ဒီအခ်က္ေလးတေြကို ၾကိဳးစားလုိက္လုပ္ၾကည့္ပါ… သင့္ဘ၀တုိးတက္လာလိမ့္မယ္…

ဒီအခ်က္ေလးတေြကို ၾကိဳးစားလုိက္လုပ္ၾကည့္ပါ...
ဒီအခ်က္ေလးတေြကို ၾကိဳးစားလုိက္လုပ္ၾကည့္ပါ...

ဒီအခ်က္ေလးတေြကို ၾကိဳးစားလုိက္လုပ္ၾကည့္ပါ… သင့္ဘ၀တုိးတက္လာလိမ့္မယ္…

ပိုက္ဆံရွာရာတြင္… ဘယ္ေတာ့မွ ဝင္ေငြတစ္ခုတည္းေပၚမွာ မရပ္တည္ပါနဲ႔။ အျခားဒုတိယဝင္ေငြ ဝင္ႏိုင္ေအာင္ ရင္းႏွီးထားပါ….

လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုထဲကို ေျခစုံပစ္ ရပ္တည္ေနရင္ အဲ့ဒိဝင္ေငြ ရပ္တန႔္သြားတဲ့ေန႔ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ရတတ္ပါတယ္။ ဘဝမွာလည္း အားလုံး ေျဗာင္းဆန္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္… ဒုတိယဝင္ေငြ ရႏိုင္မယ့္ နည္းလမ္းကို အၿမဲရွာထားပါ။

ပိုက္ဆံသုံးရာတြင္… သင့္မွာမလိုအပ္တဲ့ ပစၥည္းေတြ ဝယ္ပါမ်ားရင္ သင့္မွာလိုအပ္တဲ့ ပစၥည္းေတြ စြန႔္လႊတ္ရတတ္တယ္။

တစ္ခ်ိဳ႕ေတြက လူသာ မခ်မ္းသာတာပါ။ ကိုင္တဲ့ အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြခ်ည္းပါပဲ။ ေရရွည္ကိုမၾကည့္ပဲ ေရတိုပဲ ၾကည့္တတ္တဲ့ သူမ်ိဳးေတြပါ။ သူမ်ားလုပ္တာ လိုက္လုပ္ခ်င္တယ္။ ဒါေပမယ့္ သူမ်ားလို သူမခ်မ္းသာေသးဘူး ဆိုတာကို ေမ့ေနတတ္ၾကပါတယ္။

ကိုယ္က မခ်မ္းသာေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႔ iPhone ၿပိဳင္ကိုင္တမ္း သြားမကစားပါနဲ႔။ သင္ပဲ ရႈံးသြားပါလိမ့္မယ္။ မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့အခါ သုံးစရာမရွိ ျဖစ္တတ္ပါတယ္….။

ပိုက္ဆံစုရာတြင္… သုံးၿပီးလို႔ ပိုတာကို မစုပါနဲ႔။ စုၿပီးလို႔ ပိုတာကို သုံးပါ။

သုံးၿပီးလို႔ ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔ မလြယ္ေလာက္ပါဘူး။ ပိုက္ဆံဝင္လာရင္ အရင္ဆုံးသင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။

ၿပီးမွ ပိုတာကို သုံးပါ။ စုဆိုတာကလည္း တစ္သက္လုံးစုဘူးထဲမွာ အဲ့ဒိပိုက္ဆံကို ထားဖို႔ ေျပာတာ မဟုတ္ပါဘူး။ သင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။ သင့္ရဲ႕ တန္ဖိုးျမင့္ဖို႔ သင့္အရည္အခ်င္းေတြကို ျမႇင့္တင္ရပါမယ္။

အဲ့ဒိလိုလုပ္ဖို႔ သင္တန္းေတြ တက္ရပါမယ္။ စာအုပ္ေတြ ဖတ္ရပါမယ္။ အဲ့ဒိအတြက္ သင့္မွာ ပိုက္ဆံ လိုပါတယ္။ အဲ့ဒိစုေငြေတြကို သုံးႏိုင္ပါတယ္….

စြန႔္စားရာတြင္…

ေရအတိမ္အနက္ကို ေျခ၂ေခ်ာင္းလုံး ခ်ၿပီး မစမ္းပါနဲ႔။ မစြန႔္စားနဲ႔လိုေျပာတာ မဟုတ္ပါဘူး။ မစြန႔္စားပဲနဲ႔လည္း မေအာင္ျမင္ႏိုင္ပါဘူး။ ဒါေပမယ့္ စြန႔္စားရာမွာေတာ့ ပါးနပ္ဖို႔ လိုပါတယ္။ အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကို ရွိသမွ်ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳး မလုပ္ပါနဲ႔။

ရင္းနီးရာတြင္…

ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့မွ ျခင္းတစ္ခုထဲ စုၿပဳံ မထည့္ထားပါနဲ႔။

အရင္းအႏွီး လုပ္ၿပီဆိုရင္လည္း ရွိသမွ် ပိုက္ဆံေတြအားလုံးကို တစ္ေနရာထဲ စုၿပဳံ မရင္းႏွီးပါနဲ႔။ လုပ္ငန္းဆိုတာ ျမတ္ႏိုင္သလို ရႈံးလည္း ရႈံးႏိုင္ပါတယ္။ အားလုံးကို တစ္ေနရာတည္း စုၿပဳံရင္းႏွီးထားရင္ ရႈံးတဲ့အခါ တစ္ျပားမွ မက်န္ ျဖစ္သြားပါလိမ့္မယ္….။

ေမွ်ာ္လင့္ရာတြင္…

႐ိုးသားျခင္းဆိုတာ ရွားပါးေဈးႀကီးတဲ့ လက္ေဆာင္မြန္တစ္ခုပါ။ ဒါ့ေၾကာင့္ ခပ္ေပါေပါလူေတြဆီက မေမွ်ာ္လင့္ပါနဲ႔။သင္႐ိုးသားသလို လူတိုင္း ႐ိုးသားမယ္လို႔ ဘယ္ေတာ့မွ အေသအခ်ာ တြက္မထားပါနဲ႔။

႐ိုးသားမႈဆိုတာ ဒီေခတ္ထဲမွာ ေတာ္ေတာ္ကို ရွားပါးတဲ့ အရာပါ။ ဒါ့ေၾကာင့္ ႐ူး႐ူးမိုက္မိုက္နဲ႔ ဒီတန္ဖိုးႀကီးပစၥည္းကို လူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႔….။-Warren Buffet-မိုးရွင္း (I.M.T)-credit

Unicode

ဒီအချက်လေးတွေကို ကြိုးစားလိုက်လုပ်ကြည့်ပါ… သင့်ဘဝတိုးတက်လာလိမ့်မယ်…

ပိုက်ဆံရှာရာတွင်… ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာ မရပ်တည်ပါနဲ့။ အခြားဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ….

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ် ရပ်တည်နေရင် အဲ့ဒိဝင်ငွေ ရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း အားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်… ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

ပိုက်ဆံသုံးရာတွင်… သင့်မှာမလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေချည်းပါပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကို မေ့နေတတ်ကြပါတယ်။

ကိုယ်က မချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တမ်း သွားမကစားပါနဲ့။ သင်ပဲ ရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်….။

ပိုက်ဆံစုရာတွင်… သုံးပြီးလို့ ပိုတာကို မစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။

ပြီးမှ ပိုတာကို သုံးပါ။ စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ ပြောတာ မဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။

အဲ့ဒိလိုလုပ်ဖို့ သင်တန်းတွေ တက်ရပါမယ်။ စာအုပ်တွေ ဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ ပိုက်ဆံ လိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်….

စွန့်စားရာတွင်…

ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံး ချပြီး မစမ်းပါနဲ့။ မစွန့်စားနဲ့လိုပြောတာ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ ပါးနပ်ဖို့ လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုး မလုပ်ပါနဲ့။

ရင်းနီးရာတွင်…

ကြက်ဥတွေအားလုံးကို ဘယ်တော့မှ ခြင်းတစ်ခုထဲ စုပြုံ မထည့်ထားပါနဲ့။

အရင်းအနှီး လုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန် ဖြစ်သွားပါလိမ့်မယ်….။

မျှော်လင့်ရာတွင်…

ရိုးသားခြင်းဆိုတာ ရှားပါးဈေးကြီးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။သင်ရိုးသားသလို လူတိုင်း ရိုးသားမယ်လို့ ဘယ်တော့မှ အသေအချာ တွက်မထားပါနဲ့။

ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကို ရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့….။-Warren Buffet-မိုးရှင်း (I.M.T)-credit

Be the first to comment

Leave a Reply

Your email address will not be published.


*