ဒီနည်းလမ်းတွေနဲ့ -ခန္ဓာကိုယ်ပေါ်က-အမာရွတ်တွေကို-ပျောက်ကင်းစေပါတယ်…

ဒီနည်းလမ်းတွေနဲ့ -ခန္ဓာကိုယ်ပေါ်က-အမာရွတ်တွေကို-ပျောက်ကင်းစေပါတယ်...
ဒီနည်းလမ်းတွေနဲ့ -ခန္ဓာကိုယ်ပေါ်က-အမာရွတ်တွေကို-ပျောက်ကင်းစေပါတယ်...

ဒီနည်းလမ်းတွေနဲ့ -ခန္ဓာကိုယ်ပေါ်က-အမာရွတ်တွေကို-ပျောက်ကင်းစေပါတယ်…

အမာရွတ်အမျိုးမျိုးကို သဘာဝနည်းနဲ့ လျင်လျင်မြန်မြန် ဖယ်ရှားနိုင်မယ့် နည်းလမ်း (၁၀) ခု

ခန္ဓာကိုယ်မှာ၊မျက်နှာပေါ်မှာ အမာရွတ်တွေရှိနေရင် အဝတ်အစားဝတ်ရတာ တော်တော်ခက်ခဲပါတယ်။ အချိန်ပေးနိုင်ပြီး စိတ်ရှည်ရှည်စောင့်နိုင်ရင် အမာရွတ်တွေကို သဘာဝနည်းအတိုင်း ဖယ်ရှားလို့ရပါတယ်။

“သံလွင်ဆီနှင့် အုန်းဆီ”

အုန်းဆီက ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။ သံလွင်ဆီက ဗီတာမင်ပါဝင်တာကြောင့် အနာမြန်မြန်ကျက်စေပါတယ်။ အသားအရေကိုလည်း ရေဓာတ်နဲ့ အာဟာရဓာတ်ဖြည့်ပေးပါတယ်။ သံလွင်ဆီနဲ့ အုန်းဆီကို တစ်နေ့ကို 10 မိနစ်ခန့် အချိန်ပေးပြီး လိမ်းပေးရင် အမာရွတ်တွေ တဖြည်းဖြည်းပျောက်သွားမှာပဲဖြစ်ပါတယ်။

‘” Vaseline”

လေ့လာချက်တွေအရ မျက်နှာပေါ်ကအမာရွတ်တွေအတွက် Vaselineက တန်ဖိုးကြီး creamတွေထက် ပိုပြီးထိရောက်တာကို တွေ့ရပါတယ်။ Vaseline ကို တစ်နေ့ 3 ကြိမ်ခန့် လိမ်းပေးရင် 3 ပတ် အကြာမှာ ထူးခြားလာမှာပဲဖြစ်ပါတယ်။ Vaselineက အသားအရေကို ရေဓာတ်လည်းဖြည့်ပေးပါတယ်။ ရေကျောက်၊ ဝက်ခြံ-အမာရွတ်၊ ထိမိခြစ်မိတဲ့ အမာရွတ်တွေအတွက် Vaselineက အကောင်းဆုံးပဲဖြစ်ပါတယ်။

“ဆီလီကွန်”

ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတို့ဖြစ်တဲ့အခါ ကျန်ခဲ့တဲ့အမာရွတ်အတွက် အနာကပ်ပလာစတာနဲ့ ဆီလီကွန်ဂျယ်လ်တို့ကို အသုံးပြုနိုင်ပါတယ်။ ဆီလီကွန်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အမာရွတ်တွေကို ဘက်တီးရီးယားတွေကို ဝင်ရောက်မှုကနေလည်း ကာကွယ်ပေးပါတယ်။

“နှိပ်နယ်ပေးခြင်း”

အမာရွတ်ရှိတဲ့နေရာကို lotionလိမ်းပေးပြီး နှိပ်နယ်ပေးခြင်းကလည်း ထိရောက်တဲ့နည်းပါပဲ။ တစ်ရက်ကို 30စက္ကန့်လောက် လိမ်းပေးခြင်းက မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပြီးသားဖြစ်စေပါတယ်။ ခွဲစိပ်ပြီးနောက် ကျန်ခဲ့တဲ့အမာရွတ်တွေအတွက်လည်း ဒီနည်းကို သုံးနိုင်ပါတယ်။

“ဗီတာမင် C”

ဗီတာမင် Cကို အမာရွတ်တွေအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ကော်လဂျင်ထုတ်လုပ်မှု တိုးတက်လာစေဖို့အတွက် အသားအရေက ဗီတာမင် C လိုအပ်ပါတယ်။ ဗီတာမင် Cကို လိမ်းဖို့အတွက်ရော၊ သောက်ဖို့အတွက်ပါ ဆရာဝန်တွေကအကြံပြုထားပါတယ်။

“နေလောင်ခံ လိမ်းဆေး”

ခန္ဓာကိုယ်မှာ အနာတစ်ခုခု ရှိရင်လည်း နေပူခံလို့ မဖြစ်ပါဘူး။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အမည်းစက်တွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် SPF 15 နဲ့အထက် ပါဝင်တဲ့ နေလောင်ခံလိမ်းဆေးတွေကို အမာရွတ်ပေါ်မှာ လိမ်းပေးသင့်ပါတယ်။

“ရနံံ့ဆီ(စန္ဒကူးဆီနှင့် လာဗင်ဒါဆီ)”

စန္ဒကူးဆီနဲ့လာဗင်ဒါဆီက အနာကျက်စေပြီး ဆဲလ်တွေကို ပြန်လည်ရှင်သန်စေပါတယ်။ အမာရွတ်ရှိတဲ့နေရာ အထူးသဖြင့် ဝက်ခြံအမာရွတ်နေရာမှာ ရနံ့ဆီကို လိမ်းပေးလို့ရပါတယ်။

“ကြက်သွန်နီဂျယ်လ်”

ကြက်သွန်နီနဲ့ ပြုလုပ်ထားတဲ့ဂျယ်လ်ကို အရေပြားရောင်ရမ်း၊ ဘက်တီးရီးယား ဝင်ရောက်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီဂျယ်လ်က အမာရွတ်တစ်ရှူးတွေကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို 3ကြိမ်ခန့် လိမ်းပေးလို့ရပါတယ်။

“ရှားစောင်းလက်ပတ် ဂျယ်လ်”

အသားအရေအတွက် ရှားစောင်းလက်ပတ်ကိုအသုံးပြုခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ရှားစောင်းလက်ပတ်-ဂျယ်လ်က အရေပြားဆဲလ်တွေကို ပြုပြင်ပေးပါတယ်နော် ။ အမာရွတ်ရှိတဲ့နေရာမှာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးပြီး မိနစ် 30ခန့် ထားရမှာပဲဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။ ခွဲစိပ်မှုကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေအတွက် ရှားစောင်းလက်ပတ်က သင့်တော်တာပဲဖြစ်ပါတယ်။

“ပန်းသီးရှာလကာရည်နှင့် ပျားရည်”

ပန်းသီးရှာလကာရည်က အမာရွတ်တွေကို လုံးဝပျောက်ကင်းစေမှာတော့မဟုတ်ပါဘူး ။ ပန်းသီးရှာလကာရည်နဲ့ ပျားရည်ကိုရောပြီး အမာရွတ်ပေါ် လိမ်းပေးရင် တဖြည်းဖြည်း ထူးခြားလာပါတယ်။

အမာရွတ်တွေကြာကြာမကျန်စေဖို့အတွက် အနာဖြစ်ပြီဆိုရင်…

အနာကို သန့်သန့်ရှင်းရှင်းထားပြီး ရေဓာတ်ဖြည့်ပေးတဲ့၊ ဆီပါဝင်တဲ့လိမ်းဆေးတစ်ခုခုကို လိမ်းပါ။အနာကို ပတ်တီးနဲ့ ပတ်ထားပါ။အနာကို နေရောင် အထိမခံဘဲ နေပူခံလိမ်းဆေးကို လိမ်းပေးပါ။အနာကို မှန်ကန်တဲ့ကုသမှုတွေကလွဲပြီး တခြားကုသမှုတွေ မပြုလုပ်သင့်ပါဘူး။အနာမကျက်ခင် အနာဖေးကို မခွာသင့်ပါဘူး။လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။အနာကျက်အောင် စိတ်ရှည်ရှည်စောင့်ပါ။

Zawgyi

ဒီနည္းလမ္းေတြနဲ႔ -ခႏၶာကိုယ္ေပၚက-အမာ႐ြတ္ေတြကို-ေပ်ာက္ကင္းေစပါတယ္…

အမာ႐ြတ္အမ်ိဳးမ်ိဳးကို သဘာဝနည္းနဲ႔ လ်င္လ်င္ျမန္ျမန္ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း (၁၀) ခု

ခႏၶာကိုယ္မွာ၊မ်က္ႏွာေပၚမွာ အမာ႐ြတ္ေတြရွိေနရင္ အဝတ္အစားဝတ္ရတာ ေတာ္ေတာ္ခက္ခဲပါတယ္။ အခ်ိန္ေပးႏိုင္ၿပီး စိတ္ရွည္ရွည္ေစာင့္ႏိုင္ရင္ အမာ႐ြတ္ေတြကို သဘာဝနည္းအတိုင္း ဖယ္ရွားလို႔ရပါတယ္။

“သံလြင္ဆီႏွင့္ အုန္းဆီ”

အုန္းဆီက ေကာ္လဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတာပဲျဖစ္ပါတယ္။ သံလြင္ဆီက ဗီတာမင္ပါဝင္တာေၾကာင့္ အနာျမန္ျမန္က်က္ေစပါတယ္။ အသားအေရကိုလည္း ေရဓာတ္နဲ႔ အာဟာရဓာတ္ျဖည့္ေပးပါတယ္။ သံလြင္ဆီနဲ႔ အုန္းဆီကို တစ္ေန႔ကို 10 မိနစ္ခန႔္ အခ်ိန္ေပးၿပီး လိမ္းေပးရင္ အမာ႐ြတ္ေတြ တျဖည္းျဖည္းေပ်ာက္သြားမွာပဲျဖစ္ပါတယ္။

‘” Vaseline”

ေလ့လာခ်က္ေတြအရ မ်က္ႏွာေပၚကအမာ႐ြတ္ေတြအတြက္ Vaselineက တန္ဖိုးႀကီး creamေတြထက္ ပိုၿပီးထိေရာက္တာကို ေတြ႕ရပါတယ္။ Vaseline ကို တစ္ေန႔ 3 ႀကိမ္ခန႔္ လိမ္းေပးရင္ 3 ပတ္ အၾကာမွာ ထူးျခားလာမွာပဲျဖစ္ပါတယ္။ Vaselineက အသားအေရကို ေရဓာတ္လည္းျဖည့္ေပးပါတယ္။ ေရေက်ာက္၊ ဝက္ၿခံ-အမာ႐ြတ္၊ ထိမိျခစ္မိတဲ့ အမာ႐ြတ္ေတြအတြက္ Vaselineက အေကာင္းဆုံးပဲျဖစ္ပါတယ္။

“ဆီလီကြန္”

ထိခိုက္ဒဏ္ရာ၊ မီးေလာင္ဒဏ္ရာတို႔ျဖစ္တဲ့အခါ က်န္ခဲ့တဲ့အမာ႐ြတ္အတြက္ အနာကပ္ပလာစတာနဲ႔ ဆီလီကြန္ဂ်ယ္လ္တို႔ကို အသုံးျပဳႏိုင္ပါတယ္။ ဆီလီကြန္က အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး အမာ႐ြတ္ေတြကို ဘက္တီးရီးယားေတြကို ဝင္ေရာက္မႈကေနလည္း ကာကြယ္ေပးပါတယ္။

“ႏွိပ္နယ္ေပးျခင္း”

အမာ႐ြတ္ရွိတဲ့ေနရာကို lotionလိမ္းေပးၿပီး ႏွိပ္နယ္ေပးျခင္းကလည္း ထိေရာက္တဲ့နည္းပါပဲ။ တစ္ရက္ကို 30စကၠန႔္ေလာက္ လိမ္းေပးျခင္းက မေကာင္းတဲ့ဆဲလ္ေတြကို ဖယ္ရွားၿပီးသားျဖစ္ေစပါတယ္။ ခြဲစိပ္ၿပီးေနာက္ က်န္ခဲ့တဲ့အမာ႐ြတ္ေတြအတြက္လည္း ဒီနည္းကို သုံးႏိုင္ပါတယ္။

“ဗီတာမင္ C”

ဗီတာမင္ Cကို အမာ႐ြတ္ေတြအတြက္ အသင့္ေတာ္ဆုံးပဲျဖစ္ပါတယ္။ ေကာ္လဂ်င္ထုတ္လုပ္မႈ တိုးတက္လာေစဖို႔အတြက္ အသားအေရက ဗီတာမင္ C လိုအပ္ပါတယ္။ ဗီတာမင္ Cကို လိမ္းဖို႔အတြက္ေရာ၊ ေသာက္ဖို႔အတြက္ပါ ဆရာဝန္ေတြကအႀကံျပဳထားပါတယ္။

“ေနေလာင္ခံ လိမ္းေဆး”

ခႏၶာကိုယ္မွာ အနာတစ္ခုခု ရွိရင္လည္း ေနပူခံလို႔ မျဖစ္ပါဘူး။ ေနေရာင္ျခည္မွာပါဝင္တဲ့ ခရမ္းလြန္ေရာင္ျခည္က အမည္းစက္ေတြကို ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ SPF 15 နဲ႔အထက္ ပါဝင္တဲ့ ေနေလာင္ခံလိမ္းေဆးေတြကို အမာ႐ြတ္ေပၚမွာ လိမ္းေပးသင့္ပါတယ္။

“ရနံံ့ဆီ(စႏၵကူးဆီႏွင့္ လာဗင္ဒါဆီ)”

စႏၵကူးဆီနဲ႔လာဗင္ဒါဆီက အနာက်က္ေစၿပီး ဆဲလ္ေတြကို ျပန္လည္ရွင္သန္ေစပါတယ္။ အမာ႐ြတ္ရွိတဲ့ေနရာ အထူးသျဖင့္ ဝက္ၿခံအမာ႐ြတ္ေနရာမွာ ရနံ႔ဆီကို လိမ္းေပးလို႔ရပါတယ္။

“ၾကက္သြန္နီဂ်ယ္လ္”

ၾကက္သြန္နီနဲ႔ ျပဳလုပ္ထားတဲ့ဂ်ယ္လ္ကို အေရျပားေရာင္ရမ္း၊ ဘက္တီးရီးယား ဝင္ေရာက္တာေတြအတြက္ အသုံးျပဳႏိုင္ပါတယ္။ ၾကက္သြန္နီဂ်ယ္လ္က အမာ႐ြတ္တစ္ရႉးေတြကို ေဘးထြက္ဆိုးက်ိဳးမရွိေစဘဲ ဖယ္ရွားေပးပါတယ္။ တစ္ေန႔ကို 3ႀကိမ္ခန႔္ လိမ္းေပးလို႔ရပါတယ္။

“ရွားေစာင္းလက္ပတ္ ဂ်ယ္လ္”

အသားအေရအတြက္ ရွားေစာင္းလက္ပတ္ကိုအသုံးျပဳခဲ့တာ ႏွစ္ေပါင္းမနည္းေတာ့ပါဘူး။ ရွားေစာင္းလက္ပတ္-ဂ်ယ္လ္က အေရျပားဆဲလ္ေတြကို ျပဳျပင္ေပးပါတယ္ေနာ္ ။ အမာ႐ြတ္ရွိတဲ့ေနရာမွာ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို လိမ္းေပးၿပီး မိနစ္ 30ခန႔္ ထားရမွာပဲျဖစ္ပါတယ္။ တစ္ေန႔ကို ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ ရပါတယ္။ ခြဲစိပ္မႈေၾကာင့္က်န္ခဲ့တဲ့ အမာ႐ြတ္ေတြအတြက္ ရွားေစာင္းလက္ပတ္က သင့္ေတာ္တာပဲျဖစ္ပါတယ္။

“ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္”

ပန္းသီးရွာလကာရည္က အမာ႐ြတ္ေတြကို လုံးဝေပ်ာက္ကင္းေစမွာေတာ့မဟုတ္ပါဘူး ။ ပန္းသီးရွာလကာရည္နဲ႔ ပ်ားရည္ကိုေရာၿပီး အမာ႐ြတ္ေပၚ လိမ္းေပးရင္ တျဖည္းျဖည္း ထူးျခားလာပါတယ္။

အမာ႐ြတ္ေတြၾကာၾကာမက်န္ေစဖို႔အတြက္ အနာျဖစ္ၿပီဆိုရင္…

အနာကို သန႔္သန႔္ရွင္းရွင္းထားၿပီး ေရဓာတ္ျဖည့္ေပးတဲ့၊ ဆီပါဝင္တဲ့လိမ္းေဆးတစ္ခုခုကို လိမ္းပါ။အနာကို ပတ္တီးနဲ႔ ပတ္ထားပါ။အနာကို ေနေရာင္ အထိမခံဘဲ ေနပူခံလိမ္းေဆးကို လိမ္းေပးပါ။အနာကို မွန္ကန္တဲ့ကုသမႈေတြကလြဲၿပီး တျခားကုသမႈေတြ မျပဳလုပ္သင့္ပါဘူး။အနာမက်က္ခင္ အနာေဖးကို မခြာသင့္ပါဘူး။ေလ့က်င့္ခန္း လုပ္လို႔ရပါတယ္။အနာက်က္ေအာင္ စိတ္ရွည္ရွည္ေစာင့္ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*