မီွခုိဆုိျပီး အထင္ေသးခံေနရသော အိမ္ေထာင္ရွင္မမ်ား

မီွခုိဆုိျပီး အထင္ေသးခံေနရသော အိမ္ေထာင္ရွင္မမ်ား
မီွခုိဆုိျပီး အထင္ေသးခံေနရသော အိမ္ေထာင္ရွင္မမ်ား

မီွခုိဆုိျပီး အထင္ေသးခံေနရသော အိမ္ေထာင္ရွင္မမ်ား

စိတ္ပညာရွင္ ဆရာဝန္ထံသို႔ လူတယောက္ ေရာက္လာသည္။ … “ထိုင္ပါ ေကာ္ဖီ ေသာက္မလား” “မသောက္ေတာ့ပါဘူး ေသာက္လာၿပီးၿပီ”…

“ဒါဆို ခဏေလး ကၽြန္ေတာ္ ေကာ္ဖီ ေဖ်ာ္လိုက္ဦးမယ္” ဆရာဝန္က ေကာ္ဖီခြက္ကို ကိုင္လာၿပီး သူ႔ေရွ႕တြင္ ျပန္ထိုင္လိုက္သည္။

“ကဲေျပာပါ ကၽြန္ေတာ္ ဘာကူညီရမလဲ” … “ကၽြန္ေတာ့္မိန္းမနဲ႔ ကြာရွင္းခ်င္ လို႔ပါ”…

“ဟာ၊ ေနရာ မွားလာၿပီနဲ႔ တူတယ္။ ဒါ လင္မယားခ်င္း ကြာရွင္းေပးတဲ့ ေနရာမဟုတ္ဘူးဗ်” … “ဆရာရယ္ ကၽြန္ေတာ့္ စိတ္ထဲမွာ ကၽြန္ေတာ့္မိန္းမက ဖိစီးေနတယ္။ အဲဒါေၾကာင့္ လာခဲ့တာပါ”…

“ဒါကေတာ့ နည္းနည္း ဆိုင္မယ္ ထင္တယ္။ ခင္ဗ်ား မိန္းမက ဘယ္လိုဖိစီးမႈ ျဖစ္ေစတယ္ဆိုတာ ေျပာျပႏိုင္မလား”…

“ဒီေခတ္မွာ လင္ရယ္-မယားရယ္ အိမ္ေထာင္တခု ထူေထာင္ၿပီဆိုရင္ ေအးအတူ-ပူအမွ် စိတ္ဓာတ္နဲ႔ ဒိုးတူေပါင္ဖက္ အလုပ္လုပ္ၾကမွ ျဖစ္မယ္ဆိုတာ ဆရာ လက္ခံပါတယ္ေနာ္”…

“မွန္တာေပါ့ အိမ္ေထာင္ေရးမွာ ဒါအေရးႀကီးတာ ပဲဗ်”… “ဆရာက သေဘာေပါက္တယ္။ ကၽြန္ေတာ္ေျပာတာကို လက္ခံတယ္”…

“ဟုတ္ၿပီ ပထမဆုံး ခင္ဗ်ား ဘာလုပ္သလဲ ဆိုတာေလး စ ေျပာရေအာင္” … “ကၽြန္ေတာ္က ဘဏ္မွာ အလုပ္လုပ္ပါတယ္ ဆရာ။ စာရင္းကိုင္ တယောက္ေပါ့”…

“ခင္ဗ်ား ဇနီးကေရာဗ်ာ” … “အဲဒါကို ေျပာခ်င္တာဆရာ။ ကၽြန္ေတာ့္ မိန္းမက အလုပ္မရွိဘူး အိမ္မွာပဲ”…. “ဪ ခင္ဗ်ား-မိန္းမက ဘာမွမလုပ္ဘဲ အိမ္မွာ အခန႔္သား ခင္ဗ်ား ရွာေကြၽးတာကို ထိုင္စားေနတယ္ ဆိုပါေတာ့” … “ဟုတ္တယ္”…

“သားသမီးေတြေရာ ရွိသလားဗ်” … “ရွိတယ္ ႏွစ္ေယာက္။ ေက်ာင္းေနတဲ့အ႐ြယ္ေတြ ေရာက္ေနၿပီ”… “အို ကေလးႏွစ္ေယာက္ ရတဲ့အထိ ခင္ဗ်ား မိန္းမက ဘာအလုပ္မွ မလုပ္ဘူးေပါ့” … “ဟုတ္တယ္ဆရာ အဲဒါကို စိတ္ထဲမွာ ခံျပင္းေနတာ” …

“ေနဦး ခင္ဗ်ားနဲ႔ ကေလးေတြရဲ႕ မနက္စာကို ဘယ္သူ ခ်က္ေပးလဲဗ်” … “ဘယ္သူရွိရမလဲ ဆရာ။ ကၽြန္ေတာ့္ မိန္းမေပါ့။ သူက အလုပ္မွ မရွိတာ” … “ခင္ဗ်ား မိန္းမက မနက္ဆို အိပ္ရာက ဘယ္ႏွနာရီေလာက္ ထသလဲ” … “အလုပ္မရွိ အကိုင္မရွိဘူးသာ ဆိုတယ္ မနက္ဆို ၄ နာရီေလာက္ ဆို ႏိုးေနၿပီ”

“မနက္ ၄ နာရီေလာက္ႀကီး ထၿပီးေတာ့ ဘာလုပ္သလဲ” … “အေစာႀကီး ထၿပီး ထမင္းေတြခ်က္၊ သန႔္ရွင္းေရးေတြ လုပ္ေပါ့ဆရာ အလုပ္မွ မရွိတာ” …

“ခင္ဗ်ားနဲ႔ ကေလးေတြကေရာ ဘယ္ႏွနာရီေလာက္မွ ထၾကသလဲ” … “ကၽြန္ေတာ္တို႔ ကေတာ့ ၇ နာရီ ၈ နာရီေလာက္မွ ထၾကတယ္။ ကၽြန္ေတာ္က အလုပ္သြားရမွာေလ ကေလးေတြက ေက်ာင္းသြားရမွာ”…

“အင္း ခင္ဗ်ားတို႔ ႏိုးေတာ့ နံနက္စာ အသင့္ ျဖစ္ေနေရာေပါ့” … “ျဖစ္ေနတာေပါ့ ကၽြန္ေတာ့္ အလုပ္လက္မဲ့ဇနီးေၾကာင့္ အခ်ိန္မွန္ေလးေတာ့ နံနက္စာ စားရပါတယ္” … “ကေလးေတြကိုေရာ ေက်ာင္းကို ဘယ္သူပို႔သလဲဗ်” … “သူပဲေလ ဘာအလုပ္မွ မရွိတာ” …

“ဟုတ္ၿပီ ကေလးေတြကို ေက်ာင္းပို႔ၿပီးရင္ အလုပ္မရွိေတာ့ ေလွ်ာက္သြားေနသလား” … “ေဈးေလွ်ာက္ဝယ္တယ္ေလ” … “ေဈးဝယ္ၿပီးေတာ့ေရာ” … “အလုပ္မွ မရွိတာ ဆရာရယ္။ အိမ္ျပန္လာ ခ်က္ျပဳတ္ၿပီး ကၽြန္ေတာ္တို႔ ဝတ္ထားတဲ့ အဝတ္တေြ ေလွ်ာ္ေပါ့” …

“အဲဒီေတာ့ ခင္ဗ်ားက အလုပ္ သြားေနၿပီေပါ့။ ဒါနဲ႔ ခင္ဗ်ား ညေနဆို အလုပ္ကနေအိမ္ကို တန္းျပန္တာပဲလား” … “ဟုတ္ကဲ့” … “႐ုံးက ျပန္လာေတာ့ ခင္ဗ်ား အိမ္မွာဘာလုပ္သလဲ” … “အနားယူတာေပါ့ ဆရာရယ္ တေနကုန္ ႐ုံးမွာ ပင္ပန္းလာတယ္ မဟုတ္လား” …

“ခင္ဗ်ား အနားယူေနတဲ့အခ်ိန္မွာ ခင္ဗ်ားမိန္းမ ဘာလုပ္ေနသလဲဗ်” … “အလုပ္မွ မရွိတာ ဆရာရယ္ ညစာခ်က္ ကေလးတေြကို ထမင္းေကၽြး၊ ကၽြန္ေတာ့္အတကြ္ ညစာျပင္ေပး၊ ကၽြန္ေတာ္တို႔ စားထားတဲ့ ပန္းကန္တေြေဆး၊ ကေလးတေြကိုသိပ္၊ တအိမ္လုံးရွင္းေပါ့” …

ဆရာဝန္က ေကာ္ဖီခြက္ကိုကိုင္ၿပီး ေနာက္ဆုံးတက်ိဳက္ကို ေမာ့ခ်လိုက္သည္။ “ခင္ဗ်ား ဘဏ္မွာ ရာထူးအသင့္အတင့္ ရွိပုံေပၚတယ္” … “ရွိပါတယ္ဆရာ” … “ပညာတေြလည္း တတ္မွာေပါ့” … “ဘြဲ႕ႏွစ္ခုခင္ဗ်” …

“ခုျဖစ္ေနတဲ့ ျပႆနာက ခင္ဗ်ားဗ်။ ခင္ဗ်ားမိန္းမ မဟုတ္ဘူး”…. “ဗ်ာ” ……………

“ဟုတ္တယ္ ခင္ဗ်ားစိတ္မွာျဖစ္ေနတာကို အရင္ဆုံး ကုရမယ္။ ခင္ဗ်ားမွာ ေရာဂါျဖစ္ေနတာ” … “ကၽြန္ေတာ့္မွာ ေရာဂါျဖစ္ေနတယ္ ဟုတ္လားဆရာ။ ကယ္ပါဦး ဆရာ” …

“ဟုတ္တယ္ ခင္ဗ်ား ေရာဂါ ရနေၿပီ” … “ဘာေရာဂါလဲ ဆရာ” …

“အလုပ္ကို အလုပ္မွန္းမသိေအာင္ အတေြးတိမ္တဲ့ေရာဂါ” … “ဗ်ာ” …………….

“ၿပီးေတာ့ ခင္ဗ်ား မ်က္လုံးပါ မေကာင္းဘူး။ အနီးမႈန္ေနတယ္” … “ခင္ဗ်ာ” ……………..

“ေနာက္ၿပီး ခင္ဗ်ားမွာ တခုေပ်ာက္ေနတယ္” … “ဘာလဲဆရာ” …

“ကိုယ္ခ်င္းစာစိတ္”……. phoomyatchal and Credit

Unicode

မှီခိုဆိုပြီး အထင်သေးခံနေရသော အိမ်ထောင်ရှင်မများ

စိတ်ပညာရှင် ဆရာဝန်ထံသို့ လူတယောက် ရောက်လာသည်။ … “ထိုင်ပါ ကော်ဖီ သောက်မလား” “မသောက်တော့ပါဘူး သောက်လာပြီးပြီ”…

“ဒါဆို ခဏလေး ကျွန်တော် ကော်ဖီ ဖျော်လိုက်ဦးမယ်” ဆရာဝန်က ကော်ဖီခွက်ကို ကိုင်လာပြီး သူ့ရှေ့တွင် ပြန်ထိုင်လိုက်သည်။

“ကဲပြောပါ ကျွန်တော် ဘာကူညီရမလဲ” … “ကျွန်တော့်မိန်းမနဲ့ ကွာရှင်းချင် လို့ပါ”…

“ဟာ၊ နေရာ မှားလာပြီနဲ့ တူတယ်။ ဒါ လင်မယားချင်း ကွာရှင်းပေးတဲ့ နေရာမဟုတ်ဘူးဗျ” … “ဆရာရယ် ကျွန်တော့် စိတ်ထဲမှာ ကျွန်တော့်မိန်းမက ဖိစီးနေတယ်။ အဲဒါကြောင့် လာခဲ့တာပါ”…

“ဒါကတော့ နည်းနည်း ဆိုင်မယ် ထင်တယ်။ ခင်ဗျား မိန်းမက ဘယ်လိုဖိစီးမှု ဖြစ်စေတယ်ဆိုတာ ပြောပြနိုင်မလား”…

“ဒီခေတ်မှာ လင်ရယ်-မယားရယ် အိမ်ထောင်တခု ထူထောင်ပြီဆိုရင် အေးအတူ-ပူအမျှ စိတ်ဓာတ်နဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကြမှ ဖြစ်မယ်ဆိုတာ ဆရာ လက်ခံပါတယ်နော်”…

“မှန်တာပေါ့ အိမ်ထောင်ရေးမှာ ဒါအရေးကြီးတာ ပဲဗျ”… “ဆရာက သဘောပေါက်တယ်။ ကျွန်တော်ပြောတာကို လက်ခံတယ်”…

“ဟုတ်ပြီ ပထမဆုံး ခင်ဗျား ဘာလုပ်သလဲ ဆိုတာလေး စ ပြောရအောင်” … “ကျွန်တော်က ဘဏ်မှာ အလုပ်လုပ်ပါတယ် ဆရာ။ စာရင်းကိုင် တယောက်ပေါ့”…

“ခင်ဗျား ဇနီးကရောဗျာ” … “အဲဒါကို ပြောချင်တာဆရာ။ ကျွန်တော့် မိန်းမက အလုပ်မရှိဘူး အိမ်မှာပဲ”…. “ဪ ခင်ဗျား-မိန်းမက ဘာမှမလုပ်ဘဲ အိမ်မှာ အခန့်သား ခင်ဗျား ရှာကျွေးတာကို ထိုင်စားနေတယ် ဆိုပါတော့” … “ဟုတ်တယ်”…

“သားသမီးတွေရော ရှိသလားဗျ” … “ရှိတယ် နှစ်ယောက်။ ကျောင်းနေတဲ့အရွယ်တွေ ရောက်နေပြီ”… “အို ကလေးနှစ်ယောက် ရတဲ့အထိ ခင်ဗျား မိန်းမက ဘာအလုပ်မှ မလုပ်ဘူးပေါ့” … “ဟုတ်တယ်ဆရာ အဲဒါကို စိတ်ထဲမှာ ခံပြင်းနေတာ” …

“နေဦး ခင်ဗျားနဲ့ ကလေးတွေရဲ့ မနက်စာကို ဘယ်သူ ချက်ပေးလဲဗျ” … “ဘယ်သူရှိရမလဲ ဆရာ။ ကျွန်တော့် မိန်းမပေါ့။ သူက အလုပ်မှ မရှိတာ” … “ခင်ဗျား မိန်းမက မနက်ဆို အိပ်ရာက ဘယ်နှနာရီလောက် ထသလဲ” … “အလုပ်မရှိ အကိုင်မရှိဘူးသာ ဆိုတယ် မနက်ဆို ၄ နာရီလောက် ဆို နိုးနေပြီ”

“မနက် ၄ နာရီလောက်ကြီး ထပြီးတော့ ဘာလုပ်သလဲ” … “အစောကြီး ထပြီး ထမင်းတွေချက်၊ သန့်ရှင်းရေးတွေ လုပ်ပေါ့ဆရာ အလုပ်မှ မရှိတာ” …

“ခင်ဗျားနဲ့ ကလေးတွေကရော ဘယ်နှနာရီလောက်မှ ထကြသလဲ” … “ကျွန်တော်တို့ ကတော့ ၇ နာရီ ၈ နာရီလောက်မှ ထကြတယ်။ ကျွန်တော်က အလုပ်သွားရမှာလေ ကလေးတွေက ကျောင်းသွားရမှာ”…

“အင်း ခင်ဗျားတို့ နိုးတော့ နံနက်စာ အသင့် ဖြစ်နေရောပေါ့” … “ဖြစ်နေတာပေါ့ ကျွန်တော့် အလုပ်လက်မဲ့ဇနီးကြောင့် အချိန်မှန်လေးတော့ နံနက်စာ စားရပါတယ်” … “ကလေးတွေကိုရော ကျောင်းကို ဘယ်သူပို့သလဲဗျ” … “သူပဲလေ ဘာအလုပ်မှ မရှိတာ” …

“ဟုတ်ပြီ ကလေးတွေကို ကျောင်းပို့ပြီးရင် အလုပ်မရှိတော့ လျှောက်သွားနေသလား” … “ဈေးလျှောက်ဝယ်တယ်လေ” … “ဈေးဝယ်ပြီးတော့ရော” … “အလုပ်မှ မရှိတာ ဆရာရယ်။ အိမ်ပြန်လာ ချက်ပြုတ်ပြီး ကျွန်တော်တို့ ဝတ်ထားတဲ့ အဝတ်တွေ လျှော်ပေါ့” …

“အဲဒီတော့ ခင်ဗျားက အလုပ် သွားနေပြီပေါ့။ ဒါနဲ့ ခင်ဗျား ညနေဆို အလုပ်ကနအေိမ်ကို တန်းပြန်တာပဲလား” … “ဟုတ်ကဲ့” … “ရုံးက ပြန်လာတော့ ခင်ဗျား အိမ်မှာဘာလုပ်သလဲ” … “အနားယူတာပေါ့ ဆရာရယ် တနေကုန် ရုံးမှာ ပင်ပန်းလာတယ် မဟုတ်လား” …

“ခင်ဗျား အနားယူနေတဲ့အချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေသလဲဗျ” … “အလုပ်မှ မရှိတာ ဆရာရယ် ညစာချက် ကလေးတွေကို ထမင်းကျွေး၊ ကျွန်တော့်အတကွ် ညစာပြင်ပေး၊ ကျွန်တော်တို့ စားထားတဲ့ ပန်းကန်တွေဆေး၊ ကလေးတွေကိုသိပ်၊ တအိမ်လုံးရှင်းပေါ့” …

ဆရာဝန်က ကော်ဖီခွက်ကိုကိုင်ပြီး နောက်ဆုံးတကျိုက်ကို မော့ချလိုက်သည်။ “ခင်ဗျား ဘဏ်မှာ ရာထူးအသင့်အတင့် ရှိပုံပေါ်တယ်” … “ရှိပါတယ်ဆရာ” … “ပညာတွေလည်း တတ်မှာပေါ့” … “ဘွဲ့နှစ်ခုခင်ဗျ” …

“ခုဖြစ်နေတဲ့ ပြဿနာက ခင်ဗျားဗျ။ ခင်ဗျားမိန်းမ မဟုတ်ဘူး”…. “ဗျာ” ……………

“ဟုတ်တယ် ခင်ဗျားစိတ်မှာဖြစ်နေတာကို အရင်ဆုံး ကုရမယ်။ ခင်ဗျားမှာ ရောဂါဖြစ်နေတာ” … “ကျွန်တော့်မှာ ရောဂါဖြစ်နေတယ် ဟုတ်လားဆရာ။ ကယ်ပါဦး ဆရာ” …

“ဟုတ်တယ် ခင်ဗျား ရောဂါ ရနပြေီ” … “ဘာရောဂါလဲ ဆရာ” …

“အလုပ်ကို အလုပ်မှန်းမသိအောင် အတွေးတိမ်တဲ့ရောဂါ” … “ဗျာ” …………….

“ပြီးတော့ ခင်ဗျား မျက်လုံးပါ မကောင်းဘူး။ အနီးမှုန်နေတယ်” … “ခင်ဗျာ” ……………..

“နောက်ပြီး ခင်ဗျားမှာ တခုပျောက်နေတယ်” … “ဘာလဲဆရာ” …

“ကိုယ်ချင်းစာစိတ်”……. phoomyatchal and Credit

Be the first to comment

Leave a Reply

Your email address will not be published.


*