ျမန္မာႏိုင္ငံမွာ-ငလ်င္ငယ္ေတြ ခပ္စိပ္စိပ္လႈပ္လာေန

ျမန္မာႏိုင္ငံမွာ-ငလ်င္ငယ္ေတြ ခပ္စိပ္စိပ္လႈပ္လာေန

၀၆ ဇြန္၊ ၂၀၂၂, ျမသဇင္ေအာင္

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္းေတြအတြင္း အားသိပ္မျပင္းတဲ့ငလ်င္ေတြ ခပ္စိပ္စိပ္ လႈပ္ေနတာေၾကာင့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာနဲ႔နီးစပ္ေနတဲ့ ေနရာေတြမွာ ေျမငလ်င္ သတိထားေစာင့္ၾကည့္ရမယ့္ အေျခအေနရွိေနေပမယ့္ လတ္တေလာမွာ ျပင္းထန္ငလ်င္လႈပ္ခတ္မႈ ျဖစ္ႏိုင္ဖြယ္ နည္းေသးတယ္လို႔ မိုးဇလတာဝန္ရွိသူေတြက ေျပာပါတယ္။

မုတ္သုံဝင္လာတဲ့ ျမန္မာႏိုင္ငံမွာ မုတ္သုံအား ဆက္ေကာင္းႏိုင္ဖြယ္ ရွိေနတယ္လို႔လည္း မိုးဇလဘက္က ေျပာပါတယ္။ ငလ်င္နဲ႔ပတ္သက္လို႔ ဘယ္ေဒသေတြ သတိထားရပါမလဲ၊ မုတ္သုံအားေကာင္းမႈနဲ႔ ေနာက္ ဆက္တြဲ ဘာေတြျဖစ္လာႏိုင္မလဲ စတာေတြကို ရန္ကုန္ကေပးပို႔တဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ငလ်င္ေတြ ခပ္စိပ္စိပ္လႈပ္လာေနတာေၾကာင့္ သတိထား ေစာင့္ၾကည့္ရမယ့္ အေနအထားရွိလာတာပါ။ လတ္တေလာလႈပ္ခတ္တဲ့ငလ်င္ေတြက စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာနဲ႔ ဆက္စပ္ၿပီးလႈပ္ခတ္တာမ်ိဳးမဟုတ္ေသးတာမို႔ ျပင္းထန္ငလ်င္ လႈပ္ခတ္မႈ ျဖစ္လာႏိုင္ဖို႔ အေျခအေန နည္းေသးတယ္လို႔ မိုးဇလဌာနရဲ႕ ေျမငလ်င္ တိုင္းတာေစာင့္ၾကည့္ေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ေဒါက္တာ ရင္မ်ိဳးမင္းေထြးက ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

“ေျမငလ်င္ဆိုတာကေတာ့ တျခားေသာ သဘာဝေဘးလိုမ်ိဳး ႀကိဳတင္ခန႔္မွန္းတြက္ခ်က္လို႔ မရတဲ့ သဘာဝေဘးျဖစ္တယ္။ ရာသီမေ႐ြး ျဖစ္ႏိုင္တယ္။ ဆိုေတာ့ တိတိက်က်ခန႔္မွန္းတြက္ခ်က္လို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္တာေတြက ေနရာတခုတည္းမွာ ျဖစ္ေပၚတာမဟုတ္ဘူး။ ျဖစ္တဲ့ ေနရာတေနရာနဲ႔ တေနရာမတူဘူး။

အကယ္၍ ေနရာတခုတည္းမွာျဖစ္ရင္ေတာ့ ဒါကို ေရွ႕ေျပးအေနနဲ႔လာတာလားေပါ့။ ေနာက္ပိုင္းမွာ ငလ်င္အႀကီးႀကီးလာႏိုင္တယ္လို႔ ေျပာလို႔ရတယ္ခင္ဗ်။ ခုကျဖစ္ေပၚတာ တေနရာတည္းမဟုတ္ဘဲနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းေကာ ေတာင္ပိုင္းေကာ အေရွ႕ဘက္ပိုင္းမွာေကာ အေသးေလးေတြ လႈပ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါက ေရွ႕ေျပးအေနနဲ႔ေျပာမရသလို အဲဒီေဒသမွာ ငလ်င္ႀကီးလာႏိုင္တယ္လို႔ ခုခ်ိန္ေျပာလို႔မရပါဘူး ခင္ဗ်။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက ျမန္မာႏိုင္ငံမွာ အင္အားအသင့္အတင့္ရွိတဲ့ ငလ်င္လႈပ္ခတ္မႈေတြ ရွိခဲ့တာမွာ ထူးျခားမႈအေနနဲ႔ ၿပီးခဲ့တဲ့ ဇြန္ ၅ ရက္ မနက္အေစာပိုင္း ၁၂ နာရီေက်ာ္ အခ်ိန္မွာတခါနဲ႔ အဲဒီေန႔ မနက္ ၁ နာရီေက်ာ္မွာတခါ ၂ ခါတိတိ အင္အားအသင့္ အတင့္ရွိ ေျမငလ်င္ ဆက္တိုက္လႈပ္ရွားမႈ ရွိခဲ့ပါတယ္။

အဲဒီေန႔ ပထမဆုံးလႈပ္ခဲ့တဲ့ ေျမငလ်င္ဟာ ဧရာဝတီတိုင္း၊ ေညာင္တုန္းၿမိဳ႕ရဲ႕ အ‌ေရွ႕၊ အ‌‌‌‌ေရွ႕ေျမာက္ဘက္ ၉ မိုင္ခန႔္အကြာ အနက္ ၈၃ ကီလိုမီတာ (၅၁.၅၇ မိုင္)ကို ဗဟိုျပဳၿပီး အင္အားရစ္ခ်္တာစေကး ၄.၂ အဆင့္ရွိခဲ့ပါတယ္။

ဒုတိယ လႈပ္ခတ္မႈကေတာ့ ရွမ္းေျမာက္၊ မိုင္းျပင္းၿမိဳ႕ အေရွ႕ေျမာက္ဘက္ မိုင္၂၀ ခန႔္အကြာ အနက္ ၁၀ ကီလိုမီတာ (၆.၂၁ မိုင္) ကိုဗဟိုျပဳၿပီး အင္အား ရစ္ခ္တာစေကး ၃.၈ အဆင့္ရွိ အင္အားအနည္း ငယ္ရွိေျမငလ်င္ ျဖစ္တယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနဘက္က ထုတ္ျပန္ထားပါတယ္။ တရက္တည္း အခ်ိန္သိပ္မကြာဘဲ ဆက္တိုက္လႈပ္ခတ္ခဲ့တာလည္းျဖစ္ပါတယ္။

တပတ္အတြင္း ေျမငလ်င္လႈပ္ခတ္ခဲ့မႈေတြကို ျပန္ၾကည့္မယ္ဆိုရင္လည္း ၿပီးခဲ့တဲ့ ေမ ၂၉ ရက္ ကေန ဇြန္ ၅ရက္ ျမန္မာျပည္တြင္းေနရာအခ်ိဳ႕မွာ အင္အားအသင့္အတင့္ရွိတဲ့ ငလ်င္လႈပ္မႈေတြ ဆက္တိုက္ရွိခဲ့တာပါ။ လႈပ္ခတ္ခဲ့တဲ့ေျမငလ်င္အင္အားေတြက ၃.၂ အဆင့္ကေန ၅.၄ အဆင့္ၾကားရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာအပါအဝင္ ျပတ္ေ႐ြ႕ အေတာ္ေတာ္မ်ားမ်ားရွိေနတဲ့အတြက္ ငလ်င္အႏၲရာယ္မ်ားတဲ့ ႏိုင္ငံလို႔ ေျပာလို႔ရႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ေျမငလ်င္ အသင္းက အသိေပးမႈေတြလည္း ေတာက္ေလွ်ာက္ ရွိေနခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဘးတိုက္ အထက္ေအာက္ တြန္းတင္ေနတဲ့ ျပတ္ေ႐ြ႕ေၾကာ အေျမာက္အျမားရွိေနၿပီး အဓိကအင္အားႀကီးငလ်င္ေတြလႈပ္ခတ္ႏိုင္တဲ့ အဓိက ေျမငလ်င္ေၾကာႀကီး ငါးခု ရွိပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕ဟာ ျမန္မာႏိုင္ငံအထက္ပိုင္း ကခ်င္ျပည္နယ္ ပူတာအိုအနီးကေန စတင္ခဲ့ၿပီး မုတၱမပင္လယ္ေကြ႕အထိ ေျမာက္ ကေန ေတာင္အထိ ရွိတဲ့ အရွည္လ်ားဆုံး ငလ်င္ျပတ္ေ႐ြ႕ေၾကာျဖစ္ကာ ဒီေဒသေတြဟာ ငလ်င္ေၾကာင့္ေဘးအႏၲရာယ္ႀကဳံ ရႏိုင္ဖြယ္ရွိႏိုင္တာမို႔ သတိထားသင့္တဲ့ ေနရာ ေတြအေနနဲ႔ သတ္မွတ္ထားကာေစာင့္ၾကည့္မႈေတြလုပ္ေနတယ္လို႔ ေဒါက္တာ ရင္မ်ိဳးမင္းေထြးက ဗြီအိုေအကို ခုလိုေျပာျပပါတယ္။ “ငလ်င္ဆိုတာမ်ိဳးကေတာ့ အခ်ိန္မေ႐ြး Alarm ျဖစ္ေနဖို႔အတြက္ ေျပာထားတာရွိတယ္။

အဓိက ၿမိဳ႕ႀကီးေတြကေတာ့ စစ္ကိုင္းမႏၲေလး၊ မိတၳီလာ၊ သာစည္၊ ရမည္းသင္း၊ ပ်ဥ္းမနား၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ျဖဴးနဲ႔ ပဲခူးဘက္ေပါ့။ ဒီေနရာေတြက စစ္ကိုင္းျပတ္ေ႐ြ႕ျဖတ္သန္းသြားတဲ့ ၿမိဳ႕ေတြမို႔ ငလ်င္လႈပ္ရွားမႈ ျမန္မာႏိုင္ငံမွာ မၾကာခဏျဖစ္တတ္တဲ့ ျပတ္ေ႐ြ႕ ျဖစ္လို႔ အဲဒီေဒသေတြနဲ႔ ျမန္မာႏိုင္ငံအေနာက္ပိုင္း ဒီစစ္ကိုင္းအထက္မွာဆိုလည္း ငလ်င္နဲ႔ ပတ္သက္လို႔ သတိျပဳေနထိုင္သင့္တယ္။ ငလ်င္နဲ႔ပတ္သက္တဲ့ အသိပညာေပးတာ၊ မွ်ေဝတာေတြ လုပ္ထားပါတယ္ခင္ဗ်။”

လက္ရွိမွာ စစ္အာဏာသိမ္းမႈၾကား မတည္မၿငိမ္ျဖစ္ေနခ်ိန္မို႔ ငလ်င္ေတြနဲ႔ပတ္သက္လို႔ မွန္မွန္ကန္ကန္ ခန႔္မွန္းဖို႔နဲ႔ အသိပညာေပးတာေတြ ဆက္လုပ္ဖို႔ အကန႔္အသတ္ေတြ ရွိေနလို႔ ျပင္ပ ငလ်င္ပညာရွင္ေတြဘက္က ေထာက္ျပမႈေတြရွိေနပါတယ္။

လတ္တေလာမွာလည္း ျမန္မာႏိုင္ငံမွာ မုတ္သုံရာသီဥတုျဖစ္ေနၿပီး ရန္ကုန္အပါအဝင္ ကမ္း႐ိုးတန္းတေလွ်ာက္၊ ျမန္မာႏိုင္ငံေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသေတြမွာ မုတ္သုံ ဆက္ အားေကာင္း ႏိုင္ဖြယ္ရွိေနတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးလွထြန္းက ဗြီအိုေအကို ေျပာပါတယ္။ ဒီအေျခအေနေတြမွာ သတိထားရမယ့္အေျခအေနေတြနဲ႔ပတ္သက္လို႔ သူက ခုလို ေျပာျပပါတယ္။

“မုတ္သုံက လာမယ့္တပတ္ေလာက္ထိ အားအသင့္အတင့္ကေန အားေကာင္းမယ့္အေနအထားရွိတာေပါ့။ ျမစ္ေရတိုးမယ့္ အေနအထား ဒါေတြေတာ့ သတိျပဳရမွာေပါ့ေနာ္။ စိုးရိမ္ေရမွတ္ေရာက္မယ့္ အလားအလာေတာ့ မရွိေသးဘူးေပါ့။ မိုးဦးကာလဆိုေတာ့ မိုး သိပ္မမွန္ေသးဘူး။ မမွန္ေသးတဲ့အတြက္ မိုးျပတ္သြားရင္ စိုက္ေရးပ်ိဳးေရးမွာအခက္အခဲရွိႏိုင္တယ္။ မိုးေလဝသအေျခအေန ၾကည့္ၿပီးေတာ့ ေဆာင္႐ြက္ဖို႔ေတာ့ လိုတာေပါ့။

စိုက္ပ်ိဳးေရးပိုင္းမွာေပါ့ေနာ္။ တျပည္လုံးလိုလို မုတ္သုံဝင္တဲ့အေနအထား သို႔ေသာ္ အပူခ်ိန္ေတြက မိုးျပတ္သြားတာနဲ႔ တၿပိဳင္နက္ ပူတဲ့အေနအထားမို႔ မိုးႀကိဳးပစ္တာတို႔ ဘာတို႔ တျပည္လုံးလိုလို သတိထားရမယ္။ မိုးဦးေလဦး မုတ္သုန္အားေကာင္းရင္ ပင္လယ္ျပင္မွာ မိုးသက္ေလျပင္းက် လႈိင္းထန္တာရွိတာေပါ့ေနာ္။ ဒါေတြ ပင္လယ္ခရီးမွာ သတိျပဳဖို႔လိုတယ္။”

လက္ရွိအခ်ိန္ထိ တိုင္းတာထားခ်က္ေတြအရ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ျမစ္ဝကြၽန္းေပၚေဒသေတြနဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တာေတြရွိတယ္လို႔ မိုးဇလဘက္က ထုတ္ျပန္ထားပါတယ္။CreditVOA Burmese

Unicode

မြန်မာနိုင်ငံမှာ-ငလျင်ငယ်တွေ ခပ်စိပ်စိပ်လှုပ်လာနေ

၀၆ ဇွန်၊ ၂၀၂၂, မြသဇင်အောင်

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း အားသိပ်မပြင်းတဲ့ငလျင်တွေ ခပ်စိပ်စိပ် လှုပ်နေတာကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောနဲ့နီးစပ်နေတဲ့ နေရာတွေမှာ မြေငလျင် သတိထားစောင့်ကြည့်ရမယ့် အခြေအနေရှိနေပေမယ့် လတ်တလောမှာ ပြင်းထန်ငလျင်လှုပ်ခတ်မှု ဖြစ်နိုင်ဖွယ် နည်းသေးတယ်လို့ မိုးဇလတာဝန်ရှိသူတွေက ပြောပါတယ်။

မုတ်သုံဝင်လာတဲ့ မြန်မာနိုင်ငံမှာ မုတ်သုံအား ဆက်ကောင်းနိုင်ဖွယ် ရှိနေတယ်လို့လည်း မိုးဇလဘက်က ပြောပါတယ်။ ငလျင်နဲ့ပတ်သက်လို့ ဘယ်ဒေသတွေ သတိထားရပါမလဲ၊ မုတ်သုံအားကောင်းမှုနဲ့ နောက် ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ စတာတွေကို ရန်ကုန်ကပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာနေတာကြောင့် သတိထား စောင့်ကြည့်ရမယ့် အနေအထားရှိလာတာပါ။ လတ်တလောလှုပ်ခတ်တဲ့ငလျင်တွေက စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ဆက်စပ်ပြီးလှုပ်ခတ်တာမျိုးမဟုတ်သေးတာမို့ ပြင်းထန်ငလျင် လှုပ်ခတ်မှု ဖြစ်လာနိုင်ဖို့ အခြေအနေ နည်းသေးတယ်လို့ မိုးဇလဌာနရဲ့ မြေငလျင် တိုင်းတာစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ရင်မျိုးမင်းထွေးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“မြေငလျင်ဆိုတာကတော့ တခြားသော သဘာဝဘေးလိုမျိုး ကြိုတင်ခန့်မှန်းတွက်ချက်လို့ မရတဲ့ သဘာဝဘေးဖြစ်တယ်။ ရာသီမရွေး ဖြစ်နိုင်တယ်။ ဆိုတော့ တိတိကျကျခန့်မှန်းတွက်ချက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်တာတွေက နေရာတခုတည်းမှာ ဖြစ်ပေါ်တာမဟုတ်ဘူး။ ဖြစ်တဲ့ နေရာတနေရာနဲ့ တနေရာမတူဘူး။

အကယ်၍ နေရာတခုတည်းမှာဖြစ်ရင်တော့ ဒါကို ရှေ့ပြေးအနေနဲ့လာတာလားပေါ့။ နောက်ပိုင်းမှာ ငလျင်အကြီးကြီးလာနိုင်တယ်လို့ ပြောလို့ရတယ်ခင်ဗျ။ ခုကဖြစ်ပေါ်တာ တနေရာတည်းမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကော တောင်ပိုင်းကော အရှေ့ဘက်ပိုင်းမှာကော အသေးလေးတွေ လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက ရှေ့ပြေးအနေနဲ့ပြောမရသလို အဲဒီဒေသမှာ ငလျင်ကြီးလာနိုင်တယ်လို့ ခုချိန်ပြောလို့မရပါဘူး ခင်ဗျ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာနိုင်ငံမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့တာမှာ ထူးခြားမှုအနေနဲ့ ပြီးခဲ့တဲ့ ဇွန် ၅ ရက် မနက်အစောပိုင်း ၁၂ နာရီကျော် အချိန်မှာတခါနဲ့ အဲဒီနေ့ မနက် ၁ နာရီကျော်မှာတခါ ၂ ခါတိတိ အင်အားအသင့် အတင့်ရှိ မြေငလျင် ဆက်တိုက်လှုပ်ရှားမှု ရှိခဲ့ပါတယ်။

အဲဒီနေ့ ပထမဆုံးလှုပ်ခဲ့တဲ့ မြေငလျင်ဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရဲ့ အ‌ရှေ့၊ အ‌‌‌‌ရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ အနက် ၈၃ ကီလိုမီတာ (၅၁.၅၇ မိုင်)ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄.၂ အဆင့်ရှိခဲ့ပါတယ်။

ဒုတိယ လှုပ်ခတ်မှုကတော့ ရှမ်းမြောက်၊ မိုင်းပြင်းမြို့ အရှေ့မြောက်ဘက် မိုင်၂၀ ခန့်အကွာ အနက် ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) ကိုဗဟိုပြုပြီး အင်အား ရစ်ခ်တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်း ငယ်ရှိမြေငလျင် ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။ တရက်တည်း အချိန်သိပ်မကွာဘဲ ဆက်တိုက်လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

တပတ်အတွင်း မြေငလျင်လှုပ်ခတ်ခဲ့မှုတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ မေ ၂၉ ရက် ကနေ ဇွန် ၅ရက် မြန်မာပြည်တွင်းနေရာအချို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်မှုတွေ ဆက်တိုက်ရှိခဲ့တာပါ။ လှုပ်ခတ်ခဲ့တဲ့မြေငလျင်အင်အားတွေက ၃.၂ အဆင့်ကနေ ၅.၄ အဆင့်ကြားရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကြောအပါအဝင် ပြတ်ရွေ့ အတော်တော်များများရှိနေတဲ့အတွက် ငလျင်အန္တရာယ်များတဲ့ နိုင်ငံလို့ ပြောလို့ရနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် အသင်းက အသိပေးမှုတွေလည်း တောက်လျှောက် ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက်တွန်းတင်နေတဲ့ ပြတ်ရွေ့ကြော အမြောက်အမြား ရှိနေပြီး အဓိကအင်အားကြီးငလျင်တွေလှုပ်ခတ်နိုင်တဲ့ အဓိကမြေငလျင်ကြောကြီး ငါးခု ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးကနေ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက် ကနေ တောင်အထိ ရှိတဲ့ အရှည်လျားဆုံး ငလျင်ပြတ်ရွေ့ကြောဖြစ်ကာ ဒီဒေသတွေဟာ ငလျင်ကြောင့်ဘေးအန္တရာယ်ကြုံ ရနိုင်ဖွယ်ရှိနိုင်တာမို့ သတိထားသင့်တဲ့ နေရာ တွေအနေနဲ့ သတ်မှတ်ထားကာစောင့်ကြည့်မှုတွေလုပ်နေတယ်လို့ ဒေါက်တာ ရင်မျိုးမင်းထွေးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။ “ငလျင်ဆိုတာမျိုးကတော့ အချိန်မရွေး Alarm ဖြစ်နေဖို့အတွက် ပြောထားတာရှိတယ်။

အဓိက မြို့ကြီးတွေကတော့ စစ်ကိုင်းမန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးဘက်ပေါ့။ ဒီနေရာတွေက စစ်ကိုင်းပြတ်ရွေ့ဖြတ်သန်းသွားတဲ့ မြို့တွေမို့ ငလျင်လှုပ်ရှားမှု မြန်မာနိုင်ငံမှာ မကြာခဏဖြစ်တတ်တဲ့ ပြတ်ရွေ့ ဖြစ်လို့ အဲဒီဒေသတွေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်း ဒီစစ်ကိုင်းအထက်မှာဆိုလည်း ငလျင်နဲ့ ပတ်သက်လို့ သတိပြုနေထိုင်သင့်တယ်။ ငလျင်နဲ့ပတ်သက်တဲ့ အသိပညာပေးတာ၊ မျှဝေတာတွေ လုပ်ထားပါတယ်ခင်ဗျ။”

လက်ရှိမှာ စစ်အာဏာသိမ်းမှုကြား မတည်မငြိမ်ဖြစ်နေချိန်မို့ ငလျင်တွေနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန် ခန့်မှန်းဖို့နဲ့ အသိပညာပေးတာတွေ ဆက်လုပ်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ပြင်ပ ငလျင်ပညာရှင်တွေဘက်က ထောက်ပြမှုတွေရှိနေပါတယ်။

လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ မုတ်သုံရာသီဥတုဖြစ်နေပြီး ရန်ကုန်အပါအဝင် ကမ်းရိုးတန်းတလျှောက်၊ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မုတ်သုံ ဆက် အားကောင်း နိုင်ဖွယ်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးလှထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေတွေမှာ သတိထားရမယ့်အခြေအနေတွေနဲ့ပတ်သက်လို့ သူက ခုလို ပြောပြပါတယ်။

“မုတ်သုံက လာမယ့်တပတ်လောက်ထိ အားအသင့်အတင့်ကနေ အားကောင်းမယ့်အနေအထားရှိတာပေါ့။ မြစ်ရေတိုးမယ့် အနေအထား ဒါတွေတော့ သတိပြုရမှာပေါ့နော်။ စိုးရိမ်ရေမှတ်ရောက်မယ့် အလားအလာတော့ မရှိသေးဘူးပေါ့။ မိုးဦးကာလဆိုတော့ မိုး သိပ်မမှန်သေးဘူး။ မမှန်သေးတဲ့အတွက် မိုးပြတ်သွားရင် စိုက်ရေးပျိုးရေးမှာအခက်အခဲရှိနိုင်တယ်။ မိုးလေဝသအခြေအနေ ကြည့်ပြီးတော့ ဆောင်ရွက်ဖို့တော့ လိုတာပေါ့။

စိုက်ပျိုးရေးပိုင်းမှာပေါ့နော်။ တပြည်လုံးလိုလို မုတ်သုံဝင်တဲ့အနေအထား သို့သော် အပူချိန်တွေက မိုးပြတ်သွားတာနဲ့ တပြိုင်နက် ပူတဲ့အနေအထားမို့ မိုးကြိုးပစ်တာတို့ ဘာတို့ တပြည်လုံးလိုလို သတိထားရမယ်။ မိုးဦးလေဦး မုတ်သုန်အားကောင်းရင် ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျ လှိုင်းထန်တာရှိတာပေါ့နော်။ ဒါတွေ ပင်လယ်ခရီးမှာ သတိပြုဖို့လိုတယ်။”

လက်ရှိအချိန်ထိ တိုင်းတာထားချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာတွေရှိတယ်လို့ မိုးဇလဘက်က ထုတ်ပြန်ထားပါတယ်။CreditVOA Burmese

Be the first to comment

Leave a Reply

Your email address will not be published.


*