မိဘမ်ားက သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ရာမွာ ဘယ္အရာေတြကို သတိထားသင့္သလဲ

မိဘမ်ားက သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ရာမွာ ဘယ္အရာေတြကို သတိထားသင့္သလဲ
မိဘမ်ားက သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ရာမွာ ဘယ္အရာေတြကို သတိထားသင့္သလဲ

မိဘမ်ားက သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ရာမွာ ဘယ္အရာေတြကို သတိထားသင့္သလဲ

“သားသမီးခ်င္းတူတူ ငါ့သမီး/ သားေလး ဘက္လိုက္ဆက္ဆံသလုိျဖစ္တတ္တာ”

ဘက္လိုက္တတ္တဲ့ မိဘေတြရဲ႕ သားသမီးေတြဟာ မစည္းလုံးၾကတာမ်ားတယ္… မိဘကေသြးခြဲထားလို႔ပါ `နင္ကညံ့တယ္ နင္ကေတာ္တယ္´ဆိုၿပီးကြာလတီခြဲလိုက္တဲ့ ကုန္ပစၥည္းေတြဟာ ဘယ္ေတာ့မွ ေဈးႏႈန္းညႇိမရၾကေတာ့ဘူး…

ဘက္လိုက္မႈက မေလးစားမႈကို အစပ်ိဳးပါတယ္ အခ်င္းခ်င္းမနာလိုစိတ္ကေန အမုန္းတရားပြားမ်ားလာတယ္… ကေလးဘဝကတည္းက အ႐ိုးစြဲတဲ့ အမုန္းတရားက ဘယ္ေတာ့မွ ေဖ်ာက္မရေတာ့ဘူး… မိဘေတြသာမရွိၾကေတာ့ရင္ ဒီေမာင္ႏွမေတြဟာ ပက္သက္စရာ လုံးဝကိုမရွိေတာ့တဲ့ လူေတြျဖစ္ေနၾကပါလိမ့္မယ္…..

“ဂရုနာေဒါေသာနဲ႕ ဆဲဆုိမိတတ္တာ”

ေန႔စဥ္ အဆဲခံရတဲ့လူဟာ မခံခ်င္စိတ္ေၾကာင့္ ေဒါသမ်ားမယ္… ျပန္ေျပာမိရင္ေတာ့ မိဘကိုခံေျပာသလို ျဖစ္တယ္… ငရဲႀကီးမယ္ ဒုကၡေရာက္မွ ေအးမယ္ ေခြးျဖစ္မွာဆိုတဲ့ က်ိန္စာဆန္ဆန္ စကားေတြဟာ အရမ္းဆိုးပါတယ္…

ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခိုင္းလို႔ ရႏိူင္ေပမယ့္ ဆဲေရးၿပီးမွလုပ္မယ္ ထင္တဲ့အေတြးနဲ႔ခိုင္းတာဟာ ဆိုးဝါးလြန္းပါတယ္…..

“သားသမီးအိမ္ေထာင္ေရးကိစၥကို စြက္ဖက္တာ”

`နင့္ ေယာက္က်ားကဘယ္လို´ `နင္ယူထားတဲ့ မိန္းမကဘယ္လို´ ဆိုတာမ်ိဳး မေျပာသင့္ပါဘူး… သားသမီးရဲ႕ ေ႐ြးခ်ယ္မႈကိုလဲ ေလးစားရပါမယ္…

သူေတာင္ သူ႔ဘဝကိုသူ ေနတတ္လို႔ ေနေနတာပါ… သားသမီးက သူ႔အိမ္ေထာင္နဲ႔ပက္သက္ၿပီး ကူညီပါလို႔ မေျပာမခ်င္း ဝင္ပါစရာမလိုတာပါ… ငါ့သမီးမွန္တယ္ ငါ့သားမွန္တယ္ဆိုတဲ့ အယူအဆဟာ မွားပါတယ္…

ကိုယ့္သားသမီးအေၾကာင္းသိတယ္ဆိုတာ ကေလးဘဝမွာပဲ ျဖစ္ပါလိမ့္မယ္… ကေလးဘဝမွာသာ မိဘနဲ႔တစ္ေနကုန္ရွိေနလို႔ သူတို႔ အက်င့္ေလးေတြ သိေနၾကရတာ သူတို႔္အ႐ြယ္ေရာက္တဲ့အခါ မိဘနဲ႔ေနခ်ိန္နည္းေလ မိဘက သားသမီးစိတ္ကို မသိရေလဆိုတာကို သတိထားသင့္ပါတယ္…

သားသမီးဆိုတာ မိဘကို အစစအရာရာ ေျပာျပခ်င္တဲ့အ႐ြယ္ဆိုတာ အသက္ေလးငါးဆယ္ႏွစ္အ႐ြယ္မွာပဲ ရွိတယ္… ဒါကိုကေလးလိုပဲ အကုန္သိခ်င္ အကုန္ေျဖရွင္းေပးခ်င္တယ္ ဆိုရင္ေတာ့ တကယ္ျဖစ္လာရင္ေတာင္ မိဘကိုမတိုင္ပင္ၾကေတာ့တာ မ်ားပါတယ္…

`ငါေျပာသားပဲ´ဆိုတဲ့ စကားေနာက္က အျပစ္တင္မႈေတြဟာ ျပႆနာကိုေျဖရွင္းဖို႔ ေဝးကြာေစတာ သားသမီးေတြက ရိပ္စားမိၾကပါတယ္… သားသမီးအေၾကာင္း တကယ္သာသိရင္ ဒါမ်ိဳးမလုပ္သင့္တာကို သိကိုသိထားရမယ္…..

“သားသမီးကို အျပစ္တင္လြန္းတာ”

ဘာလုပ္လုပ္ အျပစ္တင္ေနတတ္တာ တနည္းဆိုရရင္ ေလာဘႀကီးမိၾကတာပါ… အသုံးမက်ဘူးဆိုတဲ့ ေဘာင္ထဲသြတ္သြင္းတာ သားသမီးက တကယ္အသုံးမက်တာျဖစ္ခ်င္ျဖစ္မယ္

ဒါေပမဲ့ အသုံးမက်တာကိုပဲ ေဖာက္ျမင္ေနတတ္တာ… ဒါကိုၾကားရဖန္မ်ားလာတဲ့အခါ ေဒါသကမိဘကိုျပန္ခံေျပာတတ္ဖို႔ စတင္လာတယ္…..

“သားသမီးကို ေျပာဆိုဆက္ဆံပုံ မွားတာ”

အခ်ိဳ႕ မိဘေတြရွိပါတယ္… ျပင္ပမွာေတာ့ လူငယ္လူႀကီးမေ႐ြးကို အရမ္းအေလးထား ဆက္ဆံတတ္ပါတယ္… ေျပာရရင္ လူေတြအေပၚ ေလးစားမႈရွိတာေပါ့… သားသမီးကိုက် အဲ့လိုမလုပ္ႏိုင္ၾကပါဘူး

သားသမီးဆိုတာ ငယ္ႏိုင္လိုျဖစ္ေနေတာ့ စိတ္အလိုမက် တိုင္းသားသမီးကို ႏွိမ္ေနတတ္တာမ်ိဳးပါ… ေစတနာစကားေပမယ့္ အေျပာမတတ္ရင္ နားခါးတာ လူ႔သဘာဝပါ…

အျပင္ပန္းကမွတ္မထားခ်င္ရင္ေနမယ္ စိတ္ခံစားခ်က္ကေတာ့ မိဘကငါေျပာတိုင္း မေကာင္းျမင္တယ္ဆိုၿပီး ေဒါသႀကီးေနတတ္တဲ့ သားသမီးေတြရွိလာရတာပါ… စိတ္ဆိုတာ အၿမဲၾကည္သာမေနပါဘူး…

အၿမဲနားပူေအာင္ ေန႔စဥ္ဆုံးမစကားဆိုမေနမိပါေစနဲ႔ သူေန႔စဥ္လုပ္တာေတြ မွတ္ထားၿပီး တစ္ပတ္တစ္ခါ တစ္လတစ္ခါေလာက္သာ စားပြဲဝိုင္းမွာ ေအးေအးေဆးေဆးပဲ ဆုံးမစကား တစ္ခြန္းခ်င္းေျပာသင့္ပါတယ္… တစ္ပတ္တစ္ခါမို႔ ဆုံးမရတာ စိတ္လဲရွည္တယ္…

သားသမီးအေနနဲ႔လည္း မိဘက ခ်က္က်လက္က်ေျပာေတာ့ ျငင္းရခက္တယ္… သူ႔အမွားကိုဆင္ျခင္ႏိုင္တယ္… ေဒါသပါတဲ့ ဆုံးမစကားဟာ ေျပာင္းျပန္အက်ိဳးသက္ေရာက္ပါတယ္… ဘာလို႔လဲဆိုေတာ့ သားသမီးဆိုတာ လူသားမို႔ ေဒါသထြက္ရင္ အ႐ြဲ႕တိုက္တတ္လို႔ပါ…

အဆင္မေျပမႈေတြကို သူတို႔လဲ မလိုလားၾကပါဘူး… ဒါေပမဲ့ ျငင္းဆန္မရရင္ေတာ့ မိဘနဲ႔ထိပ္တိုက္ရင္ဆိုင္ျခင္းထက္ အေဝးကို ေျပးသြားလိုက္တာ အကုသိုလ္အနည္းဆုံး အဆင္ေျပဆုံးလို႔ ထင္ျမင္ယူဆလာၾကပါတယ္…

မိဘနဲ႔အဆင္မေျပတဲ့ သားသမီးဟာ သူ႔ဖာသာရပ္တည္ေနရတဲ့ အခါမွာလဲ အဆင္ေျပဘို႔ဆိုတာ မလြယ္ကူပါဘူး… အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ႔ အဆင္ေျပတယ္ပဲ ေျပာလိုက္ပါ… ေတြးပူေနတတ္တဲ့မိဘကိုလည္း စိတ္မပင္ပန္းေစသလို အကုသိုလ္လဲ နည္းေစပါတယ္…

တတ္ႏိုင္ရင္အေဝးကေန ေထာက္ပံ့ျခင္းကို လုပ္လို႔ရပါတယ္… အနီးမွာပဲ ေနမယ္ဆိုလဲမိဘနဲ႔ အဆင္ေျပေအာင္ နည္းလမ္းရွာၿပီး စိတ္ေလ်ာ့ၾကပါ… မိဘဆိုတာ အဖိုးတန္ပါတယ္…

ဒါေပမယ့္… သားသမီးဆိုတာလဲ လူသားမို႔ သူလဲသူ႔တန္ဖိုးနဲ႔သူ ရွိတယ္ဆိုတာ မိဘမ်ားအထူးသတိထားၾကည့္ၾကၿပီး မိဘနဲ႔သားသမီးမ်ား ဆက္ဆံေရးဟာလဲပိုအဆင္ေျပၾကမွာပါ….credit

Unicode

မိဘများက သားသမီးများကို ပြုစုပျိုးထောင်ရာမှာ ဘယ်အရာတွေကို သတိထားသင့်သလဲ

“သားသမီးချင်းတူတူ ငါ့သမီး/ သားလေး ဘက်လိုက်ဆက်ဆံသလိုဖြစ်တတ်တာ”

ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာများတယ်… မိဘကသွေးခွဲထားလို့ပါ `နင်ကညံ့တယ် နင်ကတော်တယ်´ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှ ဈေးနှုန်းညှိမရကြတော့ဘူး…

ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ် အချင်းချင်းမနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်… ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး… မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကိုမရှိတော့တဲ့ လူတွေဖြစ်နေကြပါလိမ့်မယ်…..

“ဂရုနာဒေါသောနဲ့ ဆဲဆိုမိတတ်တာ”

နေ့စဉ် အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်… ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလို ဖြစ်တယ်… ငရဲကြီးမယ် ဒုက္ခရောက်မှ အေးမယ် ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုးပါတယ်…

ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ ရနိူင်ပေမယ့် ဆဲရေးပြီးမှလုပ်မယ် ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်…..

“သားသမီးအိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ”

`နင့် ယောက်ကျားကဘယ်လို´ `နင်ယူထားတဲ့ မိန်းမကဘယ်လို´ ဆိုတာမျိုး မပြောသင့်ပါဘူး… သားသမီးရဲ့ ရွေးချယ်မှုကိုလဲ လေးစားရပါမယ်…

သူတောင် သူ့ဘဝကိုသူ နေတတ်လို့ နေနေတာပါ… သားသမီးက သူ့အိမ်ထောင်နဲ့ပက်သက်ပြီး ကူညီပါလို့ မပြောမချင်း ဝင်ပါစရာမလိုတာပါ… ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့ အယူအဆဟာ မှားပါတယ်…

ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာ ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်… ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန်ရှိနေလို့ သူတို့ အကျင့်လေးတွေ သိနေကြရတာ သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေဆိုတာကို သတိထားသင့်ပါတယ်…

သားသမီးဆိုတာ မိဘကို အစစအရာရာ ပြောပြချင်တဲ့အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲ ရှိတယ်… ဒါကိုကလေးလိုပဲ အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်ကြတော့တာ များပါတယ်…

`ငါပြောသားပဲ´ဆိုတဲ့ စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေက ရိပ်စားမိကြပါတယ်… သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်…..

“သားသမီးကို အပြစ်တင်လွန်းတာ”

ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ တနည်းဆိုရရင် လောဘကြီးမိကြတာပါ… အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျတာဖြစ်ချင်ဖြစ်မယ်

ဒါပေမဲ့ အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ… ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်…..

“သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ”

အချို့ မိဘတွေရှိပါတယ်… ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်… ပြောရရင် လူတွေအပေါ် လေးစားမှုရှိတာပေါ့… သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး

သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ… စေတနာစကားပေမယ့် အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ…

အပြင်ပန်းကမှတ်မထားချင်ရင်နေမယ် စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေရှိလာရတာပါ… စိတ်ဆိုတာ အမြဲကြည်သာမနေပါဘူး…

အမြဲနားပူအောင် နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့ သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်းပြောသင့်ပါတယ်… တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ်…

သားသမီးအနေနဲ့လည်း မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်… သူ့အမှားကိုဆင်ခြင်နိုင်တယ်… ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန်အကျိုးသက်ရောက်ပါတယ်… ဘာလို့လဲဆိုတော့ သားသမီးဆိုတာ လူသားမို့ ဒေါသထွက်ရင် အရွဲ့တိုက်တတ်လို့ပါ…

အဆင်မပြေမှုတွေကို သူတို့လဲ မလိုလားကြပါဘူး… ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်…

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့ အခါမှာလဲ အဆင်ပြေဘို့ဆိုတာ မလွယ်ကူပါဘူး… အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့ အဆင်ပြေတယ်ပဲ ပြောလိုက်ပါ… တွေးပူနေတတ်တဲ့မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲ နည်းစေပါတယ်…

တတ်နိုင်ရင်အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ်… အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျော့ကြပါ… မိဘဆိုတာ အဖိုးတန်ပါတယ်…

ဒါပေမယ့်… သားသမီးဆိုတာလဲ လူသားမို့ သူလဲသူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာ မိဘများအထူးသတိထားကြည့်ကြပြီး မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ……

Be the first to comment

Leave a Reply

Your email address will not be published.


*