“ေရွးဆို႐ိုး စကား-သုံးခြန္း”

"ေရွးဆို႐ိုး စကား-သုံးခြန္း"
"ေရွးဆို႐ိုး စကား-သုံးခြန္း"

“ေရွးဆို႐ိုး စကား-သုံးခြန္း”

၁ ။ ျမစ္ႀကီးလည္း မခမ္းေစနဲ႔။၂ ။ သစ္ပင္ႀကီးလည္း မလဲေစနဲ႔။၃ ။ ထုံးအိုးႀကီးလည္း မကြဲေစနဲ႔။ ၾကားေတာ့ ၾကားဖူး၏ သို႔ေသာ္ တြင္တြင္က်ယ္က်ယ္ သိသူေတာ့ ရွား၏။ ျမစ္ႀကီးလည္း မခမ္းေစနဲ႔ – ျမစ္ႀကီးလည္း မခမ္းပါေစနဲ႔ ဆိုတာ ၾကည္လင္ေအးျမတဲ့ တသြင္သြင္စီဆင္းေနတဲ့ ျမစ္ႀကီးနဲ႔တူတဲ့ …

ေမတၱာတရားမ်ား လူသားေတြမွာ မခမ္းေျခာက္ပါေစနဲ႔ လို႔. ဆိုလိုျခင္းျဖစ္၏… လူသားအခ်င္းခ်င္း ေဆြမ်ိဳးမိတ္သဂၤဟအခ်င္းခ်င္း ေမတၱာထားၿပီး ေနထိုင္ၾကမယ္ .. အားလုံးေသာသတၱဝါအနႏၲအေပၚမွာလည္း ေမတၱာစမ္းေရမ်ား မခမ္းေျခာက္ေအာင္ အၿမဲပြားမ်ားၿပီးေနထိုင္ၾကရပါမယ္။

ျမစ္အတြင္းမွာစီးဆင္းေနတဲ့ စမ္းေရသည္ ၾကည္လင္ေအးျမတဲ့သေဘာရွိသလို သတၱဝါအားလုံးအေပၚမွာ ပြားမ်ားေနတဲ့ ေမတၱာဆိုတာလည္း ၾကည္လင္ေအးျမလွ၏ ၊ ေမတၱာပြားမ်ားသူရဲ႕သႏၲာန္မွာ ေမတၱာဓာတ္ေတြ ဝင္ေရာက္လာၿပီဆိုရင္ အဲ့ဒီပုဂၢိဳလ္ရဲ႕ႏွလုံးသားဟာလဲ တျခားအခ်ိန္မွာျဖစ္ေနတဲ့ ႏွလုံးသားနဲ႔မတူေတာ့ဘဲ ၾကည္လင္လာ၏….

ဘုရားရွင္က … စိေတၱ ပသေႏၷ ေလာဟိတံ ပသီဒတိ .. လို႔မိန႔္၏။ စိတ္ၾကည္လင္လာၿပီဆိုရင္ ႐ုပ္လဲၾကည္လင္လာ၏ … အထူးသျဖင့္ ေမတၱာ အၿမဲပြားမ်ားေနတဲ့ ပုဂၢိဳလ္ရဲ႕မ်တ္ႏွာဟာ သာမန္ပုဂၢိဳလ္ေတြနဲ႔ မတူေတာ့ပါဘူး ၊ သတိထားၾကည့္ရင္ ကြာျခားေနတာ ေတြ႕ရပါလိမ့္မယ္။ဘာေၾကာင့္လဲဆိုေတာ့ ေမတၱာဆိုတဲ့ အၾကည္ဓာတ္ကေလးက. သူ႔သႏၲာန္မွာ ကိန္းဝပ္ေနလို႔ပါဘဲ ။

သစ္ပင္ႀကီးလည္း မလဲေစနဲ႔ – သစ္ပင္ႀကီးဆိုတာ … ဘုရား-တရား-သံဃာလို႔ေခၚဆိုအပ္တဲ့ ရတနာသုံးပါးကို ဆိုလိုျခင္းျဖစ္၏ ။ပကတိသစ္ပင္ႀကီးသည္ … အကိုင္းအခတ္ ေဝေဝစာစာလည္း ရွိတယ္ ၊ ပင္စည္ကလဲ ျပန႔္ပြား အရိပ္အာဝါသလည္း ေကာင္းေနမယ္ဆိုရင္ …အဲ့ဒီသစ္ပင္ႀကီးရဲ႕ အရိပ္မွာ သတၱဝါ ခိုနားေနႏိုင္၏ ၊

ထိုသစ္ပင္ရဲ႕. အရိပ္ေအာက္ ဝင္လိုက္တာနဲ႔-တၿပိဳင္နက္ထဲ.. ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းမႈကို ခံစားရသလိုပါဘဲ ရတနာသုံးပါးဆိုတဲ့ အရိပ္ဟာလည္း ဝင္ေရာက္ခိုနားတဲ့ သတၱဝါတိုင္းကို .. ကိုယ္စိတ္ႏွစ္ပါး ေအးျမမႈကို အျပည့္အဝေပးႏိုင္၏ ။

ဝင္ေရာက္ခိုနားတဲ့ သူတိုင္းဟာ ရတနာသုံးပါးရဲ႕အရိပ္ေၾကာင့္ ကိုယ္စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းသြားတာပါဘဲ ။ ဒါေၾကာင့္ ေရွးလူႀကီး သူမမ်ားက … မိမိကို အရိပ္အာဝါသေပးေနတဲ့ သစ္ပင္ႀကီးကို ခုတ္လဲ-မမိပါေစနဲ႔ လိုေျပားဆိုၾကျခင္းျဖစ္၏… ထို႔အတူပါဘဲ မိမိတို႔ နားခိုရာ အားထားရာကိုးကြယ္ရာျဖစ္တဲ့ ရတနာသုံးပါးအရိပ္ကိုလဲ မပစ္ပယ္ရဘူး မေမ့ရဘူး။

ဘာေၾကာင့္လဲ… ရတနာသုံးပါးရဲ႕-ဂုဏ္ေက်းဇူးဟာ သိပ္ၿပီးေတာ့ႀကီးမားလို႔ပါဘဲ … သစ္ပင္ႀကီးရဲ႕အရိပ္ဟာ ေအးျမသလို ရတနာသုံးပါး၏အရိပ္ဟာလည္း ပစၥဳပၸန္ဘဝသာမက. တမလြန္ဘဝအတြက္ပါ ၿငိမ္းေအးမႈကို ေပး၏။ဒါေၾကာင့္ … ရတနာသုံးပါးလို႔ ေခၚဆိုရတဲ့ သစ္ပင္ႀကီးကို မေမ့ပါနဲ႔. အၿမဲသတိရၿပီး ကိုးကြယ္ဆည္းကပ္ရမည္ဟုဆိုလို၏ ။

ထုံးအိုးႀကီးလည္း မကြဲပါေစနဲ႔ – ထုံးအိုးႀကီးဆိုတာ …. ေရွးက မိဘ ဘိုးဘြား ေတြရဲ႕ အစဥ္အလာ လုပ္ထုံး လုပ္နည္းကို ေျပာတာပါဘဲ။မိဘ ဘိုးဘြား ေတြရဲ႕ယဥ္ေက်းမႈ အစဥ္အလာေကာင္းမ်ား ၊ မိဘဘိုးဘြားေတြျပဳခဲ့တဲ့ ဘာသာေရး-သာသနာေရး အစဥ္အလာေကာင္းျမတ္တဲ့ ထုံးတမ္းစဥ္လာေတြ အဆုံးအမေတြ အက်င့္စာရိတၱေတြ အားလုံးကို မဖ်က္စီးရဘူး မေမ့ေပ်ာက္ရဘူး။

အစဥ္လာကို ထိန္းသိမ္းၿပီး ဆတ္လက္ေဆင္႐ြက္ရမယ္ …“ ဒါကိုပဲ ထုံးအိုးႀကီး မကြဲေစနဲ႔ ´´ ဟု ေျပာဆိုျခင္းျဖစ္၏ ။ဒါေၾကာင့္ ဗုဒၶဘာသာ သူေတာ္စဥ္ ပုဂၢိဳလ္ မ်ားေရွးက ဆုံးမခဲ့တဲ့ “ စကားႀကီး ´´ သုံးခြန္း၏အဓိပၸါယ္ ကို နားလည္ႏိုင္ပါေစ။

နားလည္သည့္အားေလွ်ာ္စြာ က်င့္သုံးႏိုင္ပါေစ …. က်င့္သုံးႏိုင္သည္အေလွ်ာက္ ဘာသာသာသနာကို ထိမ္းသိမ္းေစာင့္ေရွာက္ႏိုင္ၾကပါေစ။ သုခီအတၱာနံ ပရိဟရႏၲဳ… မိမိကိုယ္ကို ခ်မ္းသာေအာင္ ေဆာင္႐ြက္ႏိုင္ပါေစ..။Credit အရွင္နေႏၵာဘာသ (ဓမၼေရာင္စဥ္)

Unicode

“ရှေးဆိုရိုး စကား-သုံးခွန်း”

၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့။၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့။၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့။ ကြားတော့ ကြားဖူး၏ သို့သော် တွင်တွင်ကျယ်ကျယ် သိသူတော့ ရှား၏။ မြစ်ကြီးလည်း မခမ်းစေနဲ့ – မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင်အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ …

မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ လို့. ဆိုလိုခြင်းဖြစ်၏… လူသားအချင်းချင်း ဆွေမျိုးမိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် .. အားလုံးသောသတ္တဝါအနန္တအပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီးနေထိုင်ကြရပါမယ်။

မြစ်အတွင်းမှာစီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင်အေးမြတဲ့သဘောရှိသလို သတ္တဝါအားလုံးအပေါ်မှာ ပွားများနေတဲ့ မေတ္တာဆိုတာလည်း ကြည်လင်အေးမြလှ၏ ၊ မေတ္တာပွားများသူရဲ့သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားဟာလဲ တခြားအချိန်မှာဖြစ်နေတဲ့ နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏….

ဘုရားရှင်က … စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏။ စိတ်ကြည်လင်လာပြီဆိုရင် ရုပ်လဲကြည်လင်လာ၏ … အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ရင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ မေတ္တာဆိုတဲ့ အကြည်ဓာတ်ကလေးက. သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။

သစ်ပင်ကြီးလည်း မလဲစေနဲ့ – သစ်ပင်ကြီးဆိုတာ … ဘုရား-တရား-သံဃာလို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါးကို ဆိုလိုခြင်းဖြစ်၏ ။ပကတိသစ်ပင်ကြီးသည် … အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်အာဝါသလည်း ကောင်းနေမယ်ဆိုရင် …အဲ့ဒီသစ်ပင်ကြီးရဲ့ အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏ ၊

ထိုသစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့-တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို ခံစားရသလိုပါဘဲ ရတနာသုံးပါးဆိုတဲ့ အရိပ်ဟာလည်း ဝင်ရောက်ခိုနားတဲ့ သတ္တဝါတိုင်းကို .. ကိုယ်စိတ်နှစ်ပါး အေးမြမှုကို အပြည့်အဝပေးနိုင်၏ ။

ဝင်ရောက်ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါးရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာပါဘဲ ။ ဒါကြောင့် ရှေးလူကြီး သူမများက … မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ-မမိပါစေနဲ့ လိုပြေားဆိုကြခြင်းဖြစ်၏… ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာကိုးကွယ်ရာဖြစ်တဲ့ ရတနာသုံးပါးအရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူး။

ဘာကြောင့်လဲ… ရတနာသုံးပါးရဲ့-ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ … သစ်ပင်ကြီးရဲ့အရိပ်ဟာ အေးမြသလို ရတနာသုံးပါး၏အရိပ်ဟာလည်း ပစ္စုပ္ပန်ဘဝသာမက. တမလွန်ဘဝအတွက်ပါ ငြိမ်းအေးမှုကို ပေး၏။ဒါကြောင့် … ရတနာသုံးပါးလို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည်ဟုဆိုလို၏ ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ – ထုံးအိုးကြီးဆိုတာ …. ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြောတာပါဘဲ။မိဘ ဘိုးဘွား တွေရဲ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ၊ မိဘဘိုးဘွားတွေပြုခဲ့တဲ့ ဘာသာရေး-သာသနာရေး အစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျက်စီးရဘူး မမေ့ပျောက်ရဘူး။

အစဉ်လာကို ထိန်းသိမ်းပြီး ဆတ်လက်ဆေင်ရွက်ရမယ် …“ ဒါကိုပဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟု ပြောဆိုခြင်းဖြစ်၏ ။ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များရှေးက ဆုံးမခဲ့တဲ့ “ စကားကြီး ´´ သုံးခွန်း၏အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ။

နားလည်သည့်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ …. ကျင့်သုံးနိုင်သည်အလျှောက် ဘာသာသာသနာကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။ သုခီအတ္တာနံ ပရိဟရန္တု… မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ..။Credit အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)

Be the first to comment

Leave a Reply

Your email address will not be published.


*