ျမတ္စြာဘုရားရွင္သည္ တျခားစၾကဝဠာ-တျခားၿဂိဳဟ္ကို ႂကြဖူးသလား…

ျမတ္စြာဘုရားရွင္သည္ တျခားစၾကဝဠာ-တျခားၿဂိဳဟ္ကို ႂကြဖူးသလား...
ျမတ္စြာဘုရားရွင္သည္ တျခားစၾကဝဠာ-တျခားၿဂိဳဟ္ကို ႂကြဖူးသလား...

ျမတ္စြာဘုရားရွင္သည္ တျခားစၾကဝဠာ-တျခားၿဂိဳဟ္ကို ႂကြဖူးသလား…

” ဘုရားရွင္ တျခားၿဂိဳဟ္ကို ႂကြသြားၿပီး တရားေဟာခဲ့တယ္ ” ဆိုတာ ဒီဇာတ္ေတာ္ကိုၾကည့္ရင္ သိႏိုင္ပါတယ္။ ဘုရားရွင္က မိန႔္ပါတယ္။

” အာနႏၵာ၊ ငါဘုရားရွင္ဟာ တစ္ခါတစ္ခါမွာ တစ္ပါးေသာ စၾကဝဠာကို ႂကြၿပီး အဲဒီ စၾကဝဠာက ပုဂၢိဳလ္ေတြရဲ႕ ပုံသ႑ာန္ျပဳကာ သူတို႔ရဲ႕ အက်ိဳးစီးပြားနဲ႔ စပ္တဲ့ တရားစကားေတြ ေျပာၾကားေလ့ ရွိတယ္။ ငါဘုရားရွင္ကို သူတို႔က လူေလာ, နတ္ေလာ, ဘုရားရွင္ေလာ ကြဲကြဲျပားျပား မသိဘူး အာနႏၵာ ” တဲ့။

ဒီတရားေတာ္ကို ေထာက္ဆျခင္းအားျဖင့္ တျခားၿဂိဳဟ္ စၾကဝဠာကို ဘုရားရွင္ ႂကြဘူးတယ္ ဆိုတာ ထင္ရွားပါတယ္။

ဒီေနရာမွာ ထူးျခားခ်က္က တျခားၿဂိဳဟ္မွာ တရားေဟာတဲ့အခါ ” မဂ္ဖိုလ္နိဗၺာန္အတြက္ဆိုတာ မပါပဲ အက်ိဳးစီးပြားနဲ႔ စပ္တဲ့စကားလို႔ ဆိုတဲ့အတြက္ တရားထူးတရားျမတ္ ရႏိုင္တဲ့ အေျခအေနမရွိဘူး ” လို႔ သုံးသပ္ႏိုင္ပါတယ္။

ဘုရားရွင္ရဲ႕ အာဏာစက္ဟာ ” စၾကဝဠာ တိုက္တစ္ေသာင္းထိ သက္ေရာက္တယ္ ” လို႔ ဆိုထားတဲ့အတြက္ တျခားၿဂိဳဟ္ေတြကို ႂကြေရာက္တယ္ ဆိုတာလည္း တရားေတာ္အရ ထင္ရွားစြာ သိႏိုင္တယ္။

ျပန္ႂကြလာတဲ့အခါ ” လူ, နတ္, ဘုရား ဘယ္အရာရယ္လို႔ ကြဲကြဲျပားျပား မသိဘူး ” လို႔ ဆိုတဲ့အတြက္ ” သူတို႔ဟာ လူသားေတြရဲ႕ ပုံသ႑ာန္နဲ႔ ဘာသာစကားေတြဟာ မတူဘူး ” လို႔ သုံးသပ္ႏိုင္တယ္။ ဒီလို အေျခအေနမ်ိဳးကို ဘုရားရွင္မို႔သာ ဖန္ဆင္း ေဟာၾကားႏိုင္တာ ျဖစ္တယ္။

ေနာက္တစ္ခုက ” ကမာၻပ်က္တဲ့အခါ နိယတမိစာၦဒိ႒ိေတြဟာ တျခားေသာ စၾကဝဠာက ၿဂိဳဟ္ကို ငရဲသားအျဖစ္ ေျပာင္းၿပီးခံရတယ္ ” လို႔ ေဟာထားတဲ့အတြက္ ” တျခား စၾကဝဠာ တစ္ခုခ်င္းစီမွာလည္း ဘုံသားေတြ အမ်ားအျပား ရွိတယ္ လို႔ အခိုင္အမာ သုံးသပ္လို႔ ရပါတယ္။ ”

ဘာပဲေျပာေျပာ ” ဒီတရားေတာ္က စၾကဝဠာ အနႏၲ ဆိုတာရယ္, တျခားေသာ ၿဂိဳဟ္ေတြမွာလည္း သက္ရွိေတြ ရွိတယ္ ” ဆိုတာ သုံးသပ္ႏိုင္တယ္။

ကမာၻေက်ာ္ သိပၸံပညာရွင္ အိုင္းစတိုင္း ေျပာခဲ့သလိုပါပဲ။ ” သိပၸံနဲ႔ မေျဖရွင္းႏိုင္တာေတြကို ဗုဒၶဘာသာက ေျဖရွင္းေပးလိမ့္မယ္ ” တဲ့။

ဒီကေန႔ သိပၸံပညာရွင္ေတြက မိမိတို႔ ေနထိုင္တဲ့ ကမာၻျပင္ပျဖစ္တဲ့ စၾကဝဠာမွာ တျခားေသာ သက္ရွိေတြ ရွိေနႏိုင္တယ္လို႔ အခိုင္အမာ ယုံၾကည္ေပမဲ့ သက္ေသနဲ႔ ျပႏိုင္ဖို႔ ရွာေဖြ ေလ့လာေနဆဲ ျဖစ္ေသာ္လည္း ဗုဒၶ ေဟာၾကားခဲ့တဲ့ တရားေတာ္ေတြက သက္ေသအျဖစ္ ႀကိဳတင္ၿပီး ျပလို႔ ရေနပါတယ္။

ေမတၱာျဖင့္ -#ဦးျမင့္ခိုင္, #SaiMyoWin & SAI MYO WINမူရင္းေရးသားသူမ်ားကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

မြတ်စွာဘုရားရှင်သည် တခြားစကြဝဠာ-တခြားဂြိုဟ်ကို ကြွဖူးသလား…

” ဘုရားရှင် တခြားဂြိုဟ်ကို ကြွသွားပြီး တရားဟောခဲ့တယ် ” ဆိုတာ ဒီဇာတ်တော်ကိုကြည့်ရင် သိနိုင်ပါတယ်။ ဘုရားရှင်က မိန့်ပါတယ်။

” အာနန္ဒာ၊ ငါဘုရားရှင်ဟာ တစ်ခါတစ်ခါမှာ တစ်ပါးသော စကြဝဠာကို ကြွပြီး အဲဒီ စကြဝဠာက ပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဍာန်ပြုကာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ စပ်တဲ့ တရားစကားတွေ ပြောကြားလေ့ ရှိတယ်။ ငါဘုရားရှင်ကို သူတို့က လူလော, နတ်လော, ဘုရားရှင်လော ကွဲကွဲပြားပြား မသိဘူး အာနန္ဒာ ” တဲ့။

ဒီတရားတော်ကို ထောက်ဆခြင်းအားဖြင့် တခြားဂြိုဟ် စကြဝဠာကို ဘုရားရှင် ကြွဘူးတယ် ဆိုတာ ထင်ရှားပါတယ်။

ဒီနေရာမှာ ထူးခြားချက်က တခြားဂြိုဟ်မှာ တရားဟောတဲ့အခါ ” မဂ်ဖိုလ်နိဗ္ဗာန်အတွက်ဆိုတာ မပါပဲ အကျိုးစီးပွားနဲ့ စပ်တဲ့စကားလို့ ဆိုတဲ့အတွက် တရားထူးတရားမြတ် ရနိုင်တဲ့ အခြေအနေမရှိဘူး ” လို့ သုံးသပ်နိုင်ပါတယ်။

ဘုရားရှင်ရဲ့ အာဏာစက်ဟာ ” စကြဝဠာ တိုက်တစ်သောင်းထိ သက်ရောက်တယ် ” လို့ ဆိုထားတဲ့အတွက် တခြားဂြိုဟ်တွေကို ကြွရောက်တယ် ဆိုတာလည်း တရားတော်အရ ထင်ရှားစွာ သိနိုင်တယ်။

ပြန်ကြွလာတဲ့အခါ ” လူ, နတ်, ဘုရား ဘယ်အရာရယ်လို့ ကွဲကွဲပြားပြား မသိဘူး ” လို့ ဆိုတဲ့အတွက် ” သူတို့ဟာ လူသားတွေရဲ့ ပုံသဏ္ဍာန်နဲ့ ဘာသာစကားတွေဟာ မတူဘူး ” လို့ သုံးသပ်နိုင်တယ်။ ဒီလို အခြေအနေမျိုးကို ဘုရားရှင်မို့သာ ဖန်ဆင်း ဟောကြားနိုင်တာ ဖြစ်တယ်။

နောက်တစ်ခုက ” ကမ္ဘာပျက်တဲ့အခါ နိယတမိစ္ဆာဒိဋ္ဌိတွေဟာ တခြားသော စကြဝဠာက ဂြိုဟ်ကို ငရဲသားအဖြစ် ပြောင်းပြီးခံရတယ် ” လို့ ဟောထားတဲ့အတွက် ” တခြား စကြဝဠာ တစ်ခုချင်းစီမှာလည်း ဘုံသားတွေ အများအပြား ရှိတယ် လို့ အခိုင်အမာ သုံးသပ်လို့ ရပါတယ်။ ”

ဘာပဲပြောပြော ” ဒီတရားတော်က စကြဝဠာ အနန္တ ဆိုတာရယ်, တခြားသော ဂြိုဟ်တွေမှာလည်း သက်ရှိတွေ ရှိတယ် ” ဆိုတာ သုံးသပ်နိုင်တယ်။

ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်း ပြောခဲ့သလိုပါပဲ။ ” သိပ္ပံနဲ့ မဖြေရှင်းနိုင်တာတွေကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် ” တဲ့။

ဒီကနေ့ သိပ္ပံပညာရှင်တွေက မိမိတို့ နေထိုင်တဲ့ ကမ္ဘာပြင်ပဖြစ်တဲ့ စကြဝဠာမှာ တခြားသော သက်ရှိတွေ ရှိနေနိုင်တယ်လို့ အခိုင်အမာ ယုံကြည်ပေမဲ့ သက်သေနဲ့ ပြနိုင်ဖို့ ရှာဖွေ လေ့လာနေဆဲ ဖြစ်သော်လည်း ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတော်တွေက သက်သေအဖြစ် ကြိုတင်ပြီး ပြလို့ ရနေပါတယ်။

မေတ္တာဖြင့် -#ဦးမြင့်ခိုင်, #SaiMyoWin & SAI MYO WINမူရင်းရေးသားသူများကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*