ရှေးခေတ် မြန်မာ့စစ်သည်တော်တို့ ပင်တိုင်သုံးဓား သို့မဟုတ် မြန်မာ့ငှက်ကြီးတောင်ဓား အကြောင်း

ရှေးခေတ် မြန်မာ့စစ်သည်တော်တို့ ပင်တိုင်သုံးဓား သို့မဟုတ် မြန်မာ့ငှက်ကြီးတောင်ဓား အကြောင်း
ရှေးခေတ် မြန်မာ့စစ်သည်တော်တို့ ပင်တိုင်သုံးဓား သို့မဟုတ် မြန်မာ့ငှက်ကြီးတောင်ဓား အကြောင်း

ရှေးခေတ် မြန်မာ့စစ်သည်တော်တို့ ပင်တိုင်သုံးဓား သို့မဟုတ် မြန်မာ့ငှက်ကြီးတောင်ဓား အကြောင်း

ရှေးခေတ် မြန်မာ့တပ်မတော် ပင်တိုင်သုံးဓား ဖြစ်သည်။ အိမ်များတွင်လည်း ဆောင်ဓားအဖြစ် အသုံးပြုကြသည်။ ငှက်တောင်နှင့်တူသဖြင့် ငှက်ကြီးတောင်ဟု ခေါ်ခြင်းဖြစ်သည်။ ငှက်ကြီးတောင်ဖြင့် ကစားရသော သိုင်းကွက်မှာ ဓားရေး ၃၇ ချင်းဖြစ်သည်။

ဓားအနှောင့်တွင် ဖုလုံးပါပြီး လိုအပ်ပါက ဓားနှောင့်ဖြင့် ထုနိုင်သည်။ ငှက်ကြီးတောင် ဓားသည် အခြား လူမျိုးတို့၏ ဓားနှင့် မတူဘဲ ပုံစံနှင့်အသုံးပြုပုံ ကွဲပြားသည်။ မြန်မာ့ဆောင် ဓား၊ ရှမ်းဓား၊ မွန်ဓား တို့နှင့်လည်း မတူဘဲ ကွဲပြားသည့် ဓား ဖြစ်သည်။

ဓားတွင် အမျိုးမျိုး ရှိသည်။ ခုတ်ဓား၊ ထိုးဓား၊ ပေါက်ဓားဟူ၍ အမျိုးမျိုး ရှိသည်။ ငှက်ကြီးတောင်ဓားသည် စွယ်စုံသုံး ဓား ဖြစ်သည်။ ငှက်ကြီးတောင်၏ အဓိပ္ပာယ်၊

ဓားပုံစံမှာ အရင်းတွင် လက်နှစ်သစ်သာ ရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့် ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီး တက်သွားသောကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဓားအရှည်မှာ အသွား တစ်တောင့် တစ်ထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။ ဓားရိုး(ဓားနှောင့်)… ဓားရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင် မကျွတ်ထွက်စေရန် ဓားရိုးသံကို ဓား နှောင့်နှင့်မြဲအောင် သပ်ရိုက်ထားသည်။

ဓားလက်ကိုင် (ဓားရိုး) ၏ အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုသွားတို့ဖြင့် ပြုလုပ်ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေး ရှိသည်။ ဓားပြီး… တုတ်ပြီးသော သူများအား ထိုငယ်ဖြင့် ထုရိုက်ပါက သေသည်ဟု ဆိုသည်။

ဓားကောင်း သတ်မှတ်ပုံ

ဓား၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓားအလယ်မှ ကိုင်ကာ လက်ဖဝါးပေါ် တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓားဖြစ်ပြီး အနောက်ဘက်ကို ညွတ်ပါက ဓားနှောင့် လေးသော ဓားဖြစ်သည်။ အရှေ့အနောက် မညွတ်ဘဲ ငြိမ်နေသည့် ဓားမျိုးမှ ဓားကောင်းစာရင်းဝင်သည်။

ဓားရေး ၃၇ ချင်း

ငှက်ကြီးတောင်ဓားဖြင့် ကစားရသော ဓားသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံ ဓားကွက် များ ဖြစ်ကြသည်။

၃၇ ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာ ပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓား ကွက်များမှာ မျက်နှာအနီး၊ လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသော အကွက်များ၊ ဘယ်နှင့်ညာ တပြိုင်နက်တည်းမှာပင် မတူညီသော ဓားကွက်များ ပါဝင်သည်။

မြန်မာမင်းများ လက်ထက်တွင် ဓားရေး ၃၇ ချင်း တတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။ မြန်မာမင်းများ လက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓားပြိုင်ပွဲများတွင် ဓားရေး ၃၇ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။ ဓားရေး ၃၇ ချင်းမှာ…

ဓားချီ၊ ဓားခင်း၊ မျက်နှာကာ၊ ဓားလှ၊ ဓားလျှိုး၊ မှောက်ထိုးရပ်၊ ရင်ခွဲ၊ အသားလှန်၊ ဓားခုတ်၊ ဇင်ယော်သုတ်၊ တဖက်ထိုး၊ ရှေ့လှည်း၊ နောက်လှည်း၊ ရွှေနှုတ်မြွက်ယာလှ၊ ရွှေနှုတ်မြွက်ဝဲလှ၊ စွန်သုတ်၊ ပါးကပ်၊ ပန်းကုံးဖြတ်၊ ဓားလွှင့်၊ ပန်းကုံးသီ၊ ဆက်ရက်ခုန်၊

မီးတိုင်ပြ၊ ပိုးချည်လွှား၊ သက်တင်ရေသောက်၊ ရွှေဘယက် လည်လျောက်၊ ဒေါင်းမြီးကာ၊ ကျားမြီးဆွဲ၊ ဓားရွက်၊ လက်ကောက်ဝတ်၊ မောင်းကပ်၊ ရွှေနှုတ်လည်လျောက်၊ နောက်လည်လျောက်၊ ဓားသွဲ့၊ ဓားပြ၊ တဖက်နှုတ်၊ နှစ်ဖက်နှုတ်၊ နောက်လှည့် တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထင်ရှားသည့် ဓားများ

မင်းကြီး ရန်နောင်၏ ယိမ်းနွဲ့ပါးဓား။ (ရဟန်း သံဃာတော်များကို သတ်ဖြတ်သည့် သိုဟန်ဘွား၏ ခေါင်းဆေး မင်္ဂလာပွဲ တွင် သိုဟန်ဘွားကို ခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါး ကြမ်းခင်းမှ ဝါး ၅လုံးပါ ပြတ်သည်)

ရွှေဓားဗိုလ်၏ ကိုးသင်္ချိုင်း သံဓား (ဓား ဓားခြင်းခုတ်လျှင် ရန်သူ့ဓားထက်ပိုင်း ပြတ်သည်။), ဒွတ္တပေါင်းမင်းကြီး၏ ဓား (တစ်ချက်ထဲနှင့် နွားလည်ပင်း အကွင်းလိုက် ပြတ်သည်။)

စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓား (ဆင် လည်ပင်းကို ပြတ်သည်။), ပထမ မင်းခေါင် (မင်းဆွေ) ၏ စိန်သွားရောင်ဓား (နှစ်မိုက်ခန့် ရှိသော ငွေတုံးကို ပြတ်သည်။) ဗျည်းနွဲ့၏ ဓား (ကျောက်ထု တစ်တောင်ကို ပြတ်သည်။) crd: ဝီကီပီးဒီးယား

ZAwgyi

ေရွးေခတ္ ျမန္မာ့စစ္သည္ေတာ္တို႔ ပင္တိုင္သုံးဓား သုိ႔မဟုတ္ ျမန္မာ့ငွက္ႀကီးေတာင္ဓား အေၾကာင္း

ေရွးေခတ္ ျမန္မာ့တပ္မေတာ္ ပင္တိုင္သုံးဓား ျဖစ္သည္။ အိမ္မ်ားတြင္လည္း ေဆာင္ဓားအျဖစ္ အသုံးျပဳၾကသည္။ ငွက္ေတာင္ႏွင့္တူသျဖင့္ ငွက္ႀကီးေတာင္ဟု ေခၚျခင္းျဖစ္သည္။ ငွက္ႀကီးေတာင္ျဖင့္ ကစားရေသာ သိုင္းကြက္မွာ ဓားေရး ၃၇ ခ်င္းျဖစ္သည္။

ဓားအေႏွာင့္တြင္ ဖုလုံးပါၿပီး လိုအပ္ပါက ဓားေႏွာင့္ျဖင့္ ထုႏိုင္သည္။ ငွက္ႀကီးေတာင္ ဓားသည္ အျခား လူမ်ိဳးတို႔၏ ဓားႏွင့္ မတူဘဲ ပုံစံႏွင့္အသုံးျပဳပုံ ကြဲျပားသည္။ ျမန္မာ့ေဆာင္ ဓား၊ ရွမ္းဓား၊ မြန္ဓား တို႔ႏွင့္လည္း မတူဘဲ ကြဲျပားသည့္ ဓား ျဖစ္သည္။

ဓားတြင္ အမ်ိဳးမ်ိဳး ရွိသည္။ ခုတ္ဓား၊ ထိုးဓား၊ ေပါက္ဓားဟူ၍ အမ်ိဳးမ်ိဳး ရွိသည္။ ငွက္ႀကီးေတာင္ဓားသည္ စြယ္စုံသုံး ဓား ျဖစ္သည္။ ငွက္ႀကီးေတာင္၏ အဓိပၸာယ္၊

ဓားပုံစံမွာ အရင္းတြင္ လက္ႏွစ္သစ္သာ ရွိ၍ အဖ်ားတြင္ လက္သုံးသစ္မွ လက္ေလးသစ္ခန႔္ ရွိသည္။ ငွက္အေတာင္ကဲ့သို႔ အရင္းမွ အဖ်ားဘက္သို႔ ေကာ့ၿပီး တက္သြားေသာေၾကာင့္ ငွက္ႀကီးေတာင္ဟု ေခၚဆိုျခင္း ျဖစ္သည္။

ဓားအရွည္မွာ အသြား တစ္ေတာင့္ တစ္ထြာ၊ တစ္မိုက္(၃၃ လက္မခန႔္)၊ အ႐ိုးတထြာ (၁၀ လက္မခန႔္) ရွိသည္။ ဓား႐ိုး(ဓားေႏွာင့္)… ဓား႐ိုးကို ေၾကး၊ ေငြ၊ ေ႐ႊ မိမိတို႔ ႀကိဳက္ႏွစ္သက္သလို ျပဳလုပ္ၾကသည္။ လက္ကိုင္ မကြၽတ္ထြက္ေစရန္ ဓား႐ိုးသံကို ဓား ေႏွာင့္ႏွင့္ၿမဲေအာင္ သပ္႐ိုက္ထားသည္။

ဓားလက္ကိုင္ (ဓား႐ိုး) ၏ အဆုံးတြင္ ေ႐ႊ၊ ေငြ၊ မိုးႀကိဳသြားတို႔ျဖင့္ ျပဳလုပ္ထားေသာ ငယ္ဟုေခၚသည့္ ဘုခြၽန္ေလး ရွိသည္။ ဓားၿပီး… တုတ္ၿပီးေသာ သူမ်ားအား ထိုငယ္ျဖင့္ ထု႐ိုက္ပါက ေသသည္ဟု ဆိုသည္။

ဓားေကာင္း သတ္မွတ္ပုံ

ဓား၏အေလးခ်ိန္မွာ အတိအက်မရွိေသာ္လည္း ဓားအလယ္မွ ကိုင္ကာ လက္ဖဝါးေပၚ တင္ပါက ၿငိမ္ေနရမည္။ အေရွ႕ ဘက္ကို ၫြတ္က်ပါက ဦးေလးေသာ ဓားျဖစ္ၿပီး အေနာက္ဘက္ကို ၫြတ္ပါက ဓားေႏွာင့္ ေလးေသာ ဓားျဖစ္သည္။ အေရွ႕အေနာက္ မၫြတ္ဘဲ ၿငိမ္ေနသည့္ ဓားမ်ိဳးမွ ဓားေကာင္းစာရင္းဝင္သည္။

ဓားေရး ၃၇ ခ်င္း

ငွက္ႀကီးေတာင္ဓားျဖင့္ ကစားရေသာ ဓားသိုင္းပညာရပ္မ်ားတြင္ ဓားႀကီး (၄)ပါး ႏွင့္ ဓားစုံ (၁၀)ခ်င္းသည္ ၃၇ ခ်င္း၏ အေျခခံ ဓားကြက္ မ်ား ျဖစ္ၾကသည္။

၃၇ ခ်င္းဟုသာ ဆိုေသာ္လည္း ဓားေရး တစ္ခ်င္းလွ်င္ အပိုဒ္ခြဲေပါင္းမ်ားစြာ ပါဝင္ေနပါသည္။ ၃၇-ခ်င္းဓားတြင္ ဓား ကြက္မ်ားမွာ မ်က္ႏွာအနီး၊ လည္ပင္းအနီး စသည္ျဖင့္ ပြတ္ကာ သီကာ ကစားရေသာ အကြက္မ်ား၊ ဘယ္ႏွင့္ညာ တၿပိဳင္နက္တည္းမွာပင္ မတူညီေသာ ဓားကြက္မ်ား ပါဝင္သည္။

ျမန္မာမင္းမ်ား လက္ထက္တြင္ ဓားေရး ၃၇ ခ်င္း တတ္မွသာ တပ္မႉးအျဖစ္ လည္းေကာင္း၊ တပ္ဗိုလ္အျဖစ္ လည္ေကာင္း ခန႔္အပ္သည္။ ျမန္မာမင္းမ်ား လက္ထက္ ျပာသိုလ ျမင္းခင္းသဘင္ပြဲတြင္ ယွဥ္ၿပိဳင္ရေသာ ဓားၿပိဳင္ပြဲမ်ားတြင္ ဓားေရး ၃၇ ခ်င္းျဖင့္ အစြမ္းျပခဲ့ၾကသည္။ ဓားေရး ၃၇ ခ်င္းမွာ…

ဓားခ်ီ၊ ဓားခင္း၊ မ်က္ႏွာကာ၊ ဓားလွ၊ ဓားလွ်ိဳး၊ ေမွာက္ထိုးရပ္၊ ရင္ခြဲ၊ အသားလွန္၊ ဓားခုတ္၊ ဇင္ေယာ္သုတ္၊ တဖက္ထိုး၊ ေရွ႕လွည္း၊ ေနာက္လွည္း၊ ေ႐ႊႏႈတ္ႁမြက္ယာလွ၊ ေ႐ႊႏႈတ္ႁမြက္ဝဲလွ၊ စြန္သုတ္၊ ပါးကပ္၊ ပန္းကုံးျဖတ္၊ ဓားလႊင့္၊ ပန္းကုံးသီ၊ ဆက္ရက္ခုန္၊

မီးတိုင္ျပ၊ ပိုးခ်ည္လႊား၊ သက္တင္ေရေသာက္၊ ေ႐ႊဘယက္ လည္ေလ်ာက္၊ ေဒါင္းၿမီးကာ၊ က်ားၿမီးဆြဲ၊ ဓား႐ြက္၊ လက္ေကာက္ဝတ္၊ ေမာင္းကပ္၊ ေ႐ႊႏႈတ္လည္ေလ်ာက္၊ ေနာက္လည္ေလ်ာက္၊ ဓားသြဲ႕၊ ဓားျပ၊ တဖက္ႏႈတ္၊ ႏွစ္ဖက္ႏႈတ္၊ ေနာက္လွည့္ တို႔ ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ထင္ရွားသည့္ ဓားမ်ား

မင္းႀကီး ရန္ေနာင္၏ ယိမ္းႏြဲ႕ပါးဓား။ (ရဟန္း သံဃာေတာ္မ်ားကို သတ္ျဖတ္သည့္ သိုဟန္ဘြား၏ ေခါင္းေဆး မဂၤလာပြဲ တြင္ သိုဟန္ဘြားကို ခုတ္ရာ ဦးေခါင္းႏွင့္တကြ ခင္းထာသည့္ ဝါပိုးဝါး ၾကမ္းခင္းမွ ဝါး ၅လုံးပါ ျပတ္သည္)

ေ႐ႊဓားဗိုလ္၏ ကိုးသခ်ႋဳင္း သံဓား (ဓား ဓားျခင္းခုတ္လွ်င္ ရန္သူ႔ဓားထက္ပိုင္း ျပတ္သည္။), ဒြတၱေပါင္းမင္းႀကီး၏ ဓား (တစ္ခ်က္ထဲႏွင့္ ႏြားလည္ပင္း အကြင္းလိုက္ ျပတ္သည္။)

စစ္ကိုင္း အသခၤယာေစာယြန္း၏ ညိဳေရာင္ဓား (ဆင္ လည္ပင္းကို ျပတ္သည္။), ပထမ မင္းေခါင္ (မင္းေဆြ) ၏ စိန္သြားေရာင္ဓား (ႏွစ္မိုက္ခန႔္ ရွိေသာ ေငြတုံးကို ျပတ္သည္။) ဗ်ည္းႏြဲ႕၏ ဓား (ေက်ာက္ထု တစ္ေတာင္ကို ျပတ္သည္။) crd: ဝီကီပီးဒီးယား

Be the first to comment

Leave a Reply

Your email address will not be published.


*