ေ႐ႊရင္ေအး စားၿပီးမွ…. ေရ ေသာက္ရင္ေတာ့.. တစ္မ်ိဳးေပါ့ကြာ…

ေ႐ႊရင္ေအး စားၿပီးမွ.... ေရ ေသာက္ရင္ေတာ့.. တစ္မ်ိဳးေပါ့ကြာ...
ေ႐ႊရင္ေအး စားၿပီးမွ.... ေရ ေသာက္ရင္ေတာ့.. တစ္မ်ိဳးေပါ့ကြာ...

ေ႐ႊရင္ေအး စားၿပီးမွ…. ေရ ေသာက္ရင္ေတာ့.. တစ္မ်ိဳးေပါ့ကြာ…

” ေယာက်္ား..” ” ေဟ..”

” ေတာ္… ခင္ဝင့္ဝါကို ေတာ္ေတာ္ ႀကိဳက္လား..?” ” ဟမ္.. ဘာျဖစ္လို႔တုန္း..”

” က်ဳပ္ေမးတာ ေျဖစမ္းပါ..။ ေတာ္.. ခင္ဝင့္ဝါကို.. ေတာ္ေတာ္ႀကိဳက္လားလို႔..”

” ေနပါအုံး မိန္းမရယ္ ။ ဘာျဖစ္လို႔..အဲ့ဒါ လာေမးေနတာလဲ? ”

” ဘာျဖစ္ရမလဲ! ..။ ေတာ္က.. တစိတ္ရွိ.. ပါးစပ္က.. ခင္ဝင့္ဝါ.. ခင္ဝင့္ဝါ.. နဲ႔..။ တီဗိီက. ခင္ဝင့္ဝါ ေၾကာ္ျငာေလးမ်ား လာရင္လည္း.. မ်က္ေတာင္ကို မခပ္ဘူး…. က်ဳပ္တစ္ေယာက္လုံး ေဘးမွာ ရွိေနတာကို.. တစိတ္ရွိ အဲ့ခင္ဝင့္ဝါပဲ ျဖစ္ေနတာ..။ အဲ့ဒါ.. ရွင္.. ေတာ္ေတာ္ ႀကိဳက္ေနလား..လို႔..”

” မဆိုင္ဘူးေလ..မိန္းမရယ္ ။ သူက မင္းသမီးေလ..”

” မင္းသမီးျဖစ္ျဖစ္..ဘာျဖစ္ျဖစ္ရွင္ ။ ရွင္..အဲ့သည့္ ခင္ဝင့္ဝါ ကို..ရရင္.. တကယ္ ယူမလား..?”

” မျဖစ္ႏိုင္တာပဲ မိန္းမရယ္..” ” ျဖစ္ႏိုင္တာ..မျဖစ္ႏိုင္တာ..အသာထား။ က်ဳပ္ေမးတာပဲ..ေျဖ။ေတာ္..အဲ့ခင္ဝင့္ဝါက..ေတာ့္ကို..ယူမယ္ဆိုရင္..ေတာ္ ယူမလား..လို႔..”

” မိန္းမရယ္..။ မဟုတ္တာကို..မရစ္စမ္းပါနဲ႔..။ ဟိုက..မင္းသမီးေလ..ငါ့လိုေကာင္ကို.. ယူမလား..။ ျဖစ္မွ မျဖစ္ႏိုင္တာကို..”

” မျဖစ္ႏိုင္ရင္လည္း..ေတာ့္ပါးစပ္က..ဘာလို႔.. အဲ့မင္းသမီးနာမည္ပဲ..တဖြဖြ ႐ြတ္ေနရတာလဲ ။ ဘာလို႔..အဲ့မင္းသမီးလာရင္..ျပဴးၿပဲ ၾကည့္ေနရတာလဲ..?..။ ကဲ..ေျပာ..”

” ဪ..မိန္းမရယ္ ။ ဒါကေတာ့..လူတိုင္းမွာ..ရွိတဲ့ အာသီသ..အခ်စ္မ်ိဳးေပါ့..။ အာသီသ တစ္ခု အေနနဲ႔….ခ်စ္လို႔ ခ်စ္တာ..။ ခ်စ္စရာေကာင္းလို႔..ခ်စ္တာေလ..။ သူ႔ကို ခ်စ္တဲ့အခ်စ္က..လုံးဝ အျဖဴထည္..။ ဘာအေရာင္..ဘာကာလာမွ..မပါဘူး။ အဲ့သည့္အခ်စ္မွာ..ရယူလိုတာေတြ..မပါဘူး။ ”

“ပိုင္ဆိုင္လိုတာေတြ မပါဘူး။ ကာမတဏွာေတြ မပါဘူး..။ ဥပမာ..Ahpine ေသာက္ေရသန္႔ေလးလို ေပါ့..။..ျဖဴျဖဴစင္စင္ ၾကည္ၾကည္လင္လင္..ခ်စ္တဲ့ အခ်စ္မ်ိဳးပါကြာ…”

“ဒါျဖင့္… က်ဳပ္ၾကေတာ့ေကာ..?”

” ဪ..မင္းၾကေတာ့.. အမ်ားႀကီး ပါသြားၿပီေလ။ မင္းကို ခ်စ္တဲ့အခ်စ္မွာ ၾကေတာ့… ကာမတဏွာ ပါမယ္။ ရယူပိုင္ဆိုင္လိုတဲ့ အတၱေလာဘ ပါမယ္ ။ မခြဲမခြာ ေနခ်င္တဲ့ သံေယာဇဥ္ ဆိုတာ ပါမယ္။ အနာဂတ္ကို ပုံေဖာ္မယ့္ ရည္႐ြက္ခ်က္ ဆိုတာပါမယ္။ သိုက္ၿမဳံတဲ့မိသားစုေလး.. တည္ေဆာက္ခ်င္တဲ့ အိပ္မက္ဆိုတာကလည္း ပါအုံးမယ္..။ အိုကြာ.. မင္းကိုခ်စ္တဲ့ အခ်စ္မွာၾကေတာ့…. အမ်ားႀကီး အမ်ားႀကီးေပါ့..”
“အင္း.. ဒါဆို.. က်ဳပ္ၾကေတာ့ ဘာနဲ႔တူသလဲ?”
” အယ္..မင္းၾကေတာ့…. ေ႐ႊရင္ေအး တစ္ခြက္လိုေပါ့.မိန္းမရယ္..။ ေပါင္မုန္႔ေတြ ေကာက္ညႇင္းေတြ.. ေက်ာက္ေက်ာေတြ.. ႏို႔ေတြ.. မုန္႔လက္ေဆာင္းေတြ.. အို.. အဲ့လို စုံစိေအာင္ ပါေနတဲ့.. အေမာေျပ.. ေ႐ႊရင္ေအးေလး.. တစ္ခြက္လိုေပါ့..”

” အမေလး..တတ္လိုက္တာေနာ္ ။ေယာက်္ား..ခုလို ရွင္းျပလိုက္ေတာ့လည္း..ဟုတ္ေနတာပဲ..။ နားလည္ပါၿပီေတာ္..”

” အဲ့ဒါပဲေလ..မိန္းမရယ္။ ေ႐ႊရင္ေအးနဲ႔ ေရသန္႔..။အရသာခ်င္း..တန္ဖိုးခ်င္း..တူမလား..။ဟုတ္တယ္ေနာ္.. ကဲ..မင္း​ေျပာသလို….ခင္ဝင့္ဝါက..
ငါ့ကို ယူမယ္ပဲ..ထား။ ငါက..ယူလို႔..ရမလား?။ မရဘူးေနာ္..”

” ဘာျဖစ္လို႔လဲ..?”

” ဟ…မင္းစဥ္းစားၾကည့္ေလ။ သြသူ..ဘယ္ေလာက္ပဲ..ၾကည္သန္႔ေနတဲ့ေရ..ျဖစ္ျဖစ္။..ေ႐ႊရင္ေအးထဲ..လာေရာရင္… အဲ့ေ႐ႊရင္ေအးက..ေကာင္းပါေတာ့မလား။ပ်က္ၿပီေလ။ ..ဟုတ္တယ္ေနာ္”

“အို..ဟုတ္တာေပါ့..ေယာက်္ားရယ္။ ၾကည့္စမ္း..ငါ့ေယာက်္ား..ေတာ္လိုက္တာ..”

“အဲ့ဒါ.. ေျပာတာ..။ ေ႐ႊရင္ေအး စားၿပီးမွ…. ေရ ေသာက္ရင္ေတာ့.. တစ္မ်ိဳးေပါ့..”

“ဘာ.. ဘာ. ဘာ…!!!!!!” 😁😁😁မူရင္းေရးသားသူကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

ရွှေရင်အေး စားပြီးမှ…. ရေ သောက်ရင်တော့.. တစ်မျိုးပေါ့ကွာ…

” ယောကျ်ား..” ” ဟေ..”

” တော်… ခင်ဝင့်ဝါကို တော်တော် ကြိုက်လား..?” ” ဟမ်.. ဘာဖြစ်လို့တုန်း..”

” ကျုပ်မေးတာ ဖြေစမ်းပါ..။ တော်.. ခင်ဝင့်ဝါကို.. တော်တော်ကြိုက်လားလို့..”

” နေပါအုံး မိန်းမရယ် ။ ဘာဖြစ်လို့..အဲ့ဒါ လာမေးနေတာလဲ? ”

” ဘာဖြစ်ရမလဲ! ..။ တော်က.. တစိတ်ရှိ.. ပါးစပ်က.. ခင်ဝင့်ဝါ.. ခင်ဝင့်ဝါ.. နဲ့..။ တီဗီက. ခင်ဝင့်ဝါ ကြော်ငြာလေးများ လာရင်လည်း.. မျက်တောင်ကို မခပ်ဘူး…. ကျုပ်တစ်ယောက်လုံး ဘေးမှာ ရှိနေတာကို.. တစိတ်ရှိ အဲ့ခင်ဝင့်ဝါပဲ ဖြစ်နေတာ..။ အဲ့ဒါ.. ရှင်.. တော်တော် ကြိုက်နေလား..လို့..”

” မဆိုင်ဘူးလေ..မိန်းမရယ် ။ သူက မင်းသမီးလေ..”

” မင်းသမီးဖြစ်ဖြစ်..ဘာဖြစ်ဖြစ်ရှင် ။ ရှင်..အဲ့သည့် ခင်ဝင့်ဝါ ကို..ရရင်.. တကယ် ယူမလား..?”

” မဖြစ်နိုင်တာပဲ မိန်းမရယ်..” ” ဖြစ်နိုင်တာ..မဖြစ်နိုင်တာ..အသာထား။ ကျုပ်မေးတာပဲ..ဖြေ။တော်..အဲ့ခင်ဝင့်ဝါက..တော့်ကို..ယူမယ်ဆိုရင်..တော် ယူမလား..လို့..”

” မိန်းမရယ်..။ မဟုတ်တာကို..မရစ်စမ်းပါနဲ့..။ ဟိုက..မင်းသမီးလေ..ငါ့လိုကောင်ကို.. ယူမလား..။ ဖြစ်မှ မဖြစ်နိုင်တာကို..”

” မဖြစ်နိုင်ရင်လည်း..တော့်ပါးစပ်က..ဘာလို့.. အဲ့မင်းသမီးနာမည်ပဲ..တဖွဖွ ရွတ်နေရတာလဲ ။ ဘာလို့..အဲ့မင်းသမီးလာရင်..ပြူးပြဲ ကြည့်နေရတာလဲ..?..။ ကဲ..ပြော..”

” ဪ..မိန်းမရယ် ။ ဒါကတော့..လူတိုင်းမှာ..ရှိတဲ့ အာသီသ..အချစ်မျိုးပေါ့..။ အာသီသ တစ်ခု အနေနဲ့….ချစ်လို့ ချစ်တာ..။ ချစ်စရာကောင်းလို့..ချစ်တာလေ..။ သူ့ကို ချစ်တဲ့အချစ်က..လုံးဝ အဖြူထည်..။ ဘာအရောင်..ဘာကာလာမှ..မပါဘူး။ အဲ့သည့်အချစ်မှာ..ရယူလိုတာတွေ..မပါဘူး။ ”

“ပိုင်ဆိုင်လိုတာတွေ မပါဘူး။ ကာမတဏှာတွေ မပါဘူး..။ ဥပမာ..Ahpine သောက်ရေသန့်လေးလို ပေါ့..။..ဖြူဖြူစင်စင် ကြည်ကြည်လင်လင်..ချစ်တဲ့ အချစ်မျိုးပါကွာ…”

“ဒါဖြင့်… ကျုပ်ကြတော့ကော..?”

” ဪ..မင်းကြတော့.. အများကြီး ပါသွားပြီလေ။ မင်းကို ချစ်တဲ့အချစ်မှာ ကြတော့… ကာမတဏှာ ပါမယ်။ ရယူပိုင်ဆိုင်လိုတဲ့ အတ္တလောဘ ပါမယ် ။ မခွဲမခွာ နေချင်တဲ့ သံယောဇဉ် ဆိုတာ ပါမယ်။ အနာဂတ်ကို ပုံဖော်မယ့် ရည်ရွက်ချက် ဆိုတာပါမယ်။ သိုက်မြုံတဲ့မိသားစုလေး.. တည်ဆောက်ချင်တဲ့ အိပ်မက်ဆိုတာကလည်း ပါအုံးမယ်..။ အိုကွာ.. မင်းကိုချစ်တဲ့ အချစ်မှာကြတော့…. အများကြီး အများကြီးပေါ့..”
“အင်း.. ဒါဆို.. ကျုပ်ကြတော့ ဘာနဲ့တူသလဲ?”
” အယ်..မင်းကြတော့…. ရွှေရင်အေး တစ်ခွက်လိုပေါ့.မိန်းမရယ်..။ ပေါင်မုန့်တွေ ကောက်ညှင်းတွေ.. ကျောက်ကျောတွေ.. နို့တွေ.. မုန့်လက်ဆောင်းတွေ.. အို.. အဲ့လို စုံစိအောင် ပါနေတဲ့.. အမောပြေ.. ရွှေရင်အေးလေး.. တစ်ခွက်လိုပေါ့..”

” အမလေး..တတ်လိုက်တာနော် ။ယောကျ်ား..ခုလို ရှင်းပြလိုက်တော့လည်း..ဟုတ်နေတာပဲ..။ နားလည်ပါပြီတော်..”

” အဲ့ဒါပဲလေ..မိန်းမရယ်။ ရွှေရင်အေးနဲ့ ရေသန့်..။အရသာချင်း..တန်ဖိုးချင်း..တူမလား..။ဟုတ်တယ်နော်.. ကဲ..မင်းပြောသလို….ခင်ဝင့်ဝါက..
ငါ့ကို ယူမယ်ပဲ..ထား။ ငါက..ယူလို့..ရမလား?။ မရဘူးနော်..”

” ဘာဖြစ်လို့လဲ..?”

” ဟ…မင်းစဉ်းစားကြည့်လေ။ သွသူ..ဘယ်လောက်ပဲ..ကြည်သန့်နေတဲ့ရေ..ဖြစ်ဖြစ်။..ရွှေရင်အေးထဲ..လာရောရင်… အဲ့ရွှေရင်အေးက..ကောင်းပါတော့မလား။ပျက်ပြီလေ။ ..ဟုတ်တယ်နော်”

“အို..ဟုတ်တာပေါ့..ယောကျ်ားရယ်။ ကြည့်စမ်း..ငါ့ယောကျ်ား..တော်လိုက်တာ..”

“အဲ့ဒါ.. ပြောတာ..။ ရွှေရင်အေး စားပြီးမှ…. ရေ သောက်ရင်တော့.. တစ်မျိုးပေါ့..”

“ဘာ.. ဘာ. ဘာ…!!!!!!” 😁😁😁 မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*