ေတာက္ပတဲ႕ အနာဂါတ္ကို ပိုင္ဆုိင္ခ်င္ရင္ ၾကဳံလာသမၽွ အခက္အခဲေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္ေျဖရွင္းပါ…

ေတာက္ပတဲ႕ အနာဂါတ္ကို ပိုင္ဆုိင္ခ်င္ရင္
ေတာက္ပတဲ႕ အနာဂါတ္ကို ပိုင္ဆုိင္ခ်င္ရင္

ေတာက္ပတဲ႕ အနာဂါတ္ကို ပိုင္ဆုိင္ခ်င္ရင္ ၾကဳံလာသမၽွ အခက္အခဲေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္ေျဖရွင္းပါ…

ဟိုးေရွးေရွးတုန္းက ကမာေကာင္ေမြးသူတစ္ေယာက္ဟာ အလွဆုံး အႀကီးဆုံး ပုလဲတစ္လုံး ပ်ိဳးဖို႔ စိတ္ကူးလိုက္တယ္။ ဒါေၾကာင့္ သူဟာ ပင္လယ္ကမ္းစပ္သြားၿပီး သဲေ႐ြးခဲ့တယ္။ သဲတစ္ပြင့္ ေ႐ြးတိုင္း သဲေတြကို ပုလဲျဖစ္ခ်င္၊ မျဖစ္ခ်င္ သူေမးခဲ့တယ္။

အေမးခံရတဲ့ သဲတိုင္းက ပုလဲ မျဖစ္ခ်င္ေၾကာင္း ေခါင္းခါ ျငင္းဆန္ၾကတယ္။ ကမာေကာင္ေမြးသူဟာ မနက္ကေန ညေနအထိ ေ႐ြးခဲ့ေပမယ့္ ပုလဲျဖစ္ခ်င္တဲ့ သဲတစ္ပြင့္ေတာင္ မေတြ႕ခဲ့ဘူး။

သူေမွ်ာ္လင့္ခ်က္ မဲ့ေနခ်ိန္မွာ သဲတစ္ပြင့္က ပုလဲျဖစ္ခ်င္တယ္လို႔ ဆိုလာတယ္။ ပုလဲျဖစ္ခ်င္တဲ့ သဲပြင့္ကို ေဘးက က်န္တဲ့သဲေတြက ေလွာင္ရယ္ၾကတယ္။

သဲပြင့္ကို တုံး-အတယ္၊ ေဆြမ်ိဳးအေပါင္းအသင္းကို ခြဲၿပီး ကမာေကာင္ဝမ္းထဲ ဝင္တယ္၊ ေနမျမင္ လမျမင္၊ စိုထိုင္းထိုင္းနဲ႔ ေလဝဝ မရႈရသလို ေမွာင္မည္းမည္း၊ ေအးစက္စက္၊ တစ္ေယာက္တည္း အထီးက်န္ရတယ္၊ သြားေနဖို႔ မထိုက္ဘူးလို႔ ဝိုင္းရယ္ၾကတယ္။

အေပါင္းအသင္းေတြ ဘယ္လိုပဲ ေလွာင္ရယ္ ေလွာင္ရယ္ သဲပြင့္ဟာ ေနာင္တမရစတမ္း ကမာေကာင္ေမြးသူေနာက္ လိုက္သြားခဲ့တယ္။

ဒီလိုနဲ႔ ရက္မွ လ၊ လမွ ႏွစ္ အလီလီေျပာင္းခဲ့တယ္။ သဲပြင့္ေလးဟာ အခက္အခဲ၊ ဆင္းရဲဒုကၡေတြကို ခံၿပီး လွပလင္းလက္တဲ့ အဖိုးတန္ပုလဲတစ္လုံး ျဖစ္လာခဲ့တယ္။

သူ႔ကို ေလွာင္ရယ္ခဲ့တဲ့ သဲပြင့္ေတြကေတာ့ ပင္လယ္ကမ္းစပ္မွာ သဲမႈန္ေတြအျဖစ္နဲ႔ တည္ရွိေနတုန္းပါပဲ။

တကယ္ေတာ့ လူတိုင္း အဖိုးတန္တဲ့ “ပုလဲ”တစ္လုံး ျဖစ္ႏိုင္ပါတယ္။ လူတိုင္းလူတိုင္းမွာ ကိုယ္ပိုင္အရည္အခ်င္းကိုယ္စီ ရွိၾကတယ္။

လွပတဲ့အဖိုးတန္ ပုလဲတစ္လုံး ျဖစ္ခ်င္ရင္ ျပႆနာ-အခက္အခဲေတြ႕တိုင္း မတြန႔္ဆုတ္ရဘူး၊ တျခားလူနဲ႔ မတူလို႔ဆိုၿပီး ကိုယ့္ကိုယ္ကို မသိမ္ငယ္ရဘူး။

ဘဝဆိုတဲ့ ကမာေကာင္ထဲ ေနၿပီး ျဖစ္လာသမွ် ဆင္းရဲဒုကၡ အခက္အခဲေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ ေျဖရွင္းႏိုင္ခဲ့မယ္ဆိုရင္ လူတိုင္း အဖိုးတန္လွပတဲ့ ပုလဲတစ္လုံး ျဖစ္ႏိုင္ပါတယ္။…..#Credit_ႏိုင္းႏိုင္းစေန

Unicode

တောက်ပတဲ့ အနာဂါတ်ကို ပိုင်ဆိုင်ချင်ရင် ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းပါ…

ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူတစ်ယောက်ဟာ အလှဆုံး အကြီးဆုံး ပုလဲတစ်လုံး ပျိုးဖို့ စိတ်ကူးလိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်သွားပြီး သဲရွေးခဲ့တယ်။ သဲတစ်ပွင့် ရွေးတိုင်း သဲတွေကို ပုလဲဖြစ်ချင်၊ မဖြစ်ချင် သူမေးခဲ့တယ်။

အမေးခံရတဲ့ သဲတိုင်းက ပုလဲ မဖြစ်ချင်ကြောင်း ခေါင်းခါ ငြင်းဆန်ကြတယ်။ ကမာကောင်မွေးသူဟာ မနက်ကနေ ညနေအထိ ရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့ သဲတစ်ပွင့်တောင် မတွေ့ခဲ့ဘူး။

သူမျှော်လင့်ချက် မဲ့နေချိန်မှာ သဲတစ်ပွင့်က ပုလဲဖြစ်ချင်တယ်လို့ ဆိုလာတယ်။ ပုလဲဖြစ်ချင်တဲ့ သဲပွင့်ကို ဘေးက ကျန်တဲ့သဲတွေက လှောင်ရယ်ကြတယ်။

သဲပွင့်ကို တုံး-အတယ်၊ ဆွေမျိုးအပေါင်းအသင်းကို ခွဲပြီး ကမာကောင်ဝမ်းထဲ ဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တစ်ယောက်တည်း အထီးကျန်ရတယ်၊ သွားနေဖို့ မထိုက်ဘူးလို့ ဝိုင်းရယ်ကြတယ်။

အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်ဟာ နောင်တမရစတမ်း ကမာကောင်မွေးသူနောက် လိုက်သွားခဲ့တယ်။

ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီပြောင်းခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို ခံပြီး လှပလင်းလက်တဲ့ အဖိုးတန်ပုလဲတစ်လုံး ဖြစ်လာခဲ့တယ်။

သူ့ကို လှောင်ရယ်ခဲ့တဲ့ သဲပွင့်တွေကတော့ ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေအဖြစ်နဲ့ တည်ရှိနေတုန်းပါပဲ။

တကယ်တော့ လူတိုင်း အဖိုးတန်တဲ့ “ပုလဲ”တစ်လုံး ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိကြတယ်။

လှပတဲ့အဖိုးတန် ပုလဲတစ်လုံး ဖြစ်ချင်ရင် ပြဿနာ-အခက်အခဲတွေ့တိုင်း မတွန့်ဆုတ်ရဘူး၊ တခြားလူနဲ့ မတူလို့ဆိုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ်ရဘူး။

ဘဝဆိုတဲ့ ကမာကောင်ထဲ နေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် လူတိုင်း အဖိုးတန်လှပတဲ့ ပုလဲတစ်လုံး ဖြစ်နိုင်ပါတယ်။…..#Credit_နိုင်းနိုင်းစနေ

Be the first to comment

Leave a Reply

Your email address will not be published.


*