ေရႊေတာင္ၾကီးႏွင့္ အလားသ႑န္တူေသာ ” မိဘ အရိပ္ “

ေရႊေတာင္ၾကီးႏွင့္ အလားသ႑န္တူေသာ " မိဘ အရိပ္ "
ေရႊေတာင္ၾကီးႏွင့္ အလားသ႑န္တူေသာ " မိဘ အရိပ္ "

ေရႊေတာင္ၾကီးႏွင့္ အလားသ႑န္တူေသာ ” မိဘ အရိပ္ ”

အ႐ြယ္ေရာက္ၿပီး-လူတေယာက္ အလုပ္လက္ေၾကာ မတင္းပဲ စိတ္သန႔္သန႔္နဲ႔ ထမင္းစားခြင့္ ရွိတာ မိဘအိမ္ တစ္အိမ္ပဲရွိတယ္……

အ႐ြယ္ေရာက္ၿပီး… လူတေယာက္ ႀကိဳက္တဲ့ခ်ိန္ အိပ္ ႀကိဳက္တဲ့ခ်ိန္ ထ ကာလနဂါးႀကီး လုပ္ခြင့္ ျဖစ္ခြင့္ရတာ မိဘအိမ္ တစ္အိမ္ပဲရွိတယ္……

အ႐ြယ္ေရာက္ၿပီး လူတေယာက္ မစားမေသာက္ပဲ ဆိုးေကာက္ေနတဲ့အခ်ိန္ ထမင္းစားဖို႔ မရမက ေခ်ာ့ေခၚ ေကြၽးတတ္တာ ကိုယ့္မိဘေတြပဲ ရွိတယ္……

ကိုယ္လွလွ မလွလွ .. ကိုယ္ လူစဥ္မွီမွီ မမွီမွီ.. ကိုယ္ ေကာင္းေကာင္း မေကာင္းေကာင္း.. ကိုယ္ ေတာ္ေတာ္ မေတာ္ေတာ္.. ကိုယ့္အေပၚ ေမတၱာ ေစတနာမပ်က္တာ အနႏၲေက်းဇူးရွင္ မိဘႏွစ္ပါးပါ…..

ကိုယ္မိဘက သူမ်ားေတြလို မခ်မ္းသာလို႔ .. ကိုယ့္မိဘက သူမ်ားေတြလို ပညာမတတ္လို႔ .. ကိုယ့္မိဘက သူမ်ားေတြလို လူစဥ္မမွီလို႔.. ကိုယ့္မိဘရဲ႕ အလုပ္အကိုင္က သူမ်ားနည္းတူ အဆင့္မျမင့္လို႔ ဆိုၿပီး ….

စိတ္အလိုမက် မျဖစ္ပါနဲ႔ .. မရွက္ပါနဲ႔ .. မေလးမစား မလုပ္ပါနဲ႔ .. အထင္ အျမင္ မေသးပါနဲ႔ .. လူရာမသြင္း မဆက္ဆံပါနဲ႔ .. ေက်းဇူး မကန္းပါနဲ႔ …..

ေလာကမွာ ဘာဖိအားမွမရွိပဲ ကိုယ္စိတ္ႀကိဳက္ စိတ္လြတ္ကိုယ္လြတ္ သက္ေသာင့္သက္သာ စားေသာက္ေနထိုင္ခြင့္ရွိတာ ကိုယ့္မိဘအိမ္ တစ္အိမ္ပဲရွိတယ္ …..

တစိမ္းလူေတြဆိုတာ ကိုယ္လုပ္ႏိုင္စြမ္းအား တခုတည္း အေပၚမွာသာ မူတည္ၿပီး ကိုယ့္တန္ဖိုးကို ဆုံးျဖတ္က်တယ္ .. တစိမ္းလူ ဆိုတာ ကိုယ္လုပ္ႏိုင္တုန္းပဲ ကိုယ့္ကို ၾကည္ျဖဴၾကမွာပါ ……

တိုက္တာအေဆာက္အဦးႀကီးေတြကို မဆိုထားပါနဲ႔ တဲအိမ္အိုပ်က္ေလး ျဖစ္ေနပါေစ ကိုယ့္ မိဘအိမ္ မဟုတ္ရင္ ကိုယ္စိတ္တိုင္းက်
ေနထိုင္ စားေသာက္ခြင့္ မရွိပါဘူး ….

ဆုံးရႈံးၿပီးမွ မိဘတန္ဖိုးကို သတိထားမိမယ့္ အစား မိဘႏွစ္ပါး သက္ရွိထင္ရွား ရွိေနခ်ိန္ေလး အတြင္းမွာ တန္ဖိုးထား ဆက္ဆံႏိုင္ၾကပါေစ …မိဘေက်းဇူး ဆပ္ႏိုင္ၾကပါေစ….#Credit အရွင္စႏၵသာရ

Unicode

ရွှေတောင်ကြီးနှင့် အလားသဏ္ဍန်တူသော ” မိဘ အရိပ် “

အရွယ်ရောက်ပြီး လူတယောက် အလုပ်လက်ကြော မတင်းပဲ စိတ်သန့်သန့်နဲ့ ထမင်းစားခွင့် ရှိတာ မိဘအိမ် တစ်အိမ်ပဲရှိတယ်……

အရွယ်ရောက်ပြီး-လူတယောက် ကြိုက်တဲ့ချိန် အိပ် ကြိုက်တဲ့ချိန် ထ ကာလနဂါးကြီး လုပ်ခွင့် ဖြစ်ခွင့်ရတာ မိဘအိမ် တစ်အိမ်ပဲရှိတယ်……

အရွယ်ရောက်ပြီး… လူတယောက် မစားမသောက်ပဲ ဆိုးကောက်နေတဲ့အချိန် ထမင်းစားဖို့ မရမက ချော့ခေါ် ကျွေးတတ်တာ ကိုယ့်မိဘတွေပဲ ရှိတယ်……

ကိုယ်လှလှ မလှလှ .. ကိုယ် လူစဉ်မှီမှီ မမှီမှီ.. ကိုယ် ကောင်းကောင်း မကောင်းကောင်း.. ကိုယ် တော်တော် မတော်တော်.. ကိုယ့်အပေါ် မေတ္တာ စေတနာမပျက်တာ အနန္တကျေးဇူးရှင် မိဘနှစ်ပါးပါ…..

ကိုယ်မိဘက သူများတွေလို မချမ်းသာလို့ .. ကိုယ့်မိဘက သူများတွေလို ပညာမတတ်လို့ .. ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့.. ကိုယ့်မိဘရဲ့ အလုပ်အကိုင်က သူများနည်းတူ အဆင့်မမြင့်လို့ ဆိုပြီး ….

စိတ်အလိုမကျ မဖြစ်ပါနဲ့ .. မရှက်ပါနဲ့ .. မလေးမစား မလုပ်ပါနဲ့ .. အထင် အမြင် မသေးပါနဲ့ .. လူရာမသွင်း မဆက်ဆံပါနဲ့ .. ကျေးဇူး မကန်းပါနဲ့ …..

လောကမှာ ဘာဖိအားမှမရှိပဲ ကိုယ်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ် သက်သောင့်သက်သာ စားသောက်နေထိုင်ခွင့်ရှိတာ ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိတယ် …..

တစိမ်းလူတွေဆိုတာ ကိုယ်လုပ်နိုင်စွမ်းအား တခုတည်း အပေါ်မှာသာ မူတည်ပြီး ကိုယ့်တန်ဖိုးကို ဆုံးဖြတ်ကျတယ် .. တစိမ်းလူ ဆိုတာ ကိုယ်လုပ်နိုင်တုန်းပဲ ကိုယ့်ကို ကြည်ဖြူကြမှာပါ ……

တိုက်တာအဆောက်အဦးကြီးတွေကို မဆိုထားပါနဲ့ တဲအိမ်အိုပျက်လေး ဖြစ်နေပါစေ ကိုယ့် မိဘအိမ် မဟုတ်ရင် ကိုယ်စိတ်တိုင်းကျ
နေထိုင် စားသောက်ခွင့် မရှိပါဘူး ….

ဆုံးရှုံးပြီးမှ မိဘတန်ဖိုးကို သတိထားမိမယ့် အစား မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေချိန်လေး အတွင်းမှာ တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ …မိဘကျေးဇူး ဆပ်နိုင်ကြပါစေ….#Credit အရှင်စန္ဒသာရ

Be the first to comment

Leave a Reply

Your email address will not be published.


*