မေး 👉 ရဲယိုက ဆေးလား ❓
Unicode
အိမ်တိုင်းမှာ ရဲယိုပင်တပင်လည်း စိုက်ထားသင့်ပါတယ်…
“ဒေါက်တာအောင်စိုးဝင်းပြောသော ရဲယိုအကြောင်း သိကောင်းစရာများ”
မေး 👉 ရဲယိုက ဆေးလား ❓
ဖြေ 👉 ရဲယိုသည် ဆေးမဟုတ်ပါ။ ဆေးထက် အဆင့်များစွာမြင့်မားပြီး သဘာဝအလေ့ကျ ပေါက်ရောက်သော အသီးတမျိုးပါ ။
မေး 👉 ရဲယိုသီးကို ဘာရောဂါမှ မဖြစ်သေးခင် ကြိုတင်စားလို့ ရပါသလား ?
ဖြေ 👉 စားလို့ရပါတယ် ။ ထန်းလျက်နဲ့သော်၎င်း ၊ ပျားရည်နဲ့သော် ၎င်း ၊ရောပြီးစားလို့ရပါတယ်။ အစေ့ တွေကို မစားစေချင်ပါ ၊အူအတက်မှာ သွားပိတ်နေမှာ စိုးလို့ပါ ။
အသီးတွေကမ္ဘာပေါ်မှာ အများကြီးပါ ။အဲ့အထဲကမှ ရဲယိုသီးကိုရွေးချယ်ပြီး ထုတ်လုပ်ရသလဲဆိုတော့ ရဲယိုက ကင်ဆာပျောက်တဲ့ ထိပ်တန်းအသီး ၃၀၀ ထဲမှာ ရဲယိုသီးက TOP TEN ထဲမှာပါလို့ ရွေးချယ်လိုက်ပါတယ် ။
မေး 👉 ရဲယိုသီးအမှည့်ကို ဘယ်အချိန်မျိုးမှာ စားသုံးသင့်ပါသလဲ?
ဖြေ 👉 အစာအိမ်ထဲမှာအစာမရှိချိန်တွင် စားသင့်ပါတယ် ။ ပြီးရင်ရေများများ လိုက်သောက်သင့်ပါတယ် ။ တနေ့ကို ၃ ကြိမ် စားပေးရင် ပိုကောင်းပါတယ်။ ယနေ့ခေတ်က ဓာတုဗေဒပစ္စည်းတွေ အရမ်းလွှမ်းမိုးနေလို့ လူ့သွေးထဲမှာ ဓာတုပစ္စည်းတွေ နေ့စဉ်ဝင်ရောက်နေလို့ပါ ။
ရဲယိုသီးအမှည့်ကို စားပြီးရင် အနည်းဆုံး နာရီဝက် (သို့ ) တစ်နာရီနေပြီးမှ အစာစားသင့်ပါတယ် ။ ကော်ဖီ လက်ဖက်ရည် ကျွဲရိုင်း ကိုကာကိုလာ တွေကိုရဲယိုသီးနှင့် ကပ်ပြီး မစားသင့်ပါ ။ ရဲယိုအာနိသင် ကျမှာစိုးလို့ပါ ။မတည့်တဲ့ သဘောတော့ မရှိပါဘူး ။
မေး 👉 ဘယ်လိုရောဂါတွေအတွက် သင့်တော်ပါသလဲ?
ဖြေ 👉 ရောဂါ ၁၀၁ မျိုးအတွက် သင့်တော်ပါတယ် ။ ကင်ဆာ ၊ ဆီးချို သွေးတိုး ၊ လေဖြတ်ခြင်း ၊ လေးဘက်နာ /ဂေါက် ထိပ်ကပ်နာ/ နှာခေါင်းအနံ့မရခြင်း ၊ နားအကြားအာရုံကျဆင်းခြင်း၊ ကျီးပေါင်း/ အရိုးပွခြင်း ၊ သားအိမ်အလုံးတည်ခြင်း၊
သားဥအိမ်ရေအိတ်တည်ခြင်း ၊ အဖြူဆင်းခြင်း ၊ ရေယုန် ကြွက်နို့ပေါက်ခြင်း ၊ ပန်းသေ/ပန်းညှိုးခြင်း ၊ ဆေးလိပ်စွဲ ကွမ်းစွဲ အရက်ဘီယာစွဲခြင်း ၊ ဖြတ်လိုသူများ သောက်သင့်ပါသည် ။
မူးယစ်ဆေးဝါးစွဲခြင်း အိပ်ဆေးစွဲခြင်း ၊ အိပ်မပျော်ခြင်း ၊ စောစောအိပ်ရာမဝင်နိုင်ခြင်း ၊ သည်းခြေအိတ်ကျောက်တည်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အသည်းအဆီဖုံးခြင်း ၊ ပါးစပ်ပျက်ခြင်း ၊ ထိပ်ပြောင်သူများဆံပင်ပြန်ပေါက်ခြင်း ၊ အသားအရေစိုပြေချောမွေ့ခြင်း၊ ပါးစပ်နံခြင်း၊ ချိုင်းနံခြင်း ၊
ရာသီမမှန်ခြင်း၊ ရာသီလာခါနီး လူသတ်ချင်စိတ်ပေါ်ခြင်း ၊ စိတ်တိုလွယ်ခြင်း ၊အထီးကျန်ဆန်ခြင်း စိတ်ဓာတ်ကျလွယ်ခြင်း ၊ အများနှင့် လိုက်လျောညီထွေ မနေနိုင်ခြင်း ၊ တခုခုဆို မှတ်မရခြင်း၊ နှလုံးရောဂါ ၊ အသည်းရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ မုန့်ချိုအိတ်ရောဂါ ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ ၊
ဆီးကျိတ်ရောဂါ ၊ မြုံခြင်း ၊ မှတ်ဉာဏ်မကောင်းခြင်း ၊ စာကျက်သည့်အခါ အာရုံမရခြင်း၊ ဆိုးသွမ်းလူငယ်ဖြစ်နေခြင်း ၊သူငယ်ပြန်ခြင်း ၊ အယ်လ်ဆိုင်းမားရောဂါ ၊ အဝလွန်ခြင်း ၊ သက်လုံကောင်းလိုသူများ ၊ ကိုယ်ခံအားကောင်းလိုသူများ ၊ အသက်ရှည်ကျန်းမာလိုသူများနေ့စဉ်မှန်မှန် သောက်သုံးသင့်ပါသည် ။
ဒေါက်တာ အောင်စိုးဝင်း ( သဘာဝ စွမ်းအားရဲယို ဆရာဝန် ) ပြန်လည်မျှဝေပါသည်။ မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ ( အသီးတွေမှည့်ရင် နေလှန်းမယ်)လေးစားစွာခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*