အမှန်တစ်ကယ်အသုံးဝင်တဲ့ သဘာဝရိုးရာဆေးနည်းများ
အမှန်တစ်ကယ်အသုံးဝင်တဲ့ သဘာဝရိုးရာဆေးနည်းများ
အမှန်တစ်ကယ်အသုံးဝင်တဲ့ သဘာဝရိုးရာဆေးနည်းများ
အမှန်တစ်ကယ်အသုံးဝင်တဲ့ သဘာဝရိုးရာဆေးနည်းများ
သင့်ခန္ဓာကိုယ်က တစ်နေ့တစ်မျိုးမရိုးရအောင် ဂဂျီဂဂျောင်ကျတတ်ပါတယ် ။ ဥပမာ… မနက် အစည်းအဝေး သွားစရာ ရှိပါတယ်ဆိုမှ လည်ချောင်း နာနေတာမျိုး ၊ ပင်လယ်စာတွေ စားထားပြီး ဗိုက်မအီမသာ ဖြစ်နေတာမျိုး ၊ Gym ဆော့တာများသွားလို့ တစ်ကိုယ်လုံး ကိုက်ခဲနေတာမျိုး စသဖြင့်ပေါ့ ။ အဲဒီပြဿနာတွေက ရောဂါတွေမဟုတ်တာကြောင့် ဆရာဝန်ဆီ အပြေးအလွှား သွားပြစရာမလိုဘဲ ကိုယ့်အိမ်မှာတင် ကိုယ့်ဘာသာကိုယ် ကုသနိုင်ပါတယ် ။ ဆေးနည်းတွေက သင့်အိမ်ထဲမှာတင်ရှိပါတယ် ။
၁ ။ မူးဝေ-အော့အန်လျှင်
ပထမဦးစွာ လတ်ဆတ်တဲ့ချင်းကို ရေနွေးဖျောပြီး စစ်ထုတ်ပါ ။ ရလာတဲ့ချင်းရည်ကို ရေခဲကတ်တွေထဲထည့်ပြီး အေးခဲထားပါ ။ အေးခဲသွားသည့်အခါ ထိုရေခဲများကိုစားလျှင် ဝမ်းကိုကောင်းမွန်စေပြီး မူးဝေအော့အန်သည့်ဝေဒနာကို သက်သာစေပါတယ် ။
၂ ။ လည်ချောင်းနာလျှင်
ကြက်သွန်ဖြူခြောက်မွှာလောက်ကို ကြိတ်ချေပြီး ရေနွေးထဲရောပါ ။ ထိုရေနွေးဖြင့် တစ်နေ့နှစ်ကြိမ် အာလုပ်ကျင်းပါ ။ လေ့လာတွေ့ရှိချက်များအရ ကြက်သွန်ဖြူဟာ နာကျင်စေတတ်တဲ့ ဘက်တီးရီးယားများကို တိုက်ခိုက်နိုင်ပါတယ် ။ရေနွေးကလည်း ရောင်ရမ်းနေတဲ့ တစ်ရူးများကို သက်သာစေပါတယ် ။
၃ ။ ချောင်းဆိုးလျှင်
ချောကလက်အနက် နှစ်တုံးလောက်စားပါ ။ သာမန်ချောကလက်များက ချောင်းဆိုးခြင်းကို အားပေးပေမယ့် အနက်ရောင်ချောကလက် ( dark chocolate )ကတော့ ချောင်းဆိုးခြင်းအတွက် ဆေးတစ်လက်ပါပဲ ။
၄ ။ အပူလောင်လျှင်
ဒယ်အိုးပူကိုသွားကိုင်မိလို့ အပူလောင်သွားတဲ့အခါ ဒဏ်ရာကို ရှားစောင်းလက်ပပ်နဲ့သာ ကပ်ထားလိုက်ပါ ။ အပူလောင်တာ သိသိသာသာ ပျောက်ကင်း သွားပါမယ်။
၅ ။ ခြေထောက်အနံ့ထွက်နေလျှင်
ရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ညတိုင်း ခြေထောက်ကို စိမ်ပါ။ ၎င်းက ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ် ။ တစ်ခုသတိထားရမှာက ခြေထောက်မှာ ဒဏ်ရာအနာရှိနေရင် မစိမ်သင့်ပါဘူး။
၆ ။ အအေးမိလျှင်
ရှောက်သီးတစ်ခြမ်းကို အရည်ညှစ်ပြီး ခွက်တစ်ခုထဲ ထည့်ပါ။ ရှောက်သီးခွံကိုပါ ထည့်လိုက်ပါ ။ ထို့နောက် ရေနွေးနဲ့ ပျားရည် ထပ်ထည့်ပါ။ထွက်လာတဲ့အငွေ့ကို ရူပေးလျှင် နှာခေါင်းပိတ်ခြင်းကို သက်သာစေပြီး ထိုအရည်ကို တစ်နေ့ သုံးကြိမ်သောက်ပေးပါက အအေးမိ ပျောက်ကင်းနိုင်ပါတယ် ။
၇ ။ ခံတွင်းအနံ့ဆိုးထွက်လျှင်
ရှောက်ရည်ခွက်လေးတစ်ခွက်ဖြင့် အာလုပ်ကျင်းပါ ။ ထို့နောက် အချိုမထည့်ထားသော ဒိန်ချဉ်ရိုးရိုးကို စားပါ ။ဒီနည်းလမ်းက အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါလိမ့်မယ်။
၈ ။ နှုတ်ခမ်းအက်ကွဲလျှင်
တစ်နေ့လျှင်…သုံးကြိမ်လောက် သံလွင်ဆီဖြင့် နှုတ်ခမ်းကိုသုတ်လိမ်းပါ။ နှုတ်ခမ်းစိုပြီး နူးညံ့လာပါလိမ့်မယ်။
၉ ။ အိပ်မပျော်လျှင်
အိပ်ရာမဝင်ခင်တိုင်း ချယ်ရီသီး လက်တစ်ဆုပ်စာလောက် စားပါ။ ထို့နောက်… ခန္ဓာကိုယ်ကြွက်သားများကို ပြေလျော့စေရန် ရေနွေးဖြင့်ရေချိုးလိုက်ပါ ။ ဤနည်းဖြင့် ညတိုင်းနှစ်ခြိုက်စွာ အိပ်ပျော်ပါလိမ့်မယ်။
၁၀ ။ ကြို့ထိုးလျှင်
သကြားတစ်ဇွန်း-နှစ်ဇွန်းလောက် မျိုချလိုက်ပါ။ သကြားခဲများက အာရုံကြောများကို ပြန်လည်ထိန်းပေးပါတယ်။ ဆားကလည်း ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။
Zawgyi
၁ ။ မူးဝေ-အော့အန်လျှင်
၂ ။ လည်ချောင်းနာလျှင်
၃ ။ ချောင်းဆိုးလျှင်
၎ ။ အပူလောင်လျှင်
၆ ။ အအေးမိလျှင်
၉ ။ အိပ်မပျော်လျှင်
၁၀ ။ ကြို့ထိုးလျှင်
Be the first to comment
Leave a Reply
Your email address will not be published.
*