မိန်းမတစ်ယောက်ကို-ထမင်းကျွေးနိုင်ရုံလောက်နဲ့-လက်မထပ်ပါနဲ့

မိန်းမတစ်ယောက်ကို-ထမင်းကျွေးနိုင်ရုံလောက်နဲ့-လက်မထပ်ပါနဲ့
မိန်းမတစ်ယောက်ကို-ထမင်းကျွေးနိုင်ရုံလောက်နဲ့-လက်မထပ်ပါနဲ့

မိန်းမတစ်ယောက်ကို-ထမင်းကျွေးနိုင်ရုံလောက်နဲ့-လက်မထပ်ပါနဲ့

မိန်းမတစ်ယောက်ကို ထမင်း ကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့ လက်မထပ်ပါနဲ့ ထမင်းကတော့ သူ့မိဘလဲ ဝအောင်ကျွေးနိုင်တယ်….မြန်မာ့အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ ခံစားချက်… မြန်မာယောက်ျားအချို့ဟာ ကိုယ်တိုင်က တာဝန်မယူနိုင်ဘဲ မိန်းမ ယူချင်ကြတယ်။

တာဝန်ယူတယ်ဆိုတာ လက်ထပ်ရုံ၊ ငွေကြေးထောက်ပံ့ပေးရုံကို ပြောတာမဟုတ်ဘူးနော်… မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို နားလည်နိုင်မှုကိုပြောတာ။ အဲဒိတော့ မိန်းမယူပြီး ပိုက်ဆံပေးရင် ရပြီထင်တာ မှားတယ်။ မိန်းကလေးတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့။ ထမင်းက သူ့မိဘလည်း သူတို့သမီး မငတ်အောင် ကျွေးထားနိုင်တယ်။

ဒါပေမယ့် မိန်းကလေးရဲ့ အိမ်မက်တွေရော ကိုယ့်ရဲ့အိမ်မက်တွေကိုပါ အပြန်အလှန် အကောင်အထည်ဖော်နိုင်အောင် ကူညီနိုင်ကြမယ်ဆို ယူပေါ့။ ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။ အချို့က ရှိသေးတယ် မင်း ငါနဲ့ ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့ အိမ်မှာ ကလေးနဲ့ အေးအေးဆေးဆေးနေတဲ့။

အဲဒါ တကယ့်ထောင်ချောက် မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်မှုမှာ ယောက်ျားတွေထက် သာတာမှန်ပေမယ့် တသက်လုံး
သူတို့အပြင်လောကနဲ့ မဆက်ဆံခိုင်းရင် သူကကြာတဲ့အခါ အိမ်မှာနေရင် လှောင်အိမ်ထဲက ငှက်လိုဖြစ်ပြီး အကြံတုံး ညဏ်တုံး ဖြစ်သွားလိုက်မယ်။

ဘယ်မိန်းမမဆို ယောက်ျားရပြီးသည့်တိုင်အောင် ကိုယ်စိတ်ဝင်စားတာ တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်နိုင်ခွင့်တော့ ရှိရမယ်။ ဘာလို့လည်းဆိုတော့ မိန်းမတွေမှာ အိမ်မှာနေပြီး သူဝါသနာပါရာ လုပ်နိုင်မှသာ သူ့တန်ဖိုးကို သူမမဲ့မှာ။

မဟုတ်ရင် သူ့ယောက်ျားက တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်းမသိလောက်အောင် စိတ်ဓာတ်ကျရမယ်။အဲတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်ရင် အဲဒီမိန်းမကို ကိုယ်ကလည်း respect ပေးရမယ်။ သူလုပ်ချင်တာလေးတွေ ပေးလုပ်ရမယ်။

ငါပိုက်ဆံ ရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင်ဆိုတာကို ဘယ်မိန်းမမှ ချစ်တာလို့ ခံစားရမှာ မဟုတ်ဘူး။ အဲဒါက သခင်နဲ့ ကျွန် ဆက်ဆံရေး။ လင်နဲ့ မယားဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တစ်ယောက်ပြောတာ တစ်ယောက်သေချာ နားထောင်တဲ့ ဆက်ဆံရေးပါ။

ဒါကြောင့် ဘယ်တစ်ယောက်ကမှ နှိမ်သလို အရေးမပါသလို ဆက်ဆံလို့မရဘူး။ နောက်တစ်ခုက Healthy relationship ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေ နဲ့ ရှေ့ဆက်ရတာပါ။

တစ်ယောက်နဲ့တစ်ယောက် အလျော့အတင်းလေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။ အမြဲတမ်း တင်းလွန်းရင်လည်း ပြတ်တတ်သလို့ လျော့လွန်းရင်လည်း အဆင်မပြေပါဘူး။တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသည့်တိုင် ပြဿနာဆိုတာ အခြေအနေအရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လိုအခြေအနေရောက်ရောက် အတူတူရင်ဆိုင်မယ်ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည်းလိုတယ်။

နောက်တစ်ခုကတော့ ဘေးစကားတွေပါ။ မြန်မာမိသားစုတွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေ ပါဝင်နေတတ်ပါတယ်။ ကိုယ့်မိသားစု ကိစ္စ မဟုတ်ပဲ ကိုယ်ဘာမှမသိဘဲ ဝင်ယောင်၊ဝင်ရှုပ်တာနဲ့ ရန်ဖြစ်စကားများရတဲ့ လင်မယားတွေ အများကြီးပါ။

တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်းဘီးတပ်နေတဲ့ ဆွေမျိုးတွေပါပဲ။ ကျွန်မပြောတာ မြန်မာမိသားစုအတော်များများရဲ့ ဖြစ်နေကြ ပြဿနာတွေပါ။ ဒိတော့ ဘေးစကားကြောင့် ပြဿနာတက်မယ်ဆို ကိုယ့်လူအသိဆုံးပဲ။ အပြင်လူနဲ့ ကိုယ့်လူဆိုရင် ကိုယ့်လူစကားဘဲ ယုံရမှာပဲ။

ကိုယ့်လူနဲ့ ကိုယ်ပြဿနာတက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲရတာ ဘေးလူက အေးဆေးအနေသာကြီး။ ဒါကြောင့် လင်မယား ပြဿနာတက်ရင် ကိုယ့်အချင်းချင်းကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တစ်ချို့ ကိစ္စတွေက အပြင်လူပါမှ ရှင်းမရဖြစ်တတ်ပါတယ်။

နောက် ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေးကို ရိုတ်ခတ်ပါတယ်။ မြန်မာ့လူနေမှုမှာ သူများအကြောင်းစပ်စုတာဟာ အလေ့တစ်ခုလို ဖြစ်နေပါပြီ။ကျွန်မရဲ့ ပုဂ္ဂလအမြင်အရဆိုရင်တော့ စပ်စုတာကို တော်တော်မုန်းတဲ့ထဲမှာ ပါတယ်။

စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့မယ် ဘာမဟုတ်တာကို ပုံကြီးချဲ့မယ် ဒါတွေအားလုံးဟာ မုသာဝါဒထဲမှာ အကျိုးဝင်တယ်။ အတိအကျနေနဲ့ ဆိုရင် သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းအဖျင်းစကားထဲမှာ အကျုံးဝင်တယ်။

ဒါကိုဘာလို့ ဗုဒ္ဓဘာသာမြန်မာလူမျိုး အမည်ခံပြီး လုပ်နေကြလဲဆိုရင် ဘုရားစကားကို နားမလည်လို့ပဲပြောရမှာပဲ။ ကျွန်မတို့မြန်မာနိုင်ငံက မိသားစုတော်တော်များများ ၊ လင်မယားမိတ်ဆွေတွေကြား ပြဿနာတက်တာ ခုန သမ္ဖပ္ပလာပကို ပျော်ပျော်ကြီး ကျူးလွန်နေကြလို့။

သူများကို မသိဘဲ ကဲ့ရဲ့တတ်တာလည်း ဝစီကံကြူးလွန်တာပါပဲ။ ကိုယ်တိုင်ကမသိလို့ သိတဲ့သူက ပြောရင်လည်း ဟုတ်လား… ငါမှမသိတာ ငါထင်တာကဆိုတာနဲ့ ထင်ကြေးပေးတတ်ခြင်းကလဲ မုသာဝါဒမြောက်တယ်။

ဒီမုသာဝါဒကိုသာ ထိန်းနိုင်ကြည့် crimeလည်းလျော့သွားမယ်။ ပြဿနာတော်တော်များများလည်း လျော့သွားမယ်။ တစ်ချို့တွေကပြောတဲ့ white lie ဆိုတာရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ White lie လည်းမရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒမလုံတဲ့သူဟာ ဘာသီလမှ မလုံတော့ပါဘူး။

အဲဒါကြောင့် ဘယ်ဆက်ဆံရေးမဆို ကြာရှည်တည်မြဲချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့လိုတယ်။ ရိုးသားတာကို မကြိုက်တဲ့သူက မရိုးသားလို့ပါပဲ….။မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်သည်။မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Zawgyi

မိန္းမတစ္ေယာက္ကို-ထမင္းေကြၽးႏိုင္႐ုံေလာက္နဲ႔-လက္မထပ္ပါနဲ႔

မိန္းမတစ္ေယာက္ကို ထမင္း ေကြၽးႏိုင္႐ုံေလာက္နဲ႔ မယူနဲ႔ လက္မထပ္ပါနဲ႔ ထမင္းကေတာ့ သူ႔မိဘလဲ ဝေအာင္ေကြၽးႏိုင္တယ္….ျမန္မာ့အိမ္ေထာင္ေရးနဲ႔ အမ်ိဳးသမီးတို႔ ခံစားခ်က္… ျမန္မာေယာက္်ားအခ်ိဳ႕ဟာ ကိုယ္တိုင္က တာဝန္မယူႏိုင္ဘဲ မိန္းမ ယူခ်င္ၾကတယ္။

တာဝန္ယူတယ္ဆိုတာ လက္ထပ္႐ုံ၊ ေငြေၾကးေထာက္ပံ့ေပး႐ုံကို ေျပာတာမဟုတ္ဘူးေနာ္… မိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကို နားလည္ႏိုင္မႈကိုေျပာတာ။ အဲဒိေတာ့ မိန္းမယူၿပီး ပိုက္ဆံေပးရင္ ရၿပီထင္တာ မွားတယ္။ မိန္းကေလးတစ္ေယာက္ကို ထမင္းေကြၽးႏိုင္႐ုံေလာက္နဲ႔ မယူနဲ႔။ ထမင္းက သူ႔မိဘလည္း သူတို႔သမီး မငတ္ေအာင္ ေကြၽးထားႏိုင္တယ္။

ဒါေပမယ့္ မိန္းကေလးရဲ႕ အိမ္မက္ေတြေရာ ကိုယ့္ရဲ႕အိမ္မက္ေတြကိုပါ အျပန္အလွန္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ကူညီႏိုင္ၾကမယ္ဆို ယူေပါ့။ ဒါကမွ တာဝန္ယူႏိုင္မႈ အစစ္ပဲ။ အခ်ိဳ႕က ရွိေသးတယ္ မင္း ငါနဲ႔ ယူၿပီးရင္ ဘာအလုပ္မွ မလုပ္နဲ႔ အိမ္မွာ ကေလးနဲ႔ ေအးေအးေဆးေဆးေနတဲ့။

အဲဒါ တကယ့္ေထာင္ေခ်ာက္ မိန္းမတိုင္းက ကေလးေမြးၿပီး ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္မႈမွာ ေယာက္်ားေတြထက္ သာတာမွန္ေပမယ့္ တသက္လုံး
သူတို႔အျပင္ေလာကနဲ႔ မဆက္ဆံခိုင္းရင္ သူကၾကာတဲ့အခါ အိမ္မွာေနရင္ ေလွာင္အိမ္ထဲက ငွက္လိုျဖစ္ၿပီး အႀကံတုံး ညဏ္တုံး ျဖစ္သြားလိုက္မယ္။

ဘယ္မိန္းမမဆို ေယာက္်ားရၿပီးသည့္တိုင္ေအာင္ ကိုယ္စိတ္ဝင္စားတာ တစ္ခုခုကို စြဲစြဲၿမဲၿမဲ လုပ္ႏိုင္ခြင့္ေတာ့ ရွိရမယ္။ ဘာလို႔လည္းဆိုေတာ့ မိန္းမေတြမွာ အိမ္မွာေနၿပီး သူဝါသနာပါရာ လုပ္ႏိုင္မွသာ သူ႔တန္ဖိုးကို သူမမဲ့မွာ။

မဟုတ္ရင္ သူ႔ေယာက္်ားက တစ္ျခားတစ္ေယာက္ကို စိတ္ဝင္စားေနခဲ့ရင္ သူတို႔မွာ ကိုယ့္တန္ဖိုးေတာင္ ဘာမွန္းမသိေလာက္ေအာင္ စိတ္ဓာတ္က်ရမယ္။အဲေတာ့ ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို တကယ္ခ်စ္ရင္ အဲဒီမိန္းမကို ကိုယ္ကလည္း respect ေပးရမယ္။ သူလုပ္ခ်င္တာေလးေတြ ေပးလုပ္ရမယ္။

ငါပိုက္ဆံ ရွာေကြၽးထားတာ မင္းက ငါေျပာတာပဲ နားေထာင္ဆိုတာကို ဘယ္မိန္းမမွ ခ်စ္တာလို႔ ခံစားရမွာ မဟုတ္ဘူး။ အဲဒါက သခင္နဲ႔ ကြၽန္ ဆက္ဆံေရး။ လင္နဲ႔ မယားဆိုတာ အျပန္အလွန္ ေဆြးေႏြးတိုင္ပင္ တစ္ေယာက္ေျပာတာ တစ္ေယာက္ေသခ်ာ နားေထာင္တဲ့ ဆက္ဆံေရးပါ။

ဒါေၾကာင့္ ဘယ္တစ္ေယာက္ကမွ ႏွိမ္သလို အေရးမပါသလို ဆက္ဆံလို႔မရဘူး။ ေနာက္တစ္ခုက Healthy relationship ဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္နားလည္ၿပီး ေမတၱာေတြ သည္းခံမႈေတြ နဲ႔ ေရွ႕ဆက္ရတာပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ အေလ်ာ့အတင္းေလးေတြနဲ႔ ဆက္ဆံရတာမ်ိဳးပါ။ အၿမဲတမ္း တင္းလြန္းရင္လည္း ျပတ္တတ္သလို႔ ေလ်ာ့လြန္းရင္လည္း အဆင္မေျပပါဘူး။တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိသည့္တိုင္ ျပႆနာဆိုတာ အေျခအေနအရပ္ရပ္က ဝင္လာမွာမို႔လို႔ ဘယ္လိုအေျခအေနေရာက္ေရာက္ အတူတူရင္ဆိုင္မယ္ဆိုတဲ့ ရဲေဘာ္ရဲဘက္ စိတ္လည္းလိုတယ္။

ေနာက္တစ္ခုကေတာ့ ေဘးစကားေတြပါ။ ျမန္မာမိသားစုေတြမွာ အေတာ္စပ္စုၿပီး စကားရႈပ္တဲ့ လူေတြ ပါဝင္ေနတတ္ပါတယ္။ ကိုယ့္မိသားစု ကိစၥ မဟုတ္ပဲ ကိုယ္ဘာမွမသိဘဲ ဝင္ေယာင္၊ဝင္ရႈပ္တာနဲ႔ ရန္ျဖစ္စကားမ်ားရတဲ့ လင္မယားေတြ အမ်ားႀကီးပါ။

တကယ္ေတာ့ သူတို႔ဟာ ကူညီသလိုလိုနဲ႔ အဆင္းဘီးတပ္ေနတဲ့ ေဆြမ်ိဳးေတြပါပဲ။ ကြၽန္မေျပာတာ ျမန္မာမိသားစုအေတာ္မ်ားမ်ားရဲ႕ ျဖစ္ေနၾက ျပႆနာေတြပါ။ ဒိေတာ့ ေဘးစကားေၾကာင့္ ျပႆနာတက္မယ္ဆို ကိုယ့္လူအသိဆုံးပဲ။ အျပင္လူနဲ႔ ကိုယ့္လူဆိုရင္ ကိုယ့္လူစကားဘဲ ယုံရမွာပဲ။

ကိုယ့္လူနဲ႔ ကိုယ္ျပႆနာတက္ရင္ ႏွစ္ေယာက္လုံး စိတ္ဆင္းရဲရတာ ေဘးလူက ေအးေဆးအေနသာႀကီး။ ဒါေၾကာင့္ လင္မယား ျပႆနာတက္ရင္ ကိုယ့္အခ်င္းခ်င္းၾကားမွာ ကိုယ့္ဘာသာပဲ ရေအာင္ရွင္းပါ။ တစ္ခ်ိဳ႕ ကိစၥေတြက အျပင္လူပါမွ ရွင္းမရျဖစ္တတ္ပါတယ္။

ေနာက္ ေဘးပတ္ဝန္းက်င္ရဲ႕ေျပာစကားဆိုတာ အင္မတန္မွ အိမ္ေထာင္ေရးကို ႐ိုတ္ခတ္ပါတယ္။ ျမန္မာ့လူေနမႈမွာ သူမ်ားအေၾကာင္းစပ္စုတာဟာ အေလ့တစ္ခုလို ျဖစ္ေနပါၿပီ။ကြၽန္မရဲ႕ ပုဂၢလအျမင္အရဆိုရင္ေတာ့ စပ္စုတာကို ေတာ္ေတာ္မုန္းတဲ့ထဲမွာ ပါတယ္။

စပ္စုမယ္၊ စကားသယ္မယ္၊ ဒီစကားဟိုပို႔မယ္ ဘာမဟုတ္တာကို ပုံႀကီးခ်ဲ႕မယ္ ဒါေတြအားလုံးဟာ မုသာဝါဒထဲမွာ အက်ိဳးဝင္တယ္။ အတိအက်ေနနဲ႔ ဆိုရင္ သမၹပၸလာပ လို႔ေခၚတဲ့ ေသးႏုပ္သိမ္ဖ်င္းတဲ့ အတင္းအဖ်င္းစကားထဲမွာ အက်ဳံးဝင္တယ္။

ဒါကိုဘာလို႔ ဗုဒၶဘာသာျမန္မာလူမ်ိဳး အမည္ခံၿပီး လုပ္ေနၾကလဲဆိုရင္ ဘုရားစကားကို နားမလည္လို႔ပဲေျပာရမွာပဲ။ ကြၽန္မတို႔ျမန္မာႏိုင္ငံက မိသားစုေတာ္ေတာ္မ်ားမ်ား ၊ လင္မယားမိတ္ေဆြေတြၾကား ျပႆနာတက္တာ ခုန သမၹပၸလာပကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ေနၾကလို႔။

သူမ်ားကို မသိဘဲ ကဲ့ရဲ႕တတ္တာလည္း ဝစီကံၾကဴးလြန္တာပါပဲ။ ကိုယ္တိုင္ကမသိလို႔ သိတဲ့သူက ေျပာရင္လည္း ဟုတ္လား… ငါမွမသိတာ ငါထင္တာကဆိုတာနဲ႔ ထင္ေၾကးေပးတတ္ျခင္းကလဲ မုသာဝါဒေျမာက္တယ္။

ဒီမုသာဝါဒကိုသာ ထိန္းႏိုင္ၾကည့္ crimeလည္းေလ်ာ့သြားမယ္။ ျပႆနာေတာ္ေတာ္မ်ားမ်ားလည္း ေလ်ာ့သြားမယ္။ တစ္ခ်ိဳ႕ေတြကေျပာတဲ့ white lie ဆိုတာရွိေသးတယ္။ ဗုဒၶအဘိဓမၼာမွာ White lie လည္းမရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒမလုံတဲ့သူဟာ ဘာသီလမွ မလုံေတာ့ပါဘူး။

အဲဒါေၾကာင့္ ဘယ္ဆက္ဆံေရးမဆို ၾကာရွည္တည္ၿမဲခ်င္ရင္ အဆုံးစြန္ဆုံး ႐ိုးသားဖို႔လိုတယ္။ ႐ိုးသားတာကို မႀကိဳက္တဲ့သူက မ႐ိုးသားလို႔ပါပဲ….။ေမတၱာျဖင့္ ျပန္လည္မွ်ေဝျခင္းျဖစ္သည္။မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*