အိပ္ရာကစောစောထျခင္းက ဘာတေြကိုအက်ိဳးရွိေစသလဲ

အိပ္ရာကစောစောထျခင္းက ဘာတေြကိုအက်ိဳးရွိေစသလဲ
အိပ္ရာကစောစောထျခင္းက ဘာတေြကိုအက်ိဳးရွိေစသလဲ

အိပ္ရာကစောစောထျခင္းက ဘာတေြကိုအက်ိဳးရွိေစသလဲ

မနက္ေစာေစာထျခင္းက တစ္ေန႔တာလုံးအတြက္လန္းဆန္းေစၿပီး ကိုယ္ေရာ-စိတ္ပါ စြမ္းအင္ျပည့္ဝေစတယ္လို႔ သိပၸံပညာရွင္မ်ားက ေျပာပါတယ္။

ညဘက္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္…

ေစာေစာထတဲ့သူေတြက ႏွစ္ၿခိဳက္စြာ ညအိပ္ေပ်ာ္ေစတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ညအိပ္ခ်ိန္မမွန္ျခင္းက က်န္းမာေရး ထိခိုက္ေစပါတယ္။ ခႏၶာကိုယ္အတြင္း ဇီဝကမၼျဖစ္စဥ္ေတြကို မမွန္ေစပါဘူး။

အိပ္ေနရင္းႏွင့္လန႔္ႏိုးျခင္းကို မျဖစ္ေစဘူး…

Alarm ျမည္မွမထဘဲ ေစာေစာထျခင္းက စိတ္အေႏွာင့္အယွက္လည္း မျဖစ္ေစပါဘူး။ Alarm ကို ျပန္ပိတ္ၿပီး အိပ္တာက မၾကာခဏလန႔္ႏိုးျခင္းကို အက်င့္ပါေစပါတယ္။ အဲဒါေၾကာင့္ ေစာေစာထၿပီးလန္းဆန္းၾကပါစို႔။

အိပ္ေရး ဝေစတယ္…

မနက္မွာ ေနာက္က်စြာထၿပီး ေရခ်ိဳးျခင္း၊ ေကာ္ဖီေသာက္ျခင္းေတြက အိပ္ေရးမဝေစပါဘူး။ အိပ္ခ်င္စိတ္က အိပ္ယာထၿပီး ၂ နာရီ ကေန ၄ နာရီ အထိ ရွိေနတတ္ပါတယ္။ ေစာေစာမထရင္ အာ႐ုံစိုက္ႏိုင္စြမ္း၊ မွတ္ဉာဏ္ေတြ နည္းပါးပါတယ္။ အဲဒါေၾကာင့္ ေစာေစာထၿပီး ေစာေစာထသင့္ပါတယ္။

ခႏၶာကိုယ္လွပေစတယ္…

Alarm ကို ျပန္ပိတ္ၿပီး အိပ္ျခင္းက အိပ္စက္မႈစက္ဝန္းကို ထိခိုက္ေစ႐ုံမက အဝလြန္ေစပါတယ္။ အိပ္ယာထဲမွာအိပ္ေနမယ့္အစား ေစာေစာထၿပီး ပိန္ၾကရေအာင္ေနာ္။

အခ်ိန္ဆြဲတတ္တဲ့ အက်င့္ကို နည္းပါးေစတယ္…

အခ်ိန္ဆြဲတတ္တဲ့သူေတြမွာ လုပ္ကိုင္စရာေတြက ညေနမွ လုပ္ျဖစ္တတ္ၾက ပါတယ္။ ေစာေစာထတဲ့သူေတြက လုပ္စရာကိစၥေတြကို ေစာေစာၿပီးၿပီး အိပ္ေရးလည္း ဝေစပါတယ္။ ေနာက္ေန႔ လုပ္စရာကိစၥေတြကိုလည္း ႀကိဳတင္ျပင္ဖို႔ အခ်ိန္ပိုရလာပါတယ္။

အေလ့အက်င့္ေကာင္းေတြကို ရေစတယ္…

အိပ္ယာထေနာက္က်တာ မေကာင္းပါဘူး။ စိတ္မၾကည္လင္ရင္ ဆုံးျဖတ္ခ်က္ေတြ မွားႏိုင္ပါတယ္။ ေစာေစာထၿပီး ေလ့က်င့္ခန္းေတြလုပ္ျခင္း၊ တရားထိုင္ျခင္း၊ ဘာသာစကားတစ္ခုကို သင္ယူျခင္းတို႔က ဘဝအတြက္ အက်ိဳးရွိေစပါတယ္။

စိတ္ဓာတ္ကို တက္ႂကြေစတယ္…

ေစာေစာထတတ္တဲ့သူေလာက္ လန္းဆန္းတတ္ႂကြတတ္သူ မမ်ားပါဘူး။ ေစာေစာထျခင္းျဖင့္ အလုပ္သြားဖို႔ အဆင္သင့္ျဖစ္ၿပီး ေရတို ေရရွည္ရည္မွန္းခ်က္ေတြကို ပိုမိုလုပ္ကိုင္ေစပါတယ္။ စိတ္လည္းတည္ၿငိမ္ေစပါတယ္။

သင္ယူရတာ လြယ္ကူလာတယ္…

ေစာေစာထတဲ့သူေတြက သင္ယူရာမွာ လြယ္လြယ္နဲ႔ မွတ္မိေစပါတယ္။ ေက်ာင္းကို၊ ႐ုံးကို အခ်ိန္မွီေရာက္ႏိုင္ၿပီး စိုးရိမ္ပူပန္တာေတြ ေလ်ာ့ပါးေစ ပါတယ္။ စိတ္ေပ်ာ္႐ႊင္ေစၿပီး မွတ္ဉာဏ္ေကာင္းေစ ပါတယ္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္လာတယ္…

ေပ်ာ္ေပ်ာ္ေနတတ္ျခင္း၊ မေနတတ္ျခင္းတို႔က စိတ္အေျခအေနေပၚ မူတည္တယ္လို႔ စိတ္ပညာရွင္ေတြကဆိုပါတယ္။ အိပ္ယာထေနာက္က်ရင္ စိတ္ဓာတ္က်ျခင္းေတြ မၾကာခဏ ျဖစ္ေပၚတတ္ပါတယ္။crdZombie(LoveMedia)

Unicode

အိပ်ရာကစောစောထခြင်းက ဘာတွေကိုအကျိုးရှိစေသလဲ

မနက်စောစောထခြင်းက တစ်နေ့တာလုံးအတွက်လန်းဆန်းစေပြီး ကိုယ်ရော-စိတ်ပါ စွမ်းအင်ပြည့်ဝစေတယ်လို့ သိပ္ပံပညာရှင်များက ပြောပါတယ်။

ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်…

စောစောထတဲ့သူတွေက နှစ်ခြိုက်စွာ ညအိပ်ပျော်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ညအိပ်ချိန်မမှန်ခြင်းက ကျန်းမာရေး ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကို မမှန်စေပါဘူး။

အိပ်နေရင်းနှင့်လန့်နိုးခြင်းကို မဖြစ်စေဘူး…

Alarm မြည်မှမထဘဲ စောစောထခြင်းက စိတ်အနှောင့်အယှက်လည်း မဖြစ်စေပါဘူး။ Alarm ကို ပြန်ပိတ်ပြီး အိပ်တာက မကြာခဏလန့်နိုးခြင်းကို အကျင့်ပါစေပါတယ်။ အဲဒါကြောင့် စောစောထပြီးလန်းဆန်းကြပါစို့။

အိပ်ရေး ဝစေတယ်…

မနက်မှာ နောက်ကျစွာထပြီး ရေချိုးခြင်း၊ ကော်ဖီသောက်ခြင်းတွေက အိပ်ရေးမဝစေပါဘူး။ အိပ်ချင်စိတ်က အိပ်ယာထပြီး ၂ နာရီ ကနေ ၄ နာရီ အထိ ရှိနေတတ်ပါတယ်။ စောစောမထရင် အာရုံစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်တွေ နည်းပါးပါတယ်။ အဲဒါကြောင့် စောစောထပြီး စောစောထသင့်ပါတယ်။

ခန္ဓာကိုယ်လှပစေတယ်…

Alarm ကို ပြန်ပိတ်ပြီး အိပ်ခြင်းက အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေရုံမက အဝလွန်စေပါတယ်။ အိပ်ယာထဲမှာအိပ်နေမယ့်အစား စောစောထပြီး ပိန်ကြရအောင်နော်။

အချိန်ဆွဲတတ်တဲ့ အကျင့်ကို နည်းပါးစေတယ်…

အချိန်ဆွဲတတ်တဲ့သူတွေမှာ လုပ်ကိုင်စရာတွေက ညနေမှ လုပ်ဖြစ်တတ်ကြ ပါတယ်။ စောစောထတဲ့သူတွေက လုပ်စရာကိစ္စတွေကို စောစောပြီးပြီး အိပ်ရေးလည်း ဝစေပါတယ်။ နောက်နေ့ လုပ်စရာကိစ္စတွေကိုလည်း ကြိုတင်ပြင်ဖို့ အချိန်ပိုရလာပါတယ်။

အလေ့အကျင့်ကောင်းတွေကို ရစေတယ်…

အိပ်ယာထနောက်ကျတာ မကောင်းပါဘူး။ စိတ်မကြည်လင်ရင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ စောစောထပြီး လေ့ကျင့်ခန်းတွေလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ဘာသာစကားတစ်ခုကို သင်ယူခြင်းတို့က ဘဝအတွက် အကျိုးရှိစေပါတယ်။

စိတ်ဓာတ်ကို တက်ကြွစေတယ်…

စောစောထတတ်တဲ့သူလောက် လန်းဆန်းတတ်ကြွတတ်သူ မများပါဘူး။ စောစောထခြင်းဖြင့် အလုပ်သွားဖို့ အဆင်သင့်ဖြစ်ပြီး ရေတို ရေရှည်ရည်မှန်းချက်တွေကို ပိုမိုလုပ်ကိုင်စေပါတယ်။ စိတ်လည်းတည်ငြိမ်စေပါတယ်။

သင်ယူရတာ လွယ်ကူလာတယ်…

စောစောထတဲ့သူတွေက သင်ယူရာမှာ လွယ်လွယ်နဲ့ မှတ်မိစေပါတယ်။ ကျောင်းကို၊ ရုံးကို အချိန်မှီရောက်နိုင်ပြီး စိုးရိမ်ပူပန်တာတွေ လျော့ပါးစေ ပါတယ်။ စိတ်ပျော်ရွှင်စေပြီး မှတ်ဉာဏ်ကောင်းစေ ပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေတတ်လာတယ်…

ပျော်ပျော်နေတတ်ခြင်း၊ မနေတတ်ခြင်းတို့က စိတ်အခြေအနေပေါ် မူတည်တယ်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ အိပ်ယာထနောက်ကျရင် စိတ်ဓာတ်ကျခြင်းတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။crdZombie(LoveMedia)

Be the first to comment

Leave a Reply

Your email address will not be published.


*