





“ဟင့်အင်း မသိဘူးဆရာ”






“ဟ ဘာဖြစ်တာတုန်းဗျ”




ဟင့် 😭😭😭😭


Unicode

မိန်းမတွေရဲ့စိတ်ဟာ အမြဲတန်းအလုပ်လုပ်နေတယ်ဆိုတာကို သင်သတိပြုပါ

သွားဆရာဝန်ဆီကို အပျိုကြီးတစ်ယောက် သွားနုတ်ဖို့ ရောက်လာတယ်…

သူမကိုကြည့်ရတာ ကြောက်နေပုံ ရတာနဲ့ ဆရာဝန်က ဟာသတစ်ခုလောက် ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

စင်ပေါ်က ရာဘာလက်အိတ်ကို ယူဝတ်ရင်း မေးလိုက်တယ်။

“ဒီလက်အိတ်တွေ ဘယ်လိုထုတ်လုပ်သလဲ သိလားဗျ”

“ဟင့်အင်း မသိဘူးဆရာ”

“ဒီလိုဗျ စက်ရုံမှာ ကြက်ပေါင်စေးတွေ ကျိုထားတဲ့ စည်ကြီးတွေရှိတယ်။ အလုပ်သမားတွေက သူတို့လက်တွေကို စည်ထဲ နှစ်လိုက်ရတယ်ဗျ။

ပြီးမှလက်ကို အခြောက်ခံပြီး ခြောက်သွားတဲ့အခါ အရေခွံခွာသလို ဖြည်းဖြည်းချင်း ဆွဲချွတ်ကြရတယ်။

ပြီးရင်တော့ ကြီးငယ်လတ် အဆင့်ခွဲထားတဲ့ သေတ္တာတွေထဲ ပစ်ထည့်လိုက်ကြတာပေါ့ဗျာ” စကားဆုံးတော့ အပျိုကြီး ရယ်ဖို့ဝေးလို့ ပြုံးတောင်မှ မပြုံးဘူး။

“အေးလေ ဘယ်တတ်နိုင်မလဲ ငါလည်း သူစိတ်ကြည်အောင် ကြိုးစားခဲ့သားပဲ” ဒါနဲ့ ဆရာဝန်က သွားနုတ်ဖို့ ဆက်လုပ်တယ်။

သွားနုတ်ခါနီး အရေးကြီးဆုံးအချိန်ရောက်မှ အပျိုကြီးက ဗြဲခနဲ ထရယ်တယ်။ ခွက်ထိုးခွက်လန်ကို ရယ်တာပါ။

“ဟ ဘာဖြစ်တာတုန်းဗျ”

“ကျမ စဉ်းစားမိသွားလို့ပါဆရာ”

“ဘာကို စဉ်းစားမိတာတုန်း”

“ကွန်ဒုံးတွေ ဘယ်လိုထုတ်လုပ်သလဲ ဆိုတာကိုလေ… ဟီးဟီး တော်တော်ပူမှာပဲနော်” 😜😜😜

ဟင့် 😭😭😭😭

မိန်းမတွေရဲ့စိတ်ဟာ အမြဲတန်း အလုပ်လုပ်နေတယ်ဆိုတာကို သင်သတိပြုပါ#Crd …





















Be the first to comment

Leave a Reply

Your email address will not be published.

*