
ဒီစကားလေးဟာ အများကြီးအဓိပ္ပါယ်တွေရှိပါတယ်။ ကိုယ့်ဘဝမှာ နေဝင်သွားပြီလို့ ထင်ရတဲ့အချိန်တွေအများကြီးကို ကြုံဖူးရမှာပါ။
အဲဒီ့အခါ နေဝင်သွားလေခြင်း…..တနည်းအားဖြင့် ရှုံးနိမ့်သွားလေခြင်း၊ ကျဆုံးသွားလေခြင်းဆိုတဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်ကျနေမယ်ဆိုရင် မျက်ရည်တွေကြောင့်ပဲ နေဝင်ချိန်မှာ ပေါ်ထွက်လာမယ့် ကြယ်တွေနဲ့တူတဲ့ (အဆိုးတွေထဲက အကောင်းတွေကို) မမြင်နိုင်ဘဲ နေလိမ့်မယ်လို့ ဆိုလိုချင်တာပါ။
အဆိုးတွေ ကြုံနေပါတယ်ဆိုမှ ဘယ်အကောင်းတွေရှိပါ့မလဲလို့ တွေးစရာရှိပါတယ်။ မဟုတ်ပါဘူး……တကယ်တော့ ဘဝရဲ့ ကြုံလာသမျှတိုင်းမှာ ယူတတ်ရင် တစ်ခုခုတော့ သင်ခန်းစာရသွားတာချည်းပါပဲ။ပေါ်လီယာနာဖတ်ဖူးကြမယ်ထင်ပါတယ်။ အကောင်းမြင်စိတ်ဆိုတာကိုလည်း ကြားဖူးကြမှာပါပဲ။
တကယ်လိုက်နာဖို့ကျတော့ ခက်ခဲပါတယ်။ အကောင်းမြင်စိတ်ဆိုတာက ဘယ်အခြေအနေကြုံကြုံ ပြုံးပြုံးကြီး မျက်နှာသေနဲ့ နေခိုင်းတာမျိုးမဟုတ်ပါဘူး။ကြုံလာတဲ့အခြေအနေတွေထဲမှာမှ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေထိုင်တာမျိုးပါပဲ။
ဥပမာ။ သင်က လက်ကျိုးသွားတယ်ဆိုပါစို့၊ လက်ကျိုးတာက မကောင်းတဲ့အခြေအနေတစ်ခုပါပဲ၊ ဒါပေမယ့် အဲဒီ့ဆိုးဝါးတဲ့အခြေအနေမှာမှ လက်နှစ်ဖက်လုံးမကျိုးဘဲ တစ်ဖက်ထဲကျိုးသွားတာက ကျန်တဲ့လက်တစ်ဖက်နဲ့ သင်လုပ်ချင်တာလုပ်လို့ရနိုင်သေးတယ်မဟုတ်လား၊
အဆိုးထဲက အကောင်းကိုမြင်အောင်ကြည့်ဆိုတာလည်း ဒီသဘောပါပဲ၊ Violeta Parra ပြောတဲ့ “ Don’t cry when the sun is gone, because the tears won’t let you see the stars” ဆိုတာကလည်း ဒီသဘောတရားပါပဲ။
နေဝင်သွားပေမယ့် ညဘက်မှာထွက်တဲ့ကြယ်လေးတွေကိုတော့ မြင်အောင်ကြည့်တတ်ဖို့ ငိုနေလို့တော့မဖြစ်ဘူးလေနော်။ပြောချင်တာက လူအတော်များများဟာ စိတ်ညစ်စရာ၊ အဆိုးတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံလာရင် အဲဒီ့အဆိုးတွေထဲမှာတင် သံသရာလည်ပြီးအတွေးလွန်နေတတ်ကြပါတယ်။
မငိုရဘူး၊ ဝမ်းနည်းရဘူး၊ စိတ်မညစ်ရဘူးလို့ မဟုတ်ပါဘူးနော်၊ ပုထုဇဥ်ဖြစ်တဲ့အတွက်ကြောင့်ကို ခံစားပါ၊ နာကျင်ပါ၊ ဝမ်းနည်းပါ။ ဒါပေမယ့် အဲဒါနဲ့တင် မရပ်တန့်သွားပါနဲ့။ အချိန်တစ်ခုအရောက်မှာ ပြန်ပြီး နလန်ထူနိုင်အောင် ကိုယ်တိုင်ပဲကြိုးစားမှရမယ်ဆိုတာကို သိပါ။ကိုယ်တိုင်က မထချင်တဲ့ လဲနေသူကို ဘယ်သူကမှ တွဲထူပေးလို့မရပါဘူး။
ကိုယ်တိုင်လှေကားပေါ်မတက်ချင်တဲ့လူကို ဘယ်သူမှ အပေါ်ရောက်အောင် မတင်ပေးနိုင်ပါဘူး။ အဲဒါကြောင့် နေဝင်သွားလို့ဆိုပြီး ငိုမဆုံးဖြစ်နေရင်တော့ ညဘက်ထွက်လာမယ့်ကြယ်လို အခွင့်အရေးကောင်းတွေကိုပါ လက်လွှတ်သွားနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ့်ဘဝမှာ နေဝင်သွားသလို ရှုံးနိမ့်ချိန်ကြုံလာခဲ့ရင် ခံစားသင့်တာ ခံစားပါ၊ ဒါပေမယ့် ရှုံးနိမ့်ခြင်းနဲ့တော့ ဇာတ်မသိမ်းလိုက်ပါနဲ့၊ ကြုံလာရတဲ့အဆိုးတွေထဲကနေ ကောင်းတဲ့သင်ခန်းစာကို ရွေးယူပြီး ပြန်လည်ကြိုးစားပါ။ အဲဒီ့အခါ သင်ပြန်ပြီးအနိုင်ရနိုင်ပါသေးတယ်လို့ အားပေးလိုက်ပါတယ်။
Zawgyi
ေနဝင္သြားတဲ့အခါ မငိုပါနဲ႔၊ မ်က္ရည္ေတြေၾကာင့္ ၾကယ္ေတြကို မျမင္ရဘဲေနပါလိမ့္မယ္။
ဒီစကားေလးဟာ အမ်ားႀကီးအဓိပၸါယ္ေတြရွိပါတယ္။ ကိုယ့္ဘဝမွာ ေနဝင္သြားၿပီလို႔ ထင္ရတဲ့အခ်ိန္ေတြအမ်ားႀကီးကို ႀကဳံဖူးရမွာပါ။
အဲဒီ့အခါ ေနဝင္သြားေလျခင္း…..တနည္းအားျဖင့္ ရႈံးနိမ့္သြားေလျခင္း၊ က်ဆုံးသြားေလျခင္းဆိုတဲ့ ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္က်ေနမယ္ဆိုရင္ မ်က္ရည္ေတြေၾကာင့္ပဲ ေနဝင္ခ်ိန္မွာ ေပၚထြက္လာမယ့္ ၾကယ္ေတြနဲ႔တူတဲ့ (အဆိုးေတြထဲက အေကာင္းေတြကို) မျမင္ႏိုင္ဘဲ ေနလိမ့္မယ္လို႔ ဆိုလိုခ်င္တာပါ။
အဆိုးေတြ ႀကဳံေနပါတယ္ဆိုမွ ဘယ္အေကာင္းေတြရွိပါ့မလဲလို႔ ေတြးစရာရွိပါတယ္။ မဟုတ္ပါဘူး……တကယ္ေတာ့ ဘဝရဲ႕ ႀကဳံလာသမွ်တိုင္းမွာ ယူတတ္ရင္ တစ္ခုခုေတာ့ သင္ခန္းစာရသြားတာခ်ည္းပါပဲ။ေပၚလီယာနာဖတ္ဖူးၾကမယ္ထင္ပါတယ္။ အေကာင္းျမင္စိတ္ဆိုတာကိုလည္း ၾကားဖူးၾကမွာပါပဲ။
တကယ္လိုက္နာဖို႔က်ေတာ့ ခက္ခဲပါတယ္။ အေကာင္းျမင္စိတ္ဆိုတာက ဘယ္အေျခအေနႀကဳံႀကဳံ ၿပဳံးၿပဳံးႀကီး မ်က္ႏွာေသနဲ႔ ေနခိုင္းတာမ်ိဳးမဟုတ္ပါဘူး။ႀကဳံလာတဲ့အေျခအေနေတြထဲမွာမွ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ေနထိုင္တာမ်ိဳးပါပဲ။
ဥပမာ။ သင္က လက္က်ိဳးသြားတယ္ဆိုပါစို႔၊ လက္က်ိဳးတာက မေကာင္းတဲ့အေျခအေနတစ္ခုပါပဲ၊ ဒါေပမယ့္ အဲဒီ့ဆိုးဝါးတဲ့အေျခအေနမွာမွ လက္ႏွစ္ဖက္လုံးမက်ိဳးဘဲ တစ္ဖက္ထဲက်ိဳးသြားတာက က်န္တဲ့လက္တစ္ဖက္နဲ႔ သင္လုပ္ခ်င္တာလုပ္လို႔ရႏိုင္ေသးတယ္မဟုတ္လား၊
အဆိုးထဲက အေကာင္းကိုျမင္ေအာင္ၾကည့္ဆိုတာလည္း ဒီသေဘာပါပဲ၊ Violeta Parra ေျပာတဲ့ “ Don’t cry when the sun is gone, because the tears won’t let you see the stars” ဆိုတာကလည္း ဒီသေဘာတရားပါပဲ။
ေနဝင္သြားေပမယ့္ ညဘက္မွာထြက္တဲ့ၾကယ္ေလးေတြကိုေတာ့ ျမင္ေအာင္ၾကည့္တတ္ဖို႔ ငိုေနလို႔ေတာ့မျဖစ္ဘူးေလေနာ္။ေျပာခ်င္တာက လူအေတာ္မ်ားမ်ားဟာ စိတ္ညစ္စရာ၊ အဆိုးေတြ၊ စိတ္ဆင္းရဲမႈေတြနဲ႔ ႀကဳံလာရင္ အဲဒီ့အဆိုးေတြထဲမွာတင္ သံသရာလည္ၿပီးအေတြးလြန္ေနတတ္ၾကပါတယ္။
မငိုရဘူး၊ ဝမ္းနည္းရဘူး၊ စိတ္မညစ္ရဘူးလို႔ မဟုတ္ပါဘူးေနာ္၊ ပုထုဇဥ္ျဖစ္တဲ့အတြက္ေၾကာင့္ကို ခံစားပါ၊ နာက်င္ပါ၊ ဝမ္းနည္းပါ။ ဒါေပမယ့္ အဲဒါနဲ႔တင္ မရပ္တန႔္သြားပါနဲ႔။ အခ်ိန္တစ္ခုအေရာက္မွာ ျပန္ၿပီး နလန္ထူႏိုင္ေအာင္ ကိုယ္တိုင္ပဲႀကိဳးစားမွရမယ္ဆိုတာကို သိပါ။ကိုယ္တိုင္က မထခ်င္တဲ့ လဲေနသူကို ဘယ္သူကမွ တြဲထူေပးလို႔မရပါဘူး။
ကိုယ္တိုင္ေလွကားေပၚမတက္ခ်င္တဲ့လူကို ဘယ္သူမွ အေပၚေရာက္ေအာင္ မတင္ေပးႏိုင္ပါဘူး။ အဲဒါေၾကာင့္ ေနဝင္သြားလို႔ဆိုၿပီး ငိုမဆုံးျဖစ္ေနရင္ေတာ့ ညဘက္ထြက္လာမယ့္ၾကယ္လို အခြင့္အေရးေကာင္းေတြကိုပါ လက္လႊတ္သြားႏိုင္ပါတယ္။
အဲဒါေၾကာင့္ ကိုယ့္ဘဝမွာ ေနဝင္သြားသလို ရႈံးနိမ့္ခ်ိန္ႀကဳံလာခဲ့ရင္ ခံစားသင့္တာ ခံစားပါ၊ ဒါေပမယ့္ ရႈံးနိမ့္ျခင္းနဲ႔ေတာ့ ဇာတ္မသိမ္းလိုက္ပါနဲ႔၊ ႀကဳံလာရတဲ့အဆိုးေတြထဲကေန ေကာင္းတဲ့သင္ခန္းစာကို ေ႐ြးယူၿပီး ျပန္လည္ႀကိဳးစားပါ။ အဲဒီ့အခါ သင္ျပန္ၿပီးအႏိုင္ရႏိုင္ပါေသးတယ္လို႔ အားေပးလိုက္ပါတယ္။
credit
Leave a Reply