လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္… ကိုယ္ကသာေ႐ြးခ်ယ္တတ္ခဲ့မယ္ ဆိုရင္ေပါ့…

လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္... ကိုယ္ကသာေ႐ြးခ်ယ္တတ္ခဲ့မယ္ ဆိုရင္ေပါ့...
လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္... ကိုယ္ကသာေ႐ြးခ်ယ္တတ္ခဲ့မယ္ ဆိုရင္ေပါ့...

လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္… ကိုယ္ကသာေ႐ြးခ်ယ္တတ္ခဲ့မယ္ ဆိုရင္ေပါ့…

၁။ မေန႔ကဆိုတာ ကိုယ္ဘာမွျပန္သြားျပဳျပင္လို႔ မရႏိုင္ေတာ့လို႔ .. ေနာက္ထပ္ေကာင္းမြန္တာေတြ ထပ္လုပ္ႏိုင္ေစဖို႔ မနက္ျဖန္ဆိုတာ ရွိလာတယ္ …

၂။ ျပႆနာတိုင္းကို ေက်ာ္လြားႏိုင္ဖို႔ ကူညီေပးႏိုင္မဲ့သူကေတာ့ တစ္ေယာက္တည္းပဲရွိေနပါတယ္ အဲ့ဒီလူကေတာ့ သင္ကိုယ္တိုင္ပါပဲ…

၃။ ဒီကမာၻေပၚမွာ လူေတြ ရႈပ္ေထြးေနေစတဲ့ အေၾကာင္းအရာကေတာ့ ၂ မ်ိဳးတည္းရွိပါတယ္… အဲ့တာေတြကေတာ့ သြားခ်စ္မိတာနဲ႔ သြားမုန္းမိေနတာပါပဲ …

၄။ စိတ္ခ်မ္းသာမႈဆိုတာ အရာရာတိုင္းကို စိတ္တိုင္းက်ျဖစ္ေအာင္ လုပ္ႏိုင္ရာက ေပါက္ဖြားလာတာ မဟုတ္ပါဘူး… ဒါေပမဲ့ ဘယ္အရာမွ ကိုယ့္စိတ္တိုင္းက် မျဖစ္ႏိုင္ပါဘူးဆိုတာ လက္ခံတဲ့စိတ္ကေန ေပါက္ဖြားလာတတ္တာပါ …

၅။ လူတစ္ကိုယ္အေတြးတစ္မ်ိဳး တစ္ကိုယ္-တစ္စိတ္ဆီမို႔ အေတြးအေခၚမတူတာနဲ႔ သူတစ္ပါးအေတြးကို သြားအထင္မေသးမိပါေစနဲ႔ …

၆။ စာဖတ္တတ္တာ အေရးပါတယ္ ၊ အေျခအေနကိုဖတ္တတ္တာ ပိုအေရးပါတယ္၊ တစ္ပါးသူရဲ႕စိတ္ကိုဖတ္တတ္တာ ပိုေတာင္အေရးပါတယ္ ၊ ကိုယ့္စိတ္ကို ဖတ္တတ္တာကေတာ့ အေရးအပါဆုံးပါပဲ…

၇။ စဥ္းစားႏိုင္ရင္ ကူၿပီးစဥ္းစားေပးလိုက္၊ မစဥ္းစားႏိုင္ရင္လည္း ကူၿပီးလုပ္ေပးလိုက္၊ မလုပ္ေပးႏိုင္ရင္ ကူညီပါဝင္လိုက္၊ မပါဝင္ႏိုင္ရင္ အားေပးလိုက္၊ အားမေပးႏိုင္ရင္လည္း ေအးေအး ေဆးေဆးေနေပးလိုက္ …

၈။ စင္ၾကယ္ႏိုင္ရင္ စိတ္လဲသန႔္ရွင္းမယ္၊ ခ်ထားႏိုင္ရင္စိတ္လဲ ေပါ့ပါးမယ္၊ လြတ္ထားႏိုင္ရင္ စိတ္လည္းေအးခ်မ္းမယ္၊ ခြင့္လြတ္ႏိုင္ရင္ စိတ္လည္းတည္ၿငိမ္မယ္ …

၉။ လမင္းရဲ႕အရိပ္ဟာ ေရမ်က္ႏွာျပင္ရဲ႕ ၿငိမ္သက္မႈမွာ ေပၚႏိုင္သလိုပဲ အသိပညာဆိုတာ စိတ္ရဲ႕တည္ၿငိမ္ျခင္းကေန ေပါက္ဖြားလာတတ္တယ္ …

၁၀။ ေသာက-က ကိုယ့္ကိုစိတ္ရႈတ္ေစတာ မဟုတ္ပါဘူး ၊ စိတ္ရႈတ္လို႔ ကိုယ့္ကို ေသာကျဖစ္ေစတာပါ …

၁၁။ ေပးတတ္ရင္ လက္ခံတတ္ရပါမယ္၊ လက္ခံတတ္ရင္ ခြင့္လြတ္တတ္ရပါမယ္၊ မာတတ္ရင္ ေပ်ာ့ေျပာင္းတတ္ရပါမယ္… ဒါမွ ဘဝကေပါ့ပါးၿပီး ေပ်ာ္႐ႊင္မႈရွိပါမယ္ …

၁၂။ ၿငိမ္းခ်မ္းဆိတ္ၿငိမ္တဲ့ေနရာ အခုတစ္ရာေတာင္မွလည္း ကိုယ့္စိတ္ရဲ႕ တည္ၿငိမ္မႈေလာက္ မေကာင္းႏိုင္ပါဘူး… လူအေယာက္တစ္ရာေက်ာ္သိေနလည္း ကိုယ့္ကိုကိုယ္ သိေနတာေလာက္ မေကာင္းႏိုင္ပါဘူး …

၁၃။ ရွိတဲ့ အခါ ေပးကမ္းဖို႔သိတတ္ပါေစ၊ ရတဲ့အခါ တင္းတိမ္ဖို႔ သိတတ္ပါေစ၊ ေတာင္းတဲ့အခါ တန္ဖိုးကိုသိတတ္ပါေစ ၊ လူဆိုတာ ေမြးလာၿပီးေတာ့ အခ်ိန္ေရာက္လာတဲ့အခါ ခြဲခြာသြားရမွာပါ …

၁၄။ ျပန္လွည့္လို႔မရတာက အခ်ိန္- ေျပးလို႔မလြတ္ႏိုင္တာက ေသျခင္းတရား- ဝယ္လို႔မရတာက က်န္းမာေရးနဲ႔ ဘဝ- ႀကိဳတင္ ျမင္လို႔ မရႏိုင္တာက လူ႔စိတ္- သီးခံရမဲ့အရာက ကိုယ့္ရဲ႕စိတ္ကိုကိုယ္

၁၅။ မီးဆိုတာ ကိုယ္ကသာသူ႔အနားသြားမေနရင္ မပူပါဘူး… ဘယ္ဆင္းရဲဒုကၡကမွ မႀကီးေလးပါဘူး… ကိုယ္ကသာကိုယ့္စိတ္နဲ႔ သြားမထမ္းထားရင္ …

၁၆။ စိတ္ခြန္အားဆိုတာ ကိုယ့္ေဘးပတ္ဝန္းက်င္လူေတြဆီကေန ရွာလို႔ ရခ်င္ရႏိုင္ပါတယ္ ဒါေပမဲ့ ခိုင္မာမႈ႕ကေတာ့ ကိုယ့္ဖာသာ တည္ေဆာက္ရမွာပါ …

၁၇။ တစ္ခါတစ္ေလ စိတ္ဓါတ္ခြန္အားဆိုတာ သူမ်ားကို ေပးဖို႔အျပင္ ကိုယ့္အတြက္ကိုယ္လဲ သိမ္းထားတတ္ရပါမယ္ …

၁၈။ ေရွ႕ကို ေလ်ာက္လွမ္းဖို႔ ဆုံးျဖတ္ၿပီးရင္လည္း ႀကဳံေတြ႕လာရမဲ့ ျပသနာေတြအတြက္ အားမေလ်ာ့မိလိုက္ပါေစနဲ႔ …

၁၉။ ဉာဏ္ပညာရွိတဲ့ သူက ျပသနာတိုင္းမွာ အခြင့္အလမ္းကို ရွာေဖြ ေတြ႕ျမင္တတ္တယ္ ..ဉာဏ္မရွိတဲ့သူက အခြင့္အလမ္းတိုင္းမွာ ျပသနာကိုရွာေတြ႕တတ္တယ္ …

၂၀။ တစ္ေယာက္နဲ႔ တစ္ေယာက္နားလည္မႈ႕လြဲမွားလို႔ ေဒါသထြက္ၾကတာဟာ မမွားပါဘူး ဒါေပမဲ့ မေတာင္းပန္တာက မွားတာပါ …

၂၁။ လူေကာင္းလူေတာ္ ျဖစ္ၿပီး၊ ေပ်ာ္႐ြင္စြာေနထိုင္ၿပီး ေပ်ာ္႐ြင္မႈ႕ေတြ မွ်ေဝလိုက္ပါ… ဒီမွ်ေလာက္နဲ႔ပဲသင္ဟာ ၿပီးျပည့္စုံတဲ့ လူသားပီသသြားပါၿပီ …

လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္… ကိုယ္ကသာေ႐ြးခ်ယ္တတ္ခဲ့မယ္ ဆိုရင္ေပါ့…မူရင္းေရးသားသူကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်… ကိုယ်ကသာရွေးချယ်တတ်ခဲ့မယ် ဆိုရင်ပေါ့…

၁။ မနေ့ကဆိုတာ ကိုယ်ဘာမှပြန်သွားပြုပြင်လို့ မရနိုင်တော့လို့ .. နောက်ထပ်ကောင်းမွန်တာတွေ ထပ်လုပ်နိုင်စေဖို့ မနက်ဖြန်ဆိုတာ ရှိလာတယ် …

၂။ ပြဿနာတိုင်းကို ကျော်လွားနိုင်ဖို့ ကူညီပေးနိုင်မဲ့သူကတော့ တစ်ယောက်တည်းပဲရှိနေပါတယ် အဲ့ဒီလူကတော့ သင်ကိုယ်တိုင်ပါပဲ…

၃။ ဒီကမ္ဘာပေါ်မှာ လူတွေ ရှုပ်ထွေးနေစေတဲ့ အကြောင်းအရာကတော့ ၂ မျိုးတည်းရှိပါတယ်… အဲ့တာတွေကတော့ သွားချစ်မိတာနဲ့ သွားမုန်းမိနေတာပါပဲ …

၄။ စိတ်ချမ်းသာမှုဆိုတာ အရာရာတိုင်းကို စိတ်တိုင်းကျဖြစ်အောင် လုပ်နိုင်ရာက ပေါက်ဖွားလာတာ မဟုတ်ပါဘူး… ဒါပေမဲ့ ဘယ်အရာမှ ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ပါဘူးဆိုတာ လက်ခံတဲ့စိတ်ကနေ ပေါက်ဖွားလာတတ်တာပါ …

၅။ လူတစ်ကိုယ်အတွေးတစ်မျိုး တစ်ကိုယ်-တစ်စိတ်ဆီမို့ အတွေးအခေါ်မတူတာနဲ့ သူတစ်ပါးအတွေးကို သွားအထင်မသေးမိပါစေနဲ့ …

၆။ စာဖတ်တတ်တာ အရေးပါတယ် ၊ အခြေအနေကိုဖတ်တတ်တာ ပိုအရေးပါတယ်၊ တစ်ပါးသူရဲ့စိတ်ကိုဖတ်တတ်တာ ပိုတောင်အရေးပါတယ် ၊ ကိုယ့်စိတ်ကို ဖတ်တတ်တာကတော့ အရေးအပါဆုံးပါပဲ…

၇။ စဉ်းစားနိုင်ရင် ကူပြီးစဉ်းစားပေးလိုက်၊ မစဉ်းစားနိုင်ရင်လည်း ကူပြီးလုပ်ပေးလိုက်၊ မလုပ်ပေးနိုင်ရင် ကူညီပါဝင်လိုက်၊ မပါဝင်နိုင်ရင် အားပေးလိုက်၊ အားမပေးနိုင်ရင်လည်း အေးအေး ဆေးဆေးနေပေးလိုက် …

၈။ စင်ကြယ်နိုင်ရင် စိတ်လဲသန့်ရှင်းမယ်၊ ချထားနိုင်ရင်စိတ်လဲ ပေါ့ပါးမယ်၊ လွတ်ထားနိုင်ရင် စိတ်လည်းအေးချမ်းမယ်၊ ခွင့်လွတ်နိုင်ရင် စိတ်လည်းတည်ငြိမ်မယ် …

၉။ လမင်းရဲ့အရိပ်ဟာ ရေမျက်နှာပြင်ရဲ့ ငြိမ်သက်မှုမှာ ပေါ်နိုင်သလိုပဲ အသိပညာဆိုတာ စိတ်ရဲ့တည်ငြိမ်ခြင်းကနေ ပေါက်ဖွားလာတတ်တယ် …

၁၀။ သောက-က ကိုယ့်ကိုစိတ်ရှုတ်စေတာ မဟုတ်ပါဘူး ၊ စိတ်ရှုတ်လို့ ကိုယ့်ကို သောကဖြစ်စေတာပါ …

၁၁။ ပေးတတ်ရင် လက်ခံတတ်ရပါမယ်၊ လက်ခံတတ်ရင် ခွင့်လွတ်တတ်ရပါမယ်၊ မာတတ်ရင် ပျော့ပြောင်းတတ်ရပါမယ်… ဒါမှ ဘဝကပေါ့ပါးပြီး ပျော်ရွှင်မှုရှိပါမယ် …

၁၂။ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့နေရာ အခုတစ်ရာတောင်မှလည်း ကိုယ့်စိတ်ရဲ့ တည်ငြိမ်မှုလောက် မကောင်းနိုင်ပါဘူး… လူအယောက်တစ်ရာကျော်သိနေလည်း ကိုယ့်ကိုကိုယ် သိနေတာလောက် မကောင်းနိုင်ပါဘူး …

၁၃။ ရှိတဲ့ အခါ ပေးကမ်းဖို့သိတတ်ပါစေ၊ ရတဲ့အခါ တင်းတိမ်ဖို့ သိတတ်ပါစေ၊ တောင်းတဲ့အခါ တန်ဖိုးကိုသိတတ်ပါစေ ၊ လူဆိုတာ မွေးလာပြီးတော့ အချိန်ရောက်လာတဲ့အခါ ခွဲခွာသွားရမှာပါ …

၁၄။ ပြန်လှည့်လို့မရတာက အချိန်- ပြေးလို့မလွတ်နိုင်တာက သေခြင်းတရား- ဝယ်လို့မရတာက ကျန်းမာရေးနဲ့ ဘဝ- ကြိုတင် မြင်လို့ မရနိုင်တာက လူ့စိတ်- သီးခံရမဲ့အရာက ကိုယ့်ရဲ့စိတ်ကိုကိုယ်

၁၅။ မီးဆိုတာ ကိုယ်ကသာသူ့အနားသွားမနေရင် မပူပါဘူး… ဘယ်ဆင်းရဲဒုက္ခကမှ မကြီးလေးပါဘူး… ကိုယ်ကသာကိုယ့်စိတ်နဲ့ သွားမထမ်းထားရင် …

၁၆။ စိတ်ခွန်အားဆိုတာ ကိုယ့်ဘေးပတ်ဝန်းကျင်လူတွေဆီကနေ ရှာလို့ ရချင်ရနိုင်ပါတယ် ဒါပေမဲ့ ခိုင်မာမှု့ကတော့ ကိုယ့်ဖာသာ တည်ဆောက်ရမှာပါ …

၁၇။ တစ်ခါတစ်လေ စိတ်ဓါတ်ခွန်အားဆိုတာ သူများကို ပေးဖို့အပြင် ကိုယ့်အတွက်ကိုယ်လဲ သိမ်းထားတတ်ရပါမယ် …

၁၈။ ရှေ့ကို လျောက်လှမ်းဖို့ ဆုံးဖြတ်ပြီးရင်လည်း ကြုံတွေ့လာရမဲ့ ပြသနာတွေအတွက် အားမလျော့မိလိုက်ပါစေနဲ့ …

၁၉။ ဉာဏ်ပညာရှိတဲ့ သူက ပြသနာတိုင်းမှာ အခွင့်အလမ်းကို ရှာဖွေ တွေ့မြင်တတ်တယ် ..ဉာဏ်မရှိတဲ့သူက အခွင့်အလမ်းတိုင်းမှာ ပြသနာကိုရှာတွေ့တတ်တယ် …

၂၀။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု့လွဲမှားလို့ ဒေါသထွက်ကြတာဟာ မမှားပါဘူး ဒါပေမဲ့ မတောင်းပန်တာက မှားတာပါ …

၂၁။ လူကောင်းလူတော် ဖြစ်ပြီး၊ ပျော်ရွင်စွာနေထိုင်ပြီး ပျော်ရွင်မှု့တွေ မျှဝေလိုက်ပါ… ဒီမျှလောက်နဲ့ပဲသင်ဟာ ပြီးပြည့်စုံတဲ့ လူသားပီသသွားပါပြီ …

လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်… ကိုယ်ကသာရွေးချယ်တတ်ခဲ့မယ် ဆိုရင်ပေါ့…မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*