ေရွာက္ပင္တပင္လည္း အိမ္တိုင္းမွာ စိုက္ထားသင့္ပါတယ္…

ေရွာက္ပင္တပင္လည္း အိမ္တိုင္းမွာ စိုက္ထားသင့္ပါတယ္...
ေရွာက္ပင္တပင္လည္း အိမ္တိုင္းမွာ စိုက္ထားသင့္ပါတယ္...

ေရွာက္ပင္တပင္လည္း အိမ္တိုင္းမွာ စိုက္ထားသင့္ပါတယ္…

ေရွာက္႐ြက္အစြမ္း-အံ့မခမ္း ျမန္မာလဆန္းရက္မွာ ေရွာက္႐ြက္ကို စားထားရင္ အဲဒီ တစ္လလုံး ေလမျဖတ္ေတာ့ဘူးလို႔ ေရွး႐ိုးစကား ရွိပါတယ္။

ေရွာက္႐ြက္ကို ၾကက္သြန္ျဖဴ ၊ ျငဳပ္ေကာင္းတို႔နဲ႔ ဟင္းခါးခ်က္ၿပီး အၿမဲတမ္း ေသာက္ေပးရင္ ေလငန္းေရာဂါ ေပ်ာက္ပါတယ္။ ဒါတင္ပဲလား?

မဟုတ္ပါဘူး၊ ကမာၻေပၚမွာ အျဖစ္မ်ားၿပီး၊ အေပ်ာက္နည္းတဲ့ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးပါတယ္၊
ေရွာက္႐ြက္ဟာ ကင္ဆာဆဲလ္ေတြကို ခႏၶာကိုယ္ထဲမွာ မႀကီးထြားႏိုင္ေအာင္ ကူညီေပးပါတယ္။

တစ္ပတ္ကို ၃/၄ ႀကိမ္ စားသုံးေပး႐ုံနဲ႔ ႀကိဳတင္ကာကြယ္ၿပီးသား ျဖစ္သြားပါလိမ့္မယ္။

ေရွာက္႐ြက္-မွာ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္တဲ့ Astsiri အဆီဓာတ္တစ္မ်ိဳး ပါဝင္ၿပီး သူ႔အနံ႔က ဦးေႏွာက္ကို စိတ္ဖိစီးမႈ ေလွ်ာ့ခ်တဲ့ ေဟာ္မႈန္းတစ္မ်ိဳးထုတ္လုပ္ေအာင္ ႏႈိးဆြေပးတဲ့အတြက္ စိတ္ဖိစီးမႈဒဏ္ ခံေနရသူမ်ား အထူးစားသုံးသင့္ပါတယ္။

ေရွာက္႐ြက္မွာ ပိုးသတ္ေဆးလိုမ်ိဳး ပိုးမႊားေတြကို ေသေစႏိုင္တဲ့ အစြမ္းလည္း ရွိတဲ့အတြက္ ဖ်ားနာေနရင္ ဒါမွမဟုတ္ ကိုယ္ခံအားက်ဆင္းေနရင္ ေရွာက္႐ြက္ကို စားသုံးသင့္ပါတယ္။

ပြက္ပြက္ဆူေနတဲ့ ေရထဲကို ေရွာက္႐ြက္ခပ္ၿပီး မနက္ မိုးလင္းမွာေသာက္ရင္ ကိုယ္ခံအားကို ျမႇင့္တင္ေပးပါတယ္။

အဝလြန္၊ အေနခက္၊ အလွပ်က္ကာ အဆီပို၊ ဗိုက္ေခါက္ထူေနၾကတဲ့ အမ်ိဳးသမီးေတြ၊ ခါးေသး ရင္ခ်ီ၊ စလင္းေဘာ္ဒီျဖစ္ၿပီး လူတကာေတြ ျပန္လွည့္ေငးရေလာက္ေအာင္ ျဖစ္ခ်င္ရင္ေတာ.့…..? လြယ္ပါတယ္။

ပုလင္းလြတ္တစ္လုံးမွာ ေရွာက္႐ြက္ (အရင့္) ၁၁ ႐ြက္ (တခ်ိဳ႕က ၉ ႐ြက္)ကို ထည့္၊ သၾကားစားပြဲတင္ဇြန္း သုံးဇြန္းနဲ႔ေရက်က္ေအး(ေရသန႔္လည္းရ) အျပည့္ျဖည့္၊ လုံေအာင္ပိတ္ၿပီး ေနပူပူမွာ ၁၁ ရက္ေလာက္ ေနလွန္းလိုက္ပါ။

ရက္ျပည့္သြားရင္ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္(ပုလင္းလႈပ္ၿပီး) လက္ဖက္ရည္ၾကမ္းပန္းကန္လုံး တစ္ဝက္ေလာက္ ေန႔စဥ္မွန္မွန္ေသာက္သြားေပးရင္ တစ္လ ႏွစ္လအတြင္းမွာ အသားအေရစစ္သြားၿပီး၊ အမ်ားေငးတဲ့ အလွပေဂး ေဘာ္ဒီေလး ရသြားပါလိမ့္မယ္။

ဒါ့အျပင္ အသည္းအဆီဖုံးတာေတြ၊ ႏွလုံးအဆီပိတ္တာေတြလည္း မျဖစ္ေတာ့ပါဘူး။ အခ်ိန္မရလို႔ မလုပ္ျဖစ္ခဲ့ရင္ေတာင္မွ အနည္းဆုံး တို႔စရာအျဖစ္ စားသုံးၾကပါ။

အျပဳတ္ေတြ၊ ဟင္းခ်ိဳေတြထဲမွာ မီးဖိုေပၚကခ်ခါနီး ခပ္ေသာက္ၾကပါ။ အသုတ္ေတြထဲမွာ လွီးထည့္ၿပီး စားၾကပါ။

ထမင္းေၾကာ္စားတဲ့ေနရာမွာလည္း(အနံ႔ေလးေမႊးေအာင္) ေရွာက္႐ြက္ေလးကို ညႇပ္ထည့္ၿပီး ေၾကာ္စားၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္ ။

ခ်မ္းသာ ကိုယ္ စိတ္ ၿမဲပါေစ ဥပဒ္ ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ …#credit

Unicode

ရှောက်ပင်တပင်လည်း အိမ်တိုင်းမှာ စိုက်ထားသင့်ပါတယ်…

ရှောက်ရွက်အစွမ်း-အံ့မခမ်း မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ ရှေးရိုးစကား ရှိပါတယ်။

ရှောက်ရွက်ကို ကြက်သွန်ဖြူ ၊ ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီး အမြဲတမ်း သောက်ပေးရင် လေငန်းရောဂါ ပျောက်ပါတယ်။ ဒါတင်ပဲလား?

မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊ အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်၊
ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင် ကူညီပေးပါတယ်။

တစ်ပတ်ကို ၃/၄ ကြိမ် စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်-မှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုး ပါဝင်ပြီး သူ့အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျှော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ် ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း ရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက် မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

အဝလွန်၊ အနေခက်၊ အလှပျက်ကာ အဆီပို၊ ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေး ရင်ချီ၊ စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင် ဖြစ်ချင်ရင်တော.့…..? လွယ်ပါတယ်။

ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကို ထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊ လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက် နေလှန်းလိုက်ပါ။

ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လ နှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေး ရသွားပါလိမ့်မယ်။

ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ်တာတွေလည်း မဖြစ်တော့ပါဘူး။ အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။

အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။

ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ။

ချမ်းသာ ကိုယ် စိတ် မြဲပါစေ ဥပဒ် ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ …#credit

Be the first to comment

Leave a Reply

Your email address will not be published.


*