လူ႕ဘ၀ဆုိတာ ခဏေလးရယ္ပါ…

လူ႕ဘ၀ဆုိတာ ခဏေလးရယ္ပါ...
လူ႕ဘ၀ဆုိတာ ခဏေလးရယ္ပါ...

လူ႕ဘ၀ဆုိတာ ခဏေလးရယ္ပါ…

အသက္ ၁၅ ကေန ၂၅ ဆိုတာက…. မာန္ေတြ တက္တဲ့အ႐ြယ္… ငါႀကိဳးစားရင္ ဘာမဆိုျဖစ္ရမည္.. ေကာင္းကင္တမြတ္ ၾကယ္ကိုဆြတ္မည္.. ဘာညာ ဘာညာ …။.

၂၅ ကေန ၃၅ေလာက္က်… စြန္း ဆရာလုပ္တဲ့အ႐ြယ္.. ဒီမွာ ငါ့ညီ.. ဒါက ဒီလိုရွိတယ္… ဒီမယ္ ညီေလး…..ေလာကႀကီးမွာေလ…
အာဘာ ယာဘာ ဘလာ..ဘလာ..။ လူေတြခ်ီးက်ဴးတာလည္း သိပ္သာယာတာေပါ့…

အသက္၃၅ေက်ာ္ အသက္ ၄၀ ဝန္းက်င္ေရာက္လာေတာ့ ဘဝမွာ ေနတတ္ဖို႔ ဥေပကၡာ ျပဳတတ္ဖို႔ စသိလာတယ္။

၄၀ ကေန ၅၀ေလာက္ထိက.. ေလာကထဲက အျဖစ္အပ်က္ေတြကို ထိုင္ရီေနတဲ့ ဂု႐ုႀကီးျဖစ္သြားၿပီ… ၂၅..ေတြ..၃၀ ေတြ.. မာန္တက္ေနတာကို ၿပဳံးၿပီး မိန႔္မိန႔္ႀကီး ၾကည့္ေနတတ္တဲ့အ႐ြယ္.. မင္း ေတြ႕လာဦးမွာပါကြာ.. ငါ ေတြ႕ေတြက စာေတြ႕ထက္ ပိုရသေျမာက္တာ ဆိုၿပီး…။ အထင္ႀကီးခံရ အထင္ေသးခံရျခင္းေတြလည္း မသာယာေတာ့သလို မတုန္လႈပ္ေတာ့ဘူး။

၅၀ လည္း ေက်ာ္ေရာ… ဘယ္သူ႔မွ ဂ႐ုကိုမစိုက္တာ.. အဖက္ကို လုပ္မေနဘူး… ကိုယ္လုပ္ခ်င္တာ… ေအးေဆးလုပ္ေနတာပဲ…။

၆၀ လည္း ေက်ာ္ေရာ… စကားေျပာဖို႔ အေဖာ္ေလး စ မင္လာၿပီ.. သားသမီး ေျမးေတြ လာအေဖာ္ျပဳေပးရင္ သိပ္ေပ်ာ္ေနေတာ့တာပဲ..

အရာရာ ၾကင္နာစိတ္နဲ႔ျမင္တာ တပိုင္း… ဝမ္းနည္းအားငယ္စိတ္ေလး နည္းနည္းစြက္လာတာ တပိုင္း…။ ငါ လုပ္ႏိုင္ေသးတယ္ဆိုၿပီး အလုပ္ေတြ က်ဳံးလုပ္ေနတတ္တာလဲ တပိုင္း။

၇၀ ေက်ာ္ေတာ့ ေလာကကို ၿငီးေငြ႕လာေတာ့တာပါပဲ… ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေဝဒနာမခံစား ရဖို႔ပဲ ေမွ်ာ္လင့္ေတာ့တယ္။

လူ႔ဘဝဆိုတာ အဲ့လိုပါပဲ..။ အသက္ေတြ ႀကီးလာဦးမွာ… အေတြးအေခၚလဲ ေျပာင္းလာဦးမွာ… ဘယ္အရာမွ တသမတ္တည္း မရွိဘူး… ဒါေၾကာင့္… ေပ်ာ္ေအာင္ေန… မာန္မတက္မိေအာင္ ေန…

ေလာကႀကီးကို ထမ္းပိုးမထားပဲ… တေန႔စာကို တာဝန္ေက်ေအာင္ အေကာင္းဆုံးရွင္သန္… ရယ္စရာရွိတာ ရယ္… ကူစရာရွိတာ ကူ… ေပးစရာရွိ ေပး…

ခ်စ္ရင္ ခ်စ္တယ္ ေျပာပစ္လိုက္… အမုန္းေတြေတာ့ သယ္မေနနဲ႔ ေလးတယ္… ထားပစ္ခဲ့… သူနဲ႔ကိုယ္ အျမင္မတူလည္း… ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကြဲလြဲလိုက္… ေပးဆပ္တယ္ဆိုတဲ့ စကားလုံးႀကီးနဲ႔ မြန္းက်ပ္မေနနဲ႔…

အရာရာ အေၾကာင္းရွိလို႔ အက်ိဳးရွိတာ အေႂကြးရွိလို႔ဆပ္ရတာ… စိတ္ေတြကို ေဘာင္ထဲမွာ ေထာင္ခ်မထားနဲ႔…

သူမ်ား အထင္ႀကီးေအာင္လဲ ဟန္ေဆာင္စရာ မလိုဘူး မရွိဘူး မတတ္ဘူး လို႔လဲ အထင္ေသးစရာ မလိုဘူး..

တေန႔ ေျမႀကီးထဲ သြားရမွာ အတူတူ…..။ လူ႔ ဘဝဆိုတာ ခဏေလးပါ…. ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနၾကရေအာင္ပါ…credittowriter

Unicode

လူ့ဘဝဆိုတာ ခဏလေးရယ်ပါ…

အသက် ၁၅ ကနေ ၂၅ ဆိုတာက…. မာန်တွေ တက်တဲ့အရွယ်… ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်.. ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည်.. ဘာညာ ဘာညာ …။.

၂၅ ကနေ ၃၅လောက်ကျ… စွန်း ဆရာလုပ်တဲ့အရွယ်.. ဒီမှာ ငါ့ညီ.. ဒါက ဒီလိုရှိတယ်… ဒီမယ် ညီလေး…..လောကကြီးမှာလေ…
အာဘာ ယာဘာ ဘလာ..ဘလာ..။ လူတွေချီးကျူးတာလည်း သိပ်သာယာတာပေါ့…

အသက်၃၅ကျော် အသက် ၄၀ ဝန်းကျင်ရောက်လာတော့ ဘဝမှာ နေတတ်ဖို့ ဥပေက္ခာ ပြုတတ်ဖို့ စသိလာတယ်။

၄၀ ကနေ ၅၀လောက်ထိက.. လောကထဲက အဖြစ်အပျက်တွေကို ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ… ၂၅..တွေ..၃၀ တွေ.. မာန်တက်နေတာကို ပြုံးပြီး မိန့်မိန့်ကြီး ကြည့်နေတတ်တဲ့အရွယ်.. မင်း တွေ့လာဦးမှာပါကွာ.. ငါ တွေ့တွေက စာတွေ့ထက် ပိုရသမြောက်တာ ဆိုပြီး…။ အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း မသာယာတော့သလို မတုန်လှုပ်တော့ဘူး။

၅၀ လည်း ကျော်ရော… ဘယ်သူ့မှ ဂရုကိုမစိုက်တာ.. အဖက်ကို လုပ်မနေဘူး… ကိုယ်လုပ်ချင်တာ… အေးဆေးလုပ်နေတာပဲ…။

၆၀ လည်း ကျော်ရော… စကားပြောဖို့ အဖော်လေး စ မင်လာပြီ.. သားသမီး မြေးတွေ လာအဖော်ပြုပေးရင် သိပ်ပျော်နေတော့တာပဲ..

အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း… ဝမ်းနည်းအားငယ်စိတ်လေး နည်းနည်းစွက်လာတာ တပိုင်း…။ ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ ကျုံးလုပ်နေတတ်တာလဲ တပိုင်း။

၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ… ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ မျှော်လင့်တော့တယ်။

လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။ အသက်တွေ ကြီးလာဦးမှာ… အတွေးအခေါ်လဲ ပြောင်းလာဦးမှာ… ဘယ်အရာမှ တသမတ်တည်း မရှိဘူး… ဒါကြောင့်… ပျော်အောင်နေ… မာန်မတက်မိအောင် နေ…

လောကကြီးကို ထမ်းပိုးမထားပဲ… တနေ့စာကို တာဝန်ကျေအောင် အကောင်းဆုံးရှင်သန်… ရယ်စရာရှိတာ ရယ်… ကူစရာရှိတာ ကူ… ပေးစရာရှိ ပေး…

ချစ်ရင် ချစ်တယ် ပြောပစ်လိုက်… အမုန်းတွေတော့ သယ်မနေနဲ့ လေးတယ်… ထားပစ်ခဲ့… သူနဲ့ကိုယ် အမြင်မတူလည်း… ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်… ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့ မွန်းကျပ်မနေနဲ့…

အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ အကြွေးရှိလို့ဆပ်ရတာ… စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့…

သူများ အထင်ကြီးအောင်လဲ ဟန်ဆောင်စရာ မလိုဘူး မရှိဘူး မတတ်ဘူး လို့လဲ အထင်သေးစရာ မလိုဘူး..

တနေ့ မြေကြီးထဲ သွားရမှာ အတူတူ…..။ လူ့ ဘဝဆိုတာ ခဏလေးပါ…. ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ပါ……..

Be the first to comment

Leave a Reply

Your email address will not be published.


*