥကြီးတွေအနားက တဖြည်းဖြည်းရောက်လာတယ်…..

“ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကို မီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာ သယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာ သယ်ပြေးကြတယ်… ဒီလိုနဲ့ တောစပ်ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့…

ဒီတော့မှ ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥတွေချပြီး အမောဖြေကြတယ်… အဲဒီချိန်မှာ တောမီးရဲ့ အပူငွေ့ကြောင် ဥကြီးနှစ်လုံးဟာ ကွဲအက်သွားတယ်….. ဥကြီးတစ်လုံးထဲက ရွှေရောင်အမွေးအတောင်တွေနဲ့ ပြည့်နေတဲ့ ဘဲလေးနှစ်ကောင် ထွက်လာသတဲ့… နောက်ဥတစ်လုံးထဲက အရမ်းချောမောလှပတဲ့ နတ်မိမယ်လေးနှစ်ယောက် ထွက်လာသတဲ့..

ဒီအခါ ညီအစ်ကိုနှစ်ယောက်လည်း အံ့အားသင့်နေတော့တာပေါ့… ရွှေဘဲနှစ်ကောင်ဟာ သူတို့ညီအစ်ကိုဘေးနားမှာ တောင်ပံခတ်လိုက်တယ်.. ဒီအခါ တောင်ပံထဲကရွှေမှုန်လေးတွေဟာ ထွက်ကျလာသတဲ့… နတ်မိမယ်နှစ်ယောက်ဟာလည်း သူတို့ညီအစ်ကိုနား ရောက်လာတယ်….

“ရှင်တို့ ညီအစ်ကိုဟာ အရမ်းကိုသနားကြင်နာစိတ်ရှိတဲ့ သူတွေပါပဲ ရှင်တို့ရဲ့ကရုဏာနဲ့ ကူညီမှုကို မရခဲ့ရင် ကျွန်မတို့ဟာ ပျက်စီးသွားမှာအမှန်ပဲ” “ဒါကြောင့် ရှင်တို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အလုပ်ကျွေးပြုပါရစေ ” ဒါနဲ့ညီအစ်ကိုနှစ်ယောက်လည်း ရွှေဘဲနှစ်ကောင်နဲ့ နတ်မိမယ်လေးခေါ်ပြီး ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲ နေထိုင်သွားတော့သတဲ့ကွယ်။credit

Zawgyi

စိတ္ထားျဖဴစင္လုိ႕ ကံေကာင္းသြားတဲ႕ ညီအကို

တစ္ခါက ေတာကြၽဲအင္းဆိုတဲ့႐ြာေလးတစ္႐ြာမွာ ႐ိုးသားၿပီးသနားၾကင္နာတတ္တဲ့ ဖိုးေဆာင္းနဲ႔ ကုလားႀကီးဆိုတဲ့ ညီအစ္ကိုႏွစ္ေယာက္ရွိသတဲ့…သူတို႔ဟာ လယ္ယာအလုပ္ လုပ္ၾကတယ္.. တစ္ေန႔မွာေတာ့ ညီအစ္ကိုႏွစ္ေယာက္ဟာ ေတာထဲထင္းေခြသြားၾကတယ္..

သူတို႔ဟာ ေတာထဲမွာ “အင္း ဒီဥႀကီးေတြကို ေပါက္ဖြားလာေအာင္ ဝပ္ေပးမယ့္ မိခင္လည္းမရွိဘူး ထင္တယ္” “ေရအိုင္ေဘးနားမွာဆိုေတာ့ ေရေငြ႕ေတြနဲ႔ ေအးေနလို႔ ေႏြးေထြးမႈ မရွိဘဲ ဒီဥေတြ ေပါက္လာမွာ မဟုတ္ဘူး ” “ဒီေတာ့ ငါတို႔အိမ္ကို ယူသြားၿပီး ဥကေန အေကာင္ေပါက္ေအာင္ ျပဳစုေပးရမယ္”

ဒါနဲ႔ညီအစ္ကိုႏွစ္ေယာက္တိုင္ပင္ၿပီး ဥႀကီးေတြကိုယူၿပီး အိမ္ကိုျပန္လာခဲ့ၾကသတဲ့… အိမ္ကိုျပန္ေရာက္ေတာ့ ေကာက္႐ိုးေတြခင္းၿပီး ဥႀကီးႏွစ္လုံးကိုထားတယ္… ၿပီးေတာ့… ညီအစ္ကိုႏွစ္ေယာက္ဟာ ဥေတြကို ေစာင့္ၾကည့္ေနၾကတယ္… ဒါေပမဲ့ ဥေတြဟာ ဘာမွမထူးျခားဘဲ ျဖစ္ေနသတဲ့…

ဒါေၾကာင့္ဘာေတြလိုေနသလဲလို႔ စဥ္းစားၾကတာေပါ့… “အင္း ဥႀကီးေတြမေပါက္ႏိုင္တာ အေႏြးဓာတ္မ်ားမ်ား လိုလို႔ပဲ ျဖစ္ရမယ္ ”“ဒီေတာ့ငါတို႔မွာရွိသမွ် ေႏြးမယ့္ပစၥည္းေတြယူၿပီး အုံထားေပးရင္ေကာင္းမယ္” ဒါနဲ႔…သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ အိမ္ထဲမွာရွိသမွ်ေစာင္ေတြ အိပ္ယာခင္း ေခါင္းအုံးအဝတ္ျခင္ေထာင္ပါမက်န္ ဥႀကီးႏွစ္လုံးေပၚ ဖုံးထားလိုက္တယ္..

ဒီလိုနဲ႔… ရက္ေတြၾကာလာျပန္တယ္… ဒါေပမဲ့ ဥႀကီးႏွစ္လုံးဟာ ဘာမွထူးျခားမလာဘူး …. သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာလည္း အလုပ္မလုပ္ႏိုင္ဘဲ ဥႀကီးေတြနဲ႔ အလုပ္ရႈပ္ေနတယ္… ဒါနဲ႔…သူတို႔အိမ္မွာရွိတဲ့ စားစရာေတြကို စားေသာက္လာၾကတာ ကုန္သြားတယ္…

သြားေခ်းငွားတာေပါ့… “ဟာ မင္းတို႔ဟာက မဟုတ္ေသးပါဘူး… ဘာဥမွန္းမသိတဲ့ ဥႀကီးႏွစ္လုံးနဲ႔ အခ်ိန္ကုန္ေနတာပဲ”အဓိပၸါယ္မရွိတဲ့အလုပ္ကို လုပ္ေနတာ မရွက္ၾကဘူးလား ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ မေယာင္ရာဆီလူးေနၾကတယ္”….“ ဒီေတာ့ စားဖို႔အတြက္လဲ ကိုယ့္ဖာသာကိုယ္ ရွာႀကံစားၾက ဘာမွမေပးႏိုင္ဘူး” အိမ္နီးခ်င္းေတြေျပာဆိုၿပီး ႏွင္လႊတ္လိုက္လို႔ ညီျဖစ္သူလည္း အိမ္ကိုျပန္လာခဲ့ရတယ္…

ဒါနဲ႔ညီျဖစ္သူလည္း အစ္ကိုဖိုးေဆာင္းကို အေၾကာင္းစုံျပန္ၿပီး ေျပာျပတာေပါ့… “အင္း သူတို႔ေျပာတာလဲဟုတ္တာပဲ ငါတို႔ေတြလဲဒီဥႀကီးေတြကို တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ၿပီးၿပီ” “ဒါေၾကာင့္ ကိုယ့္အလုပ္ကိုယ္ မလုပ္ႏိုင္ဘဲ ျဖစ္ေနတာ အမွန္ပဲကြ” ဒီေတာ့ဒီဥေတြကို ငါတို႔ေတြ႕ခဲ့တဲ့ ေနရာမွာပဲ ျပန္ထားလိုက္ၾကစို႔” ဒါနဲ႔ညီအစ္ကိုႏွစ္ေယာက္ဟာ ဥႀကီးႏွစ္လုံးကိုယူၿပီး နဂိုေတြ႕ခဲ့တဲ့ ေနရာမွာ ျပန္ထားလိုက္ၾကတာေပါ့….

ၿပီးေတာ့သူတိုဟာ စိတ္မေကာင္းစြာနဲ႔ ၾကည့္ေနၾကတယ္… အဲဒီခ်ိန္မွာပဲ သူတို႔အနားမွာ ႐ုတ္တရက္ ေတာမီးေလာင္လာသတဲ့ …. တိရစာၦန္ေလးေတြ ဟာလည္း ေၾကာက္လန႔္တၾကား ေျပးလႊားၾကေတာ့တာေပါ့… “ဟာ ေတာမီးေလာင္တာေဟ့” ဒီလိုနဲ႔ ေတာမီးဟာ ဥႀကီးေတြရွိတဲ့ေရအိုင္နဲ႔ နီးလာေတာ့သတဲ့ …. ၿပီးေတာ့ မီးေတာက္ေတြဟာ ဥႀကီးေတြအနားက တျဖည္းျဖည္းေရာက္လာတယ္…..

“ဟာ ဒီအတိုင္းဆိုရင္ ဒီဥႏွစ္လုံးကို မီးေလာင္ၿပီး ပ်က္စီးေတာ့မွာပဲ.” “ ကဲငါတို႔ ညီအစ္ကို ဒီဥႀကီးႏွစ္လုံးကို ေတာမီးလြတ္တဲ့ေနရာ သယ္ေျပးၾကစို႔” ညီအစ္ကိုႏွစ္ေယာက္ဟာလည္း ဥႀကီးေတြကို မီးလြတ္ရာ သယ္ေျပးၾကတယ္… ဒီလိုနဲ႔ ေတာစပ္ေရာက္ေတာ့ ေတာမီးေဘးကေန လြတ္သြားေတာ့သတဲ့…

ဒီေတာ့မွ ညီအစ္ကိုႏွစ္ေယာက္ဟာလည္း ဥေတြခ်ၿပီး အေမာေျဖၾကတယ္… အဲဒီခ်ိန္မွာ ေတာမီးရဲ႕ အပူေငြ႕ေၾကာင္ ဥႀကီးႏွစ္လုံးဟာ ကြဲအက္သြားတယ္….. ဥႀကီးတစ္လုံးထဲက ေ႐ႊေရာင္အေမြးအေတာင္ေတြနဲ႔ ျပည့္ေနတဲ့ ဘဲေလးႏွစ္ေကာင္ ထြက္လာသတဲ့… ေနာက္ဥတစ္လုံးထဲက အရမ္းေခ်ာေမာလွပတဲ့ နတ္မိမယ္ေလးႏွစ္ေယာက္ ထြက္လာသတဲ့..

ဒီအခါ ညီအစ္ကိုႏွစ္ေယာက္လည္း အံ့အားသင့္ေနေတာ့တာေပါ့… ေ႐ႊဘဲႏွစ္ေကာင္ဟာ သူတို႔ညီအစ္ကိုေဘးနားမွာ ေတာင္ပံခတ္လိုက္တယ္.. ဒီအခါ ေတာင္ပံထဲကေ႐ႊမႈန္ေလးေတြဟာ ထြက္က်လာသတဲ့… နတ္မိမယ္ႏွစ္ေယာက္ဟာလည္း သူတို႔ညီအစ္ကိုနား ေရာက္လာတယ္….

“ရွင္တို႔ ညီအစ္ကိုဟာ အရမ္းကိုသနားၾကင္နာစိတ္ရွိတဲ့ သူေတြပါပဲ ရွင္တို႔ရဲ႕က႐ုဏာနဲ႔ ကူညီမႈကို မရခဲ့ရင္ ကြၽန္မတို႔ဟာ ပ်က္စီးသြားမွာအမွန္ပဲ” “ဒါေၾကာင့္ ရွင္တို႔ကို ေက်းဇူးဆပ္တဲ့အေနနဲ႔ အလုပ္ေကြၽးျပဳပါရေစ ” ဒါနဲ႔ညီအစ္ကိုႏွစ္ေယာက္လည္း ေ႐ႊဘဲႏွစ္ေကာင္နဲ႔ နတ္မိမယ္ေလးေခၚၿပီး ခ်မ္းခ်မ္းသာသာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ ေနထိုင္သြားေတာ့သတဲ့ကြယ္။credit

Be the first to comment

Leave a Reply

Your email address will not be published.


*