“နန္းတြင္းသူခိုးႏွင့္မိန္းမစိုး”

"နန္းတြင္းသူခိုးႏွင့္မိန္းမစိုး"
"နန္းတြင္းသူခိုးႏွင့္မိန္းမစိုး"

“နန္းတြင္းသူခိုးႏွင့္မိန္းမစိုး”

သီေပါေ႐ႊနန္းရွင္ႏွင့္ မိဘုရားေခါင္ႀကီးစုဖုရားလတ္တို႔၏ ပထမသမီးေတာ္ႀကီး(အသွ်င္ထိပ္စုျမတ္ဘုရားႀကီး)အႏွီးတြင္း အ႐ြယ္တုန္းကျဖစ္သည္။သူခိုးဟူသည္ ေက်းလက္ဇနပုဒ္မွအစ ၿမိဳ႕ႀကီးနန္းတြင္းအထိ ရွိစၿမဲပင္ျဖစ္သည္။ သို႔ရာတြင္ေနရာေဒသမေ႐ြးသူခိုးရွိသျဖင့္ ကာကြယ္ေစာင့္ေရွာက္သူမ်ားလည္း ရွိသည္ခ်ည္းပင္။

ယခုကိစၥမွာ… ဘုရင့္စံနန္းအတြင္းျဖစ္သည့္အျပင္ အေစာင့္အၾကပ္မ်ားတင္းၾကပ္စြာခ်ထားေသာ အေနာက္ေဆာင္တြင္ျဖစ္သည္။ ျမန္မာ့ပေဒသရာဇ္ေခတ္တြင္ နန္းရ၊ေဆာင္ရ၊ မိဘုရားႀကီး၊မိဘုရားလတ္၊မိဘုရားငယ္၊ထိပ္ေခါင္တင္မင္းသမီးမ်ားတို႔ကို အပ်ိဳေတာ္မ်ား၊အပ်ိဳမ်ား၊ေမာင္းမမိသံမ်ား ေန႔ညဥ့္မျပတ္ခစားေနၾကသည္။

ယင္းအေဆာင္မ်ားတြင္ အဆင့္အတန္းအသီးသီးမွ အမ်ိဳးသမီးေပါင္းမ်ားစြာ ရွိၾကသည္။၎မိန္းမမ်ားကို ႀကီးၾကပ္ကြပ္ကဲရန္မွာ မိန္းမစိုးမ်ားစြာရွိၾကသည္။(မိန္းမစိုးအေၾကာင္းကိုေနာက္ထပ္ရွင္းျပပါမည္) မိန္းမစိုးမ်ားသည္ ထားဝယ္ႀကိမ္ကိုကိုင္ေဆာင္ၿပီး ၊မိန္းမစိုးခ်ဳပ္သည္ ငလိပ္ေက်ာက္ၿမီးကိုင္ၿပီး ႐ိုက္ႏွက္ ဆုံးမခြင့္ရွိသည္။

ဆုံးမခြင့္ရွိသူမ်ားမွာ သန႔္ရွင္းေရးအလုပ္သမားမ်ား၊အ‌ေစေတာ္ေက်းကြၽန္မ်ား၊ ဗိုင္းတာမမ်ားျဖစ္သည္။ မိန္းမမ်ားခ်ည္းသက္သက္ေနေသာ ဌါနျဖစ္သည့္အေလ်ာက္ အခ်စ္ေတာ္ဖြဲ႕သည့္ကိစၥမ်ိဴးလည္း ျဖစ္ပြါးတတ္ေသးသည္။ ထိုကိစၥမ်ိဳးေပၚေပါက္လွ်င္ကား မိဘုရားႀကီးစုဖုရားလတ္ကိုယ္တိုင္က စက္ဆုပ္သျဖင့္ ႐ိုက္ႏွက္ဆုံးမခြင့္ေပးထားသည္။

မိန္းမစိုးအေၾကာင္းကို ဒီမွ်ႏွင့္ပင္ရပ္ထားပါဦးမည္။ သူခိုးမအေၾကာင္းဆက္ၾကစို႔…

သီေပါမင္းၾတားနန္းတက္ၿပီး (၂)ႏွစ္ခန႔္အၾကာတြင္ျဖစ္သည္။ အေနာက္ေဆာင္မွာ ေ႐ႊထည္ ၊ေငြထည္မ်ား အေပ်ာက္အရွမ်ားလာသည္။ အထူးသျဖင့္ သီေပါမင္း၏ပထမသမီးေတာ္ႏွင့္အထိန္းေတာ္ႏို႔စံရာ အေဆာင္တစ္ဝိုက္တြင္ အျဖစ္မ်ားသည္။ မိဘုရားတို႔သည္မိမိရင္ေသြးကို ဝမ္းမွထြက္ကတည္းက အတူအိပ္ျခင္း၊ႏို႔ခ်ိဳတိုက္ျခင္း ျပဳလုပ္ေလ့မရွိေပ။

အထိန္းေတာ္ကိုလည္း အဆင့္ျမင့္ေသာကေတာ္မယားထဲမွ အဂ္ါ႐ုပ္ေကာင္း၊က်န္းမာသန႔္ရွင္းသူကို ခန႔္အပ္ထားသည္။ ပထမသမီးေတာ္၏ အထိန္းေတာ္မွာ ယကၠန္းေတာ္အုပ္မင္းသားႀကီး၏မယား သုံးဆယ္ၿမိဳ႕စားျဖစ္သည္။ အေနာက္ေဆာင္မွာက သူခိုးကလည္းပူပူဆူဆူႏွင့္မို႔ စစ္ေဆးေသာ္လည္း သူခိုးမေပၚ။

ထိုရက္ပိုင္းညတညတြင္ျဖစ္သည္..

သုံးဆယ္စားသည္ ပထမသမီးေတာ္ကေလးအား ရင္ခြင္တြင္ပိုက္ကာေညာင္ေစာင္းေပၚတြင္ သတိျဖင့္ေမွးေနသည္။ လုံးဝအိပ္မေပ်ာ္ေသးေပ။ အနီးနားတြင္အေဆာင္ကိုင္၊အေစေတာ္မ်ား အစီအရီအိပ္ေပ်ာ္ေနၾကသည္။ ေ႐ႊတိုင္ေတာ္ကလည္း မွိန္သည္လည္းမဆိုသာ၊လင္းသည္လင္းမမည္၊ ဝိုးတိုးဝါးတားေပါ့ေလ။

သန္းေခါင္ေက်ာ္အခ်ိန္ခန႔္တြင္ ေခါင္းရင္းေလသာျပတင္းေပါက္မွ ခပ္မည္းမည္းလူသ႑ာန္ ဝင္လာသည္ကို သုံးဆယ္ၿမိဳ႕စား႐ုတ္တရက္သိလိုက္သည္။ သို႔ေသာ္အသံမျပဳဘဲ ခပ္ေမွးေမွးၾကည့္ေနေသးသည္။ ထိုလူတြင္ခါးတြင္လည္း ႀကိဳးတန္းလန္းႏွင့္ကိုလည္း သတိထားမိေလသည္။

သူခိုးသည္ေျခဖြနင္းကာ အေဆာင္အတြင္းရွိ ေ႐ႊဖလား၊ေ႐ႊကလပ္မ်ားကို ျဖတ္လတ္စြာေကာက္ယူၿပီး ေဘးလြယ္အိတ္အတြင္း ထည့္လိုက္သည္။ (ထိုစဥ္သုံးဆယ္ၿမိဳ႕စားက သူခိုးသည္ မိန္းမျဖစ္သည္ဟု သိရွိသြားပုံရသည္) သုံးဆယ္ၿမိဳ႕စားသည္ေငါက္ခနဲထၿပီး ”ဟဲ့..သူခိုးမ နင္မေျပးနဲ႔” ဟုေျပာေျပာဆိုဆို ေညာင္ေစာင္းေပၚမွ ကပ်ာကသီဆင္းလာသည္။

သူခိုးမကား အခ်ဥ္မဟုတ္ပါလား။ ေခါင္းမွဆံပင္မ်ားကို ေရွ႕ကိုဖားယားခ်လိုက္ၿပီး ခုန္စြခုန္စြလုပ္ကာ တေစၦလိုပင္ ေျခာက္လွန႔္လိုက္သည္။ သုံးဆယ္ၿမိဳ႕စားမွာသူထင္ထားသလို မေၾကာက္သြားဘဲ…

“အမယ္….ငါ့မ်ားေျခာက္လို႔ လာစမ္း”ဟုဆိုကာ သူခိုးမ၏ဆံပင္ကို လက္ျဖင့္ဆြဲလိမ္ရစ္လိုက္ၿပီး ႏႈတ္မွလည္း “ဟဲ့ အေစေတာ္ေတြထၾကစမ္း.. ထၾကစမ္း”ဟု ႏႈိးေလေသာ္ တစ္ေဆာင္လုံး႐ုတ္႐ုတ္သဲသဲျဖစ္ကာ တစ္ခ်ိဳ႕က သူခိုးမကိုဝင္ဖမ္းသည္။ တစ္ခ်ိဳ႕ကမိန္းမစိုးမ်ားကို‌ ေျပးေခၚၾကသည္။

ထားဝယ္ႀကိမ္အသီးသီးႏွင့္မိန္းမစိုးမ်ား၊ ငါးလိပ္ေက်ာ္ၿမီးႀကီးကိုင္ မိန္းမစိုးခ်ဳပ္ပါ ေရာက္ရွိလာကာ သူခိုးမကိုဝိုင္းထားလိုက္ၿပီး သုံးဆယ္ၿမိဳ႕စား၏အမိန႔္ေတာ္ကို ေစာင့္ေနၾကသည္။

ထိုအခါ သုံးဆယ္ၿမိဳ႕စားက သူခိုးမွဆံပင္ကိုလႊတ္ေျဖကာ စစ္ေမးေသာ္ လြယ္အိတ္တြင္းမွ ေ႐ႊထည္မ်ားကိုထုတ္ေပးရင္း “ဘုရာ့ ကြၽန္ေတာ္မ ဘာမွမသုံးရေသးပါဘူး ဘုရား၊ ဒီတစ္ႀကိမ္သာစြန႔္မွားမိုက္မိျခင္းပါဘုရား၊ လႊတ္ေတာ္မူရင္ ေနျပည္ေတာ္ကေနေဝးရာကို ေျပးပါေတာ့မယ္ဘုရား”စသျဖင့္ ေျခဖက္ေတာင္းပန္ေလ၏။

စစ္စစ္အားျဖင့္သူခိုးမသည္ အပ်ိဳေတာ္တစ္ဦး၏ ေနာက္လိုက္ေနာက္ပါအျဖစ္ အေနာက္ေဆာင္သို႔ ဝင္ဖူးထြက္ဖူးၿပီး ဝင္လမ္းထြက္လမ္း ကြၽမ္းက်င္သူျဖစ္သည္။ ထိုကာလက အပ်ိဳေတာ္တစ္ဦးလွ်င္ ေနာက္လိုက္ ငါးဦးမွဆယ္ဦးအထိ လိုက္ပါၾကစၿမဲျဖစ္၏။

သူခိုးမသည္ေလသာေဆာင္ေပၚသို႔ ကိုင္းၫြတ္ေနေသာမန္က်ည္းကိုင္းကို ခါးမွႀကိဳးႏွင့္ခိုကာ ေလ်ာဆင္းလာၿပီး လူမမိေသာ္ ထိုႀကိဳးကိုပင္ ခို၍ျပန္တက္သြားေပမည္။ စသျဖင့္ သူခိုးမကိုစစ္ေမးၿပီးေသာ္ မိန္းမစိုးခ်ဳပ္သည္ ငါးလိပ္ေက်ာက္ၿမီးကိုကိုင္ကာ ေရွ႕သို႔တိုးလာေလ၏။

“ဟဲ့. ဟဲ့ ..အဲ့ဟာႀကီးနဲ႔ေတာ့ မလုပ္နဲ႔၊ ငါ့ေရွ႕ကေခၚသြား၊ ႐ိုး႐ိုးႀကိမ္နဲ႔ဘဲ ႐ိုက္ၿပီး ဆိုင္ရာကိုပို႔လိုက္ၾကေပေတာ့”ဟု သုံးဆယ္ၿမိဳ႕စားကအမိန႔္ေပးလိုက္ေလ၏။ ထိုသုံးဆယ္ၿမိဳ႕စားမွာ ပါေတာ္မူသည္တြင္ အိႏၵိယသို႔ လိုက္ပါသြားၿပီး အရွင္ႏွစ္ပါးခြင့္ျပဳခ်က္ျဖင့္ ျမန္မာျပည္သို႔ျပန္လာကာ မိသားစုႏွင့္အတူ ေနထိုင္သြားခဲ့ေလ၏။

ကိုးကား- ေ႐ႊဘိုမိမိႀကီး (နန္းတြင္းသူခိုးႏွင့္မိန္းမစိုး)မူရင္းေရးသားသူကို ေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

“နန်းတွင်းသူခိုးနှင့်မိန်းမစိုး”

သီပေါရွှေနန်းရှင်နှင့် မိဘုရားခေါင်ကြီးစုဖုရားလတ်တို့၏ ပထမသမီးတော်ကြီး(အသျှင်ထိပ်စုမြတ်ဘုရားကြီး)အနှီးတွင်း အရွယ်တုန်းကဖြစ်သည်။သူခိုးဟူသည် ကျေးလက်ဇနပုဒ်မှအစ မြို့ကြီးနန်းတွင်းအထိ ရှိစမြဲပင်ဖြစ်သည်။ သို့ရာတွင်နေရာဒေသမရွေးသူခိုးရှိသဖြင့် ကာကွယ်စောင့်ရှောက်သူများလည်း ရှိသည်ချည်းပင်။

ယခုကိစ္စမှာ… ဘုရင့်စံနန်းအတွင်းဖြစ်သည့်အပြင် အစောင့်အကြပ်များတင်းကြပ်စွာချထားသော အနောက်ဆောင်တွင်ဖြစ်သည်။ မြန်မာ့ပဒေသရာဇ်ခေတ်တွင် နန်းရ၊ဆောင်ရ၊ မိဘုရားကြီး၊မိဘုရားလတ်၊မိဘုရားငယ်၊ထိပ်ခေါင်တင်မင်းသမီးများတို့ကို အပျိုတော်များ၊အပျိုများ၊မောင်းမမိသံများ နေ့ညဉ့်မပြတ်ခစားနေကြသည်။

ယင်းအဆောင်များတွင် အဆင့်အတန်းအသီးသီးမှ အမျိုးသမီးပေါင်းများစွာ ရှိကြသည်။၎င်းမိန်းမများကို ကြီးကြပ်ကွပ်ကဲရန်မှာ မိန်းမစိုးများစွာရှိကြသည်။(မိန်းမစိုးအကြောင်းကိုနောက်ထပ်ရှင်းပြပါမည်) မိန်းမစိုးများသည် ထားဝယ်ကြိမ်ကိုကိုင်ဆောင်ပြီး ၊မိန်းမစိုးချုပ်သည် ငလိပ်ကျောက်မြီးကိုင်ပြီး ရိုက်နှက် ဆုံးမခွင့်ရှိသည်။

ဆုံးမခွင့်ရှိသူများမှာ သန့်ရှင်းရေးအလုပ်သမားများ၊အ‌စေတော်ကျေးကျွန်များ၊ ဗိုင်းတာမများဖြစ်သည်။ မိန်းမများချည်းသက်သက်နေသော ဌါနဖြစ်သည့်အလျောက် အချစ်တော်ဖွဲ့သည့်ကိစ္စမျိူးလည်း ဖြစ်ပွါးတတ်သေးသည်။ ထိုကိစ္စမျိုးပေါ်ပေါက်လျှင်ကား မိဘုရားကြီးစုဖုရားလတ်ကိုယ်တိုင်က စက်ဆုပ်သဖြင့် ရိုက်နှက်ဆုံးမခွင့်ပေးထားသည်။

မိန်းမစိုးအကြောင်းကို ဒီမျှနှင့်ပင်ရပ်ထားပါဦးမည်။ သူခိုးမအကြောင်းဆက်ကြစို့…

သီပေါမင်းတြားနန်းတက်ပြီး (၂)နှစ်ခန့်အကြာတွင်ဖြစ်သည်။ အနောက်ဆောင်မှာ ရွှေထည် ၊ငွေထည်များ အပျောက်အရှများလာသည်။ အထူးသဖြင့် သီပေါမင်း၏ပထမသမီးတော်နှင့်အထိန်းတော်နို့စံရာ အဆောင်တစ်ဝိုက်တွင် အဖြစ်များသည်။ မိဘုရားတို့သည်မိမိရင်သွေးကို ဝမ်းမှထွက်ကတည်းက အတူအိပ်ခြင်း၊နို့ချိုတိုက်ခြင်း ပြုလုပ်လေ့မရှိပေ။

အထိန်းတော်ကိုလည်း အဆင့်မြင့်သောကတော်မယားထဲမှ အဂ်ါရုပ်ကောင်း၊ကျန်းမာသန့်ရှင်းသူကို ခန့်အပ်ထားသည်။ ပထမသမီးတော်၏ အထိန်းတော်မှာ ယက္ကန်းတော်အုပ်မင်းသားကြီး၏မယား သုံးဆယ်မြို့စားဖြစ်သည်။ အနောက်ဆောင်မှာက သူခိုးကလည်းပူပူဆူဆူနှင့်မို့ စစ်ဆေးသော်လည်း သူခိုးမပေါ်။

ထိုရက်ပိုင်းညတညတွင်ဖြစ်သည်..

သုံးဆယ်စားသည် ပထမသမီးတော်ကလေးအား ရင်ခွင်တွင်ပိုက်ကာညောင်စောင်းပေါ်တွင် သတိဖြင့်မှေးနေသည်။ လုံးဝအိပ်မပျော်သေးပေ။ အနီးနားတွင်အဆောင်ကိုင်၊အစေတော်များ အစီအရီအိပ်ပျော်နေကြသည်။ ရွှေတိုင်တော်ကလည်း မှိန်သည်လည်းမဆိုသာ၊လင်းသည်လင်းမမည်၊ ဝိုးတိုးဝါးတားပေါ့လေ။

သန်းခေါင်ကျော်အချိန်ခန့်တွင် ခေါင်းရင်းလေသာပြတင်းပေါက်မှ ခပ်မည်းမည်းလူသဏ္ဍာန် ဝင်လာသည်ကို သုံးဆယ်မြို့စားရုတ်တရက်သိလိုက်သည်။ သို့သော်အသံမပြုဘဲ ခပ်မှေးမှေးကြည့်နေသေးသည်။ ထိုလူတွင်ခါးတွင်လည်း ကြိုးတန်းလန်းနှင့်ကိုလည်း သတိထားမိလေသည်။

သူခိုးသည်ခြေဖွနင်းကာ အဆောင်အတွင်းရှိ ရွှေဖလား၊ရွှေကလပ်များကို ဖြတ်လတ်စွာကောက်ယူပြီး ဘေးလွယ်အိတ်အတွင်း ထည့်လိုက်သည်။ (ထိုစဉ်သုံးဆယ်မြို့စားက သူခိုးသည် မိန်းမဖြစ်သည်ဟု သိရှိသွားပုံရသည်) သုံးဆယ်မြို့စားသည်ငေါက်ခနဲထပြီး ”ဟဲ့..သူခိုးမ နင်မပြေးနဲ့” ဟုပြောပြောဆိုဆို ညောင်စောင်းပေါ်မှ ကပျာကသီဆင်းလာသည်။

သူခိုးမကား အချဉ်မဟုတ်ပါလား။ ခေါင်းမှဆံပင်များကို ရှေ့ကိုဖားယားချလိုက်ပြီး ခုန်စွခုန်စွလုပ်ကာ တစ္ဆေလိုပင် ခြောက်လှန့်လိုက်သည်။ သုံးဆယ်မြို့စားမှာသူထင်ထားသလို မကြောက်သွားဘဲ…

“အမယ်….ငါ့များခြောက်လို့ လာစမ်း”ဟုဆိုကာ သူခိုးမ၏ဆံပင်ကို လက်ဖြင့်ဆွဲလိမ်ရစ်လိုက်ပြီး နှုတ်မှလည်း “ဟဲ့ အစေတော်တွေထကြစမ်း.. ထကြစမ်း”ဟု နှိုးလေသော် တစ်ဆောင်လုံးရုတ်ရုတ်သဲသဲဖြစ်ကာ တစ်ချို့က သူခိုးမကိုဝင်ဖမ်းသည်။ တစ်ချို့ကမိန်းမစိုးများကို‌ ပြေးခေါ်ကြသည်။

ထားဝယ်ကြိမ်အသီးသီးနှင့်မိန်းမစိုးများ၊ ငါးလိပ်ကျော်မြီးကြီးကိုင် မိန်းမစိုးချုပ်ပါ ရောက်ရှိလာကာ သူခိုးမကိုဝိုင်းထားလိုက်ပြီး သုံးဆယ်မြို့စား၏အမိန့်တော်ကို စောင့်နေကြသည်။

ထိုအခါ သုံးဆယ်မြို့စားက သူခိုးမှဆံပင်ကိုလွှတ်ဖြေကာ စစ်မေးသော် လွယ်အိတ်တွင်းမှ ရွှေထည်များကိုထုတ်ပေးရင်း “ဘုရာ့ ကျွန်တော်မ ဘာမှမသုံးရသေးပါဘူး ဘုရား၊ ဒီတစ်ကြိမ်သာစွန့်မှားမိုက်မိခြင်းပါဘုရား၊ လွှတ်တော်မူရင် နေပြည်တော်ကနေဝေးရာကို ပြေးပါတော့မယ်ဘုရား”စသဖြင့် ခြေဖက်တောင်းပန်လေ၏။

စစ်စစ်အားဖြင့်သူခိုးမသည် အပျိုတော်တစ်ဦး၏ နောက်လိုက်နောက်ပါအဖြစ် အနောက်ဆောင်သို့ ဝင်ဖူးထွက်ဖူးပြီး ဝင်လမ်းထွက်လမ်း ကျွမ်းကျင်သူဖြစ်သည်။ ထိုကာလက အပျိုတော်တစ်ဦးလျှင် နောက်လိုက် ငါးဦးမှဆယ်ဦးအထိ လိုက်ပါကြစမြဲဖြစ်၏။

သူခိုးမသည်လေသာဆောင်ပေါ်သို့ ကိုင်းညွတ်နေသောမန်ကျည်းကိုင်းကို ခါးမှကြိုးနှင့်ခိုကာ လျောဆင်းလာပြီး လူမမိသော် ထိုကြိုးကိုပင် ခို၍ပြန်တက်သွားပေမည်။ စသဖြင့် သူခိုးမကိုစစ်မေးပြီးသော် မိန်းမစိုးချုပ်သည် ငါးလိပ်ကျောက်မြီးကိုကိုင်ကာ ရှေ့သို့တိုးလာလေ၏။

“ဟဲ့. ဟဲ့ ..အဲ့ဟာကြီးနဲ့တော့ မလုပ်နဲ့၊ ငါ့ရှေ့ကခေါ်သွား၊ ရိုးရိုးကြိမ်နဲ့ဘဲ ရိုက်ပြီး ဆိုင်ရာကိုပို့လိုက်ကြပေတော့”ဟု သုံးဆယ်မြို့စားကအမိန့်ပေးလိုက်လေ၏။ ထိုသုံးဆယ်မြို့စားမှာ ပါတော်မူသည်တွင် အိန္ဒိယသို့ လိုက်ပါသွားပြီး အရှင်နှစ်ပါးခွင့်ပြုချက်ဖြင့် မြန်မာပြည်သို့ပြန်လာကာ မိသားစုနှင့်အတူ နေထိုင်သွားခဲ့လေ၏။

ကိုးကား- ရွှေဘိုမိမိကြီး (နန်းတွင်းသူခိုးနှင့်မိန်းမစိုး)မူရင်းရေးသားသူကို လေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*