မာရာဒိုနာေသဆုံးမႈအတြက္ ဆရာဝန္ေတြနဲ႔သူနာျပဳေတြကို တရားဆြဲမည္

မာရာဒိုနာေသဆုံးမႈအတြက္ ဆရာဝန္ေတြနဲ႔သူနာျပဳေတြကို တရားဆြဲမည္
မာရာဒိုနာေသဆုံးမႈအတြက္ ဆရာဝန္ေတြနဲ႔သူနာျပဳေတြကို တရားဆြဲမည္

မာရာဒိုနာေသဆုံးမႈအတြက္ ဆရာဝန္ေတြနဲ႔သူနာျပဳေတြကို တရားဆြဲမည္

၂၀၂၀ ႏိုဝင္ဘာလက ေသဆုံးခဲ့တဲ့ အာဂ်င္တီးနားေဘာလုံးဂႏၴဝင္ ဒီေယဂိုမာရာဒိုနာ ေသဆုံးမႈအတြက္ ရာဇဝတ္မႈေပါ့ဆမႈျဖင့္ ေဆးဘက္ဆိုင္ရာဝန္ထမ္း ရွစ္ဦးကို ႐ုံးတင္စစ္ေဆးမည္ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔တြင္ လူသိရွင္ၾကားထုတ္ျပန္ခဲ့သည့္ တရား႐ုံးစီရင္ခ်က္အရ သိရသည္။

မာရာဒိုနာ က အိမ္မွာ ေဆးဝါးကုသမႈ ခံယူေနစဥ္အတြင္း ေဆးဝန္ထမ္းေတြက ပစ္ထားၾကလို႔ ေသဆုံးခဲ့ရတာလို႔ အစိုးရေရွ႕ေနေတြက ဆိုပါတယ္။

ေစာင့္ေရွာက္မႈ ပ်က္ကြက္ျခင္း ပုဒ္မနဲ႔ စြဲမွာပါ. ေထာင္ဒဏ္ ၈ႏွစ္ကေန ၂၅ႏွစ္အတြင္းပါ.

ကိုကင္းႏွင့္ အရက္စြဲလမ္းမႈျဖင့္ ဆယ္စုႏွစ္မ်ားစြာၾကာ ႐ုန္းကန္ၿပီးေနာက္ မာရာဒိုနာသည္ အသက္ ၆၀ အ႐ြယ္တြင္ ဦးေႏွာက္ခြဲစိတ္မႈမွ ျပန္လည္ ေကာင္းမြန္လာၿပီးကာမွ ေသဆုံးသြားခဲ့သည္။ မေသခင္၂ပတ္အလိုကလည္း ဓါးနဲ႔ အထိုးခံခဲ့ရပါတယ္။

ေတာင္အေမရိကားက ေဘာလုံးအေက်ာ္အေမာ္ႀကီးက အိပ္ရာေပၚမွာ ေရာဂါဒဏ္ျပင္းျပင္းထန္ထန္ ခံစားၿပီး ေသသြားရပုံ ေပၚပါတယ္။

ဒီအမႈမွာ အာ႐ုံေၾကာခြဲစိတ္ဆရာဝန္နဲ႔ မိသားစုဆရာဝန္ Leopoldo Luque၊ စိတ္ေရာဂါကုဆရာဝန္ Agustina Cosachov၊ စိတ္ပညာရွင္ Carlos Diaz၊ ေဆးဘက္ဆိုင္ရာညႇိႏႈိင္းေရးမႉး Nancy Forlini နဲ႔ သူနာျပဳႏွစ္ဦးအပါအဝင္ အျခားေလးဦးတို႔ ပါဝင္ပါတယ္။

Boca Juniors ၊ Barcelona နဲ႔ Napoli ၾကယ္ပြင့္ေဟာင္းဟာ သူေသဆုံးခ်ိန္မွာ အသည္း၊ ေက်ာက္ကပ္နဲ႔ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါေတြ ခံစားခဲ့ရပါတယ္။

Unicode

မာရာဒိုနာသေဆုံးမှုအတွက် ဆရာဝန်တွေနဲ့သူနာပြုတွေကို တရားဆွဲမည်

၂၀၂၀ နိုဝင်ဘာလက သေဆုံးခဲ့တဲ့ အာဂျင်တီးနားဘောလုံးဂန္ထဝင် ဒီယေဂိုမာရာဒိုနာ သေဆုံးမှုအတွက် ရာဇဝတ်မှုပေါ့ဆမှုဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ရှစ်ဦးကို ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် လူသိရှင်ကြားထုတ်ပြန်ခဲ့သည့် တရားရုံးစီရင်ချက်အရ သိရသည်။

မာရာဒိုနာ က အိမ်မှာ ဆေးဝါးကုသမှု ခံယူနေစဉ်အတွင်း ဆေးဝန်ထမ်းတွေက ပစ်ထားကြလို့ သေဆုံးခဲ့ရတာလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

စောင့်ရှောက်မှု ပျက်ကွက်ခြင်း ပုဒ်မနဲ့ စွဲမှာပါ. ထောင်ဒဏ် ၈နှစ်ကနေ ၂၅နှစ်အတွင်းပါ.

ကိုကင်းနှင့် အရက်စွဲလမ်းမှုဖြင့် ဆယ်စုနှစ်များစွာကြာ ရုန်းကန်ပြီးနောက် မာရာဒိုနာသည် အသက် ၆၀ အရွယ်တွင် ဦးနှောက်ခွဲစိတ်မှုမှ ပြန်လည် ကောင်းမွန်လာပြီးကာမှ သေဆုံးသွားခဲ့သည်။ မသေခင်၂ပတ်အလိုကလည်း ဓါးနဲ့ အထိုးခံခဲ့ရပါတယ်။

တောင်အမေရိကားက ဘောလုံးအကျော်အမော်ကြီးက အိပ်ရာပေါ်မှာ ရောဂါဒဏ်ပြင်းပြင်းထန်ထန် ခံစားပြီး သေသွားရပုံ ပေါ်ပါတယ်။

ဒီအမှုမှာ အာရုံကြောခွဲစိတ်ဆရာဝန်နဲ့ မိသားစုဆရာဝန် Leopoldo Luque၊ စိတ်ရောဂါကုဆရာဝန် Agustina Cosachov၊ စိတ်ပညာရှင် Carlos Diaz၊ ဆေးဘက်ဆိုင်ရာညှိနှိုင်းရေးမှူး Nancy Forlini နဲ့ သူနာပြုနှစ်ဦးအပါအဝင် အခြားလေးဦးတို့ ပါဝင်ပါတယ်။

Boca Juniors ၊ Barcelona နဲ့ Napoli ကြယ်ပွင့်ဟောင်းဟာ သူသေဆုံးချိန်မှာ အသည်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*