လူသားဆန္ေသာ ေအးခ်မ္းသာယာတဲ့ ပတ္ဝန္းက်င္အသိုက္အၿမဳံေကာင္းျဖစ္ေအာင္ ဖန္တီးၾကပါစို႔…

လူသားဆန္ေသာ ေအးခ်မ္းသာယာတဲ့ ပတ္ဝန္းက်င္အသိုက္အၿမဳံေကာင္းျဖစ္ေအာင္ ဖန္တီးၾကပါစို႔...
လူသားဆန္ေသာ ေအးခ်မ္းသာယာတဲ့ ပတ္ဝန္းက်င္အသိုက္အၿမဳံေကာင္းျဖစ္ေအာင္ ဖန္တီးၾကပါစို႔...

လူသားဆန္ေသာ ေအးခ်မ္းသာယာတဲ့ ပတ္ဝန္းက်င္အသိုက္အၿမဳံေကာင္းျဖစ္ေအာင္ ဖန္တီးၾကပါစို႔…

အင္ဂ်လီနာဂ်ိဳလီသာ ျမန္မာႏိုင္ငံမွာ ေမြးၾကည့္… သူ႔႐ုပ္ဘယ္ေလာက္ လွလွ… S-e-xy ဘယ္ေလာက္ျဖစ္ျဖစ္… အဲဒီ့ေကာင္မကေဆးသုံးတာ ငယ္ငယ္ကတည္းက ဖေအက ပစ္သြားတာေလ… စာရိတၱလည္း မေကာင္းဘူးစတဲ့…

အျပစ္တင္-အႏိုင္က်င့္ စကားလုံးေတြၾကားမွာ ကုလသမဂၢသံတမန္ျဖစ္လာဖို႔ မေျပာနဲ႔ စိတ္ဓာတ္ေတြ ႀကိမ္ႀကိမ္ ႐ိုက္ခ်ိဳးခံရၿပီး ေဆးသမားဘဝနဲ႔ပဲ အဆုံးသတ္သြားလိမ့္မယ္…

ေအာ္ပရာဝင္းဖေရးသာ ျမန္မာႏိုင္ငံမွာ ေမြးၾကည့္… ကမာၻေက်ာ္႐ုပ္သံ တင္ဆက္သူ ျဖစ္လာဖို႔ ေဝးစြ… သူက အသက္ ၁၃ ႏွစ္ေလာက္ကတည္းက အႀကိမ္ႀကိမ္ မု-ဒိန္း-က်င့္ခံရတာေလ… မသန႔္ရွင္းေတာ့ဘူး… သူနဲ႔ မပတ္သတ္နဲ႔… သူ႔ကို မယူနဲ႔ေနာ္…

ဘယ္လို အေနအထိုင္မတတ္လို႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မု-ဒိန္း-က်င့္ခံရလဲမွ မသိတာစတဲ့ မစာမနာ အထင္ေသးကဲ့ရဲ႕တဲ့ စကားေတြၾကားမွာ လူေမႊးသူေမႊးေတာင္ ေျပာင္မွာ မဟုတ္ဘူး…

ႏိုင္ငံျခားကို အဲဒီလိုေနရာေတြမွာ အထင္ႀကီးတယ္… သူတို႔ရဲ႕ Growing Environment က သိပ္ေကာင္းတယ္… လဲေနသူကို ထူေပးတယ္… မွားေနသူကိုလည္း အမွန္ျမင္လို႔ ျပန္ျပင္ရင္ လူေကာင္းအျဖစ္နဲ႔ ျပန္လက္ခံေပးတယ္…

အတိတ္က အရိပ္ဆိုးေတြကို ခဏခဏျပန္အစေဖာ္ၿပီး စိတ္ဒုကၡမေပးဘူး… ခုလက္ရွိအခ်ိန္မွာ သူဘယ္လို အေကာင္းဆုံး ႀကိဳးစားရပ္တည္ေနလဲ ဆိုတာကိုပဲ ၾကည့္ၾကတယ္… Positive Thinking Positive View ေတြနဲ႔ပဲ ကူညီေပးၾကတယ္…

ျမန္မာႏိုင္ငံက လူအမ်ားစုက သူတစ္ပါးကို အရမ္း Judgement လုပ္လြန္း အားႀကီးတယ္… အဲဒီလို Judgement လုပ္ေနရေအာင္ တရားသူႀကီးေတြလည္း မဟုတ္ၾကဘူး…

တကယ္လို႔ အေၾကာင္းအရာတစ္ခု ဖတ္ရသိရလို႔ ကိုယ္တိုင္ပါဝင္ မကူညီေပးႏိုင္ေတာင္ ကိုယ့္အတြက္ အသိတရားတစ္ခု ရယူၿပီး ဒါမေကာင္းဘူး မျဖစ္သင့္ဘူး ငါ့အလွည့္က် မျဖစ္ေအာင္ ဆင္ျခင္ရမယ္လို႔ ေတြးေတာတတ္ရင္ ရပါၿပီ…

ဝဋ္ဆိုတာကလည္း ေနာက္ဘဝမကူးဘဲ အခုဘဝမွာပဲ လည္တတ္တာမို႔ အ႐ိုးမရွိတဲ့ လွ်ာေလးကို အသိ သတိေလးနဲ႔ ဆင္ျခင္ပီး သူတစ္ပါးအေပၚျပစ္တင္ရႈတ္ခ် ေဝဖန္တာမ်ိဳးကို ေရွာင္ရွားၾကပါလို႔ တိုက္တြန္းရင္း……မူရင္းေရးသားသူကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

လူသားဆန်သော အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်အသိုက်အမြုံကောင်းဖြစ်အောင် ဖန်တီးကြပါစို့…

အင်ဂျလီနာဂျိုလီသာ မြန်မာနိုင်ငံမှာ မွေးကြည့်… သူ့ရုပ်ဘယ်လောက် လှလှ… S-e-xy ဘယ်လောက်ဖြစ်ဖြစ်… အဲဒီ့ကောင်မကဆေးသုံးတာ ငယ်ငယ်ကတည်းက ဖအေက ပစ်သွားတာလေ… စာရိတ္တလည်း မကောင်းဘူးစတဲ့…

အပြစ်တင်-အနိုင်ကျင့် စကားလုံးတွေကြားမှာ ကုလသမဂ္ဂသံတမန်ဖြစ်လာဖို့ မပြောနဲ့ စိတ်ဓာတ်တွေ ကြိမ်ကြိမ် ရိုက်ချိုးခံရပြီး ဆေးသမားဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်…

အော်ပရာဝင်းဖရေးသာ မြန်မာနိုင်ငံမှာ မွေးကြည့်… ကမ္ဘာကျော်ရုပ်သံ တင်ဆက်သူ ဖြစ်လာဖို့ ဝေးစွ… သူက အသက် ၁၃ နှစ်လောက်ကတည်းက အကြိမ်ကြိမ် မု-ဒိန်း-ကျင့်ခံရတာလေ… မသန့်ရှင်းတော့ဘူး… သူနဲ့ မပတ်သတ်နဲ့… သူ့ကို မယူနဲ့နော်…

ဘယ်လို အနေအထိုင်မတတ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မု-ဒိန်း-ကျင့်ခံရလဲမှ မသိတာစတဲ့ မစာမနာ အထင်သေးကဲ့ရဲ့တဲ့ စကားတွေကြားမှာ လူမွှေးသူမွှေးတောင် ပြောင်မှာ မဟုတ်ဘူး…

နိုင်ငံခြားကို အဲဒီလိုနေရာတွေမှာ အထင်ကြီးတယ်… သူတို့ရဲ့ Growing Environment က သိပ်ကောင်းတယ်… လဲနေသူကို ထူပေးတယ်… မှားနေသူကိုလည်း အမှန်မြင်လို့ ပြန်ပြင်ရင် လူကောင်းအဖြစ်နဲ့ ပြန်လက်ခံပေးတယ်…

အတိတ်က အရိပ်ဆိုးတွေကို ခဏခဏပြန်အစဖော်ပြီး စိတ်ဒုက္ခမပေးဘူး… ခုလက်ရှိအချိန်မှာ သူဘယ်လို အကောင်းဆုံး ကြိုးစားရပ်တည်နေလဲ ဆိုတာကိုပဲ ကြည့်ကြတယ်… Positive Thinking Positive View တွေနဲ့ပဲ ကူညီပေးကြတယ်…

မြန်မာနိုင်ငံက လူအများစုက သူတစ်ပါးကို အရမ်း Judgement လုပ်လွန်း အားကြီးတယ်… အဲဒီလို Judgement လုပ်နေရအောင် တရားသူကြီးတွေလည်း မဟုတ်ကြဘူး…

တကယ်လို့ အကြောင်းအရာတစ်ခု ဖတ်ရသိရလို့ ကိုယ်တိုင်ပါဝင် မကူညီပေးနိုင်တောင် ကိုယ့်အတွက် အသိတရားတစ်ခု ရယူပြီး ဒါမကောင်းဘူး မဖြစ်သင့်ဘူး ငါ့အလှည့်ကျ မဖြစ်အောင် ဆင်ခြင်ရမယ်လို့ တွေးတောတတ်ရင် ရပါပြီ…

ဝဋ်ဆိုတာကလည်း နောက်ဘဝမကူးဘဲ အခုဘဝမှာပဲ လည်တတ်တာမို့ အရိုးမရှိတဲ့ လျှာလေးကို အသိ သတိလေးနဲ့ ဆင်ခြင်ပီး သူတစ်ပါးအပေါ်ပြစ်တင်ရှုတ်ချ ဝေဖန်တာမျိုးကို ရှောင်ရှားကြပါလို့ တိုက်တွန်းရင်း……မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*